Monday, February 20, 2012

ရန်ကုန်မြို့ကို စင်ကာပူကဲ့သို့ စတင်အကောင်အထည်ဖော်ပြီ

ရန်ကုန်မြို့ကို စင်ကာပူကဲ့သို့ စတင်အကောင်အထည်ဖော်ပြီ  

ရန်ကုန်မြို့ 
ရန်ကုန်တိုင်းဒေသကြီးကို စင်ကာပူနိုင်ငံကဲ့သို့ ဖြစ်လာစေရန် ရန်ကုန်မြို့တော် မြို့ပြစီမံကိန်း ရေးဆွဲရေးကော်မတီကို ဖွဲ့စည်းပြီး စတင်အကောင်အထည်ဖော်ဆောင်ရွက်နေပြီဖြစ်ကြောင်း မြို့တော်ဝန်ဦးလှ မြင့်က ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ၂၀၁၁ ခုနှစ် နိုဝင်ဘာ ၉ ရက်တွင် ရန်ကုန်မြို့တော် မြို့ပြစီမံကိန်း ရေးဆွဲရေးကော်မတ်ီကို ဖွဲ့စည်းခဲ့ပြီး ယင်းအဖွဲ့မှ ကွန်ဆက် Plan များကို စတင်ရေးဆွဲနေပြီဟု သိရသည်။


" နိုင်ငံတော်သမ္မတကြီးက ရန်ကုန်တိုင်းဒေသကြီးကို စင်ကာပူနိုင်ငံလိုဖြစ်အောင် ဆောင်ရွက် ဖို့ လမ်းညွှန်ထားပါတယ်။ ဒါကို အကောင်အထည်ဖော်နိုင်ဖို့ ရန်ကုန်မြို့တော် မြို့ပြစီမံကိန်းရေးဆွဲရေးကော်မတီ ကို ဖွဲ့စည်းပြီး ဆောင်ရွက်နေပါပြီ။ ရန်ကုန်မြို့ကြီးကို ရေရှည်တည်တံ့ကောင်းမွန်တဲ့ သန့်ရှင်းစိမ်းလန်းပြီး ကျန်း မာရေးနဲ့ ပြည်စုံတဲ့ မြို့ကြီးတစ်မြို့ဖြစ်လာအောင် စီမံကိန်းတွေ ရေးဆွဲနေပါတယ်" ဟု ဦးလှမြင့်က ဖေဖော်ဝါရီ် ၁၅ ရက်တွင် ကျင်းပသော ပထမအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် တတိယပုံမှန်အစည်းအဝေးတွင် လသာမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)မှ ဦးနန်းညွှန့်ဝင်းမော်၏ ရန်ကုန်မြို့တော်အား နိုင်ငံတကာနှင့် ရင်ပေါင် တန်းနိုင်ရန် မည်သို့စီမံထားသည်ကို သိလိုကြောင်း မေးခွန်းကို ပြန်လည်ဖြေကြားသည်။


စီမံကိန်းရေးဆွဲရာတွင် လက်ငင်းဆောင်ရွက်ရန် စီမံကိန်း၊ ရေတိုငါးနှစ်စီမံကိန်းနှင့် ရေရှည် ဆောင်ရွက်ရန် စီမံစိန်းများပါဝင်ပြီး ဘက်စုံဖွံ့ဖြိုးရေးအတွက် လမ်းပန်းဆက်သွယ်ရေးကဏ္ဍနှင့် သယ်ယူပို့ ဆောင်ရေးကဏ္ဍ ဖွံ့ဖြိုးလာစေရန် လေဆိပ်၊ ရေဆိပ်၊ အဝေးပြေးကားဂိတ်နှင့် မီးရထားဘူတာရုံများကို အဆင့် မြှင့်တင်ရန် ပါဝင်ကြောင်း သိရသည်။


သမိုင်းအမွေအနှစ် ဖွံ့ဖြိုးတိုးတက်ရေးကိုလည်း ထည့်သွင်းရေးဆွဲထားပြီး တိုးပွားလာမည့် ရန် ကုန်မြို့၏ လူဦးရေပေါ်တွင် အခြေခံကာ စီမံကိန်းကို ရေးဆွဲနေသည်ဟု သိရသည်။


ရန်ကုန်မြို့၏ လူဦးရေမှာ ၁၉၈၃ ခုနှစ်မှ ၂၀၁၀ ပြည့်နှစ်အထိ ခန့်မှန်းတွက်ချက်မှုအရ နှစ်စဉ် ၂ ဒသမ ၅ ရာခိုင်နှုန်းတိုးပွားနေပြီး ၂၀၁၀ ပြည့်နှစ်တွင် ၄ ဒသမ ၈ သန်းရှိကာ ၂၀၁၁ ခုနှစ်တွင် ၅ ဒသမ ၁ သန်းရှိကြောင်း သိရသည်။


နောင်လာမည့် ၂၀၅၀ ပြည့်နှစ်တွင် ၂ ဒသမ ၅ ရာခိုင်နှုန်းဖြင့် တိုးပွားပါက ၁၂ သန်းခန့်ရှိမည် ဖြစ်ပြီး ၃ ရာခိုင်နှုန်းဖြင့် တိုးပွားပါက ရန်ကုန်မြို့ရှိ လူဦးရေသည် ၁၈ သန်းအထိရှိလာနိုင်ကြောင်း သိရသည်။

ပန်းသတင်းဂျာနယ်

23 comments:

Hla Kyaw Nay said...
သတင်းဓာတ်ပုံက မိုးတွင်းဆိုတော့ မိုးခါ ရန်ကုန်မြို့ ရေမြှုပ်တာ သတိရတယ်။ မြို့နယ်တိုင်းက ဒီ Draining System ကို ကောင်းစွာဖြေရှင်းပေးနိုင်ရင်တော့ အကောင်းဆုံးပဲ။ ပြီးတော့ မိုးတွင်း မြောင်းထဲကို ကလေးသူငယ်တွေပြုတ်ကျ မဆုံးရှုံးရအောင် မြို့တော်ဝန်ဦးလှမြင့်ကိုမေတ္တာရပ်ခံချင်တယ်။
Unknown said...
သားတို့မန္တလေးရောဗျာ၊ လု တို့လက်ထဲထားခဲ့တော့မှာလား။
Bravo said...
အင်း-တချိန်က.......
စင်္ကာပူက မြန်မာပြည်ကိုစံထားပြီး သူတို့တိုင်းပြည်တိုးတက်အောင်လေ့လာခဲ့ဘူးတယ်။
အခုတော့.......
မြန်မာပြည်က စင်္ကာပူကိုစံထားပြီးပြန်လေ့လာနေရတယ်။
ဘယ်သူမပြုမိမိမှုပါပဲ။

Unknown said...
aha!!!
so funny!!!
there is not only SG....
so many beautiful cities all over da world,,,

naymakha said...
စ့င်္ကာပူလိုဖြစ်အောင် ဆိုတော့ ဝန်ထမ်းတွေရဲ့ လစာကကော စ့င်္ကာပူလိုဖြစ်မှာလား..
kyaw kyaw said...
အတော်ကိုလည်းရယ်စရာကောင်းပါတယ် ပထမဦးဆုံးအနေနဲ့ကတော့ရေမြောင်းတွေနဲ့ချိုင့်ခွက်ပေါတဲ့လမ်းတွေကိုအရင်ဆုံးပြင်စေချင်ပါတယ် ခေတ်မမှီရင်တောင်သန့်ရှင်းပြီးကြည့်ကောင်းတော့လူတွေအတွက်စိတ်ချမ်းသာတာပေါ့နော်
ခင်ညွန့် said...
ရန်ကုန်မြို့တော်စည်ပင်မှာ.စင်္ကာပူလိုဖြစ်အောင်.ဒီဇိုင်းရေးဆွဲတဲ့သူ
planing လုပ်နိုင်တဲ့သူတစ်ယောက်မှမရှိပါဘူး၊ဘယ်လိုခိုးစားရမယ်.
ဆိုတဲ့အတတ်ပညာတော့အရမ်းကိုကျွှမ်းကျင်တဲ့.
သူခိုးအင်ဂျင်နီယာတွေတော့တပုံကြီးပဲ.
ရန်ကုန်မြိုတော်စည်ပင်ရုံးဝင်သွားတာနဲ့.တံမျက်စည်လည်းတဲ့ကောင်ကနေ
မြိုတော်ဝန်အထိ.ဘယလိုစိတ်ညစ်အောင်လုပ်ပီးပိုက်ဆံတောင်းရမလဲ.
ပါးစပ်ဟစောင့်နေတဲ့ကောင်ကြီးပဲ.သမတကြီးဦးသိန်းစိန်စီမံချက်
်အရမ်းကောင်းပါတယ်.ဒီလိုသူခိုးတွေအရင်ရှင်းထုတ်ပီးမှလုပ်တာ
အကောင်းဆုံးပဲ.မဟုတ်ရင်တော့.သူခိုးတွေတိုက်နဲ့ကားနဲ့ဖြစ်ပီး
ရန်ကုန်မြိုကြီး စင်္ကာပူအောက်ဆွဲပဲဖြစ်မှာပဲ.

Soul In Peace said...
လှကျော်နေ ပြောတာမှန်ပါတယ် အခုလမ်းတွေပြင်နေတယ် တစ်မြို့လုံးနီးပါး။ ဒါပေမယ့် Draining System မကောင်းရင် လမ်းပြင်လည်း အလကား ပိုက်ဆံတွေဖြုန်းသလိုဖြစ်နေမှာပဲ။ အခြေခံကစတွေးပြီး သေချာလေး planning ကောင်းကောင်းဆွဲလိုက်ရင် စင်္ကပူကိုမမီသေးတောင် အရင်ကထက်တော့ အများကြီးကောင်းသွားမယ်ထင်ပါတယ်။ နေတဲ့သူတွေကပါစည်းကမ်းပိုင်း ကောင်းအောင်နေကြရင်တော့ ရန်ကုန်မြို့ကြီးက အရင်ကထက်အများကြီးကောင်းသွားမှာပါ။
လူကောင်း said...
မြန်မြန်အကောင်ထည်ဖော်တာတော့ ကောင်းပါတယ်.. ကြက်ဆူပင်တို့ ငရုတ်ကောင်းတို့လို မဖြစ်ဖို့တော့ အရေးကြီးတယ်.နော်..
မျိုးစင်ဆွေဆက် said...
ရန်ကုန်မြို့ကြီး က စင်ကာပူနဲ့ တူအောင်လုပ်ရင် ...စဉ်းစားပေးကြပါအုံး..လူတယောက်တနှစ်ဝင် ငွေ ၁၄ သိန်းရရှိရမည် ဆိုတဲ့ ရန်ကုန်တိုင်းဝန်ကြီးချုပ်ရဲ့ အတွေးအခေါ်အမြှော်အမြင်ကြီးစွာ ပြောကြားခဲ့ပုံနဲ့  ပြည်သူတွေဘယ်လိုနေထိုင်ကြရမလဲဗျာ...
tharzaw said...
ခင်ညွန့် said...
ရန်ကုန်မြို့တော်စည်ပင်မှာ.စင်္ကာပူလိုဖြစ်အောင်.ဒီဇိုင်းရေးဆွဲတဲ့သူ planing လုပ်နိုင်တဲ့သူတစ်ယောက်မှမရှိပါဘူး၊
ဘယ်လိုခိုးစားရမယ် ဆိုတဲ့အတတ်ပညာတော့
အရမ်းကိုကျွှမ်းကျင်တဲ့. သူခိုးအင်ဂျင်နီယာတွေတော့
တပုံကြီးပဲ. ရန်ကုန်မြိုတော်စည်ပင်ရုံး
ဝင်သွားတာနဲ့.တံမျက်စည်လည်း တဲ့ ကာင်ကနေ
မြိုတော်ဝန်အထိ.ဘယ်လိုစိတ်ညစ်အောင်လုပ်ပီးပိုက်ဆံ
တောင်းရမလဲ. ပါးစပ်ဟစောင့်နေတဲ့ကောင်ကြီးပဲ.
သမ္မတကြီးဦးသိန်းစိန်
စီမံချက်အရမ်းကောင်းပါတယ်.ဒီလိုသူခိုးတွေအရင်ရှင်းထုတ်ပီးမှလုပ်တာအကောင်းဆုံးပဲ.မဟုတ်ရင်တော့.သူခိုးတွေ
တိုက်နဲ့ကားနဲ့ဖြစ်ပီး ရန်ကုန်မြိုကြီး စင်္ကာပူအောက်ဆွဲပဲဖြစ်မှာပဲ.

Bravo said...
အင်း-တချိန်က.......
စင်္ကာပူက မြန်မာပြည်ကိုစံထားပြီး သူတို့တိုင်းပြည်တိုးတက်အောင်လေ့လာခဲ့ဘူးတယ်။
အခုတော့.......
မြန်မာပြည်က စင်္ကာပူကိုစံထားပြီးပြန်လေ့လာနေရတယ်။
ဘယ်သူမပြုမိမိမှုပါပဲ။

ဘယ်တော့လဲဟင် ??????????

BBHS said...
စင်ကာပူနိုင်ငံလိုမျိုးကျင့်သုံးမယ်၊ စင်ကာပူကဲ့သို့ပြောင်းလဲမယ်
ဒါတွေလုပ်ဆောင်ကောင်းပါတယ် ဒါပေမဲ့ လူကူးမျဉ်းကြားမကူးတွေ
အမှိုက်စနစ်မကျပစ်တာတွေကို ဖမ်းနေလို့ မပြီးဘူး အရင်ဆုံးလမ်းတွေမှာ
အမှိုက်ပုံးထားရမယ် ဒီကျမှာစနစ်တကျမပစ်တဲ့သူကိုဖမ်းရမယ် ကွမ်းတံထွေးကိုအပြစ်မယူနဲ့
ကွမ်းတံထွေးဖို့နေရာကိုအရင်လုပ်ပေးသင့်တယ်

BBHS said...
စင်ကာပူနိုင်ငံလိုကျင့်သုံးမယ် စင်ကာပူကဲ့သို့ လုပ်ဆောင်မယ်ဆိုတာ
ကောင်းပါတယ် ဒါပေမဲ့လူကူးမျဉ်းကြားကမကူးတာတွေ၊အမှိုက်ကိုစကျင့်
တကျမပစ်လို့ဖမ်းတာကို ဖမ်းနေယုံနဲ့မပြီးဘူးလေ ..
လူကူးမျဉ်ကြားစနစ်တကျထားရမယ်၊လမ်းထိပ်တွေမှာ အမှိုက်ပုံးထားရမယ်
ပြီးတော့စနစ်တကျမလုပ်တဲ့သူတွေဖမ်းတာပိုကောင်းမယ်ထင်တယ်
ကွမ်းယာစားပြီး ကွမ်းတံထွေးကိုအပြစ်မယူနဲ့ ကွမ်းတံထွေးနေရာကို
အရင်ပြထားသင့်တယ် :)

ပန်းသတင်း said...
ဘယ်လို.ဘယ်လို..ဘယ်လို.....။ ကျနော် နားကြားတော့ လွဲဒါတော့ မဟုတ်ပါဘူး..စင်ကာပူက ဘယ်စနှစ်ကို နမူနာစယူမှာလည်း......၊၊
Unknown said...
သိန်းစိန်က စင်္ကာပူလောက်ဘဲ ရောက်ဘူးတာကိုး..အခြားအာရှ မြို့ကြီတွေဖြစ်တဲ့ ဟောင်ကောင်တို့ တိုကျိုတို့ ဆိုးလ် တို့ သွားကြည့်စေချင်တယ်..အခြားဥရောပက နိုင်ငံတွေတော့ ထားလိုက်ပါတော့.စင်္ကာပူကရွှေမြန်မာများကလဲ စင်္ကာပူလောက်ဘဲ့ မြို့ကြီးထင်နေကြတာကိုး ဗျ..အင်း..ခက်တယ်ဗျာ..
attakyo said...
ဒီမှာကိုခင်ညွန့်...အင်ဂျင်နီယာတွေကိုသူခိုးလို့
မပြောနဲ့ဗျ..ခိုးချင်လို့ခိုတာမဟုတ်ဘူး
ရိုးရာပျက်မှာစိုးလို့ဗျ..ရိုးရာပျက်ရင်သိတယ်မှတ်လား
အကိုင်ခံရမှာ...။

A Mhan Tha Yar said...
မတူတာတွေကို မတုစေလိုပါ ပြောင်းလဲမှုတွေ မှန်သမျှကို လက်ခံနိုင်အောင် ကြိုးစားကြည့်ရမည်
ktd said...
ဒီအစီအစဉ်ကိုတော့ မြို့တော်သားတစ်ယောက်အနေနဲ့ စိတ်ဝင်စားမိတယ်။ ဘယ်ကစတင်ကိုင်တွယ်ကြမလဲ၊ လမ်းတွေချဲ့မှာလား၊ ချဲ့စရာဧရိယာမကျန်တော့ပါ။ လက်လျော့လိုက်ပါတော့၊ အခုရှိနေတဲ့ ခြောက်လမ်းသွားတွေကိုကြည့် အလကားသက်သက် လမ်းဘေးကပ်ရပ်ထားတဲ့ ကားတွေက နှစ်လမ်းယူထားတယ်။ တွန့်ဆုတ် စောင်းဆိုင်းထွက်ခွာ မလှုပ်တလှုပ်ကားတွေက နှစ်လမ်းယူထားတယ်။ တကယ်တန်းယာဉ်မောင်းနှင်နိုင်တာက အသွားတလမ်းနဲ့ အပြန်တလမ်းဘဲ ရှိပါတယ်။ ဒါပထမအချက်။
ဒုတိယတစ်ချက်က၊ ပလက်ဖောင်းတွေက လူသွားဖို့လုပ်ထားတာလား၊ ဈေးသည်များဈေးဖန်းခင်း၊ ဈေးရောင်းဖို့လုပ်ထားတာလား၊ ရံဖန်ရံခါ မီးပျက်ရင် အသုံးပြုဖို့ထားတဲ့ မီးစက်သေး၊ ကြီးတွေထားဖို့ လုပ်ထားတဲ့နေရာလား၊ ဆက်သွယ်ရေးနှင့် သက်ဆိုင်တဲ့ ၀ါယာကြိုးတွေနဲ့ ရှုပ်ရှက်ခတ်နေတဲ့ စာကလေးသိုက်လိုလို သံပုံးတွေ၊ ဓါတ်တိုင်တွေနဲ့ သံတိုင် ကျောက်တိုင်တွေစိုက်ဖို့ထားတဲ့ နေရာလား။ လမ်းပန်းသာလို့ လျှောက်လှမ်းလို့ကောင်းတဲ့ သွားလာလို့ အန္တရာယ်ကင်းတဲ့ ပလက်ဖောင်း ဘယ်နှစ်ခုများ မြို့တော်ရန်ကုန်မှာ ရှိသလဲ၊ လမ်းလျှောက်သူတွေထဲမှာ ဘီးတပ်သွားလာသူတွေ၊ ဒုတ်ထောက်လျှောက်လှမ်းသွားလာတဲ့ သူတွေအတွက်ရော၊ အတက်အဆင်း၊ အဆင်ပြေရဲ့လား။ အိုနိုး၊ ၊ ၊ သာမန်လူတွေတောင် အပေါက်အပြဲ ကျွံကျမှာ စိုးလို့ ဟိုရှောင်လိုက်၊ ဒီရှောင်လိုက်နဲ့ မြန်မြန်လျှောက်လို့မရ၊ နှေးနှေးလျှောက်လို့မရ၊ မှန်မှန်လျှောက်လို့မရ။ ။ ။
အရင်စည်ပင်က ပစ်ထားတဲ့ လျှစ်လျူရှုထားတဲ့ ပေါက်ပြဲနေတဲ့ ပလက်ဖောင်းတွေကို နီးစပ်ရာအိမ်၊ ဆိုင်တွေက ပြုပြင်ကြတယ်၊ ကောင်းသားဘဲ။ သိတတ်လိုက်ကြတာ၊ အရမ်းမချီးကျူးပါနဲ့လေ၊ ပြုပြင်ပြီးတဲ့နောက် သူတို့ဘဲ ပိုင်သလိုလိုနဲ့ လမ်းသွားလမ်းလာအတွက် အတားအဆီး မသိမသာလုပ်ပြီး အပိုင်သိမ်းထားလိုက်ကြတယ်၊ သူတို့ဘဲ အမွေရလိုက်သလို လုပ်ထားကြတယ်။ ဒီနေ့ထိ။ ။ ။
ဒါကြောင့် ကိုယ်တာဝန်ကို သိတတ်ရင်၊ စည်ပင်သာယာက ဥပဒေအတိုင်းလုပ်နိုင်တဲ့ အဖွဲ့အစည်းဘဲ၊ ငွေမည်းနဲ့တော့ မဆက်ဆံပါနဲ့ သမ္မတကြီး မကြိုက်ဘူးနော်။ လူကို ဦးစားပေးရင် ပလက်ဖောင်း အဆင့်မြင့်ပါ၊။။။ ကားကို ဦးစားပေးရင် အပေါက်အပြဲကင်းတဲ့ လမ်းဖြစ်အောင် ဖန်တီးပါ။ ။ ။ အဆောက်အဦတွေရဲ့ တိုးချဲ့ထားမှုကို ဖျက်သိမ်းပါ၊။။ မကြာမီ စည်ပင်ကို ဆုံးမဖို့ သင်္ကြန်ရေနဲ့ အထက်ကောင်းကင်က ဒေဝေါတွေက မိုးရေနဲ့ ဆုံးမကြလိမ့်မယ်၊ ကြိုတင် ပြင်ဆင် ရင်ဆိုင်နိုင်ကြပါစေ။ ။ ။ မနေနိုင်မထိုင်နိုင်တဲ့ဇနပုတ်သား ။ ။

soecyclone said...
အဟိ!
ရန်ကုန်မြို့ကြီးကို စင်္ကာပူလိုဖြစ်အောင်လုပ်တော့မယ်တဲ့...
အောင်မလေး! ရယ်ရလွန်းလို့သေးတောင်ထွက်ကျကုန်ပြီ...

jade prince said...
all of you in trouble. YCDC ORDER to build house without GROUND FLOOR for CAR PARKING. 09 -503-7445,,,,09-510-5403
thethe said...
Before Myanmar government transforming Yangon city in to Singapore, they firstly should go for rehabilitate the entire work force's morale in public sector....
ရာရာ said...
လွယ်တော့ အတော်မလွယ်တဲ့ကိစ္စကြီးပါ။ စင်္ကပူဆိုတဲ့ တိုင်းပြည်ဇီးရွက်လောက်လေးက ဘာနဲ့တူလဲဆိုတော့ သိန်းပေါင်းသောင်းချီပြီးချမ်းသာတဲ့လူတစ်ယောက်က ဆယ့်ငါးပေ ပေငါးဆယ်တိုက်ခန်းလေးဝယ်ပြီး စိတ်ကြိုက် ဒဂရေးရှင်းလုပ်ထားသလိုပါပဲ။ ကျွန်တော်တို့မြန်မာပြည်က နယ်မှာ မြေဆယ်ဧကလောက်နဲ့နေပြီး အဲ့ဒါကိုလုံအောင်ခြံခတ်ဖို့မရှူနိုင်မကယ်နိုင်ဖြစ်နေတာနဲ့တူပါတယ်။ ကျွန်တော်တို့က သူတို့နဲ့နှိုင်းစာရင်အများကြီး စဉ်းစားရတာပါ။ နယ်စပ်ဒေသနဲ့ပြည်မ အများကြီးကွာဟလို့လည်းမဖြစ်ပါဘူး...။ ဒါ့ကြောင့် ဟိုးအတိတ် တွေက စင်္ကပူဟာ နောက်ဆယ်နှစ်အတွင်းမှာ ရန်ကုန်မြို့တော်ကြီးကဲ့သို့ လှပသေသပ်စေရမည်လို့ ကြွေးကြော်ခဲ့တာတော့ ဖြစ်နိုင်ပါတယ်( ဖြစ်လည်းဖြစ်လာခဲ့ပြီလေ၊ ) အဲ...ရန်ကုန်မြို့ကြီးဟာ စင်္ကပူနိုင်ငံကြီးလိုနောင် အနှစ်ဘယ်လောက်မှာဖြင့်....လို့ကြွေးကြော်ရမှာတော့..ဟုတ်ကဲ့..အားနာပါတယ်ခင်ဗျား...
Ko Tee said...
ဒီစီမံကိန်းကို မြို့တော်စည်ပင်ကလုပ်မယ်ဆိုရင် မဖြစ်နိုင်ဘူး တခြားပုဂ္ဂလိကအဖွဲ့အစည်းတွေပညာရှင်တွေနဲ့ဆိုဖြစ်နိုင်တယ် မြို့တော်စည်ပင်က မပါမှကိုရမယ် စီမံကိန်းအောင်မြင်မယ်

Missed calls တစ်ကြိမ် ကျပ် ၃၀၀ နှင့် ပတ်သက်၍ မြန်မာ့ဆက်သွယ်ရေးဖြေရှင်း

Missed calls တစ်ကြိမ် ကျပ် ၃၀၀ နှင့် ပတ်သက်၍ မြန်မာ့ဆက်သွယ်ရေးဖြေရှင်း  

Missed Calls တစ်ကြိမ် ကျပ် ၃၀၀ နုတ်သည်ဟူသော သတင်းမှာမှန်ကန်မှုမရှိကြောင်း CDMA 800(09-73f×××) ဖုန်းသုံးစွဲသူများအနေဖြင့် လက်တွေ့စမ်းသပ်ကြည့်နိုင်ကြောင်း မြန်မာ့ဆက်သွယ် ရေးလုပ်ငန်း၏ အသိပေးထုတ်ပြန်ချက်အရ သိရသည်။

ထိုသို့ထုတ်ပြန်သော်လည်း CDMA 800 ဖုန်းများနှင့် CDMA 450 ဖုန်းများအနေဖြင့် Missed Calls တစ်ကြိမ်ပေးလျှင် ကျပ် ၃၀၀ ခန့်ဖြတ်တော်မှုမှာ အမှန်တကယ်ဖြစ်ပွားခဲ့ကြောင်း သုံးစွဲသူများထံမှ သိရ သည်။ "Missed Calls တစ်ခါခေါ် ကျပ် ၃၀၀ ဖြတ်နေတယ်လို့ကြားတော့ ယုံတောင်မယုံနိုင်ဘူး။ အဲဒါနဲ့ ငွေတွေ ကို စစ်ပြီးတော့ Missed Calls တစ်ခါခေါ်ကြည်တော့မှ တကယ်ကိုကျပ် ၃၀၀ ဖြတ်ထားတာတွေ့ရတယ်" ဟု ဖုန်းအသုံးပြုသူ မသူသူက ပြောသည်။ အဆိုပါငွေဖြတ်တောက်မှုနှင့် ပတ်သက်၍ "Missed Calls တစ်ခါပို့ရင် ကျပ် ၃၀၀ ဖြတ်တောက်ခဲ့တယ်ဆိုတာက ဆာဗာလွဲချောမှုတစ်ခုကြောင့် ဖြစ်ခဲ့တာပါ။ ဒါကလည်း ဆက်သွယ် ရေးပစ္စည်းတချို့ကို အဆင့်မြှင့်လိုက်တဲ့အတွက် မထင်မှတ်ဘဲဖြစ်ခဲ့ပေမယ့် ယခုတော့ အားလုံးကောင်းသွားပါ ပြီ။ အဲဒီတစ်ရက် နှစ်ရက်က ဖြတ်ခဲ့တဲ့ငွေကိုလည်း ပြန်လည်ဖြည့်ပေးထားပါတယ်။ လက်ရှိလည်း စမ်းလို့ရပါ တယ်" ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ဖလားဝါးနယူးစ်သို့ ပြောကြားသည်။ အဆိုပါ ဖုန်းများမှ ဖြတ်တောက်ထားသော ငွေများကို Missed Calls ခေါ်ဆိုလိုက်သည့်ဖုန်းမှ မိမိဖုန်းအား ပြန်လည်ခေါ် ဆိုပေးပါက ငွေကျပ် ၃၀၀ ပြန်လည်ဝင်လာသည်ဟုလည်း သိရသည်။

 ပန်းသတင်းဂျာနယ်

25 comments:

Hla Kyaw Nay said...
ခွီးတဲ့မှပဲ ပြန်ခေါ်မှ ပိုက်ဆံပြန်ရမယ်ဆိုတော့ မင်းတို့ဟာက ဟုတ်သေးရဲ့လား။ စားသုံးသူအကုန်လုံး ထိခိုက်နစ်နာတာကို ရူးချင်ယောင်ဆောင်နေပြီး ကြိတ်ဖြေရှင်းပြီးခါမှ ဒီသတင်းမမှန်ပါဘူးဆိုတော့ မင်းတို့ဆက်သွယ်ရေးလောက်အောက်တန်းကျတာ ကမ္ဘာမှာရှိသေးရဲ့လား။

Repeater ကိစ္စ ပေါ်ပေါ်တင်တင် ကြေငြာသလို မှားယွင်းချို့ယွင်းချက်ရှိရင်လည်း ပေါ်ပေါ်တင်တင်ကြေငြာအသိပေးပါလားကွ။ ဆက်သွယ်ရေးလုပ်နေပြီး ဆက်သွယ်ရေးပစ္စည်းနဲ့ကွန်ယက်ကို ဒီလောက်မှအသုံးမချနိုင်ဘူးလား။

ပုဂ္ဂလိကဆိုထားတော့ အစိုးရကိုတိုင်လို့ရတယ်။ အစိုးရပိုင်အဖွဲ့အစည်းက ဒီလို Quality နဲ့ဆိုတော့ ..

ခွီးတဲ့မှပဲ။

Tar tee said...
ဟီး..... လူမိသွားလို့ (MPT 420MHz)
lin said...
ကြားရမှဖြင့် အဆန်းကြီးပဲ...လေတာပေါ့....
naing said...
THAT IS NOT ACCEPTABLE.
Black666 said...
အဲဒီကိစ္စတကယ်ဖြစ်ခဲ့တာပါ။ ကိုယ်တိုင်စမ်းသပ်ကြည့်ပြီးပါပြီ။
မသိမသာခိုးပြီးလူမိမှ မဟုတ်ဘူးလေးပါလေးနဲ့။

Aung Htun said...
နိုင်ငံခြားကနေ မြန်မာပြည်ကို ခေါ်ရင်လည်း ဖုန်းခေါ်သံကြားပြီး မကိုင်ပေမယ့် ( miss call) ဖုန်းထဲက ငွေရော့သွားတာလည်း ကိုယ်တွေ့တွေ အများကြီးပါ။ မြန်မာ့ဆက်သွယ်ရေးက နိုင်ငံတကာက အ၀င် (miss call) ဖြစ်တာတွေမှာ လုပ်စားနေတာ ကြာလှပေါ့
Aung Htun said...
နိုင်ငံခြားကနေ မြန်မာပြည်ကို ခေါ်ရင်လည်း ဖုန်းခေါ်သံကြားပြီး မကိုင်ပေမယ့် ( miss call) ဖုန်းထဲက ငွေရော့သွားတာလည်း ကိုယ်တွေ့တွေ အများကြီးပါ။ မြန်မာ့ဆက်သွယ်ရေးက နိုင်ငံတကာက အ၀င် (miss call) ဖြစ်တာတွေမှာ လုပ်စားနေတာ ကြာလှပေါ့
royalprince40 said...
How is their Technology ???
How is their Engineers ???
How is their Taking Care to people ???

They just want to get Money from people...
They Do Not Want To Care People...
That is.......

ကျော်ထိုက် said...
ဟုတ်ပါ့ဗျာ..လူတွေ ကို ငတုံး တွေအောက်မေ့နေကြလား မသိဘူး....အမြီးကျက် အမြီးစား..ခေါင်း ကျက် ခေါင်းစား တွေ လုပ်တာ ရပ်သင့်ပြီလို့ထင်ပါတယ်..ရှက်ဖို့လည်း ကောင်းပါတယ်.. တခါမှ မကြားဖူးဘူး..miss call ခေါ်ရင် ပိုက်ဆံ ဖြတ်တယ်ဆိုတာ...တော်သေးတာ ပေါ့ မှားမှန်း သိလို့....
Unknown said...
damn!
so bad dude!

မေတ္တာရှင် said...
အဲဒါသူခိုးလူမိတာဗျ။ ခိုးမလို.လုပ်တန်းပေါ.ဗျာ။ဘာလို.လည်းဆိုတော.၀9*******တွေခုထိခုထိ
ခိုးနေတုန်းပေါ.ဗျာ။ဘယ်လိုခိုးလည်းဆိုတော.miss call, busy call, out of service call, no answer call တွေကို ၅၀ ကျပ်ပါဘဲ။ complaint တက်တော.လည်းserver တွေကup to date မဖြစ်လို.ပါတည်.။ခုလည်းကြည်.ပါအုန်းဗျာ prepaid system ကိုမကြိုက်သောသူရှိမည်မထင်ပါ။ လူထုရဲ.ဆန္ဒ message ကောက်သလေးဘာလေးနဲ.။အခု ၅၀၀၀ တန် ဖုန်းလုပ်ပေးမဲ့သူရှိနေတာကိုရော လူထုဆန္ဒ မတောင်းခံတော့ဘူးလားဗျာ။ လုထုရဲ့ ဘ၀တွေကို စာနာပြီးတော့ ခင်ဗျားတို့ရဲ့ သူခိုးဘ၀တွေကို စွန့်လွတ်ကြပါတော့။ ဒီကိစ္ဒ္စတွေက ဆက်သွယ်ရေးက နည်းပညာ ချို့ယွင်းခြင်းမဟုတ်ပါဘူး အင်ဂျင်နီယာတွေချို့ယွင်းနေတာပါဗျာ။ ကျွန်တော်တို့လည်း နည်းပညာနဲ့အလုပ်လုပ်နေတဲ့ programer တွေပါ။တစ်ခုခုဖြစ်ရင် နည်းပညာနဲ့ စက်ပစ္ဒ္စည်းတွေ ကိုဘဲလွဲချနေတာ ပညာသည်တွေအလုပ် မဟုတ်ပါဘူး။

OZI said...
No proactive action.
MPT should clarify once false actions are occurred.
Explanations are made when complaints come. Is it normal practice in all the government department?
What customer service department is exercising? Is MPT taking opportunity on customers?

Advise to handover all services to private except defense and home ministry once all the laws are settled.

ပါလေရာ4 said...
သူတို့လိုချင်တုန်းက ယူပြီး အခုမှ ပြန်ထည့်တယ်တဲ့။ ကလေးကစားနေတာများ မှတ်နေလားမသိဘူး။ ပြည်သူက COMPLAINT တက်တော့မှ စက်ကပျက်တယ်လာပြောတယ်။ ဘယ်သူမှမပြော့ရင် အဲဒီ နုတ်ထားတဲ့ ပိုက်ဆံတွေ ဘယ်ရောက်ကုန်မလဲ။ ပြောရတာတောင် ကျက်သရေကို တုန်းတယ်။
LKM said...
"""""အဲဒီတစ်ရက် နှစ်ရက်က ဖြတ်ခဲ့တဲ့ငွေကိုလည်း ပြန်လည်ဖြည့်ပေးထားပါတယ်။ '"""""
အဲဒါပေါ့လွယ်လိုက်တာ...သူတို့ပြန်ဖြည့်တာ ပိုက်ဆံမှမဟုတ်တာ...Server မှာ keyboard ကနေ ဂဏန်းလေးရိုက်ထည့်ပေးရတာကို...တကယ်ဆိုမြန်မာမှာ မြန်မာ့ဆက်သွယ်ရေးတစ်ခုတည်းရှိတော့ ... မြန်မာပြည်အတွင်း ဖုန်းအချင်းချင်းခေါ်တာကို ... တခြားအိမ်နီးချင်းနိုင်ငံတွေလို day free / night free ဆိုပြီး ၁ လကိုဘယ်လောက်ဆိုပြီးတော့ဝန်ဆောင်မှု့ပေးသင့်တယ်....အခုတော့.........

Cinderella said...
ဆာဗာကလဲအမြဲလွဲ‌ချော်‌နေတာဘဲလား...ပြည်တွင်းမှာ‌တော့အခြုဖတ်၊
မဖြတ်မသိဘူး..ပြည်ပက‌‌ခေါ်လိုက်ရင်တဖက်ကဖုန်းမကိုင်ဘဲနဲ့ကဒ်ထဲက‌ငွေ
ကုန်ကုန်သွားတာဘဲ..မ‌နေ့ကရန်ကုန်‌ခေါ်တာအကြာကြီး‌ခေါ်မှလိုင်းဝင်တယ်..
တဖက်ကဖုန်းးကိုင်ပြီးသုံးမိနစ်‌လောက်ဘဲေ ပြာရ‌သေး..ခုနစ်‌ဒေါ်လာတန်
ကဒ်ကကုန်သွား‌ရော..ကြာရင်ဖုန်းဖိုးနဲ့မွဲနိုင်တယ်..။

azozorro said...
သြော်......မြန်မာပြည်.........မြန်မာပြည်................
minlu said...
စက်ကြောင့် မှားရတာနဲ့ လူကြောင့် မှားရတာနဲ့ မှားလည်း မှားနိုင်လွန်းတယ်နော်၊
လူမိရင်တယ် မှားတယ်ဆိုတဲ့အဖြေရမှာပေါ့၊ လူမမိရင်တော့ ငြိမ်နေကြဦးမှာ သေချာတယ်။

ကိုငလင်း said...
လိုက်ကိုမမီနိုင်လောက်အောင် နားမလည်နိုင်တော့လို့ တစ်ခွန်းတည်းပြောလိုက်မယ်...စိတ်ကုန်တယ်...
BoBoTun said...
မှားတဲ့အခါလည်း များပေဦးမှာပေါ့ ဟားဟား တစ်ခါမှ မမှန်ဘူးတဲ့ မြန်မာ့ ဆက်သွယ်ရေးတဲ့ကွ
tharzaw said...
သြော် .... မြန်မာ့ဆက်သွယ်ရေး။
ဒီလို လူမိသွားပြန်တော့လည်း ရှက်ရကောင်းမှန်းမသိ။
ဗြောင်လိမ်တယ်။

AZURE said...
ဆာဗာ မမှားပါ။ ဆာဗာ အရမ်းတိကျ လို.miss call ကို ပြန်ခေါ်ရင် ဖြတ်ထားတဲ့ ၃၀၀
ပြန်ဝင်တာပေါ့။ဆာဗာ က သူ.ကခိုင်းထားတဲ.အတိုင်း လုပ်တာပါ။

thethe said...
သူခိုးတွေ.....သူခိုးတွေ....ခိုးခဲ့လွန်းလို့နိုင်ငံတော်အကြွေး...ဒေါ်လာသန်းပေါင်း(11000)ကျော်ပါတဲ့.....
W-Htun said...
အခု ပြန်ထွက်နေတဲ့ FEC 20 တန် ကဒ်တွေကိုလည်း .......တစ်ဆိုင်နဲ့ တစ်ဆိုင် ဈေးမတူဘူး......မှတ်ပုံတင်ပြဝယ်ရတဲ့ ဆိုင်နဲ့ ....မြန်မာငွေ နဲ့ ဆိုရင် ၁၉၀၀၀ ၊ ၂၀၀၀၀ ကျပ်လောက် ပေးဝယ်နေရတယ်........သူတို့ က ပြောတော့ တဆင့် ပြန်ယူရောင်းရတာမို့လို့ပါတဲ့..အဲ့ဒါ မဖြစ်သင့်တဲ့ ကိစ္စ တစ်ခုပါ......
soecyclone said...
မြန်မာတွေညံ့တယ်ထင်နေတာ..ဘယ်ဟုတ်မလဲ..တော်တော်ဥာဏ်ကောင်း
တာပဲ..ဒါပေမယ့်ကောင်းတဲ့မှာကောင်းတာမဟုတ်ဘူး မကောင်းတဲ့ဘက်မှာပါ.
မောင်ဆက်သွယ်ရေး crazy,crazy,crazy,crazy မေ-ေ-း

Nwe Yin Win said...
သူတို့ ခိုးချင်တိုင်းခိုးလို့ရအောင် prepaid စံနစ်ကို အတင်းပြောင်းခိုင်းနေတယ်၊ ခိုးတာသိသွားလို့ပေါ့ မသိလို့ကတော့ ဘယ်အထိဆက်ခိုးနေကြမလဲ မသိဘူး၊ တစ်ကယ်ဆို server ကြောင့် ဖြစ်ဲပြီဆိုကတည်းက သုံးစွဲသူကို အကြောင်းကြားရမှာပေါ့၊ လူမိတော့မှ အရှက်မရှိ ပြောနေတယ်၊ ရှက်တက်ရင် သေသင့်တာကြာပြီ၊ ဒီလိုစိတ်ဓါတ်နဲ့ ခောတ်မှီ ဖွံ့ဖြိုးတိုးတက်တဲ့ ဒီမိုကရေစီ နိုင်ငံတော်သစ် ထူတောင်မလို့တဲ့ အရပ်ကတို့ရေ။