Thursday, February 9, 2012

လာမည့် ဧပြီလ ၁ ရက်နေ့မှစတင်၍ ရန်ကုန်မြို့တော်တွင် ရေသုံးစွဲခနှုန်းထားများ တိုးမြှင့်သွားမည်

လာမည့် ဧပြီလ ၁ ရက်နေ့မှစတင်၍ ရန်ကုန်မြို့တော်တွင် ရေသုံးစွဲခနှုန်းထားများ တိုးမြှင့်သွားမည် PDF Print
Friday, 10 February 2012 04:02
AddThis Social Bookmark Button

၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ် စတင်သော လာမည့်ဧပြီလ ၁ ရက် နေ့မှစတင်၍ ရန်ကုန်မြို့တော်တွင် မြို့တော်စည်ပင်မှ ပေးဝေသော ရေသုံးစွဲသူများအတွက် ရေသုံးခနှုန်းထားများကို တိုးမြှင့်ကောက်ခံသွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ ရေနှင့်သန့်ရှင်းမှုဌာန၏ ထုတ်ပြန်ချက်အရ သတင်းရရှိသည်။

ရန်ကုန်မြို့တော်တွင် ရေသုံးစွဲခနှုန်းထားများကို ၂၀၀၅ ခုနှစ် ဇူလိုင်လအထိ ရေတစ်ဂါလန် ၃ ပြား နှုန်းဖြင့်ကောက်ခံခဲ့ပြီး ၂၀၀၅ ခုနှစ် သြဂုတ်လမှစတင်၍ ရေတစ်ဂါလန်လျှင် အိမ်သုံးဆိုပါက ၂၅ ပြားနှုန်း၊ စီးပွားရေးလုပ်ငန်းသုံးဆိုပါက တစ်ဂါလန်လျှင် ၃၅ ပြားနှုန်းနှင့် ဌာနဆိုင်ရာများအတွက် တစ်ဂါလန်လျှင် ၂၅ ပြားနှုန်းဖြင့် လက်ရှိအချိန်ထိ ကောက်ခံနေကြောင်း သိရှိရသည်။ လာမည့် ဧပြီလ ၁ ရက်နေ့ မှစတင်၍ အိမ်သုံးဆိုပါက တစ်ဂါလန်လျှင် ၄၀ ပြားနှုန်း၊ စီးပွားရေး လုပ်ငန်းသုံးဆိုပါက တစ်ဂါလန်လျှင် ၅၀ ပြားနှုန်းသို့ တိုးမြှင့်ကောက်ခံသွားမည်ဖြစ်ပြီး ဌာနဆိုင်ရာများအား လက်ရှိကောက်ခံနေသောနှုန်းထားအတိုင်း တစ်ဂါလန်လျှင် ၂၅ ပြားနှုန်းဖြင့်သာ ကောက်ခံသွားမည်ဖြစ်ကြောင်း သိရှိရသည်။

"မြို့တော်စည်ပင်ရေ ရယူသုံးစွဲနေသူတွေအတွက် လာမည့် ဧပြီလ ၁ ရက်နေ့ကစတင်ပြီး ရေဖိုးရေခတွေကို တိုးမြှင့်သွားမှာဖြစ်ပါတယ်။ ရန်ကုန်မြို့ကြီး ပြုပြင်တည်ဆောက်ဖို့အတွက် ငွေကြေးများစွာလိုအပ်ပါတယ်။ ဒါကြောင့် ရေဖိုးရေခတွေကို အိမ်သုံးကို လက်ရှိတစ်ဂါလန် ၂၅ ပြားကနေ ပြား ၄၀ ကို တိုးကောက်မယ်။ စီးပွားရေးသုံးအတွက်ကို လက်ရှိတစ်ဂါလန် ၃၅  ပြားကနေ တစ်ဂါလန် ၅၀ ပြားနှုန်းကို တိုးကောက်သွားမှာဖြစ်ပါတယ်။  ရန်ကုန်မြို့မှာပေးဝေတဲ့ ရေတစ်ဂါလန်ရဲ့ ကုန်ကျစရိတ်က ၄၀ ဒသမ ၄၇ ပြားဖြစ်ပါတယ်"ဟု ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ ရေနှင့်သန့်ရှင်းမှုဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့သည်။

"ရေသုံးစွဲခနှုန်းထားတွေကို တိုးမြှင့်မယ်ဆိုရင် ရေခဏခဏပြတ်နေတဲ့ အခက်အခဲတွေကိုလည်း ပြေလည်အောင်ဖြေရှင်းပေးသင့်ပါတယ်။ တစ်ခါတစ်လေ တစ်ရက်နှစ်ရက်လောက် ရေမလာတာတွေလည်း ရှိပါတယ်"ဟု သင်္ကန်းကျွန်းမြို့နယ်တွင်  နေထိုင်သူတစ်ဦးက ပြောပြခဲ့သည်။

ထို့ပြင် ရန်ကုန်မြို့တော်စည်ပင်ရေ ရယူသုံးစွဲနေသော ရေဆက်သွယ်မှုအားလုံးအား ရေမီတာတပ်ဆင်ရေး စီမံချက်ကို စတင်ပြုလုပ်နေရာ ဌာနဆိုင်ရာနှင့် စီးပွားရေးလုပ်ငန်းသုံးများကို ဦးစားပေးကာပြုလုပ်နေကြောင်း၊ ယင်းစီမံချက်မှာ ရေဆက်သွယ်မှုအားလုံး မတပ်မနေရဖြစ်ပြီး ရေကိုချွေတာသုံးစွဲတတ်စေရန် ပြုလုပ်ခြင်းဖြစ်ကြောင်း ရေနှင့်သန့်ရှင်းမှုဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

"ရေမီတာမတပ်ထားတဲ့ ရေဆက်သွယ်မှုတွေအကုန်လုံး ရေမီတာတပ်ဆင်ရမှာဖြစ်ပါတယ်။  မီတာစနစ်နဲ့သွားတဲ့အတွက်  ကိုယ့်သုံးတဲ့ရေပမာဏအလိုက် ယူနစ်ဖြတ်ပြီးပေးဆောင်ရမယ်။ လျှပ်စစ်မီးတာခလို ဖြစ်သွားတာပေါ့။ အဓိကတော့ ရေကိုချွေတာသုံးစွဲတတ်စေဖို့နဲ့ ရေအလဟဿမဖြုန်းတီးအောင်လို့ပါ။ ပြီးတော့ စည်ပင်ရေကို ဖောက်သုံးတာတွေကိုလည်း အရေးယူသွားမှာ ဖြစ်ပါတယ်"ဟု အဆိုပါတာဝန်ရှိသူက ဆက်လက်ပြောပြခဲ့သည်။

ရန်ကုန်မြို့တော်စည်ပင်သာယာ နယ်နိမိတ်အတွင်း မြို့တော်စည်ပင်ရေ ဆက်သွယ်ရယူထားသော ရေဆက်သွယ်မှုပေါင်း ၂၃၀၀၀၀ ကျော်ရှိပြီး မီတာတပ်ဆင်ထားမှုမှာ ၁၆၀၀၀၀ ကျော်ရှိပြီး မီးတာတပ်ဆင်မထားပဲသုံးစွဲမှုမှာ ၇၀၀၀၀ ကျော်ရှိကြောင်း သိရှိရသည်။
 
source; http://www.weeklyeleven.com

Comments 

 
#11 May Than Dar wint 2012-02-10 13:36
ရွှေဈေးကတစ်ကျပ်သားကို (သိန်းနှစ်ဆယ်) ထိတက်မယ်လို့ ကောလဟာလ တွေထွက်နေတယ်။
ဝယ်ထားအုန်းမှ ဖြစ်မယ်ထင်တယ်။
 
 
#10 သဇင် 2012-02-10 13:19
မီတာခတိုးကောက်ရင်လည်းဘာတတ်နိုင်မှာလဲ ပြည်သူကတော့ပေးရမှာပါပဲ။ ဒါပေမယ့်တစ်ခုတော့ ပြောချင်ပါတယ်။ မီတာကောက်တဲ့ ၀န်ထမ်းတွေ မှန်မှန်ကန်ကန်ဖြစ်အောင်လုပ်ပေးပါ။ ကျွန်မအိမ်မှာ ရေမီတာပျက်တယ်။ မီတာဖတ်သူကိုပြောပြပါတယ်။ ရတယ်အမ ဆိုပြီး တစ်လ ၁၂၀၀ ပဲမှန်းကောက်လိုက်မယ်ဆိုပြီးလုပ်တယ်။ ၁ နှစ်ခွဲ လောက်ကြာတော့ မီတာကိုဖတ်ပြန်ရော ပျက်နေတယ်လို့ သတင်းပို့ထားပါတယ် လစဉ်လဲ လာကောက်နေပါတယ်လို့ပြောတယ်။ ဒါဆိုရင်ပြင်ပေးမယ်ဖြုတ်ပေးလိုက်ပါဆိုလို့ဖြုတ်ပေးတယ်။ ဒါပေမယ့်အမရယ်တဲ့ ဒီမှာပြထားတဲ့ ယူနစ်အတိုင်းတော့ဆောင်ပေးလိုက်ပါတဲ့။ အေး ဘယ်လောက်လဲဆိုတော့ တစ်ယူနစ် ၅၅ ကျပ်နှုန်းနဲ့ ၅၆၀၀၀ ကျပါတယ်တဲ့၊ ကဲ။ ဒါပေမယ့်အမ ရယ်တဲ့ ကိုယ့်ညီအမလို သဘောထားလို့ သက်သာအောင်လုပ်ပေးမယ်တဲ့ ။ ကျွန်မကလည်းသက်သာပြီပေါ့ (ဒါကျွန်မအပြစ်ပါ) ၊ လုပ်ပေးပါပေါ့။ တစ်ဝက်ပဲပေး ၂၈၀၀၀ တဲ့ ဟုတ်ပြီပေါ့ ။ မီတာလဲဖြုတ်ယူသွားတယ်။ ပြင်ခ ၃၀၀၀ တဲ့ လာတပ်ရင်ပေးနော်တဲ့။ ဟုတ်ကဲ့ပေါ့။ အဲဒီအထိ အိုကေ။ နောက်ဆုံးကြမှ ပြေစာထဲမှာ ၅ ယူနစ်လို့ ထည့်လိုက်တယ်တဲ့။ ပြေစာထွက်လာရင် ၃၇၅ ကျပ်ဆောင်လိုက်နော်တဲ့။ သွားရော ၊ ကျွန်မပေးလိုက်ရတဲ့ ငွေ၃၀၀၀၀ လဲ ဘယ်အိတ်ထဲရောက်သွားလဲ သာ တွေးကြည့်ပါတော့ တကယ့်အဖြစ်အပျက်ပါ။ ကျွန်မ မင်္ဂလာဒုံမှာနေပါတယ်။ မီတာလဲ ခုထိလာမတပ်ပေးသေးပါဘူး။ ပြီးခဲ့တဲ့ သီတင်းကျွတ်လပြည့်နေ့ကမှတ်မှတ်ရရလာတောင်းသွားတာပါ။ နောက်လ တွေကိုလဲ ပြေစာမပါ ၁၂၀၀ ပေးနေရတုန်းပါပဲ။ မီတာရောလို့ မေးရင် အဲဒီယူသွားတဲ့အမ လာတပ်ပေးလိမ့်မယ်လို့ပြောကြပါတယ်။ ဒီလို ၀န်ထမ်းတွေ နဲ့ မီတာခတိုးကောက်လဲ ထူးမယ်မထင်ပါဘူးရှင်။
 
 
0 #9 Yeminthant 2012-02-10 12:38
ဝန်ထမ်းတွေလခ တိုးပေးမယ်ဆိုတာ ပြည်သူတွေက နေကောက်ပြီးတော့ပေးမှလား ဟင် ?
 
 
+5 #8 oonayoo 2012-02-10 11:43
Quoting Resident_Evil:
လစာကတက်မယ်မကြံသေးဘူး။ အစိုးရ အဖွဲ့အစည်းကိုယ်တိုင်က ဈေးတက်ဖို့ လုပ်နေပြီ။ ရေပေးဝေတယ်ဆိုတာ မြေညီထပ်တွေကိုပဲရေ ပေးဝေတာလေ။ ပထမထပ်တွေလောက်ကစလို့ ကိုယ့် အစီအစဉ်နဲ့ကိုယ်ရေကိုတင်နေကြရတာ။
စည်ပင်ကလူကြီးတွေနှုတ်ထွက်လိုက်ပါ

ကျနော်ကြိုက်တဲ့စာသားလေးကို bold တင်ပေးထားပါတယ် :)
 
 
+7 #7 Resident_Evil 2012-02-10 10:23
လစာကတက်မယ်မကြံသေးဘူး။ အစိုးရ အဖွဲ့အစည်းကိုယ်တိုင်က ဈေးတက်ဖို့ လုပ်နေပြီ။ ရေပေးဝေတယ်ဆိုတာ မြေညီထပ်တွေကိုပဲရေ ပေးဝေတာလေ။ ပထမထပ်တွေလောက်ကစလို့ ကိုယ့် အစီအစဉ်နဲ့ကိုယ်ရေကိုတင်နေကြရတာ။
စည်ပင်ကလူကြီးတွေနှုတ်ထွက်လိုက်ပါ။
 
 
+29 #6 agkhin 2012-02-10 09:59
ထိုင်းနိုင်ငံက စနစ်လေးတခုကို ပြောပြချင်ပါတယ်။ ကျနော်တို့နဲ့ ဘာတွေကွာလဲဆိုတာ နှိုင်းယှဉ်လို့ရအောင်လေးပါ။

ထိုင်းနိုင်ငံမှာ အိမ်တအိမ်အတွက် လျှပ်စစ်မီတာယူနစ် (၉၀) ကို အခမဲ့ပေးသုံးပါတယ်။ ဘာဝန်ဆောင်ခ၊ ဘာကြေးညာကြေးမှပေးစရာမလိုပါ။ ယူနစ် (၉၀) ဆိုတာ လူဦးရေ လေး၊ငါးဦးရှိတဲ့မိသားစုအတွက် လျှပ်စစ်မီးအလုံအလောက်သုံးလို့ရတဲ့အပြင် တီဗွီ၊ အောက်စက်ထားလို့ရပါသေးတယ်။ အဲဒီထက်ပိုမှ မီတာခစပေးရပါတယ်။ အဲဒီတော့ လျှပ်စစ်ချွေတာပါလို့ သတင်းစာတွေ ရေဒီယိုတွေ တီဗွီတွေမှာ ကြေညာနေစရာမလိုပါဘူး။ မီတာခမပေးချင်ရင် ချွေတာသုံးဆိုတာ ပြောနေစရာမလိုဘဲ လူတိုင်းကိုအသိပေးပြီးသာဖြစ်နေပါတယ်။

မှတ်ချက် - ထိုင်းနိုင်ငံမှာ လျှပ်စစ်ထုတ်နိုင်ဖို့အတွက် မြန်မာနိုင်ငံကနေ သဘာဝဓာတ်ငွေ့ကို ၀ယ်နေရတာပါ။ သူ့နိုင်ငံက အခြေခံလက်လုပ်လက်စားမိသားစုတွေကို သက်သာချောင်ချိအောင် စီစဉ်ပေးတဲ့စနစ်လေးက အတုယူစရာပါ။
 
 
+26 #5 NyanHtet 2012-02-10 09:50
ဗိုလ်ချုပ်ကြီးသူရ ရွှေမန်းက ပြောတယ် ၀န်ထမ်းတွေ လစာတိုးပေး
မယ်တဲ့.....၁ ရက် တောင် မကြာဘူး..ရန်ကုန်စည်ပင်က ဈေးမကိုက်
လို့တဲ့ ရေဈေးတိုးကောက်မယ်တဲ့...အိမ်နီးချင်းနိုင်ငံတွေ ဘယ်ဈေးဆို
တွက် ပြထားလိုက်ပါသေးတယ်။
လူကြီးမင်းတို့ ခင်ဗျာ။ မြန်မာပြည်တွင်းမှာ ဌာန တော်တော်များများ
အကုန်အရှုံးပေါ်နေပါတယ်။အရှုံးပေါ်နေတိုင်း ဈေးမကိုက်တိုင်း အကုန်တိုးကောက်ယင်တော့ အကုန်တက်ကုန်မှာဖြစ်ပါတယ်။။
သွားလာပို့ဆောင်ရေး လုပ်ငန်းတွေ ဆီဖြန့်ဖြူးရေးလုပ်ငန်းတွေ
အကုန်လုံး ဈေးတိုးကောက်မှာပါလား။။
အကုန်လုံး အရှုံးပေါ်နေခြင်းဟာ အစိုးရ စီမံခန့်ခွဲမှု ညံ့လွန်းလို့
လို့ ၀န်မခံဘဲ ပြည်သူထံက ကောက်နေယင်ဖြင့်.....

ရေအတွက် ဈေးတိုးကောက်ခြင်းကို လက်ခံပါတယ်။ဒါပေမဲ့ ပြည်
သူထံကို ရောက်တဲ့ ရေကိုတော့ အနယ်အနှစ်မပါ သန့်ရှင်းတဲ့
ရေကောင်းရေသန့် ဖြစ်ဘို့ လိုပါတယ်။။

ပုဇွန်တောင် မြို့နယ်က တိုက်ခန်းတွေ ၂ လကြာယင် တိုင်ကီထဲမှာ
ကျန်တဲ့အနယ်က ဘယ်လိုမှ မြင်မကောင်းပါဘူး။။စည်ပင်အရာရှိ
များကိုယ်တိုင် တပတ်လျှင် တမြို့နယ် ကွင်းဆင်းပြီး အိမ်မှာရှိ
တဲ့ ရေတိုင်ကီထဲက အနယ်ကို စာရင်းကောက်ကြည့်ကြပါ။။
လူသုံးစွဲလို့ ရတဲ့အဆင့်လားလို့ပါ။။
 
 
+9 #4 မောင်မြန်မာ 2012-02-10 09:33
ကျနော်လဲ စဉ်းစားမိတာလေးတစ်ခု ၀င်ဆွေးနွေးတာပါ။ "ရန်ကုန်မြို့တော်စည်ပင်သာယာ နယ်နိမိတ်အတွင်း မြို့တော်စည်ပင်ရေ ဆက်သွယ်ရယူထားသော ရေဆက်သွယ်မှုပေါင်း ၂၃၀၀၀၀ ကျော်ရှိပြီး မီတာတပ်ဆင်ထားမှုမှာ ၁၆၀၀၀၀ ကျော်ရှိပြီး မီးတာတပ်ဆင်မထားပဲသုံးစွဲမှုမှာ ၇၀၀၀၀ ကျော်ရှိကြောင်း သိရှိရသည်။"
ရန်ကုန်မြို့မှာ ရေဆက်သွယ်မှုက 230000 ဒါပဲရှိတာလား။ အဲဒီအတွက် ရေဂါလံမည်မျှ သုံးစွဲနေရပါသလဲ။ အင်း..... ဆက်စဉ်းစားရင်တော့ မီတာနဲ့ မီတာခ လိုပဲ ဂျာအေးသူ့အမေရိုက်သလို ဖြစ်တော့မှာပဲ။ စနစ်တကျကျွမ်းကျင်တတ်သိပညာရှင်တွေနဲ့ တိုင်ပင်ဆွေးနွေးပြီး ရေတို၊ ရေရှည် စီမံကိန်းများလည်း အကောင်အထည်ဖေါ်၊ လူထုကိုလည်း ချပြနိုင်သလောက်ချပြရင် သားရွှေအိုးထမ်းလာသလို စီမံကိန်းများ အောင်မြင်အောင် အကောင်အထည်ဖေါ်နိုင်မယ်လို့ထင်ပါတယ်။
 
 
+27 #3 phoehtet 2012-02-10 09:10
ဟိုမှာလဲ ကော်မင့်ဝင်ရေး ..ဒီမှာလဲ ကော်မင့် ၀င်ရေး မဟုတ်ပါခင်ဗျား..ရင်ထဲမှာ နိုင်ငံအတွက် သာမန်ပြည်သူတစ်ယောက်အနေနဲ့ တွေးမိ၊ ဖြစ်စေချင်မိတာလေး ပြောပါရစေ..ဒီလို အခွန်အခ တိုးကောက်တာ၊ မြှင့်ပြီးယူတာ အစိုးရ ကောင်းတယ် ထင်လို့ လုပ်ရင် ကျနော်တို့က ဘာပြောလို့ရမှာလဲ.ဒါပေမယ့် ရသမျှ ပိုက်ဆံတွေကို အလဟသ မဖြစ်စေဘဲ စနစ်တကျ စာရင်း ဇယား အတိအကျနဲ့ (ကြိုက်တဲ့အဖွဲ့ဝင်စစ်လို့ရအောင်) သက်ဆိုင်ရာ နယ်ပယ်မှာ တိုးတက်လာအောင် သုံးရင် ဘယ်သူကမှ အဆိုးလိုက်မမြင်ပါဘူး။ ရန်ကုန် စည်ပင် ဘယ်လို စည်ပင်ဆိုတာ ဖင်ပိတ်မငြင်းနဲ့၊ အရှက်မရှိ မကာကွယ်နဲ့..လူတိုင်း သိတယ်..ဖြစ်ခဲ့ပြီးသမျှ ရှိစေ.၀ါးခဲ့ပြီးသမျှ နေခဲ့ပစေ..ဒါပေမယ့် အခုအချိန်က ပြင်ကို ပြင်ရတော့မယ့် အချိန်ဆိုတာ သိရတော့မယ်..ဘေးက လာအို၊ ထိုင်း၊ တစ်နယ်သားချင်း ကမ္ဘောဒီးယား ဘယ်လိုဆိုတာ နည်းနည်းလေး Google Search သုံးကြည့်ရင် မျက်နှာတွေတောင် ဓားနဲ့ လှီးပြစ်ချင်တယ်။ ထားပါတော့..အခွန်ကောက်ပေါ့၊ တိုးယူပေါ့..ဒါပေမယ့် ရတဲ့ ပိုက်ဆံတွေက ပြည်သူတွေ ပိုက်ဆံ၊ ငါတို့ ပိုက်ဆံမဟုတ်ဘူး ဆိုတဲ့ အသိနဲ့ ရွှေနိုင်ငံကြီးအတွက် ငါတတ်နိုင်တာ ငါအကောင်းဆုံး ဖြစ်အောင် လုပ်ပေးရမယ်ဆိုတဲ့ အသိရှိတဲ့ စည်ပင် ဖြစ်ရင် အကောင်းဆုံးဘဲပေါ့..
 
 
+21 #2 lordvladimer 2012-02-10 09:10
ဘယ်နှက်လည်း ၀န်ကြီးဌာနတွေက ဈေးနှုန်းတွေပဲ တက်နေတယ် ဈေးချသင့်တာ ဈေးချနိုင်တာကြတော့ ရောင်ဝါးဝါးနဲ့ မယောင်ရာဆီလူးတဲ့ ၀န်ကြီးတွေပဲရှိနေတာလားဗျ.... ၅၀၀၀တန် Sim Card က ဘယ်မှာလည်းဗျ.... အတက်တော့ မြန်ပြီး အကျက ကြာလှပါလား..... (ရေကို မရေရာသေးတာ)
 
 
+6 #1 sawphoony 2012-02-10 07:42
သင်္ကြန်မရောက်ခင် ရေဈေးတွေတင်တယ်..(စည်ပင်က စပြီးဈေးတင်တာ)
လခတိုးပေးမယ်လည်းပြောတယ်..
ကဲ....ကုန်ဈေးနှုန်းရေ...ခုန်လို့ရပြီနော်..

လာမည့် ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်တွင် မြန်မာနိုင်ငံ၏ ကျန်းမာရေးကဏ္ဍ အသုံးစရိတ်ကို လေးဆနှင့် ပညာရေးကဏ္ဍ အသုံးစရိတ်ကို နှစ်ဆတိုးကာ လျာထား သုံးစွဲသွားမည် ဖြစ်ကြောင်း ပြည်ထောင်စု ၀န်ကြီး ပြောကြား

လာမည့် ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်တွင် မြန်မာနိုင်ငံ၏ ကျန်းမာရေးကဏ္ဍ အသုံးစရိတ်ကို လေးဆနှင့် ပညာရေးကဏ္ဍ အသုံးစရိတ်ကို နှစ်ဆတိုးကာ လျာထား သုံးစွဲသွားမည် ဖြစ်ကြောင်း ပြည်ထောင်စု ၀န်ကြီး ပြောကြား PDF Print
Sunday, 05 February 2012 10:23
AddThis Social Bookmark Button
လာမည့်၂၀၁၂-၂၀၁၃ ခုနှစ် ဘဏ္ဍာရေးနှစ်တွင် မြန်မာနိုင်ငံ၏ ကျန်းမာရေးကဏ္ဍ အသုံးစရိတ်ကို လေးဆနှင့် ပညာရေးကဏ္ဍ အသုံးစရိတ်ကို နှစ်ဆတိုးကာ လျာထားသုံးစွဲသွားမည် ဖြစ်ကြောင်း ဇန်န၀ါရီလ ၃၁ ရက်နေ့တွင် ကျင်းပသည့် ပြည်ထောင်စု လွှတ်တော်သို့ တင်သွင်းသည့် ၂၀၁၂ ခုနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရ အသုံးဆိုင်ရာ ဥပဒေကြမ်းကို ပြည်ထောင်စု အစိုးရအဖွဲ့ကိုယ်စားဘဏ္ဍာ ရေးနှင့် အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ရှင်းလင်းရာတွင် ထည့်သွင်းပြောကြားခဲ့သည်။ ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်တွင် မြန်မာနိုင်ငံ၏ ကျန်းမာရေး အသုံးစရိတ်မှာ ပြုပြင်ပြီး ခန့်မှန်းခြေ ငွေစာရင်းတွင် အသုံးစရိတ်စုစုပေါင်း ကျပ် ၉၂၀၀၈ ဒသမ ၇၈၆ သန်း လျာထားသုံးစွဲခဲ့ပြီး ၂၀၁၂-၂၀၁၃ဘဏ္ဍာရေးနှစ် ရသုံးခန့်မှန်းခြေငွေစာရင်းတွင် အသုံးစရိတ်စုစုပေါင်း ကျပ် ၃၆၇၉၇၀ ဒသမ ၃၇၅ သန်းလျာ ထားသည့်အတွက် ပြီးခဲ့သည့်နှစ်ထက် လေးဆခန့် တိုးတက်လျာထားကြောင်း သိရသည်။
“ကျန်းမာရေးကဏ္ဍအတွက် ၂၀၁၁-၂၀၁၂ ခုနှစ် သာမန်အသုံးစရိတ် သုံးစွဲငွေမှာ ကျပ် ၆၆၇၃၀ ဒသမ ၄၇၆ သန်းဖြစ်ပြီး ၂၀၁၂-၂၀၁၃ ခုနှစ်မှာတော့ သာမန် အသုံးစရိတ် ကျပ် ၁၅၄၄၃၅ ဒသမ ၀၉၃ သန်း လျာထားသည့်အတွက် ဆရာဝန်နှင့် သူနာပြုများ တိုးချဲ့ခန့်ထားနိုင်ခြင်း၊ ဆေးရုံသုံးဆေးပစ္စည်းများ ပိုမိုဝယ်ယူ ဖြည့်တင်းနိုင်ခြင်း၊ ဆေးရုံများအား ပြင်ဆင်ထိန်းသိမ်းခြင်း လုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။ ၂၀၁၁-၂၀၁၂ ခုနှစ်တွင် ငွေလုံးငွေရင်း အသုံးစရိတ်သုံးစွဲငွေမှာ ကျပ် ၂၅၂၇၈ ဒသမ ၃၁၀ သန်းဖြစ်ပြီး ၂၀၁၁-၂၀၁၃ ခုနှစ်တွင် ကျပ် ၂၁၃၅၃၅ ဒသမ ၂၈၂ သန်း လျာထားသည့်အတွက် ဆေးရုံဆေးခန်းများ နှင့် ကျေးလက်ကျန်းမာရေးဌာနများ ပိုမိုတိုးချဲ့ ဖွင့်လှစ်နိုင်မှာဖြစ်ပြီး ဆေးရုံများတွင် လိုအပ်သည့် ဆေးရုံသုံး စက်ပစ္စည်း ကိရိယာ တန်ဆာပလာများ ပိုမိုဝယ်ယူဖြည့်တင်းနိုင်မှာ ဖြစ်ပါတယ်”ဟု ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှထွန်းက ပြောကြားခဲ့သည်။
ပညာရေး အသုံးစရိတ်ပိုင်းကို  ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ် ပြုပြင်ပြီး ခန့်မှန်းခြေငွေစာရင်းတွင် အသုံးစရိတ် စုစုပေါင်း ကျပ် ၃၁၀၄၀၁ ဒသမ ၆၉၈ သန်း လျာထားသုံးစွဲခဲ့ ပြီး ၂၀၁၁-၂၀၁၃ ဘဏ္ဍာရေးနှစ် ရသုံးခန့်မှန်းခြေ ငွေစာရင်းတွင် အသုံးစရိတ်စုစုပေါင်း ကျပ် ၆၁၇၂၁၄ ဒသမ ၀၁၀ သန်း လျာထားသည့် အတွက် ပြီးခဲ့သည့်နှစ်ထက် နှစ်ဆခန့် တိုးတက်လျာထားကြောင်း သိရသည်။
“ပညာရေးကဏ္ဍရဲ့ ၂၀၁၁-၂၀၁၂ ခုနှစ် သာမန်အသုံးစရိတ် သုံးစွဲငွေမှာ ကျပ် ၂၇၄၈၆၂ ဒသမ ၈၃၁ သန်းဖြစ်ပြီး ၂၀၁၂-၂၀၁၃ခုနှစ်တွင် သာမန်အသုံးစရိတ်ကျပ် ၄၀၈၁၆၄ ဒသမ ၄ ၁၉ သန်း လျာထားသည့်အတွက် ဆရာ၊ ဆရာမများ ပိုမိုခန့်ထားနိုင်ခြင်း၊ ဥပဓိရုပ် မကောင်းသော အခြေခံပညာ ကျောင်းများအား ပြင်ဆင်ခြင်းများ ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ ပညာရေးကဏ္ဍ၏ ၂၀၁၁-၂၀၁၂ ခုနှစ်တွင် ငွေလုံးငွေရင်း အသုံးစရိတ်သုံးစွဲငွေမှာ ကျပ် ၃၅၅၃၈ ဒသမ ၈၆၇ သန်းဖြစ်ပြီး ၂၀၁၂-၂၀၁၃ ခုနှစ်တွင် ကျပ် ၂၀၉၀၄၉ ဒသမ ၅၉၁ သန်းလျာထားသည့် အတွက် အခြေခံပညာကျောင်းများနှင့် တက္ကသိုလ်ကောလိပ်များ တိုးချဲ့ ဆောက်လုပ်ခြင်း၊ ပရိဘောဂများ သင်ထောက်ကူပစ္စည်းများ ၀ယ်ယူ ဖြည့်တင်းခြင်းများကို ပိုမိုဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်”ဟု ပြည်ထောင်စု ၀န်ကြီးက ဆက်လက် ပြောကြားခဲ့သည်။
တတိယအကြိမ် လွှတ်တော်အစည်းဝေးများသို့ ပြည်ထောင်စု အစိုးရ အဖွဲ့မှ ၂၀၁၂ ခုနှစ် ပြည်ထောင်စု၏ နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဥပဒေ(မူကြမ်း)၊ ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ် ဖြည့်စွက်ခွင့်ပြုငွေစာရင်း၊ ၂၀၁၁-၂၀၁၂ ခုနှစ် ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ ပြုပြင်ပြီး ရသုံးခန့်မှန်းခြေ ငွေစာရင်း၊ ၂၀၁၂ခုနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရ အသုံးဆိုင်ရာ ဥပဒေကြမ်းစသည့် ဥပဒေများ ကိုတင်သွင်းပြီး ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များက ဆွေးနွေး အတည်ပြုကြမည် ဖြစ်သည်။
 
source; http://www.weeklyeleven.com

Comments 

 
+19 #13 Hermes 2012-02-07 16:41
ကျန်းမာရေးအသုံးစရိတ်တွေ တိုးပေးတာကို ကြိုဆိုပါတယ်။ ဒါပေမဲ့ လူနာတွေနဲ့ ပြည်သူတွေ အတွက် တကယ်အကျိုးရှိအောင် သုံးရဲ့လားဆိုတာမီဒီယာတွေနဲ့ ပြည်သူတွေ ပူးပေါင်းပြီးဖေါ်ထုတ် စောင့်ကြည့်သင့်ပါတယ်။
မြန်မာလူမျိုးတွေက ဆရာဝန်တွေဆိုယင် ရိုသေတတ်လေတော့ ဆရာဝန်တွေအပေါ် အကောင်းမြင်ကြတာများပါတယ်။ ဒါပေမဲ့ ငွေနောက်ပဲလိုက်ပြီးအကျင့်ပျက်နေတဲ့ ဆရာဝန်ကြီးတွေ အပုံကြီးပါ။
ပြည်သူ့ဆေးရုံကြီးများရှိရောဂါရှာဖွေရေးဌာနများမှာစားရိတ်မျှပေးခေါင်းစဉ်တပ်ပြီး VIPဆိုသူများမှလွဲ၍လူနာအားလုံးထံမှ ပိုက်ဆံကောက်ပါတယ်။ ဌာနတွင်းဝေစုခွဲပြီး ဆေးရုံအုပ်ကြီးထံစါရင်းလိမ်ဖြင့် တင်ပါတယ်။ဆေးရုံအုပ်ကြီးကဌာနအလိုက်အရှုံးအမြတ်တွက်၊ ခွဲတမ်းဖယ်ပြီးနာမကျန်းသူတွေရဲ့ ချွေးနဲစာများကို နိုင်ငံတော်သို့ ပေးသွင်းသည်ဟုလူကြားကောင်းအောင် ပြောပါတယ်။
တချို့ရောဂါရှာဖွေရေးဌာနများမှ ဆရာဝန်ကြီးများအပြင်မှာနာမည်ခံဓါတ်ခွဲခန်းများဖွင့်ပါတယ်။ ဓါတ်ခွဲနမူနာတွေကို ပြည်သူ့ဆေးရုံများရှိဓါတ်ခွဲဌာနများသို့ယူပြီး အစိုးရ၀န်ထမ်းလုပ်အား၊ နိုင်ငံတော်စက်များသုံးကာကိုယ်ကျိုးရှာကြပါတယ်။နာမကျန်းသူလူနာများရဲ့ ချွေးနဲစာတွေကိုအခုလိုမလိမ့်တပါတ်လုပ် အကျင့်ပျက်ခြစားနေတာတွေကတခြားလဘ်စားမှုတွေထက် ပိုဆိုးပါတယ်။
ပြည်သူ့ဆေးရုံတွေအတွက် စက်တွေဝယ်ရင် ကော်မရှင်များများပေးတဲ့၊ ငွေမျက်နှာပဲကြည့်တဲ့ ကုမ္ပဏီတွေနဲ့ညှိပြီးလွန်စွာမှခေတ်နောက်ကျနေသောစက်များကို သေချာရွေးဝယ်ပါတယ်။ ဥပမာပြရရင် ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာအလှူခံရငွေတွေနဲ့ဝယ်ပြီး ၊၂၀၁၁ နိုဝင်ဘာလက စသုံးတဲ့ Cobalt 60 ဓါတ်ကင်စက်ဆိုယင် နိုင်ငံတကာမှာ မသုံးတော့တာ ကြာပါပြီ။ လူနာတွေအတွက် ဓါတ်ရောင်ခြည် ဘေးထွက်ဆိုးကျိုးများတာရယ်၊ သဘာဝပါတ်ဝန်းကျင်ကို ဆိုးဆိုးဝါးဝါး ထိခိုက်တာတွေကြောင့်ပါ။ ဒါပေမဲ့အဲဒီစက်ဝယ်ထားတဲ့ ကုန်ကျငွေကတော့ နောက်ဆုံးပေါ်ဓါတ်ကင်စက်တွေနဲ့အတူတူပါပဲ။
ဒီလိုလူသားချင်းမစာနာတဲ့ကျန်းမာရေးစံနစ်ဆိုးကြောင့် သယံဇာတတွေပေါများတဲ့တိုင်းပြည်မှာနေတဲ့၊ ဖော်ရွေတဲ့ မြန်မာပြည်သားတွေရဲ့ ပျမ်းမျှသက်တမ်းဟာ နှစ်ငါးဆယ်ခန့်ပဲရှိတာကို နိုင်ငံခြားမှာဆေးသွားကုတဲ့ သမ္မတကြီးဦးသိန်းစိန်သိစေချင်ပါတယ်။
 
 
+14 #12 AR53NAL 2012-02-07 16:31
အင်းစိန်RIT နှင့် ရန်ကုန်ပင်မ Main University များ ပြန်လည် ဖွင်.ပေးမလား သိချင်ပါတယ်။
 
 
+19 #11 win ko 1968 2012-02-07 13:54
ကင်ဆာရောဂါဖြစ်ရင်ဓါတ်ကင်ဖို့လေးလစောင့်ရင်းသေကုန်တဲ့လူနာ
တွေကိုသနာတတ်ပါစေ။သေကုန်ကြအုံးမဲ့လူနာတွေကိုလည်း
ကယ်တင်နိုင်ပါစေ။
 
 
+9 #10 အောင်လွင်ဦး 2012-02-07 10:46
နယ်တွေမှာ တာဝန်ကျနေတဲ့ အရာရှိကြီးတွေ၊ လွတ်တော် ကိုယ်စားလှယ်ကြီးတွေ ရဲ့  သားသမီးတွေ ကို မိမိတို့ တာဝန်ကျ၊ ကိုယ်စားပြု ရာဒေသက ကျောင်းတွေမှာသာ မဖြစ်မနေ ပညာသင် ကြားစေမယ်ဆိုရင် အတိုင်းအတာတစ်ခုအထိ ပညာရေး အပိုင်းမှာ တိုးတက်လာမှာ သေချာပါတယ်။ ကိုယ့်သားသမီးတွေကိုသာ ကောင်းပေ့ဆိုတဲ့ ကျောင်းကိုသာ ထားပြီး ကိုယ့်ဒေသ ပညာရေးတိုးတက်ဖို့  ကိုတော့ လစ်လျူရှူထား တာ မဖြစ်သင့်ဘူးလို့  ထင်ပါတယ်။ နိုင်ငံတကာမှာလည်း ဒါမျိုး ရှိလိမ့်မယ် မထင်ပါ။ တက္ကသိုလ် ကောလိပ်တက်ရမှာမို့ လို့  ကိုယ့်ဒေသမှာ တက်ရမယ့် တက္ကသိုလ် ကော်လိပ်မရှိလို့  အခြားဒေသမှာ တက်ရတာဆိုရင် တော့ လူ ကြားလို့ ကောင်းပါသေးတယ်။
 
 
+14 #9 kachala akyaw 2012-02-06 20:26
ပညာရေးဝန်ထမ်းများ၊ ကျန်းမာရေးက ချရာဝန်၊ ချရာမများကိုလည်း လခလေးများ တိုးပေးရင်ဖြင့် ပီတိကိုစား၊ ခါး
ချည့်ရသော အခြေအနေမှ အနည်းငယ် သက်သာရာရမည်ဖြစ်ပါ
ကြောင်း.....
 
 
+26 #8 naysan 2012-02-06 15:04
ဝန်ကြီးချုပ် လီကွမ်ယုက ဦးနေ၀င်းလက်ထက်မှာ မြန်မာပြည်ကို အလည်လာခဲ့ပါတယ်။အဲဒီခရီးစဉ်မှာ သူက ရန်ကုန်ယူနီဗာစီတီကို ၀င်လည်ပါတယ်။ဒီခရီးစဉ်မှာ ပြောခဲ့တာပါ။မြန်မာအစိုးရလူကြီး တစ်ဦးက ကျွန်တော့်ကို ပြန်ပြောပြခဲ့တာပါ။လေးစားလောက်တဲ့လူကြီးက တစ်ခုတစ်ရပြောတာရယ်၊ကျွန်တော်ကိုက ပညာရေးကို တန်ဖိုးထားတတ်တာရေယ်ကြာင့် အဲဒီစကားကို သိပ်ဂုဏ်စွာနဲ့ စွဲနေခဲ့တာပါ။ကြာခဲ့ပါပြီ။အခုမှ အလျှဉ်းသင့်လို့ ပြန်တင်ပြပေးတာပါ။ ရန်ကုန်မှာ ၀င်ခွင့်မရလို့ အောက်စဖို့ရောက်ရပါတယ် လို့ အတိအကျကို ပြောပြခဲ့တာပါ။ အဲဒါကြောင့် ကျွန်တော်က ဂုဏ်ယူတာပေါ့။
ထိုစဉ်က လူကြီးများ ရှိနိုင်ပါသေးတယ်။ဘဘကြီးလီကွမ်ယုလည်းရှိနေသေးတာဘဲ။ သမိုင်းမှတ်တမ်း ဂုဏ်ယူစွာတင်ရအောင်လို့ပါ။ပိုပြီးပြောတာ၊ ရွဲ့ပြီးပြောတာ မရှိပါဘူး။ ထောက်ပြပေးတာကိုကျေးဇူးတင်ပါတယ်။
 
 
+16 #7 kohighlander 2012-02-06 12:55
Quoting paddy:
ပညာရေး ဘတ်ဂျက်တို့ ကျန်းမာရေး ဘတ်ဂျက်တို့ တိုးသုံးတော့ နောက်ဆို သမ္မတကြီး အခုတခေါက် စင်္ကာပူထိသွားပြီး ဆေးစစ်တာမျိုး လုပ်စရာ မလိုတော့ဘဲ အိုးမကွာ အိမ်မကွာ နေပြည်တော်မှာတင် ဆေးစစ်လို့ ရတာပေါ့ဗျာ။ စင်္ကာပူက တတ်ပေးထားတဲ့ နှလုံးခုန်စက် ထက်ပိုကောင်းတဲ့ စက် နေပြည်တော်မှာတင် တတ်ပေးလို့ ရတာပေါ့နော။

အခုအချိန်မှာ သမ္မတကြီး စင်္ကာပူထိ သွားပြီး အာမခံချက်ရှိတဲ့ ကျန်းမာရေး စစ်ဆေးမှု ခံသလို ကျနော်လည်း ကျနော့် အဖေ (သို့) အမေ (သို့ ) ကျနော်ကိုယ်တိုင် အဲဒီလို အာမခံချက်ရှိတဲ့ ကျန်းမာရေး စောင့်ရှောက်မှုမျိုး သမ္မတကြီးလိုဘဲ ကျနော်လဲ လိုချင်တယ် ဆိုတာလေးလဲ ထည့်ပြောပါရစေ ခင်ဗျာ။

ဟုတ်ကဲ့ ရနိုင်ပါတယ် အသပြာ (သို့) အာဏာ တခုခုတော့ရှိဖို့လိုပါတယ်။ကျွန်တော်တို့ဘက်က လူတိုင်းကျန်းကျန်းမာမာနဲ့ သက်တမ်းစေ့နေနိုင်ဘို့ကြိုးစားနေပါတယ်။ လူကြီးမင်းတို့ဘက်က ကျသလောက်ရှင်းပေးနိုင်ဘို့သာ ကြိုးစားပေးပါခင်ဗျာ။
ကျွန်တော်တို့ရဲ့ နှစ်နှစ်ဆယ်လောက် ခေတ်မှီဖွံ့ဖြိုးတိုးတက်ခဲ့တဲ့(သတင်းစာနဲ့ တီဗီမှာ)နိုင်ငံတော်ကြီးမှာ အများစုသောနိုင်ငံသားများအတွက် အာမခံချက်ရှိတဲ့ ကျန်းမာရေးစောင့်ရှောက်မှုဆိုတာ တချို့ကြားတောင်မကြားဘူးပါဘူး။ကိုယ်ထူကိုယ်ထကျန်းမာရေးစောင့်ရှောက်မှုပဲရှိပါတယ်။တော်ရုံလောက်ကတော့ လမ်းဘေးကွမ်းယာဆိုင်က စပ်ပေးလိုက်တဲ့ဆေးလောက်နဲ့ပဲ ကိုယ့်ကိုယ်ကိုစောင့်ရှောက်နေကြရတာပါ။MEDICAL CHECK UP ဆိုတာမျိုး အတွက်အကုန်အကျခံပြီးမလုပ်နိုင်ပါ။အလကားလုပ်ပေးမယ်ဆိုရင်တောင် ငြင်းရမှာပါ။ဘာလို့လဲဆိုတော့ CHECK UP လုပ်လိုက်လို့ ရောဂါတွေ့လာရင် ကုဘို့ပိုက်ပိုက်မရှိလို့ပါ။ရောဂါတွေ့လာရင် အဲဒီရောဂါနဲ့ သေမသေတော့မသိဘူး ကုရင်ဘယ်လောက်ကုန်မယ်ဆိုတာ ကြားလိုက်တာနဲ့တင် လဲသေလိုက်လို့ရပါပြီ။
 
 
+52 #6 paddy 2012-02-06 02:23
ပညာရေး ဘတ်ဂျက်တို့ ကျန်းမာရေး ဘတ်ဂျက်တို့ တိုးသုံးတော့ နောက်ဆို သမ္မတကြီး အခုတခေါက် စင်္ကာပူထိသွားပြီး ဆေးစစ်တာမျိုး လုပ်စရာ မလိုတော့ဘဲ အိုးမကွာ အိမ်မကွာ နေပြည်တော်မှာတင် ဆေးစစ်လို့ ရတာပေါ့ဗျာ။ စင်္ကာပူက တတ်ပေးထားတဲ့ နှလုံးခုန်စက် ထက်ပိုကောင်းတဲ့ စက် နေပြည်တော်မှာတင် တတ်ပေးလို့ ရတာပေါ့နော။

အခုအချိန်မှာ သမ္မတကြီး စင်္ကာပူထိ သွားပြီး အာမခံချက်ရှိတဲ့ ကျန်းမာရေး စစ်ဆေးမှု ခံသလို ကျနော်လည်း ကျနော့် အဖေ (သို့) အမေ (သို့ ) ကျနော်ကိုယ်တိုင် အဲဒီလို အာမခံချက်ရှိတဲ့ ကျန်းမာရေး စောင့်ရှောက်မှုမျိုး သမ္မတကြီးလိုဘဲ ကျနော်လဲ လိုချင်တယ် ဆိုတာလေးလဲ ထည့်ပြောပါရစေ ခင်ဗျာ။
 
 
+49 #5 paddy 2012-02-06 02:13
Quoting naysan:
စင်ကာပူဝန်ကြီးချုပ် လီကွမ်ယုက ပြောခဲ့ဘူးတယ်၊ သူ့ငယ်စဉ်အိပ်မက်က မြန်မာနိုင်ငံ ရန်ကုန်ယူနီဗာစီတီက ဘွဲ့ရပညာတတ် တစ်ယောက်ဖြစ်ဖို့တဲ့။ရန်ကုန်ယူနီဗာစီတီက ၀င်ခွင့် မအောင်လို့ အင်္ဂလန် အောက်စဖို့ ယူနီဗာစီတီကို တက်ခဲ့ရတာတဲ့။ ဒီလောက်တော်ခဲ့တဲ့မြန်မာတွေ။

ဒါကတော့ နည်းနည်း လွန်သွားပြီး :) ရန်ကုန် ယူနီဗာစတီက အဆင့်အတန်းမြင့်ခဲ့ဘူးပါတယ်။ ဒါပေမဲ့ Ygn Uni မှာ ၀င်ခွင့်မရလို့ Oxford သွားတက်ရတယ် ဆိုတာကတော့ ရွဲ့ပြောတာ ဖြစ်ကောင်းဖြစ်မယ်။ လူကြားကောင်းအောင် လျှောက်ပြောတာ ဖြစ်ကောင်းဖြစ်မယ်။ တကယ်သာ ဆိုရင်တာ့ အဲဒီတုန်းက ၀င်ခွင့် စီစစ်တဲ့သူတွေ လူမှန် မရွေးတတ်ဘူးလို့ ပြောရလိမ့်မယ်။ အဲဒါကကို ၀င်ခွင့်ပေးတဲ့ စနစ်မှားနေခဲ့တာဘဲ။ ရန်ကုန်တက္ကသိုလ် ဆိုတာ 1880 ၀န်းကျင်မှာ ရန်ကုန်ကောလိပ် အနေသာနဲ့ ရှိခဲ့ပြီး 1920 ကမှ တက္ကသိုလ် အဆင့် အင်္ဂလိပ်ဖွင့်ပေးခဲ့တာပါ။ ပုဂံခေတ်လောက်ကတည်း က စပေါ်လာခဲ့တဲ့ Oxford Uni နဲ့ နှိုင်းယှဉ်လို့မရပါဘူး။ အခု အချိန်ထိ စင်္ကာပူ ရဲ့ No. 1 university ဖြစ်တဲ့ NUS အဆင့်ဟာ Oxford uni ကို မကျော်နိုင်သေးပါ။ အမှန်ကို အမှန်အတိုင်း သိဖို့ လိုပါတယ်၊ ညီအကိုတို့ မျက်ကန်းမျိုးချစ်များ မဖြစ်စေလိုပါ။

A brief history of Oxford uni
www.ox.ac.uk/about_the_university/introducing_oxford/a_brief_history_of_the_university/index.html
 
 
+49 #4 radar 2012-02-05 17:50
၁၉၆၂နှစ် စစ်အာဏာရှင်စနစ်ထူထောင်ခဲ့တဲ့ ဗိုလ်နေဝင်း လက်ထက်ကစပြီး နောက်စစ်အစိုးရအဆက်ဆက် တိုင်းပြည်မှာစစ်တပ်က အုပ်ချုပ်သူလူတန်းစား သာမန်အရပ်သူ/သားတွေဟာ အုပ်ချုပ်ခံလူတန်းစားဆိုပြီး မှားယွင်းနိမ့်ကျတဲ့ အကြံအစီတွေ စနစ်တကျလုပ်ခဲ့ကြပါတယ် တပ်မတော်အင်အားရှိမှ တိုင်းပြည်အင်အားရှိမယ်ဆိုပြီး အရပ်ဖက်တက္ကသိုလ်တွေကို မျက်ကွယ်ပြု ချန်လှပ် စစ်တက္ကသိုလ်အသီးသီး တက်ရောက်နေသူတွေကိုသာ နိုင်ငံရပ်ခြားသို့ ပညာတော်သင်တွေ အဆက်မပြတ် စေလွတ်ခဲ့ပါတယ် သားသမီးမြေးမြစ်တွေကိုလည်း နိုင်ငံရပ်ခြားကျောင်းတွေကို ပို့ထားကြတယ် ပြည်သူတွေရဲ့အခြေခံကျန်းမာရေးကို လှစ်လျှူရှု့ အသုံးစရိတ်တွေ လျှော့ချဖြတ်တောက် သူတို့ကိုယ်တိုင်ကတော့ နိုင်ငံရပ်ခြားကိုထွက်ပြီး စစ်ဆေးကုသကြပါတယ် ပြည်သူတွေပညာမတက် ကျန်းမာရေးချို့တဲ့ စားဝတ်နေရေးကြပ်တည်းမှု့တွေဟာ တိုင်းပြည်ရဲ့ဆုတ်ယုတ်မှု့တွေပဲဖြစ်ပါတယ်
လက်ရှိအစိုးရအနေနဲ့ အခုလို ပညာရေးနဲ့ ကျန်မာရေး မြင့်မားလာအောင် လုပ်ဆောင်လာမှု့အပေါ် ကြိုဆိုပြီး ဆက်လက်တိုးမြှင့်လုပ်ဆောင်ကြပါလို့ ဆန္ဒပြုပါ၏
 
 
+44 #3 naysan 2012-02-05 15:23
ကျေးဇူးတင်ပါတယ်။ကျေးဇူးတင်ပါတယ်။ထပ်လည်းတိုးပေးပါဦး။
တိုင်းပြည်ဆိုတာ လူတွေနဲ့ဖွဲ့စည်းထားတာလေ။
လူတွေမှာ အရေးအကြီးဆုံးက ကျန်းမာရေး နဲ့ ပညာရေးဘဲပေါ့။
အရင်ကတော့ ကျန်းမာရေး နဲ့ ပညာရေးဝန်ကြီးဋ္ဌာနကို ၀င်ငွေမရှာနိုင်တဲ့ဋ္ဌာန ဆိုပြီး ဘက်ဂျက်နည်းနည်းဘဲ ချပေးခံရတယ်လို့ ကြားဖူးပါတယ်။ ဆိုးလိုက်တာ။
အဲဒီတော့ ငွေမလောက်ဘဲနဲ့ ဘာကောင်းကောင်းလုပ်နိုင်မှာလဲ။ဆေးရုံမှာ ဆေးမရှိ၊ စက်မရှိ ၊သေမှာကို ထိုင်စောင့်နေရတယ်။ဆရာဝန်စေတနာကောင်းပေမဲ့လည်း သူလည်းမတတ်နိုင်။ထိုင်ပြီးသေ။အဲ ငွေမရှိတော့ ဆရာဝန် ပိုတော်အောင် နိုင်ငံခြားမပို့နိုင်၊ မပို့နိုင်တာကြာပေါ့။ တစ်ချိန်က အာရှမှာ အတော်ဆုံးဆရာဝန်များ နိုင်ငံကနေ ကျသွားလိုက်တာ ခုတော့။
ပညာရေး...။အရှေ့တိုင်းရဲ့လူစွမ်းကောင်း စင်ကာပူဝန်ကြီးချုပ် လီကွမ်ယုက ပြောခဲ့ဘူးတယ်၊ သူ့ငယ်စဉ်အိပ်မက်က မြန်မာနိုင်ငံ ရန်ကုန်ယူနီဗာစီတီက ဘွဲ့ရပညာတတ် တစ်ယောက်ဖြစ်ဖို့တဲ့။ရန်ကုန်ယူနီဗာစီတီက ၀င်ခွင့် မအောင်လို့ အင်္ဂလန် အောက်စဖို့ ယူနီဗာစီတီကို တက်ခဲ့ရတာတဲ့။ ဒီလောက်တော်ခဲ့တဲ့မြန်မာတွေ။
ခုတော့ ကိုယ့်ကိုရော၊ မွေးထားတဲ့ သားသမီးတွေကိုရော သနားလိုက်တာ။ အနာဂါတ် တိုင်းပြည်အတွက် သိပ်ရင်လေးရတာပေါ့။
ဆရာဝန်တွေ၊ ကျောင်းဆရာတွေကို အပြစ်မတင်ရက်ပါဘူး။ငွေမှမရှိတာ။
ဒီတော့ ကျန်းမာရေး နဲ့ ပညာရေးကို ဘက်ဂျက်ရာခိုင်နှုံးများများဆက်ချပေးပါဦး။။တိုင်းသူပြည်သားတွေ အသက်ရှည်ဘို့၊ ပညာတတ်ဖို့ထက် အရေးကြီးတာ ဘာမှမရှိပါဘူး။တစ်အိမ်လုံးစီးပွားရှာတာ အဲဒီအိမ်ကလူတွေ နေမကောင်းရင် ကောင်းကောင်းဆေးကုနိုင်ဖို့ ၊ကလေးတွေကောင်းကောင်း ပညာသင်နိုင်ဖို့မဟုတ်ဘူးလား။ပိုက်ဆံများများ ရှာပေးတဲ့သူက ရှာပေးမှ တဘက်ကလည်း ကောင်းကောင်း ကုနိုင် ပညာသင်ပေးနိုင်မှာပေါ့။
ဒါကြောင့် ကျန်းမာရေး နဲ့ ပညာရေးကို ငွေမရှာနိုင်လို့ဆိုပြီး ဘက်ဂျက်ရာခိုင်နှုံး မစို့မပို့လေးတွေ မလုပ်ပါနဲ့တော့၊ များများသာချပေးပါတော့။ပိုက်ဆံကို အခြားဋ္ဌာနက ရှာပါလိမ့်မယ်။အဲဒါ သူ့အလုပ်လေ။
များများရလာချိန်မှာတော့ ဆရာဝန်တွေ။ ပညာရေးဆရာတွေကလည်း စေတနာတွေ များများနဲ့သာ ကြိုးစားပေးကြစမ်းပါဗျာ။
 
 
+62 #2 NyanHtet 2012-02-05 14:00
အစိုးရ ၀န်ကြီးတွေ သားသမီးတွေ ပြည်တွင်းကျောင်းမှာ ဘဲ ထားခိုင်းပေးပါ...
ဆေးကုယင်လဲ ပြည်တွင်း ဆေးရုံတွေမှာဘဲ ကုခိုင်းပေးပါ....
ခုတော့ ပြည်သူနဲ့ တသားထဲ နေရမဲ သူတွေက သွားကိုက်ယင်တောင်
နိုင်ငံခြားအကုန်ထွက်ကြတယ်...ဈေးဝယ်ထွက်လိုက် သူများနိုင်ငံတွေ
ဘယ်လို ချမ်းသာကြီးပွားအောင် လုပ်လဲ သေချာ မလေ့လာ.....ငါလုပ်
ယင်ဖြစ်တယ်ဆိုလုပ် နောက်ဆုံး တိုင်းပြည် အကြွေးတင်တာဘဲ အဖတ်တင်တယ်.....
တလောက ရန်ကုန်ကနေ လေယာဉ်စီးတာ လေယာဉ်ပေါ်မှာ
လူကြီး မိသားစု လူနာ အဘိုးကြီးပါတယ်....ခရီးသည်တွေ လေယာဉ်ပေါ်မတက်မီ လာလိုက်ကြတဲ့ ဗိုလ်ချုပ်တွေ....သူတို့ဆင်းသွားတော့ လာလိုက်တဲ့ စစ်ဆေးရုံ
ဆရာဝန်တွေ...ဆင်းသွားတော့ သမားတော်ကြီး ဒေါက်တာ ဆန်းလွင်....ဂရုစိုက်လိုက်ကြရတာ...
ရန်ကုန်မှာ ဒေါက်တာ ဦးဆန်းလွင် ဆီမှာ တိုကင်ယူ ဆေးခန်းပြယင်တောင် တော်တော်မလွယ်ဘူး...
ဗီအိုင်ပီ ဆိုတော့...ခရီးသည်တွေကို အားမနာနိုင်ဘူး...တဖွဲ့ပီးတဖွဲ့..
ဒီလောက် အာဏာရှိယင်လဲ အထူးလေယာဉ်နဲ့ သွားပေါ့...
တိုင်းပြည်ချစ်ကြယင် ဘာဖြစ်လို့ နိုင်ငံခြားထွက် ကုရပါသလဲ..
ငါ့တိုင်းပြည်ကို ချစ်တယ်...ပြည်တွင်းမှာ အသေခံမယ်..ဒီလိုစိတ်
မမွေးနိုင်ဘူးနော်...အသက်ငယ်နေယင် မပြောပါဘူး...
 
 
+78 #1 phoehtet 2012-02-05 11:10
သဘောမကျပေမယ့် တိုးပေးသင့်တယ်ဆိုတဲ့ အမြင်ရှိလာရင်ကို ကျေနပ်ရမှာပေါ့..ဒါပေမယ့် ဘူတန်လို ကုန်းတွင်းပိတ်နိုင်ငံတောင် အဆင့်မှီ တက္ကသိုလ်ကြီးရှိပြီး ကျနော်တို့ ရွှေနိုင်ငံကြီးရဲ့ ကျောင်းတွေက ဘာအဆင့်မှ မရှိတာ သိကြရင် သိပ်ကောင်းမယ်..ကျနော်တို့က လိပ်သွား သွား..အိမ်နီးချင်းနိုင်ငံတွေက ပုံပြင်ထဲက ယုန်လို့ အိပ်ပျော်နေကြမယ့် သူတွေ မဟုတ်ဘူးဆိုတာ သတိကပ်ရင် ပိုကောင်းတာပေါ့..ကာကွယ်ရေးအတွက် ဘတ်ဂျက်သုံးသင့်တယ်ဆိုတာ လက်ခံပါတယ်.ဒါပေမယ့် အခုအချိန်မှာ စားစရာထမင်းမရှိ.စာတောင် ကောင်းကောင်းမဖတ်တတ်တဲ့ မိသားစုက ဓားထ သွေးနေသလို ဖြစ်နေရင် အကောင်းဖက်ကို သွားမလား ..အဆိးဘက်ကို သွားမလား..သံယံဇာတက မကုန်တော့ဘူး ထင်ရင် မှားကြမှာပါ..ပညာတတ်တဲ့ လူတွေများလာမှသာ တစ်ယောက်အမှားကို တစ်ယောက်က ထိမ်းရင်း ကျောင်းရင်းနဲ့ ပိုမိုလှပတဲ့ အနာဂတ်ကို ဖန်တီးနိုင်မှာဆိုတာ လူတိုင်းသိနေပေမယ့် သူတို့မသိနိုင်တာ ဘာဖြစ်လို့လဲဗျာ.
 

ပုသိမ်သက္ကသိုလ်မှ ကျောင်းသား ၂၀၀ ကျော် စာမေးပွဲမဖြေပဲ ဒေါ်အောင်ဆန်းစုကြည် ကို ကြိုဆို (ဓါတ်ပုံ)


လမ်းခရီးတွင် ကြိုဆိုထောက်ခံသူများကို နှုတ်ဆက်နေရခြင်းကြောင့် ဒေါ်အောင်ဆန်းစုကြည်သည် လူထုဟောပြောပွဲ ကျင်းပမည့် ဘောလုံးကွင်းသို့ မျှော်မှန်ထားသော အချိန်ထက် နောက်ကျပြီးမှ ရောက်ရန်ရှိနေသည်။ သို့ရာတွင် ၎င်းင်းအား ကြိုဆိုထောက်ခံနေသူများမှာမူ စိတ်ညီးညူးမှု မရှိဘဲ ဖွင့်လှစ်နေသော ဒေါ်အောင်ဆန်းစုကြည် ဂုဏ်ပြုသီချင်းများကို လိုက်ပါသီဆိုနေကြပါသည်ကို တွေ့ရသည်။

နည်းပညာတကသိုလ်(ပုသိမ်)မှ ကျောင်းသားတစ်ဦးက 'အမေစုကို အပြင်မှာ မျက်လုံးနဲ့တောင် နှစ် ၂၀ ကျော် မမြင်ဖူးပါဘူး။ အခုလို အမေစု ဒီကိုလာတဲ့အချိန်မှာ ကျွန်တော်တို့ကျောင်းတက်တဲ့အချိန်နဲ့ တိုက်ဆိုင်သွားတဲ့အတွက် ဒီလိုထွက်ပြီး ကြိုဆိုချင်းဖြစ်ပါတယ်။ အမေစုက ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်တဲ့အတွက် အပြည့်အ၀ ထောက်ခံပါတယ်။ ကျွန်တော်တို့ အခုလို ကြိုဆိုနေတာ ဘယ်ပုဂိုလ်၊ အဖွဲ့အစည်းကမှ နှိုးဆော်တိုက်တွန်းခြင်းမရှိဘဲနဲ့ ကိုယ့်သဘောနဲ့ကိုယ် ကြိုဆိုထောက်ခံခြင်းဖြစ်ပါတယ်'ဟု ပြောကြားခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် လူထုဟောပြောပွဲ ကျင်းပမည့် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ ကိုးသိန်းဘောလုံးတွင်းအတွင်းတွင် ရောက်ရှိနေကြသော ပြည်သူများက ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေ၊ ချမ်းသာပါစေ ဟု ဟစ်ကြွေးလျက်ရှိကာ ဘောလုံးကွင်းအတွင်း ဖွင့်လှစ်ထားသော ဒေါ်အောင်ဆန်းစုကြည်အား ဂုဏ်ပြုဖွဲ့ဆိုထားသည့်သီချင်းကို ၀ိုင်းဝန်းသီဆိုလျက်ရှိနေပါသည်။
ကြည်နူးမျက်ရည်တွေစိုနေတဲ့ကျောင်းသား၊ကျောင်းသူတွေရဲ့အမေ
စုကျန်းမာပါစေဆိုတဲ့ဆုတောင်းသံဟာကျောင်းဝန်းကျင်းတ၀ိုက်ပဲ့တင်ရိုက်နေပါတယ်။
ပုသိမ်နည်းပညာကျောင်းသား၊ကျောင်းသူတွေကိုနှုခွန်းဆက်နေတဲ့
ဒေါ်အောင်ဆန်းစုကြည်




ပုသိမ်သက္ကသိုလ်မှ ကျောင်းသား ၂၀၀ ကျော် အစဉ်အလာမရှိသောစာမေးပွဲ မဖြေဟု ဆိုပြီး ဒေါ်အောင်ဆန်းစုကြည် ကြိုဆိုသည့်နေရာသို့ ရောက်နေကြသည်။


36 comments:

zinzin said...
စာမေးပွဲတောင် ပစ်ပြီး လာကြတဲ့ ကျောင်းသူ၊ ကျောင်းသားတွေရေ ၀မ်းသာမျက်ရည်တောင်ကျမိပါတယ်... အမေစုကို ငါတို့အားလုံး ကာကွယ်၊ အားပေး၊ စောင့်ရှောက်၊ ကြည်ညိုကြမယ်နော်...
အမေစု အတွက် ဆို အရာအားလုံး ဟာ ငါတို့ နောက်လာမယ့် မျိုးဆက်တွေရဲ့ တာဝန်ပေါ့ .. ဒီလိုပဲ အမေစုကလဲ ငါ Generation တွေကောင်းစားဖို့ တာဝန်ယူနေတယ်လေ...
minkhantaung said...
လူယုတ်မာသိန်းအောင် ဘာကြံထားမှန်းမသိဘူး လုံခြုံရေးသတိရှိပါ
Future Generation said...
ဒီလိုကျောင်းသားတွေအတွက် အများကြီးဂုဏ်ယူပါတယ်။
ဒီလိုအနာဂတ်တွေအများကြီးရှိဖို့လိုအပ်ပါတယ်။
မဟုတ်တာမှန်သမျှ အကုန်ကျော်ဖြတ်ကြစို့လား....
wai phyo said...
လေးစားပါတယ်ညီငယ်၊ညီမငယ်တို့
ယုံကြည်ရာကို စိတ်ဓါတ်ခိုင်မာစွာ
ဆုံးဖြတ်နိုင်ကြတဲ့အတွက်ပါ...သို့သော်
မိမိတို့လျှောက်ရမယ့်..ခရီးရှည်ကြီးမှာ
အမေမျှော်လင့်သော...မျိုးဆက်ဖြစ်အောင်
ဆက်ကြိုးစားကြပါ။
ဒီနေ့ဟာညီငယ်၊ညီမငယ်တို့..သမိုင်းတစ်ခုရေးလိုက်တာပါ
ဆက်လက်သမိုင်းဝင်နေ့ရက်များစွာ..ရေးသားနိုင်ကြပါစေ...။
Z@! said...
ကျောင်းသားတွေကို မိဘခေါ် လက်မှတ်ထိုးခိုင်းတာမျိုး၊ ဝန်ခံကတိ ထိုးခိုင်းတာမျိုး မလုပ်လောက်ဘူးလို့ မျှော်လင့်မိပါတယ်။ GTC ကျောင်းအုပ်တွေက လူကြီးအမိန့်ဆို တုန်နေအောင် ကြောက်ကြတယ်လို့ ကြားဖူးတယ်ဗျ။ ဘာလဲဗျာ အမေစုလာမယ်ဆိုမှ ထလုပ်တဲ့ စာမေးပွဲ အရေးကို မပါဘူး။ စိတ်ပျက်ပါ့ဗျာ။
Z@! said...
စာမေးပွဲဖျက်ပြီးလာတဲ့ ညီ ညီမများကလဲ.. ကိုဝေဖြိုးပြောသွားတဲ့ အမေစု မျှော်လင့်သော မျိုးဆက်ဖြစ်အောင် ကြိုးစားကြပါလို့ တိုက်တွန်းချင်ပါတယ်ဗျာ.. ဒါမှ အရည်အချင်းပြည့်ဝသော ပညာတတ်များဖြစ်ပြီး တိုင်းပြည်ကို တစ်ဖက်တစ်လမ်းက ကူညီနိုင်မှာ.. ဘွဲ့ရ ပညာမတတ်ဆိုတာမျိုးတော့ အပြော မခံရပါစေနဲ့။
ladyjune said...
အခက်အခဲကြားက လာရောက်ကြသော ပုသိမ်မှ ကျောင်သား၊သူ များကို
ကြိုဆိုပါတယ်..ဆက်ကြိုးစားပေးကြပါ..ကျန်ရှိနေသော သူများကို လည်းအန်တီရဲ့ မိန့်ခွန်းကို ကိုယ်တိုင်နားထောင်စေချင်ပါတယ်။။
ရာရာ said...
ဒါမှ ငါတို့ညီလေးညီမလေးတွေကွ.....
ကိုကြီးအရမ်းစိတ်ကြည်နူးလွန်းလို့ ကြက်သီးတွေထောင်ထမိတယ်..
မင်းတို့အားလုံးကို အရမ်းချစ်သွားပြီကွာ....
lickeroo said...
အရမ်းဝမ်သာပိတိဖြစ်ရပါတယ်....လေးစားတယ်ဗျာ
Unknown said...
အဲဒီလို ဆရာမျိုး တွေ လူကြီး သူ့အဖေတွေဆို တုန်နေအောင်ကြောက်တယ်...
ပင်စင်သွားပီးယင်တော့ သောက်ရှက်မရှိကြဘူး...ဘယ်တပည့်တွေ အဆင်ပြေ
လဲ အတင်းကာရော ဆရာကန်တော့ပွဲတွေ လုပ် အကန်တော့ခံချင်ကြဘီ...
နိုင်ငံခြားကို ထွက်သွားတဲ့ သူတွေ အဝေးရောက် တပည့်တွေကို အတင်းကာရော
အလှူခံ....ကိုယ်အာဏာရှိတုန်း အများကောင်းကျိုးအတွက် ဘာတစ်ခု မလုပ်ခဲ့..
တပည့်ရှေ့ရေးအတွက် ဘာမှ လမ်းညွန်မှု မပေးနိုင်....
ahphyulay said...
ငါ့ ညီတွေ ညီမတွေအတွက် မျက်ရည်နဲ့ ပဲ အားပေးမိပါတယ်...။
မန်းတလေးက ကျောင်းသားတစ်ဦး said...
ပုသိမ် university က ပါမောက်ခွက်ကြီးခင်ဗျား။ လူကြီးမင်းကို သတိပေးချင်ပါတယ်။ ဓာခုတ်ရာ လက်ဝင်မရှိုချင်ပါနဲ့။ မိုးကြိုးပစ်တာ ထန်းလက်နဲ့ မကာချင်ပါနဲ့။ နိုင်ငံတော်သမတ ကြီးကတောင် အသိအမှတ်ပြုပြီး ခွင့်ပြုထားတာကို လူကြီးမင်း အဆင့်လောက်နဲ့ သွားမယှဉ်ပါနဲ့။ အမစေု ဆိုတာ ဘယ်လို ကြီးကျယ်မြင့်မြတ်တယ်ဆိုတာ သိထားဖို့ကောင်းပါတယ်။ ခင်များ အဆင့်လောက်နဲ့ သွားပြီးမယှဉ်ချင်ပါနဲ့။ အထက် အာဏာပိုင်အဖွဲ့အစည်းတွေ ကို မျက်နှာ လုပ်ချင်တာနဲ့ ခင်များမို့လို့ “ ဆင်မကြောက်၊ ကျား မကြောက်” ကလီကမာ လုပ်ဝံ့တယ်။ ခင်များ လိမ်မာလိုက်ပါဗျာ။ မမိုက်ချင်စမ်းပါနဲ့။ နောင် မျိုးဆက်သစ်တွေ ရေးကြမယ့်သမိုင်းမှာ ဗီလိန်မလုပ်ချင်စမ်းပါနဲ့။ ခင်များ နပ် ပါဗျာ။ အဲ...နော်။ ထပ် သတိပေးရးဦးမယ်။ စာမေးပွဲမဖြေပဲ အမေစု သွားကြိုတဲ့ ကျောင်းသားတွေကို သွားပြီး ကျောင်းထုတ်တာတို့..၊ ၀န်ခံကတိထိုးခိုင်တာတို့များ ယောင်လို့တောင် သွားမလုပ်လေနဲ့။ ခင်များအတွက် ကံဆိုးမိုးမှောင် ကျသွားနိုင်တယ်။
tharzaw said...
ကျေးဇူးတင် ၀မ်းသာမိပါကြောင်း၊ ညီ၊ ညီမလေးတို့ရေ။
ဒါမှ တို့တိုင်းပြည်အနာဂတ်ရဲ့ တောက်ပတဲ့ကြယ်ပွင့်လေးတွေ။
tat said...
ပုသိမ်မှကျောင်းသူကျောင်းသားများနှင့်မြို့ခံပြည်သူတွေအတွက်ဂုဏ်ယူပါတယ်
pzz said...
မိုက်တယ်ဗျာ--ကျွန်တော်လေးစားပါတယ်--ပုသိမ်မှ ညီ၊ညီမလေးများ။
အစဉ်အလာတာတွေကို ငြင်းပယ်ဖို့(ဟင့်အင်) လို့ ရဲရဲပြောဖို့ လိုပြီဖြစ်ကြောင်း ပုသိမ် ကညီလေး ညီမလေးများ က ပြသလိုက်ခြင်း
ဖြစ်ပါတယ်။
royalprince40 said...
Welcome To Mother Suu and Congratulation to All welcomed Students and People.....
All Students,,,this is your Best History you wrote it TODAY...
Let's coordinate and Let's do together to develop our country...

CHEERS ! ! !
For All said...
Very proud for our new generation !!!!!!!!
One day all of you will become brighting stars for our country with no fears and brave like Aunty Su.
tat said...
ပုသိမ်သားများကိုလေးစားလျက်
မျိုးစင်ဆွေဆက် said...
စိတ်ရင်းမှန်တဲ့ ဆွေစင်မျိုးဆက် ဆိုတာ ဘယ်လိုမှတားဆီးပိတ်ပင်ထားလို့ မရပါဘူး..မှန်ကန်တဲ့ဘက်မှာ ရပ်တည်လိုတဲ့စိတ်ဓါတ်တွေ မျိုးဆက်သစ်တိုင်းရဲ့ ရင်ထဲနှလုံးသားထဲမှာ အမြဲထာဝစဉ် ဆက်လက်ရှင်သန်နေမှာပါ..ပုသိမ်ပြည်သူ/သားများနှင့် အနာဂတ်မျိုးဆက်သစ်ကျောင်းသားလူငယ် ညီအကို မောင်နှမများကို အထူးကျေးဇူးတင် လေးစား ဂုဏ်ပြုပါတယ်
thethe said...
Congratulation Students of Pathein Universities... We so much proud of you... and please keep up this brave mind as we have looooong looooong way to go with your courage and power.....Congratulation with happy tears....
htun said...
ညီ ညီမ တို့ ရဲ့ လုပ်သင့်လုပ်ထိုက်တဲ့ကိစလုပ်တဲ့အတွက် မြန်မာပြည်ကြီး ဒီမိုကရေစီရဖို့ မဝေးတော့ပါဘူး လေးစားပါတယ် ဧရာဝတီတိုင်းကပြည်သူများ
kyaw said...
ဟုတ်ကဲ့..လူတစ်ယောက်ကတစ်ယောက်ကိုရိုက်ရင်ထောင်နှစ်များများကျမယ်..
ဒါပေမယ့်.လူ၂၀၀.လောက်က၀ိုင်းရိုက်တယ်ဆိုရင်အဲဒီအခြေအနေကပြောင်းရ
မှာပါ..
ဆင်ဆာလိုပဲ.မတင်ပဲထုတ်တော့..အခုဖျက်လိုက်ရပြီမဟုတ်လား...
အဲဒီကျောင်းသားနှစ်ရာလိုမျိုး.များများပေါါ်လာပါစေ...
lin said...
ရင်ထဲအသဲထဲကနေပြီး ဝမ်းမြောက်ဝမ်းသာနဲ့ ကြက်သီးထလောက်အောင် ဂုဏ်ယူလေးစားရပါတယ် ညီ/ ညီမ တို့....အဝေးကနေပြီး ဦးညွတ် လိုက်ပါတယ်ဗျာ......
Zaw Tun said...
I hope that in very closed future, our students no need to skip exam to welcome our beloved, admiral and grateful Lady.
လူဆိုး said...
ပုသိမ်သူ၊ပူသိမ်သားတွေ ၇ဲ့  စိတ်ဓါတ်တွေ ကို လေးစားပါ တယ်။နောက်လည်း အကြောက်တ၇ားကင်းကင်းနဲ့  စစ်မှန်တဲ့ ဒီမိုကရေစီနှိင်ငံကို ချီတက်တဲ့  နေရာ မှာ ပါ ၀င် ကြ ပါ လို ...............
ကိုထွန်း said...
ဒါမှ တို့ကျောင်းသားလူငယ်တွေကွ၊ အားပေးတယ်၊ မင်းတို့နဲ့အတူ ကျုပ်လည်း ရှိနေမယ် ..၊
sirimingala said...
ဧရာတီတိုင်းသားတွေကို လေးစားမိပါတယ်။ ဒီလိုမျိုးတွေတွန်းအားပေးမယ်ဆိုရင် လူ့အခွင့်အရေးတွေရလာကြတော့မယ်။
aung aung said...
ပုသိမ်နည်းပညာတက္ကသိုလ်က ကျောင်းသား ကျောင်းသူများက အမေစုကိုလာကြိုတယ်ဆိုတဲ့သတင်းကြားရလို့ ပုသိမ်နည်းပညာတက္ကသိုလ်ကကျောင်းသား / ကျောင်းသူများကို အရမ်းကိုလေးစားမိပါတယ်နော် ဂုဏ်ယူဝမ်းသာလို့မဆုံးဖြစ်ရပါတယ် ..အကိုတို့က အဝေးကိုရောက်နေရလို့ အမေစုကိုတောင် ကြိုခွင့်မရှိလို့ စိတ်ထဲမှာ အရမ်းကို ၀မ်းနဲ့နေရတဲ့သူတွေပါ ...အဝေးရောက် ညီအကိုမောင်နှမတွေရဲ့ကိုယ်စား အကိုကပဲ အားလုံးကိုကျေးဇူးတင် ဂုဏ်ယူမိကြောင်းပြောပါရစေနော်
အောင်အောင်
kyoutkyout said...
လေးစားချစ်ခင်ရပါသော ပုသိမ်မှ မျိုးဆက်သစ်ကျောင်းသားကျောင်းသူ အပေါင်းတို့ အသင်တို့ရဲ့ ရဲရင့်တဲ့စိတ်နဲ့ သမိုင်းပေးတာဝန်တစ်ခုကို ထမ်းဆောင်ခဲ့ချေပြီ ဒီဆောင်ရွက်ချက်ကို ပေါ့ပေါ့တန်တန် သဘောမထားကြပါနဲ့ ညီငယ် ညီမငယ်တို့ရဲ့ လုပ်ဆောင်ရွက်ချက်ဟာ သမိုင်းမှတ်တိုင်သစ်တစ်ခု စိုက်ထူပြီးသွားပြီဆိုတာ လေးလေးနက်နက် ပြောချင်ပါတယ် နောင်အနာဂါတ် မှာလည်း အမေစုစကား နားထောင်ပြီး တိုင်းပြည်အတွက် အားသွန်ခွန်စိုက်ကြိုးစားကြစေလိုပါတယ် ဘယ်လိုပဲဖြစ်ပစေ ညီငယ် ညီမငယ် တို့ကို လေးစားတဲ့စိတ်နဲ့ အလေးပြုလိုက်ပါတယ်၊၊၊။။၊
ကဲ ပုသိမ်ကကျောင်းသားတွေကတော့ တာဝန်ကျေသွားပြီ ငါတို့ရဲ့
ရွှေမန်းက ကျောင်းသူ ကျောင်းသားတွေရေ မင်းတို့အတွက် အစ်ကိုကြီး ကြိုတင်ရင်ခုန်ရင်း စောင့်မျှော်အားပေးနေမယ့် အကြောင်းသတင်းကောင်းပါးလိုက်ပါတယ်နော်။၊၊။။။။၊၊။။
maxdiego said...
ပုသိမ်မှာ အပြီးပြောင်းပြီးတောင် လာနေလိုက်ချင်တယ်...
ပုသိမ်က လူတွေအားလုံးကို ဂုဏ်ယူလို့ ပါ...
လူဆိုတာ ကိုယ့်ခံယူချက်နဲ့ ကိုယ်ဆက်လျှောက်မှ ကိုယ်သေ၇င်တန်ဖိုး၇ှိမှာပေါ့...လူငယ်တွေဆိုတာ ကိုယ့်ခံယူချက်နဲ့ ကိုယ်ဖြစ်၇မယ်...အကောင်းအဆိုးတော့ခွဲခြားတတ်ဖို့ အေ၇းကြီးဒါပေါ့နော်...ဒီလို မျိုးအဖြစ်အပျက်လေးကို ဒီနေ့ မြင်လိုက်၇တာ မျက်၇ည်တကယ်ဝဲမိပါတယ်....ကျန်နော်လည်းလူငယ်တစ်ယောက်ပါပဲ...ပုသိမ်ကျောင်းသူ၊သားတွေ ကို အလွန်ဂုဏ်ယူတယ်...
Kyaw Minn said...
Congratulations.....
zay said...
ပုသိမ်က ညိံလေး ညိံမလေးတွေကို မျက်ရည်တွေဝဲပြိံး အလေးပြုလိုက်ပါ၏။
Moe Moe said...
ပုသိမ်က မောင်လေးညီမလေးတွေနဲ ပုသိမ်မြို့ သူမြို့ သားအားလုံးကို လေးစားဂုဏ်ပြု ပြီးကျေးဇူးအထူးတင်ရှိပါသည်။
naymin said...
ပုသိမ်က ကျောင်းသားတွေကိုတော့ဂုဏ်ယူပါတယ်ဗျာ ဒါပေမယ့် စာမေးပွဲ တော့ မရှိဘူးထင်တယ်နော် ကျွှန်တော်လဲနည်းပညာကျောင်းသားပါဘဲ အဲဒီနေ့ကစာမေးပွဲမရှိပါဘူးဗျာ
သူတို့အတွက်တော့ အပြည့်အ၀ဂုဏ်ယူပါတယ်။ ဒါပေမယ့် မလိုအပ်တဲ့ လိမ်ညာမှု တွေတော့ မလုပ်ကြပါနဲ့ဗျာ လိမ်တယ်ဆိုတာအားလုံးအတွက်မကောင်းပါဘူးနော် ဘုရားလဲမကြိုက်ပါဘူး။ အစ်ကိုအစ်မတို့လေးစားတဲ့အမေစုလဲကြိုက်မယ်မထင်ပါဘူးနော်၊
Sayar Htay said...
စာမေးပွဲရှိတယ် ဆိုတာ ပုသိမ် တက္ကသိုလ်ကိုပြောတာပါ၊ နည်းပညာတက္ကသိုလ်မှာတော့ မရှိပါဘူး၊ လိမ်ညာပြောတာတော့ မဟုတ်ပါဘူး၊ ပြောရင်းနဲ့ ရောသွားတာနေမှာပါ။ ဒါပင်မဲ့ နည်းပညာကျောင်းသားတွေက ကျောင်းချိန် ကို ကျောင်းမတက်ဘဲ ကျောင်းရှေ့ မှ အမေစု ကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုတာကတော့ ဂုဏ်ယူသင့်ပါတယ်၊ ဒါအနာဂတ်ရဲ့ မျိုးဆက်သစ် ကျောင်းသားများပါပဲ...
Bathe Thar said...
ပုသိမ်မှာ အပြီးပြောင်းပြီးတောင် လာနေလိုက်ချင်တယ်...
ပုသိမ်က လူတွေအားလုံးကို ဂုဏ်ယူလို့ ပါ...