ပြည်သူ့လွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး
ကော်မရှင်က အရပ်ဖက်အဖွဲ့အစည်းများ နယ်ပယ်အသီးသီးမှ ပညာရှင်များ
မီဒီယာသမားများနှင့် တွေ့ဆုံပွဲ အခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး၊
ပြည်လမ်းရှိ လွှတ်တော် အဆောက်အအုံတွင် ဖေဖော်ဝါရီလ ၂၂ ရက် နေ့ နံနက် ၉နာရီက
ကျင်းပခဲ့ကြောင်း သိရသည်။ ယင်းတွေ့ဆုံပွဲ အခမ်းအနားသို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာနှင့် စီးပွားရေး လုပ်ငန်းရှင်များ၊ နယ်ပယ်အသီးသီးမှ ပညာရှင်များ၊ မီဒီယာသမားများ တက်ရောက်ခဲ့ကြောင်း သိရသည်။ ပြည်သူ့လွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင် ဖွဲ့စည်းရခြင်းမှာ - နိုင်ငံနှင့် နိုင်ငံသားများအတွက် အကျိုးဖြစ်ထွန်းသည့် ကိစ္စရပ်များ ဆောင်ရွက်ရာတွင် အထောက်အကူ ဖြစ်စေရန် ပြည်သူများထံမှ အခက်အခဲများကို ယခုကော်မရှင်မှ တဆင့် ကူညီဖြေရှင်းပေးနိုင်ရန် ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက အဆိုပါ အခမ်းအနားတွင် ပြောကြားခဲ့ပါသည်။ ပြည်သူ့လွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်ကို ဥက္ကဋ္ဌ ဦးနန္ဒကျော်စွာ ၊ ဒုတိယ ဥက္ကဋ္ဌများဖြစ်သည့် ဦးသိန်းဆွေနှင့် ဦးဋ္ဌေးမြင့် အပါအ၀င် အဖွဲ့ဝင် စုစုပေါင်း (၄၆)ဦးဖြင့် ဖွဲ့စည်းထားပြီး ပြည်သူများနှင့် နယ်ပယ်အသီးသီးမှ ပညာရှင်များအနေဖြင့် ဥပဒေရေးရာ ကိစ္စရပ်များအပါအ၀င် အခြားကိစ္စရပ်များနှင့် ပတ်သက်၍ အကြံဥာဏ်များပေးလိုပါက ယခုကော်မရှင်မှ တဆင့်လွှတ်တော်သို့ ဝေဖန်အကြံပြုနိုင်ကြောင်း သိရသည်။ အဆိုပါတွေ့ဆုံပွဲ၌ အဓိကအားဖြင့် ဆွေးနွေးရာတွင် ၀န်ထမ်းများ၏ လစာစရိတ်များတိုးမြှင့်ပေးပါက ဖြစ်ပေါ်လာနိုင်သည့် ကုန်ဈေးနှုန်းကြီးမြင့်မှု ငွေကြေး၏ဖောင်းပွမှုများနှင့်ပတ်သက်၍ ကြိုတင်ပြင်ဆင်ထားသင့်သည့် အချက်များ၊ နိုင်ငံတော်နှင့် နိုင်ငံသားများ၏ အကျိုးများကို ဖော်ဆောင်ရာတွင် ဥပဒေပြုရေးမဏ္ဍိုင်မှ ဆောင်ရွက်သင့်သည့် ကိစ္စရပ်များအား ပွင့်လင်းမြင်သာစွာဖြင့် ပကတိ အရှိတရားအတိုင်း ပါဝင်ဆွေးနွေးနိုင်ပြီး အချိန် ကန့်သတ်ချက်ရှိပါက ဆွေးနွေးလိုသည့် အကြောင်းအရာများအား ကော်မရှင်သို့စာဖြင့် ဆွေးနွေးအကြံပြုနိုင်ကြောင်း ၊အပြုသဘော ဆွေးနွေးခြင်း မှတ်တမ်းတင်ခြင်းများ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောကြားခဲ့ပါသည်။ လွှတ်တော်တွင် ၄င်းပြောကြားခဲ့သော စကားများနှင့်ပတ်သက်၍ သတင်းစာများတွင် ဖော်ပြရာ၌ ပြည့် ပြည့်စုံစုံမဟုတ်ဘဲ ဖြတ်တောက်ထားသည်ကို တွေ့ရပါကြောင်း၊ မိမိပြောကြားချက်များအား အပြည့်အစုံဖော်ပြပါက မိမိအားထိခိုက်နိုင်သည်ဟု ယူဆပြီး ဖြတ်တောက်ထားခြင်းမျိုး ဆိုသည်လား မသိကြောင်း၊ ၀န်ထမ်းများ လစာတိုးရန်ပြောသည့် ကိစ္စတွင် မိမိအား အကောင်းဘက်မှ ပြောကြားသူများ ရှိသကဲ့သို့ ဝေဖန်သည့်ဘက်မှ ပြောကြားသူများလည်း ရှိကြောင်း၊ ယခုအချိန်၌ ဒီမိုကရေစီစနစ်ကို သွားနေပြီဖြစ်၍ ဆွေးနွေးအကြံပေးရာတွင်လည်း ယခင်ကကဲ့သို့ အကြောက်တရားမရှိဘဲ သတ္တိရှိရှိ ပါဝင်ဆွေးနွေးနိုင်ကြောင်း၊ ၀န်ထမ်းများ လစာတိုးသည့်ကိစ္စနှင့်ပတ် သက်၍လည်း မိမိအနေဖြင့် အလျော့ပေးသွားမည်မဟုတ်ပဲ ၀န်ထမ်းများ လစာတိုးမြှင့်ရရှိသွားစေရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ လစာတိုးမြှင့်လိုက်ပါက ကုန်ဈေးနှုန်းများ မြင့်တက်လာနိုင်သည်ကိုလည်း ဖြေရှင်းရန် စဉ်းစားသွားရမည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောကြားခဲ့ပါသည်။ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးက ၀န်ထမ်းများလစာတိုးရန်နှင့် ပတ်သက်၍ လွှတ်တော်တွင်ဆွေးနွေး ပြောကြားခဲ့ခြင်းအပေါ် ကြားဖြတ်ရွေးကောက်ပွဲအတွက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီအား မဲဆွယ်စည်းရုံးခြင်း မျိုးလားဟု ပြည်သူများအကြား၌ ပြောကြားမှုအချို့ ရှိနေခြင်းအပေါ် ဥက္ကဋ္ဌကြီး၏ အမြင်အားသိရှိလိုပါကြောင်း သတင်းသမား တစ်ဦးကမေးမြန်းခဲ့ရာ ''၀န်ထမ်းတွေ လစာတိုးပေးဖို့ ပြောကြားခဲ့တာဟာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီအတွက် မဲဆွယ်စည်းရုံးတာ မဟုတ်ပါဘူး။ နိုင်ငံတော်နဲ့ နိုင်ငံသားတွေအတွက် လုပ်ဆောင်ခဲ့ တာဖြစ်ပါတယ်'' ဟု ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြန်လည်ဖြေကြားခဲ့ပါသည်။ ''ကျွန်တော် ပြည်သူ့ခေတ်ဂျာနယ်က အယ်ဒီတာဖေမြင့်ပါ ခင်ဗျာ့ ကျွန်တော်တို့ နားထောင်နေရင်းနဲ့ ဥက္ကဋ္ဌကြီးပြောတဲ့အထဲမှာ ပါလာတဲ့ အချက်တစ်ခုကြောင့် ကျွန်တော်တို့ စိတ်မကောင်းဖြစ်ရပါတယ်။ အဲဒါ ဘာလဲဆိုတော့ ဥက္ကဋ္ဌကြီးပြောသွားတဲ့ မိန့်ခွန်းကို ပြန်ကြားရေး ၀န်ကြီး ဌာနရဲ့ မီဒီယာတွေ အားလုံးကနေပြီးတော့ ဖြတ်တောက်မှုရှိတယ်ဆိုတဲ့ အချက်ပါ။ ဒီအချက်ဟာ ကျွန်တော်တို့ စာနယ်ဇင်းသမားတွေ အတွက်ဆိုရင် အင်မတန်မှ ထူးခြားတဲ့အချက် ဖြစ်ပါတယ်။ အဲဒီဖြတ်တောက်ခြင်းသည် ဥပဒေပြုမဏ္ဍိုင်က ပုဂ္ဂိုလ်တစ်ယောက်ကို အုပ်ချုပ်ရေးမဏ္ဍိုင်ကနေပြီး ပြန်ပြီးအပြန်အလှန် ထိန်းကျောင်းတဲ့ လုပ်ငန်းရဲ့ဘောင်ထဲမှာ ၀င်သလား မ၀င်ဘူးလားဆိုတာကို သိချင်ပါတယ်။ တဆက်တည်းမှာပဲ အဲသလို လွတ်လပ်စွာပြောဆိုခွင့် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးတစ်ယောက်ရဲ့ လွတ်လပ်စွာပြောဆိုခွင့်၊ တဆက်တည်း ကျွန်တော်တို့လို စာနယ်ဇင်း သမားတွေရဲ့ လွတ်လပ်စွာ ရေးသားခွင့်တွေကို စိစစ်ဖြတ်တောက်တယ် ဆိုတာတွေက ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ပြဌာန်းထားတဲ့ ပြည်သူ့ ရပိုင်ခွင့်တွေထဲက လွတ်လပ်စွာ ပြောဆိုခွင့် လွတ်လပ်စွာ ရေးသားခွင့် ဆိုတဲ့ဟာကို ကန့်သတ်ရာ ရောက်ပါသလား။ တနည်းပြောလို့ရှိရင် ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ညီညွတ်မှု ရှိသလား မရှိဘူးလား ဆိုတဲ့အချက်ကလေးကို ကျွန်တော်သိချင်ပါတယ်''ဟု ဦးဖေမြင့်၏ မေးမြန်းချက်အပေါ် ဥက္ကဋ္ဌ သူရဦးရွှေမန်းက '' ဒီအဖြေကို အတွေ့အကြုံရှိတဲ့ ဥာဏ်ပညာ အမြော်အမြင်ရှိတဲ့ ကျွန်တော်တို့ မီဒီယာတွေက ရင်ထဲမှာ အဖြေရှိမယ်လို့ ထင်ပါတယ်။ ဒါကြောင့် ကျွန်တော့်နှုတ်ကတော့ သီးခြားဖြေစရာ မလိုဘူးလို့ဘဲ ထင်ပါတယ်ခင်ဗျာ'' ဟု ပြန်လည်ဖြေကြားခဲ့ပါသည်။ ထို့နောက် တက်ရောက်လာသည့် အသင်းအဖွဲ့များမှ ကိုယ်စားလှယ်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ ပညာရှင်များက ဆွေးနွေးခဲ့ကြောင်း၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက နိဂုံးချုပ် ဆွေးနွေးတင်ပြခဲ့ပြီး မီဒီယာများမှ သိလိုသည်များ မေးမြန်းခြင်းနှင့် ဖြေကြားခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ |
Eleven Media
Group
Comments
တဆင့် နိမ့်လိုသတ်မှတ်တဲ့အသုံးအနူန်းဖြစ်နေပါတယ်
အသုံးအနှုန်း က တိရစ္ဆာန်တွေကို ပြောတဲ့အသုံးအနှုန်းဖြစ်တော့
ရိုင်းနေပါတယ် ကြပ်င်္မတ် ဆိုတာတောင်လွနမနေပါပြီ
2. It is a good thing to increase the salaries of the state servants, as they are having problems to have corrects meals daily basic
3. the best things should be
i. Establish a minimum salary (for state and private workers)
ii. increase the salaries
iii. Define a bonus system in order to reduce effectively the corruption : bonus must go to he competent, outstanding and hard workers only.
iv. The hluttaws must also discuss/debate and apptove the pension system/regulation/laws for private workers because currently in Myanmar there is no pension system for private workers.
ဝန်ကြီးဌာနက၀န်ထမ်းတွေအတကယ်အဆင်မပြေလို့အဂတိလိုက်စားတာများတယ်၊
အဲဒီအဂတိလိုက်စားတာထက်ကို အဲဒီတုန်းက နံပါတ် (၁)၊(၂)၊(၃)ရွှေမန်း နဲ့ ရှစ်လုံးတို့ရဲ့ ပိုင်ရာဆိုင်ရာ၊သားသမီးတွေ၊တစ်လက်ကိုင်ခရိုနီကြီးတွေက သူတို့အရှိန်အ၀ါနဲ့သုံးပြီးလုပ်စားခဲ့တဲ့ အကြီးမားဆုံးအဂတိလိုက်စားမှုတွေဟာ ၀န်ထမ်းငယ်တွေအဂတိလိုက်စားတဲ့စုပေါင်းငွေကြေးရဲ့အဆထောင်ပေါင်းများစွာရှိမှာပါ၊၀န်ထမ်းငယ်တစ်သိန်းကပြည်သူကိုတောင်းတဲ့လဘက်ရည်ဘိုးနဲ့ ရွှေမန်းအရှိန်အ၀ါနဲ့ဝန်ကြီးဌာနတစ်ခုခုကနေ.သူ့သားတွေရသွားတဲ့ ဒေါ်လာသန်းပေါင်းများစွာတန်တဲ့ပါမစ်တစ်ခုဆိုရင်နှိုင်းယှဉ်ကြည့်ပါ၊ဒါမျိုးဒါမျိုးတွေကပိုင်ရာဆိုင်ရာတိုင်းကလုပ်နေတာ
လက်ရှိအခြေအနေကိုဝေဘန်ချင်ရင်အရင်သမိုင်းကိုလဲစာရင်းရှင်းရမယ်
၊လစာတိုးဖို့ကငွေစက္ကုရိုက်ထုတ်တာမျိုးမဖြစ်ရပဲလူတစ်ချို့စီကိုပဲ ဦးတည်စီးဆင်းနေတဲ့ အိပ်နေတဲ့ ငွေတွေကို အများစု အသုံးပြုလို့ရအောင် ခွဲဝေပေးဖို့ စီမံသင့်တယ်၊
အဲဒီငွေတွေပိုင်ဆိုင်တဲ့လူတစ်ချို့ကလဲရွှေမန်းသားတွေအပါဝင် အရင်ဆရာကြီးတွေရဲ့သားသမီးတွေနဲ့ပါတနာခရိုနီတွေရဲ့လက်ထက်မှာပဲရှိနေတယ်၊အဲဒီတော့ဦးရွှေမန်းကတကယ်ကိုပြောင်းလည်းစေချင်ရင်၊၊သူ့သားတွေနဲ့သူ့ခမီးခမက်တွေသူ့အဖေအရှိန်နဲ့ရထားတဲ့ရပိုင်ခွင့်တွေကသူကိုယ်တိုင်ရဲ့အဂတိတွေဖြစ်ကြောင်းသူကိုယ်တိုင်ဖွင့်ဟရှင်းလင်းရမယ်၊အခုမဂံလာဒုံစက်မှုဇုံဆိုပြီးလယ်သမားတွေရဲ့လယ်ကိုသိမ်းပြီးမတရားလုပ်နေတဲ့ဇေကမ္ဘာခင်ရွှေကဘယ်သူ့အရှိန်အ၀ါသုံးနေခဲ့တာလဲအရင်ကတည်းက...အရင်စနစ်မှာလုပ်ထားတာတွေနဲ့မဆိုင်ဘူးလို့ပြောလို့မရပါဘူး၊
ဌာနဘယ်နှစ်ခုမှာရွှေမန်းသားအပါအ၀င်ခရိုနီတွေ ၀ိတ်တွေသုံးပြီးတိုက်ရိုက်ဝင်ထွက်ြ့ပီး ဘာတွေလုပ်သွားလို့ငွေတွေဒေါ်လာသန်းဘယ်လောက်တွေရ...ရနေတယ်ဆိုတာသိပါတယ်၊ဒါတွေကိုအများပိုင်ငွေအဖြစ်ပြောင်းချင်ရင်အခွန်ကြပ်ရမယ်၊ ဘဏ္ဏာအခွန်ဝန်ကြီးကရှင်းမပြဘူး၊
ခရိုနီတွေကလဲကုပ္ပဏီမှတ်ပုံတင်တာကအစ အမျိုးမျိုးတင်တယ်၊ ဒါပေမဲ့သူတို့ရဲ့ MEN POWER နဲ့ Performance ကိုသိမှာစိုးလို့ လူထုနဲ့ဆက်သွယ်တဲ့ branch လောက်ကိုပဲ website တင်တယ်၊သယံဇာတတွေကိုအထိန်းကွပ်မဲ့ထုတ်ရောင်းတယ်၊သူတို့ရဲ့ Product တွေကမ္ဘာကျော်တာလုံးဝမကြားဘူးပေမဲ့ အရမ်းချမ်းသာလာတယ်၊ဒါတွေကနှစ် ၂၀ လောက်ကြာလာတော့ ထားစရာနေရာမရှိတော့ပဲငွေတွေကသူတို့ဆေီမှာ၊၀န်ကြီးဌာနတစ်ခုခုကပစ္စည်းသွင်းခွင့်တွေကိုဝိတ်တွေနဲ့ဖိပြီးလုပ်ပိုင်ခွင့်ရလိုက်ရင်လိုက်ရင် မကျန်ဘူးဆိုရင် ဒေါ်လာသိန်းချီသန်းချီကျန်တယ်၊ပစ္စည်းတွေမကောင်းလဲသူတို့အဖေတွေ၊ပိုင်ရာဆိုင်ရာတွေအရှိန်တွေနဲ့ဘာပြောရဲလဲ၊ဘယ်သူမှမပြောရဲဘူး၊လက်ဖက်ရည်ဘိုးစာရွက်စာတမ်းဘိုး၊ထမင်းဘိုးတောင်းပြီး ၀န်ထမ်းအငယ်တွေအဂတိလိုက်စားတာပြည်သူတွေသိပေမဲ့ သူတို့ထိပ်ပိုင်းမှာကြိတ်ပြီးလုပ်လို့တန်ဘိုးကြီးတဲ့ ဒေါ်လာသန်းချီတဲ့အဂတိတွေ ဖြစ်သွားတာဘယ်သူမှမသိဘူး၊
တကယ်မရှိလို့မကင်းတဲ့ဝန်ထမ်းငယ်တွေကိုပဲ Highlight လုပ်မပြောသင့်ဘူး ၊
အဲဒီဆရာကြီးတွေကို လစာသွားတိုးရင်လဲ......ဆင်ပါးစပ်နှမ်းပက်သလိုပဲ....၊သူတို့အကြီးပိုင်းတွေကိုကျတော့ထည့်မပြောဘူး၊ဖုံးကွယ်ထားတယ်၊
တကယ့်အကြီးမားဆုံးအဂတိလိုက်စားတာတွေကဘယ်မှာစုပုံနေလဲ...
ဖြစ်နေတာပေါ့။ ၀ဋ်မှာအမြဲ တဲ့။
Then, it makes law and the government is to follow.
Now, parliament approved law and government said 'no way'.
Well. Study other countries' parliaments and learn the process.
Yeah, i'm totally agree with you,, they should learn what is the real parliamentary system,,
what is the answer? It means "kissing media" or "just to avoid the question" or "don't know how to answer". Any of them is not good.
Media is intelligent & knowledgeable?
Media is to report the truth, facts, wrong doings, etc. Not to lead, not to set policy.
Resign chairmanship and be a journalist!! u don't know how to lead.
Parliament is to make laws. Of course, it should form a committee to study for salary increase. Do we have money? what is the cause and effect?, etc.
Then, it makes law and the government is to follow.
Now, parliament approved law and government said 'no way'.
Well. Study other countries' parliaments and learn the process.
if not, waste of time and laughing stock!!!!
ပြန်ဖြတ်ပစ်ပေါ့၊ ဒါးလား ကပ်ကြေးလား
ဟုတ်ပါတယ်..အတွေ့ အကြုံမရှိတဲ့...ဥာဏ်ပညာအမြော်အမြင်မရှိတဲ့ လူတွေရဲ့ လုပ်ရပ်တွေကို မီဒီယာတွေရော ပြည်သူတွေရဲ့ ရင်ထဲမှာရော အဖြေရှိပြီးသားမို့ 
ဥက္ကဋ္ဌကြီးအနေနဲ့ သီးခြားထပ်ဖြေစရာမလိုတော့ပါဘူးခင်ဗျာ...
မီဒီယာကို လေးစားတယ် မီဒီယာရဲ့ အရည်အချင်းကိုအသိအမှတ်ပြုတယ်ဆိုတာ
ပြောသွားတာပါပဲ။
ကျွန်တော်တို့ကလဲ ပြန်လှန်လေးစား
ထောက်ခံပါတယ် ဦးရွှေမန်း ခင်ဗျား။
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ပြောကြားချက်ကိုတောင် ဖြတ်တောက်ပစ်တဲ့ သူကိုရော ဘာလုပ်ပစ်သင့်ပါသလဲ ..???
လွှတ်တော် ဥက္ကဋ္ဌကြီးကိုယ်တိုင်က ဒီမိုကရေစီရဲ့ အပိုင်းအစလေးဖြစ်တဲ့ လွတ်လပ်စွာပြောဆိုခွင့်ဆုံးရှုံးနေပါလား...
ကျွန်တော်တို့ လို ကွန်မန့် ရေးသူတွေတောင် ဥက္ကဋ္ဌကြီးထက်
လွတ်လပ်စွာရေးသားခွင့်ပိုရနေတာပေါ့...စိတ်မကောင်းပါဘူးဗျာ
း(
Could you please expose the person who authorized on editing on your speech? Our people have the right to know him. There must be a reason why he did it. He has to be responsible for what he did. We should not allow him to continue just like that from the curtain behind.
With best regards,
မဟုတ်ပါဘူးလို့ ပြောတာဟုတ်တယ်မဟုတ်လားးး
.။ကျွန်တော်တို့ ပြည်သူ များသည်၊ လွတ်လပ်ခွင့်၊ ရပိုင်ခွင့်၊ ပြောဆိုပိုင်ခွင့် နဲ့ တိုးတက်ခွင့်၊ စသော အရာ အားလုံး အတွက် မည်သူ က မည်သည့် ရည်ရွယ်ချက် ဖြင့် ဆောင်ရွက် သည် ဖြစ်စေ ထောက်ခံ အား ပေး မည် ဖြစ်ပါ ကြောင်း ခင်များ။။။