Tuesday, 07 February 2012 20:04 | |
သန့်ရှင်းသော အစိုးရ၊ကောင်းမွန်သော အုပ်ချုပ်ရေး အမှန်တကယ် ဖြစ်လာစေရန်
နိုင်ငံဝန်ထမ်းများ၏ လုပ်ခ၊ လစာစရိတ်နှင့် ချီးမြှင့်ငွေများ ကို လာမည့်
ဘဏ္ဍာရေး နှစ်အစတွင် မဖြစ်မနေ တိုးမြှင့်ပေးရေး အပါအ၀င် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ
သူရဦး ရွှေမန်းတင်ပြသည့် အဆိုကို ပြည် ထောင်စုလွှတ်တော်က အတည်ပြုခဲ့ ကြောင်း
သတင်းရရှိပါသည်။ ဖေဖော်ဝါရီလ ၇ရက်နေ့ကပြု လုပ်ခဲ့သော ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် ဆဋ္ဌမနေ့အစည်း အဝေးတွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြည်ထောင်စုလွှတ်တော်သို့ အဆို တင်သွင်းခဲ့ခြင်းဖြစ်ကာ နိုင်ငံအကျိုး၊ ပြည်သူ့အကျိုး လက်ငင်း ရေတိုနှင့် ရေရှည်အကျိုး များအတွက် ပြည်သူ့ကိုယ်စားလှယ် တစ်ဦးအနေဖြင့် တင်ပြခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။ “အမှန်အတိုင်း ၀န်ခံပြောဆိုရ မည်ဆိုလျှင် ယနေ့တာဝန်ထမ်း ဆောင်နေကြသော နိုင်ငံ့ဝန်ထမ်း များ၏လက်ရှိရရှိနေသော လုပ်ခ၊ လစာ၊စရိတ်နှင့် ချီးမြှင့်ငွေများသည် ယနေ့ ခေတ်ကာလနှင့် လိုက်လျော ညီထွေမရှိကြပါ။ အခြေခံ စားဝတ် နေရေး၊ လူမှုရေးအတွက် လောက်ငှ စွာမရရှိပါ။ ဒါကြောင့် ကျွန်တော်၏ တင်ပြချက်သည် ယနေ့ဝန်ထမ်း များ၏ လခ၊ လစာ၊ စရိတ်နှင့် ချီးမြှင့်ငွေများအား ထိုက်သင့်သလို အလျှင်အမြန်တိုးပေးရန်လိုသည် ဆိုတဲ့ အချက်ကို တင်ပြရခြင်းပဲဖြစ်ပါတယ်”ဟု ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌသူရဦးရွှေမန်းက အဆိုပြုချက် ၌ ထည့်သွင်းပြောကြားခဲ့ပါသည်။ “အူမတောင့်မှ သီလစောင့်နိုင်မှာဖြစ်သလို အူမတောင့်ပြီး သီလ မစောင့်လျှင်တော့ သူ့တာဝန်ပဲ ဖြစ်ပြီးသူတို့ တရားကို သူတို့ စီရင်မှာဖြစ်ပါတယ်။ တစ်ဘက်က အခွင့်အရေးနှင့်သက်သာချောင်ချိရေး၊ အခြားတစ်ဘက် စည်းကမ်း နှင့် ဥပဒေအပြန်အလှန် ထိန်းကျောင်းခြင်းဖြင့် Clean ဖြစ်လာမှာဖြစ်ပါ တယ်။ Clean ဖြစ်လာမှ Good Governance လုပ်လာနိုင်မှာ ဖြစ်ပါတယ်”ဟု သူရဦးရွှေမန်းက ဆက်လက်ပြောကြားခဲ့ပါသည်။ ယင်းကဲ့သို့ လစာတိုးမြှင့်ပေးခြင်းအားဖြင့် ကုန်ဈေးနှုန်းကြီးမြင့် လာမည့် စိုးရိမ်မှုများ ရှိနေသော်လည်း ထိုစိုးရိမ်မှုများဖြင့် ၀န်ထမ်းများ၏ လိုငွေကို ယခုအတိုင်း ဆက်လက်ထားရှိရန် မဖြစ်သင့်တော့ကြောင်း သူရဦးရွှေမန်းက ပြောကြားခဲ့ပါသည်။ “ထိုသို့ လစာနှင့်စရိတ်များကို တိုးပေးလျှင်လည်း ကုန်ဈေးနှုန်းကြီးမြင့် လာနိုင်တယ်လို့ တစ်ချို့ ကပြောကြပါတယ်။ ကုန်ဈေးနှုန်း ကြီးမြင့်လာမယ်၊ ငွေကြေးဖောင်းပွနှုန်းတွေ ဖြစ်လာမှာစိုးလို့ ထိုက်သင့်သော လုပ်ခ၊ လစာချီးမြှင့်မှုနှင့် စရိတ်များဒီလိုပဲ ဆက်ထားနေလျှင် နိုင်ငံ့ဝန်ထမ်းများ၏ စိတ်ပိုင်းဘ၀၊ ရုပ်ပိုင်းဘ၀များအား ထိခိုက်ကာ ယင်းတို့၏ လိုငွေကို နည်းလမ်းမျိုးစုံသုံးပြီးရှာကြရပါမယ်။ ကိုယ့်လုပ်အား ကို အရင်းတည်ပြီး ဆရာ၊ ဆရာမများက အချိန်ပိုကျူရှင်ပြရတာ၊ ဆရာဝန်၊ သူနာပြုကပြင်ပဆေးခန်းမှာ ညဥ့်နက်သန်းခေါင်အထိ ဆောင် ရွက်နေရတာ၊ ရငွေ၊ လုပ်ခ၊ လစာ မလုံလောက်လို့ ပြင်ပနိုင်ငံများသို့ ထွက်ခွာအလုပ်လုပ်ရတာ၊ ထိုသို့ လုပ်ရာတွင်လည်း မိမိပညာနှင့် အဆင့်အတန်းကို နှိမ့်ချပြီးလုပ်နေရတာတွေ ရှိနေဦးမှာဖြစ်ပါတယ်။ ၀န်ထမ်းများ လုပ်ငန်းခွင်ပျော်စေရေး ကျောင်းသားများ ကျောင်းနေပျော်စေရေး၊ တပ်မတော်သားများ တပ်နေပျော်စေရေးတို့အတွက် တာဝန် နှင့် လုပ်ပိုင်ခွင့်အခွင့်အရေး၊ လုပ်ခ၊ လစာ၊ စရိတ်ချီးမြှင့်မှုများဟာ အဓိကသက်ဆိုင်တယ်ဆိုတာ သတိပြုရ မှာဖြစ်ပါတယ်”ဟု သူရဦးရွှေမန်းက ပြောပါသည်။ လက်ရှိအချိန်တွင် လုပ်ခ၊ လစာနည်းခြင်းကို အကြောင်းပြုပြီး ၀န်ထမ်းများအနေဖြင့် လာဘ်စားနေကြသည်ကို စိတ်မကောင်းဖွယ် ကြားသိနေရကြောင်း ဆက်လက် ပြောကြားခဲ့ပါသည်။ “အခြားအချို့ဌာနများမှ တာ ၀န်ထမ်းဆောင်နေကြတဲ့ ၀န်ထမ်းများကလည်း လုပ်ခ၊ လစာ နည်း ခြင်းကို အကြောင်းပြုပြီး လက်ဖက်ရည်ဖိုး၊ အလှူငွေ၊ စာရွက်စာ တမ်းကြေးများ တောင်းယူခြင်းနှင့် အခြားမလျော်ကန်သော လာဘ်ပေး လာဘ်ယူဆန်သည့် ပြုမူဆောင်ရွက်ခြင်းများကို နေရာအနှံ့၊ ဌာနအများစုလိုလိုပင် တစ်ခုမဟုတ်တစ်ခု ပုံစံ အမျိုးမျိုးဖြစ်ပေါ်နေတာကို ၀မ်းနည်းစွာ ကြားသိနေရပါတယ်” ဟု သူရဦးရွှေမန်းက ပြောပါသည်။ “ဒီအခြေအနေများကြောင့် မိမိတို့ဝန်ထမ်းများ အကျင့်ပျက်လာကြတယ်။ စာရိတ္တတွေ ပျက်လာကြတယ်။ အကျင့်ပျက်၊ စာရိတ္တပျက်တဲ့ ၀န်ထမ်းများတွင်သာ တာဝန်ရှိတာ မဟုတ်ဘဲ နိုင်ငံတော်အပိုင်း၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအပိုင်းမှာပါ တာဝန်ရှိတယ်လို့ ခံယူရ မှာဖြစ်ပါတယ်။ ၀န်ထမ်းမဟုတ်သော နိုင်ငံသားများကလည်း အကျင့်ပျက်သော အကျင့်ကိုပျက်စေသော ပြုမူဆောင်ရွက်ပေးမှု၊ ဖန်တီးမှုများ မလုပ်လိုသော်လည်း လုပ်ကြရပြန်တယ်။ သူတို့က စည်းကမ်းအတိုင်း၊ ဥပဒေအတိုင်း လုပ်မယ်ဆိုရင်လည်း ငွေပေးပြီး၊ လာဘ်သဘောပေးပြီး လုပ်ရတာထက် ခက်ခဲမှုတွေ၊ အကုန်အကျရှိမှုတွေ များပြီး အဆင်မပြေမှုတွေ ရင်ဆိုင်ကြုံတွေ့ရပြန်တော့ နောက်ဆုံးအကျင့်ပျက်၊ စာရိတ္တပျက် လမ်းကြောင်းလည်း ရောက်နေကြရပါတယ်လို့ ကြားသိနေရပါတယ်” ဟု သူရဦးရွှေမန်းက ပြောကြားခဲ့ပါ သည်။
“မလွှဲမရှောင်သာ ကြုံတွေ့လာနိုင်ရတဲ့ ကုန်ဈေးနှုန်းကြီးမြင့်မှုနဲ့ ယနေ့ တောင်သူလယ်သမားများ၊ မွေးမြူရေးသမားများ၊ အခြေခံကုန် ထုတ်လုပ်သူများ ကြုံတွေ့နေရတဲ့ စပါးနှင့် သီးနှံများဈေးနှုန်းကျ၍ အရှုံးပေါ်နေမှု၊ ငါးမွေးမြူထုတ်လုပ်သူများ အရှုံးပေါ်မှုများ ရှိပါတယ်။ ထုတ်လုပ်သူများ အရှုံးပေါ်နေမှုဟာ နိုင်ငံအတွက်ကောင်းတဲ့ လက္ခဏာမဟုတ်ပါ။ တောင်သူလယ်သမား၊ အလုပ်သမား၊ နိုင်ငံ့ဝန်ထမ်းများကို များစွာ ထိခိုက်နေပါတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လေးစားလိုက်နာပြီး တာဝန်ရှိသူများက ဆောင်ရွက်မပေးရာ လည်းရောက်ပါတယ်။ ဒီအခြေအနေများကို ၀မ်းနည်းစိတ်မကောင်း စွာဖြင့် လက်ခံနေရမည့် အချိန်မဟုတ်တော့ပါ”ဟု သူရဦးရွှေမန်းက ဆက်လက်ပြောကြားပါသည်။ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရ ဦးရွှေမန်းအနေဖြင့် ပြည်ထောင်စုလွှတ်တော်သို့ တင်ပြခဲ့သည့် အဆို ၌ နိုင်ငံဝန်ထမ်းများ၏ လုပ်ခ၊ လ စာနှင့်ပတ်သက်သော အကြောင်းအရာများကို ပြောကြားခဲ့သည့် နည်းတူ အကောင်းဆုံးနှင့် စိတ်အချရဆုံးဖြစ်သော လူသား အရင်းအမြစ်များ ဖွံ့ ဖြိုးရေးစီမံကိန်းများကို လုံလောက် သော ရင်းနှီးမြုပ်နှံမှုများဖြင့် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ပညာရေး နှင့် ကျန်းမာရေးအပါအ၀င် အခြားသော ၀န်ကြီးဌာနနှင့် ပေါင်းစပ်ပြီး စနစ်တကျ လစ်ဟာမှုမရှိရန် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ရင်းနှီးမြုပ်နှံမှု၊ အကုန်အကျခံမှုများဖြင့် ဆောင်ရွက်မှ သာလျှင် နိုင်ငံသားအားလုံး စိတ်ဓာတ်နှင့် စည်းကမ်းကောင်း ပြီး လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားသော နိုင်ငံသားများ ဖြစ်လာနိုင်ကြောင်း အစရှိသည်တို့ကိုလည်း ထည့်သွင်းပြောဆိုခဲ့ပါသည်။ သူရဦးရွှေမန်း တင်သွင်းခဲ့သော အဆို၌ နိဂုံးချုပ်အနေဖြင့် အချက် ခြောက်ချက်ကို ဖော်ပြခဲ့ပြီး ထိုအချက်များမှာ - (၁) ကိုယ့်ဂုဏ်၊ ကိုယ့်သိက္ခာ နှင့် အညီနေထိုင် စားသောက်နိုင်ဖို့ နှင့် သန့်ရှင်းသော အစိုးရ၊ ကောင်း မွန်သော အုပ်ချုပ်ရေး အမှန်တကယ် ဖြစ်လာဖို့နှင့် နိုင်ငံသားများ၊ ၀န် ထမ်းများ၏ လုပ်ခ၊ လစာစရိတ်နှင့် ချီးမြင့်ငွေများကို လာမည့် ဘတ်ဂျက် နှစ်အစတွင် မဖြစ်မနေတိုးမြှင့်ပေးရေး။ (၂) ပြည်သူ့ဘဏ္ဍာငွေများကို အသုံးပြု၍အမှန်တကယ် လက်တွေ့ကျကျ နိုင်ငံ့အကျိုး ပြည်သူလူထု အကျိုး ဖြစ်ထွန်းစေမည့် စီမံကိန်း များကိုသာ ဥပဒေပြုပေးရေးနှင့် ထိုသို့ မဟုတ်သော စီမံကိန်းများကို ငြင်းပယ်ခြင်း၊ ဆိုင်းငံ့ခြင်း၊ လျော့၍ ခွင့်ပြုခြင်းများ ဆောင်ရွက်ရေး။ (၃) နိုင်ငံနှင့် နိုင်ငံသားများ၏ လက်ငင်း၊ ရေတိုနှင့် ရေရှည် အကျိုးဖြစ်ထွန်းစေသော ထာဝစဉ် ရှင်သန်စေမည့် အမျိုးသားဖွံ့ဖြိုး တိုးတက်ရေး စီမံကိန်း (သို့မဟုတ်) လူသားအရင်းအမြစ်များ ဖွံ့ဖြိုးရေးစီမံကိန်းအတွက် ရင်းနှီးမြုပ်နှံမှုများကို တင်ပြ ဆောင်ရွက်ပေးဖို့ သက်ဆိုင်ရာသို့ တိုက်တွန်းပေးရေး။ (၄) တာဝန်အရ ဥပဒေနှင့်အညီ ဆောင်ရွက်နေကြသူများ၊ အဖွဲ့အစည်းများအား နားလည်လက်ခံပြီး လေးစားချစ်ကြည်စွာဖြင့် အပြန်အလှန် ပူးပေါင်းဆောင်ရွက်ပေးရေး။ (၅) နိုင်ငံနှင့် နိုင်ငံသားများ၏ အကျိုးစီးပွားအား တားဆီးပိတ်ပင်သော၊ ပျက်စီးယုတ်လျော့စေသော ပြည်တွင်း ပြည်ပမှ မည်သည့် ပုဂ္ဂိုလ်၊ မည်သည့်အဖွဲ့အစည်းကို မဆို၊ ဆန့်ကျင်သွားရေး။ (၆) တည်ဆဲဥပဒေများကို အဖွဲ့အစည်းများ အနေဖြင့်လည်းကောင်း၊ ပြည်သူများထဲမှ ပြည်သူတစ်ဦး အနေဖြင့် လည်းကောင်း၊ ပြည်သူတစ်ရပ်လုံးနှင့် အတူ ရိုသေလေးစား လိုက်နာကြရေး စသည်တို့ ပါဝင်ခဲ့ပါသည်။ ထိုကဲ့သို့တင်သွင်းခဲ့သော အဆိုကို ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီ အထွေထွေ အတွင်းရေးမှူး ဦးစောလှထွန်းနှင့် ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီ အဖွဲ့ဝင် ဒေါ်နန်းဝါနုတို့ ထောက်ခံခဲ့ကြပြီး ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် အားလုံးက သဘောတူညီခဲ့သည့်အတွက် အဆိုကို ပြည်ထောင်စု လွှတ်တော်က အတည်ပြုကြောင်း ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ပါသည်။ |
Saturday, February 11, 2012
သန့်ရှင်းသော အစိုးရ၊ ကောင်းမွန်သော အုပ်ချုပ်ရေး အမှန်တကယ်ဖြစ်လာရန် နိုင်ငံဝန်ထမ်းများ၏ လုပ်ခလစာစရိတ်နှင့် ချီးမြှင့်ငွေများကို လာမည့်ဘဏ္ဍာနှစ်အစတွင် မဖြစ်မနေ တိုးမြှင့်ပေးရေးအပါအ၀င် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ တင်ပြသည့် အဆိုကို ပြည်ထောင်စုလွှတ်တော် အတည်ပြု
Subscribe to:
Posts (Atom)
Comments
ပိသာက kg ထက်ပိုများပါတယ်။ ဒါပေမယ့်လဲ တွက်ကြည့်ရင် ဈေးတော့များနေတုန်းပါပဲ။ မြန်မာပြည်က မွေးမြူရေး နဲ့ စိုက်ပျိုးရေးလုပ်နေပြီး စင်္ကာပူ/ဒူဘိုင်း တို့လို export နဲ့ဝယ်စားရတဲ့ နိုင်ငံတွေထက် ဈေးကြီးနေပြီး အရည်အသွေးညံ့တဲ့ စားသောက်ကုန်တွေကို စားနေရတာ အစိုးရရဲ့ ညံ့ဖျင်းမှုလို့ ပွင့်ပွင့်လင်းလင်းဝေဖန်ပါရစေ။
မှန်တယ်ဗျာ.. ကြက်ဥတလုံး ၁၂၀ ကျပ် ၁၀လုံး ၁၂၀၀ (SGD 2 ) ကျတယ်.. စင်ကာပူမှာ ကြက်ဥ ၁၀ လုံးကို SGD 1.80 နဲ့ ဝယ်လို့ ရပါတယ်.. ဘာအတွက်ကြောင့်များ အစစ အရာရာ ဈေးအလွန်ကြီးသလဲ ရှင်းကြပါဦး..
In the past, inflation follows pay increase. Why? Government printed money to pay for it. As long as you print money, inflation will follow. Burmese people know all those problems (bribery, inflation, lawlessness, etc) years ago. U Shwe Mann just wakes up!!!
You should ask experts and get good monetary policy. Now, Chairman is talking like a guy in the street.
But i gave credit to him to try to fix things. Big improvements!
In the past, Government used to say everything is good.
One more thing. 6 points plan. It sounds like socialist slogan. Talk is easy, U Shwe Mann. Make it happen.
ကုန်ဈေးနှုန်းကတော့ ဒီထက်ပိုပြီး တက်ဖို့ သိပ်မဖြစ်နိုင်တော့ဘူးလို့ ထင်ပါတယ်။ အခုလက်ရှိ ကုန်ဈေးနှုန်းက အိမ်နီးချင်းနိုင်ငံတွေနဲ့ သိပ်မကွာတော့တာကြောင့်ပါ။ မွေးမြူရေးရော စိုက်ပျိုးရေးပါ ဖြစ်ထွန်းနေတဲ့နိုင်ငံက ဒီလောက်ကုန်ဈေးနှုန်း ကြီးနေတာ မဖြစ်သင့်ပါ။ အခုတောင် ထိုင်းက ပုဇွန်တွေ၊ အသီးအနှံတွေ မြန်မာပြည်ကို ဝင်လာနေကြပြီမဟုတ်လား။ စက်မှုထုတ်ကုန်တွေမှာတော့ လျှပ်စစ်မီးကို လိုသလောက် ပေးနိုင်မယ်ဆိုရင် ဈေးနှုန်းကို လျှော့ချလို့ ရမှာပါ။
တကယ် တမ်းကတိုင်းပြည်က အူမတောင့်ပြီး သီလ မစောင့် တဲ့သူတွေကြောင့် ဆင်းရဲ ပြီး ပိုဆိုးနေတာပါ။။
(လစာ မလုံလောက်လို့ ပြင်ပနိုင်ငံများသို့ ထွက်ခွာအလုပ်လုပ်ရတာ၊ )ဆိုတာလည်း မှန်သင့်သလောက်မှန်ပေမဲ့ ကျွန်တော်တို့ စလုံးရောက်နေကြတဲ့ ပညာရှင် တဝက် လောက်က အစိုးရရဲ့ အရေးမပါ ၊ ညဏ်နည်း၊ သူတောင်းစားက ပုလင်ပေါ် ထိုင်နေတဲ့ ကိစ္စ တွေကြောင့်ပါ။။
ဒါတွေ အားလုံး အားလုံး ပြေလည်သွားဘို့ တခုခြင်းလိုက်ပြောနေရင် ပြီးမှာမဟုတ် သလို၊ ဒီအပေါက်ပိတ်ရင် ဟိုအပေါက်ကယို၊ အချိန်ကုန် လူပန်း၊ ဖွတ်မရ ဓားမ ဆုံး မပြီးနိုင်တဲ့ ပုံပြင်တွေ ပေါ်လစီ တွေ နဲ့ ဘဝ သံသရာ ဖြစ်နေ ဦးမှာမို့ တခုတည်း သော အဖြေ၊ သူများတွေ ကျင့်သုံး
နေပြီး ၊လောဘ၊ အတ္တ တွေနဲ့ ရှိမှလူလို့ ခေါ်နိုင်တဲ့ လူလောက ကြီး အတွက် အဆီ လျှော်ဆုံး တခုတည်းသော Solution ဖြစ်တဲ့ စစ်မှန်တဲ့ဒီမိုကရေစီ စနစ်ကို သာ အားကောင်းအောင် အားပေးလိုက်ပါလို့ ဦးရွှေမန်း ကို တိုက်တွန်း အပ်ပါတယ်။။။
မှောင်ခိုဈေးကွက်မှာ ၁ ဒေါ်လာ ကျပ် ၁၄၀၀ လောက်ထိဖြစ်ခဲ့ဘူးပါတယ်။ ၂၀၀၄ လောက်ကထင်ပါရဲ့။ အဲဒီနောက် ၂၀၀၆ လောက်မှာ ၆ ဆလောက်အထိလစာတိုးပေးတော့ ကုန်ဈေးနှုန်း ၆ ဆ လိုက်တက်မလား လို့ စိုးရိမ်ကြပေမဲ့ ကုန်ဈေးနှုန်း က ၆ ဆ မတက်လာခဲ့ဘူး။
၅၀၀၀ တန် စတင်ထုတ်ဝေစဉ်ကလဲ ကုန်ဈေးနှုန်း ၅ ဆ တိုးလာမလား ထင်ရပေမဲ့ အမှန်မတိုးလာခဲ့ပြန်ဘူး။
ငွေမာဈေး နဲ့ မြန်မာငွေ ကို ၁ဒေါ်လာ ၈၀၀ ၀န်းကျင်နဲ့ ၂၀၁၂-၁၃ ဘဏ္ဍာရေးနှစ်စတဲ့ အေပြီ ၁ ရက်မှာ စတင်ချိတ်ဆက်မယ်လို့ ဆိုတယ်။ IMF ရဲ့အကြံပေးချက်အတိုင်း ငွေဈေးအတက်အကျကို ၅ ပါစင်းအတွင်း ဗဟိုဘဏ်က ထိန်းညှိပေးထားမယ်...ဆိုရင်.
အိမ်နီးချင်းနိုင်ငံတွေ ထက်တောင် တစ်ချို့အခြေခံစားသုံးကုန်ဈေးနှုန်း မြင့်နေပါပီ။ ဒီထက်ပိုမြင့်လာရင်လဲ အိမ်နီးချင်းနိုင်ငံတွေကနေ စားသောက်ကုန်တွေ လှမ့်ဝင်လာပြီး ဈေးကွက်သဘောအရ အလိုအလျှောက်ထိန်းညှိသွားမယ်လို့ယူဆပါတယ်။
အဲဒါတွေကြောင့်.၀န်ထမ်းလစာ တိုးပေးလဲ
ကုန်ဈေးနှုန်းထင်သလောက်တက်လာနိုင်စရာအကြောင်း မရှိဘူး လို့ယူဆပါတယ်။
This is right ecision.
Best Regard
Ko norman
Singapore
Increasing salaries of government employees has been made for many times. But, there was no success at all for convincing the corrupt officers. So, at the same time, effective and severe disciplinary actions are needed!!!
We(tax payers) don't mind to pay high salary ONLY to skillful and honest government employees who really want to serve the country without corrupt practice.
ဥပမာ- ဆန်/ ဆီ ဆိုပါတော့။ ဒီကုန်စည်မျိုးက အစိုးရ၀န်ထမ်းက ထုတ်လုပ်ပေးတာမှ မဟုတ်ဘဲ။ ၀န်ထမ်းလစာတိုးလို့ ဆန်/ဆီဈေးတွေ လိုက်တက်တယ်ဆိုတာကတော့ ကုန်သည်တွေ မရိုးသားတာပဲ။ ပြီးတော့ ကုန်သည်တွေ သေချာ မစဉ်းစားလို့ပါ။ သူတို့ ဆန်/ဆီတွေ ဈေးတက်လိုက်တော့ကော ဘယ်လောက်များ မြတ်သွားလို့လဲ။
တကယ်တော့ သူတို့က မြတ်တယ်သာထင်တာ၊ သူတို့ လက်ထဲ အဲဒီ အမြတ်က ဘာမှ ကြာကြာခံလိုက်တာမဟုတ်ဘူး။ ဘာလို့လဲဆိုတော့ အဲဒီ အခြေခံစားကုန်တွေ ဈေးတက်တာကို အကြောင်းပြုပြီး အခြား ကုန်စည်တွေပါ ရောေ၇ာင်ပြီး ဈေးလိုက်တက်ရောလေ။
ဒီတော့ ဘာထူးတော့မှာလဲ။ ကိုယ့်ရဲ့ ဆန်/ဆီ ကို ဈေးတက်ေ၇ာင်းသလို သူများကလည်း တခြားလူသုံးကုန်တွေကို အပြိုင်ဈေးတက်ပြီး လိုက်ရောင်းတော့ နောက်ဆုံး ဒုံရင်း က ဒုံရင်း ပြန်ဖြစ်သွားတာပဲပေါ့။
ကိုယ်က ၀န်ထမ်းလစာတိုးလို့ဆိုပြီး ဆန်/ဆီ ကိုဈေးတင်၊ အဲ…သူများတွေက ဆန်/ဆီ ဈေးတက်လို့ဆိုပြီး ဟင်း၇ွက်သားငါးတွေကို ဈေးတင်ေ၇ာင်း၊ အဲတော့ ကိုယ်လည်းဈေးတက် သူလည်းဈေးတက် နောက်ဆုံးတော့ အရင်အတိုင်းပါပဲလား။
ဒီတော့ ချမ်းသာနေကြပြီးဖြစ်တဲ့ ကုန်သည်များခင်ဗျား- ၀န်ထမ်းတွေ လစာကောင်းလို့ ကိုယ့်ပစ္စည်းတွေကို မဆီမဆိုင် ဈေးမတက်ကြပါနဲ့။ ဘာမှ ထူးမှာ မဟုတ်ပါဘူး။ ငွေတွေ အုပ်လိုက် ကိုင်သုံးရတာပဲ အဖတ်တင်ပါလိမ့်မယ်။ စပါးထုတ်လုပ်မှု ကုန်ကျစရိတ် မြင့်လို့ ဆန်ဈေးတက်တာမျိုးကိုတော့ လက်ခံနိုင်ပေမယ့် ၀န်ထမ်းလစာတိုးလို့ ဆန်ဈေးတက်တယ်ဆိုတာကတော့ လက်မခံနိုင်ဘူးဗျာ။ ကိုယ်က ဆန်ဈေးတက်လိုက်ရင် အဲဒါကို အကြောင်းပြုပြီး အခြား စားကုန်တွေပါ ဈေးလိုက်တက်လာမှာပဲ။ အဲဒီအခါ ကိုယ်ကလည်း ဆန်ဈေးတက်လို့ရတဲ့ အမြတ်ထဲကနေ အဲဒီ အခြားစားကုန်တွေကို ဈေးကြီးပေးပြီး ပြန်ဝယ်စားရမှာပဲ။ ဘာမှ မထူးပါဘူးဗျာ။ မလုပ်ကြပါနဲ့။
ပြီးတော့ တစ်နိုင်ငံလုံး လူဦးရေနဲ့ ယှဉ်ရင် အစိုးရ၀န်ထမ်းအရေအတွက်က ဘာမှ မပြောပလောက်ပါဘူး။ ဒီတော့ ၀င်ငွေတိုးရတဲ့ လူဦးရေက နည်းနည်းလေးရယ်ပါ။ ဒါပေမယ့် အရင်အတိုင်းပဲ (မတိုးပဲ) ၀င်ငွေရနေတဲ့ လူတန်းစားက အများစုကြီးဖြစ်နေမှာ။ အဲဒီအခါ ဆန်ဈေးကြီးလို့ ၀ယ်မစားနိုင်ရင်…ဒီလူတန်းစားတွေ ဘာလုပ်ကြမလဲ။ ဘယ်သူမှတော့ အငတ်ခံပြီး ငုတ်တုတ်ထိုင် မသေဘူး။ လုကြ ယက်ကြမှာပဲ။ (ငတ်လို့သေတာထက်စာရင် လုယက်လို့ ထောင်ကျတာကမှ နည်းနည်းနပ်မှန်အောင် စားရဦးမယ်)
အဲဒီအခါ ကိုယ်လည်း သူဌေးဆိုပေမယ့် ငွေပဲချမ်းသာပြီး (လုယက်ခံရမှာကို ကြောက်နေရတဲ့)
စိတ်မချမ်းသာတဲ့ သူဌေးပဲဖြစ်နေမှာပေါ့။ ဘယ်လိုမှ အေးအေးချမ်းချမ်း ရှိမှာမဟုတ်ဘူး။
ငတ်နေတဲ့သူတွေကို လုယက်ချင်စိတ်ပေါက်အောင် တွန်းမပို့ချင်ကြပါနဲ့ဗျာ။ ဈေးတွေ မတက်ကြပါနဲ့။
စပါးထုတ်လုပ်မှု ကုန်ကျစရိတ် မြင့်လို့ ဆန်ဈေးတက်တာမျိုးကိုတော့ လက်ခံနိုင်ပေမယ့် ၀န်ထမ်းလစာတိုးလို့ ဆန်ဈေးတက်တယ်ဆိုတာကတော့ ….ကုန်သည်တွေ ကိုယ့်ဒုက္ခကိုယ်ရှာတာပဲ။
Please consider deeply for our country boom up likes Singapore.
ပြည်သူကျွေးတဲ့ ထမင်းကို အလကားမစားလိုတဲ့ စိတ်ဓာတ်ရှိခဲ့လို့ပါ။ အမှန်ကိုအောင်ဆန်းက ပြည်သူကျွေးတဲ့ ထမင်းတောင်မစားခဲ့ရပါဘူး။ သူက ပြည်သူကိုအလုပ်အကျွေးပြုနေတုန်းက အခွန်က နယ်ချဲ့အစိုးရတွေဆီသွားနေတာလေ။
တန်ဖိုးရှိဖို့က လခဟာ သင့်တင့်တဲ့ ဝယ်လိုအားရှိမှပါ။ လခဟာ ကိန်းဂဏန်းအားဖြင့်သာ ကြီးနေပီး ဝယ်လိုအား မရှိလျှင်၊ (တနည်းအားဖြင့်) လူတိုင်း (မြန်မာနိုင်ငံ၏ လူများစု) ရနေလျှင်လည်း တိုး အလကားပါပဲ။
ဆိုလိုတာက မလိုအပ်ပဲ ဝန်ကြီးဌာနများစွာ စိတ်ဖျာခွဲခြမ်းပီးဖွဲ့၊ ဝန်ထမ်း အများကြီး ခန့်ထားခဲ့တဲ့ မဆလ နှင့် နဝတ ခေတ်လက်ကျန် ဝန်ထမ်းများ အားလုံးကို လခတိုးပေးမည်ဆိုလျှင် နိုင်ငံတော် ဘဏ္ဍာရေး ပြဿနာ ဖြစ်မှာပါ။ မဆလ ခေတ်ကတော့ ပုဂ္ဂလိက လုပ်ငန်း သိတ်မရှိခဲ့ပဲ အကုန်လုံးနီးပါက ပြည်သူပိုင် (အစိုးရပိုင်) ဖြစ်ခဲ့တော့ ဒီလို ခန့်ခဲ့ရမှာပါပဲ။ နောက်ပီး စီးပွားရေးကျဆင်းလာပီး ကန်ုထုတ်လုပ်မှု၊ ဝန်ဆောင်မှုတွေကနေပီး အမြတ်မရတော့ပေမဲ့ အလုပ်လက်မဲ့ မရှိသယောင် လုပ်ခြင်ခဲ့တော့ တစ်ယောက်စာ အလုပ်ကို ၂ယောက် ၃ယောက် ခန့်ပီး လုပ်ခ လစာကိုလည်း ၂ယောက် ၃ယောက် ခွဲပေးလိုက်တာမျိုးပါ။ စာရင်းဇယား အရတော့ အလုပ်လက်မဲ့ မရှိတော့ဘူးပေါ့။ လောက်ငှတာ မလောက်ငှတာ လူတွေက ကြည့်ပီး ဖြေရှင်းလိမ့်မယ်ဆိုတဲ့ ပုံစံမျိုးပါ။
နဝတ၊ နအဖ ခေတ်ရောက်လာတော့လည်း ကုန်ထုန်လုပ်မှု မြှင့်တင်မယ်၊ ဝန်ဆောင်မှု တင်မယ်ဆိုပီး အောက်ခြေအဆင့် တွေသာမက၊ အပေါ်ပိုင်းအထိ ဝန်ကြီးဌာနများစွာဖွဲ့၊ ဝန်ကြီးတွေ အများကြီး ခန့်ခဲ့တာတွေ က သာဓကပါ၊ စစ်တပ်ပြုတ် ဗိုလ်ချုပ် အချို့ကို အချိုသတ်တဲ့အနေနှင့် ချောင်ထိုးဖို့ လုပ်ခဲ့တာလည်း ပါပါတယ်။ တိုင်းမှူး၊ တပ်မမှူး ပြုတ်လျှင် ဝန်ကြီး ဒုဝန်ကြီးနေရာ အလျှင်ပို့လိုက်တာမျိုးပါ။ ထိုဝန်ကြီးများဟာ လက်တွေ့မှာ ယခင်က ညွှန်ချုပ်၊ ဦးဆောင်ညွှန်မှူးတွေလောက် လုပ်တဲ့ အလုပ်လောက်ပဲ လုပ်ကြရတော့တာပါ။ ပိုဆိုသွားတာက ထိုသို့ စစ်တပ်ပြုတ် ဝန်ကြီး၊ ဒုဝန်ကြီး တစ်ယောက်ယောက် ရောက်လာလျှင် နောက်လိုက် နောက်ပါ ဗိုလ်ကြီး၊ ဗိုလ်မှူး၊ ဒုဗိုလ်မှူးကြီး၊ ဗိုလ်မှူးကြီး၊ တွေ အမျာကြီးပါလာပီး အရပ်ဖက် ဌာနကို ဝင်စီးပီး ၂သီး စာတော့တာပါပဲ။ အမှန်တကယ် စွမ်းဆောင်နိုင်တဲ့ လူက ရှားပါတယ်။ ကောင်းတဲ့ အချက်တွေကတော့ ထိုသူ ၂သီးစားများမှာ အဘ ခေါ် ဝန်ကြီး ဝန်ကလေးများ အကြိုက်ကို သိခြင်း၊ (ဝန်ကြီး ဝန်ကလေးများကလည်း ထိုသူများ လုပ်ထားသည်များ၊ တင်ပြသည်များ ကိုသာ အကောင်းထင်ခြင်း၊)၊ ထိုသူများမှ ဝန်ကြီး ဝန်ကလေးများထံ တိုက်ရိုက် ဝင်ထွက်ထိတွေ့ ဆောင်ရွက်နိုင်ခြင်း၊ အနှစ်သာရ နားမလည်သော၊ အထက်မှ ချမှတ်သော လုပ်ငန်းများကို ဖြစ်နိုင် မဖြစ်နိုင် ပိုင်းခြားမှု/ ပိုင်းခြားနိုင်မှု မရှိပဲ အောင်ခြေကို အတင်း ဆောင်ရွက်ခိုင်းပီး အထက်ကို ဆောက်ရွက်ပီးကြောင်း ပြန်လည်တင်ပြခြင်း၊ စသည့်များရှိပါတယ်။ မကောင်းတဲ့ အချက်ကတော့ မြန်မာနိုင်ငံ၏ အရပ်ဖက် အုပ်ချုပ်ပုံ ပျက်ပြားသွားပြီး လက်လှည့်သင့်ရာ ရာထူးပါ၊ လူကြီးနားနီး အခွင့်အရေးကြီး၊ ထောက်ပံနိုင်သူ နေရာယူ ဆိုတာတွေ ဖြစ်လာတော့တာပါ။
ခုလို လခတိုးပေးမည်ဆိုလျှင် ပထမဆုံး လုပ်ရမည့် အလုပ်မှာ ဝန်ကြီးများ လျှော့ချ၊ ဝန်ကြီှးဌာန အရေအတွက်များလျှော့ချ၊ မလိုလားအပ်သော ကြိုးနီစံနစ်များ လျှော့ချ၊ လူပိုများကို လျှော့ချ၊ ဖြစ်နိုင်သမျှ ပုဂ္ဂလိက ပုံစံပြောင်း၊ လိုလားအပ်သော ပွင့်လင်း မြင်သာမှု ရှိအောင် လုပ်ခြင်းဖြင့် ဝန်ထမ်း အရေအတွက်ကို နည်းနည်းနှင့် ထိရောက်အောင် ကျစ်လစ် တောင့်တင်းအောင် အလျှင်လုပ်သင့်ပါတယ်။
လက်ရှိ အစိုးရ၏ ဝန်ဆောင်မှုလုပ်ငန်းများ၊ ကုန်သွယ်မှု လုပ်ငန်းများ၊ (သယ်ယူပို့ဆောင်ရေး၊ ဆက်သွယ်ရေး၊ ထောက်ပံရေး၊ ရောင်းဝယ်ရေး၊ ကုန်ထုတ်လုပ်မှုများ၊ စက်ရုံအလုပ်ရုံများ) ကို ပုဂ္ဂလိကပိုင် ဖြစ်စေပီး၊ အစိုးရမှ ကြီးကြပ်မှုလုပ်ငန်းများ၊ ကိုသာ လုပ်သင့်ပါတယ်။
ကျန်လူများစုအတွက်လည်း ပုဂ္ဂလိက ပိုင်းမှာ အလုပ်အကိုင် အခွင့်အလမ်းများ တိုးလာအောင် ဆောင်ရွက်သင့်ပါတယ်။
ဒါမှသာ အစိုးရဝန်ထမ်းဆိုလျှင် လူရိုသေ ရှင်ရိုသေ၊ ရှိပီး လခကောင်းကောင်း၊ နှင့် အလုပ်ကို ကျကျနန ဆောင်ရွက်ရွက်နိုင်မှာ ဖြစ်ပါတယ်။ ဥပမာ..ဝန်ထမ်းတစ်ယောက် လခဟာ ၅နှစ်လောက်စုဆောင်းလျှင် ကားဝယ်နိုင်တယ်ဆိုတာမျိုး၊ ဖြစ်သင့်သလို၊ ထိုသို့ လုပ်ခလစာ ရတဲ့ ဝန်ထမ်းဖြစ်ဖို့ ဆိုတာလည်း မလွယ်ဘူး၊ တော်တော် ထူးချွန်မှ ဆိုတာမျိုး ဖြစ်သင့်ပါတယ်။ ယခုလို ဝန်ထမ်း အင်အား အလွန်များနေသော အချိန်တွင် လခတိုးပေးမည်ဆိုလျှင် ငွေ ဖောင်းပွသွားတာကလွဲလို့၊ ကုန်ဈေးနှုံးကြီးသွားစေတာကလွဲလို့ အကျိုး အမြတ် ခံစားကြရမှာ မဟုတ်ပါ။
ကျွန်တော် စီးပွားရေး ပညာရှင် မဟုတ်ပေ မဲ့  မျိုးချစ်စိတ်နဲ့ သိသလောက်ဗဟုသုတမှ စိုးရိမ် မှု တွေ ကို တင်ပြ လိုက် ခြင်းပါ။ အကယ်၍ လစာ တိုး ပြီး ငွေ ကြေး ဖောင်းပွ နှုံး ညွန်းကိန်း မြင့် ခဲ့  လျင်၊ ကျွန်တော် က တော့  အခုလက်ရှိ တာဝန်ထမ်းဆောင်နေသော စီးပွားရေး ပညာ ရှင် တွေကို အပစ်တင်ရမှာပါ။
တကယ်တော့ ၀င်ငွေနဲ့ အသုံးစရိတ် မမျှ မတ ဖြစ်နေတာ၊ လူဂုဏ်သိက္ခာနဲ့ အညီ မနေနိုင် မထိုင်နိုင်ဖြစ်နေကြရတာဟာ အစိုးရ၀န်ထမ်းတွေသာ မဟုတ်ပါဘူး။အောက်ခြေလူတန်းစားတစ်ရပ်လုံး ကြုံတွေ့နေရတဲ့ ပြဿနာကြီး ဖြစ်ပါတယ်။ ဒီလို ပြဿနာမျိုးကို ကိုင်တွယ်ရာမှာ ပြင်ပမှာ ရှိနေကြတဲ့ ကဏ္ဍအသီးသီးက ပညာရှင်တွေ ပြည်သူလူထုတွေရဲ့ သဘောထား ဘယ်လိုရှိတယ်ဆိုတာ မလေ့လာဘဲနဲ့ ခုလိုမျိုး လွှတ်တော်ကပဲ ဗြုန်းစားကြီး အဆိုတင်ပြီး ဗြုန်းစားကြီး ဆုံးဖြတ်တာမျိုးဟာ မသင့်ဘူး ထင်ပါတယ်။ လွှတ်တော်မှာ ဒီလိုကိစ္စကို မတင်ပြခင် လွှတ်တော်ပြင်ပမှာ ရှိနေကြတဲ့ ပညာရှင်တွေ ပြည်သူပြည်သားတွေရဲ့ သဘောဆန္ဒဘယ်လိုရှိတယ်ဆိုတာကို မီဒီယာကတဆင့် လေ့လာသင့်တယ်။ အချိန်ယူပြီး လေ့လာရမှာ ဖြစ်တယ်။
အခုလို လုပ်လိုက်တာက ဘာနဲ့ တူသလဲဆိုရင် နှလုံးရော ကျောက်ကပ်ရော အဆုတ်ရော အသဲရော ရောဂါရှိနေသူ လူမမာတစ်ယောက်ကို ကျန်တဲ့ အစိတ်အပိုင်းတွေ ဘာဖြစ်ဖြစ် နှလုံးကောင်းရင် ပြီးရော ဆိုပြီး Side Effect များလွန်တဲ့ ဆေးကို တိုက်ကျွေးလိုက်သလိုဘဲ။
မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ စီးပွားရေးအဆင်မပြေမှုဆိုတာ အ၀န်းအ၀ိုင်းလေးတစ်ခုတည်းမှာ ကွက်ဖြစ်နေတာ မဟုတ်ဘူး။ အောက်ခြေလူတန်းစားအားလုံးမှာ နေ့စဉ်နဲ့ အမျှ ရင်ဆိုင်နေရတာ။ ဒါမျိုးကို အားလုံးရဲ့ သဘောထားတွေကို အရင်ဆုံး တီးခေါက်ကြည့်ပြီး ဘက်ပေါင်းစုံက ချင့်ချိန်စဉ်းစားပြီးမှ ဘယ်လိုလုပ်သင့်တယ်ဆိုတာ ဆုံးဖြတ်သင့်တယ်။
ပြည်ထောင်စုလွှတ်တော်ကအတည်ပြုပေးလိုက်ခြင်းအတွက်လှိုက်
လှဲစွာကြိုဆိုလိုက်ပါတယ်။သိပ်ကောင်းတဲ့၊သိပ်တန်ဖိုးရှိတဲ့စကားလုံးများ၊သိပ်တန်ဖိုးရှိသောအဆိုလို့မြင်မိပါတယ်။လွှတ်တော်အ
တွင်းအဆိုများ၊လုပ်ဆောင်ချက်များအထဲမှ ပြည်သူတွေအကြား
ချင်ဆုံး နိုင့်ငံ့ဝန်ထမ်းတွေအကြားချင်ဆုံးစကားလုံးများပါ။ခုချိန်ဆို
နိုင်ငံခြားမှာရှိနေကြသောမြန်မာတွေပါဦးသူရရွှေမန်းရဲ့မင်္ဂလာ
ရှိသောစကားလုံးများကိုထောက်ခံကြိုဆိုကြရင်း မြန်မာနိုင်ငံရဲ့ပြု
ပြင်တိုးတက်မှုများအပေါ်ဝမ်းသာပီတိဖြစ်နေကြပါလိမ့်မယ်။ နိုင့်ငံ့ဝန်ထမ်းတွေရဲ့လုပ်ခလစာများအား တိုးမြှင့်၍ချီးမြင့်ပေးခြင်း၊ပြည်
သူလူထု၏စားဝတ်နေရေးချောင်လည်အောင်အရှိန်အဟုန်မြင့်
ဆောင်ရွက်ပေးခြင်းဟာ လက်ရှိအစိုးရရဲ့ပြုပြင်ပြောင်းလဲခြင်း
ခြေလှမ်းတွေထဲက ခြေလှမ်းကောင်းတစ်ခုလို့မြင်မိပါတယ်။
အထူးသဖြင့်ဦးသူရရွှေမန်းလို စစ်ဘက်မှအရပ်ဘက်သို့ပြောင်းလဲ
တာဝန်ယူခဲ့သော ပုဂ္ဂိုလ်တစ်ဦးကထိုကဲ့သို့ပြည်သူတွေကိုစာနာ
စိတ်၊ပြည်သူတွေကိုချစ်တဲ့စိတ်နဲ့ ပြောလာခြင်းအား ပြည်သူထဲကပြည်သူတွေရဲ့ကိုယ်စားကျေးဇူးတင်တယ်၊၀မ်းသာပီတိဖြစ်မိ
တယ်လို့ဆိုချင်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ ဦးသူရရွှေမန်း
ရုပ်မြင်သံကြားမှာပြောသွားသောစကားများတွင်ရင်ထဲက
လှိုက်လှိုက်လှဲလှဲနဲ့ ပြည်သူတွေရဲ့အရေး နိုင့်ငံ့ဝန်ထမ်းတွေရဲ့အ
ရေးကိုအားမာန်အပြည့်နဲ့ပြောသွားတယ်ဆိုတာ မြင်တွေ့လိုက်ရလို့ပါ။ကျွန်တော့်လိုပဲ ပြည်တွင်းပြည်ပမှာရှိကြသော မြန်မာနိုင်ငံသားများဟာလဲထိုစကားအတွက်ဝမ်းသာပီတိဖြစ်ကြမှာပါ။ အတိတ်က ဘယ်လိုပဲဖြစ်ခဲ့ဖြစ်ခဲ့ခုအချိန်မှာ ပြည်သူတွေအပေါ်၊
ပြည်သူတွေရဲ့လိုအပ်ချက်တွေကိုတစ်ချက်ခြင်းဆောင်ရွက်ပေးနေတဲ့စစ်ဘက်မှအရပ်ဘက်သို့ပြောင်လဲခဲ့ကြသော နိုင်ငံ့ခေါင်းဆောင်များအပေါ်သူတို့ရဲ့လက်ရှိလုပ်ရပ်တွေအတွက် ကျေနပ်မိပါတယ်။ကျွန်တော်တို့တွေအတိတ်ကိုခဏမေ့ထားပြီး နိုင့်ငံအကြီးအကဲ
များအပေါ်အကောင်းမြင်စိတ်လေးတွေနဲ့ ဝေဖန်ကြစေချင်ပါတယ်။ကျွန်တော်တို့ထက်တတ်လို့နိုင်ငံ့ခေါင်းဆောင်များလုပ်နေကြတာပါ။ဒါကိုအသိလေးလက်တဆုပ်လောက်နဲ့ ဟိုဟာမကောင်ဘူး၊
ဟိုဟာမလုပ်နဲ့၊ဟိုဟာကဘာဖြစ်တယ်ဆိုတဲ့မညီညာတဲ့ပြစ်တင်ဝေဖန်သံတွေနဲ့သူတို့ကိုအလုပ်မရှုပ်စေချင်ပါဘူး။ ခေါင်းဆောင်တွေရဲ့ခြေလှမ်းတိုင်းကိုစောင့်ကြည့်ပြီးကောင်းတာတွေဆိုကြိုဆိုရပါမယ်။
ပြည်သူတွေရဲ့လိုအပ်ချက်လေးများကို ကိုယ့်ပတ်ဝန်းကျင်မှာ
ဖြစ်နေတဲ့ ကြုံကြိုက်နေရတဲ့ပြသနာ အခက်အခဲစတာလေးများ
ကိုအကြံပြုရေးသားဝေဖန်တာအသင့်တော်ဆုံးလို့မြင်မိပါတယ်။
ပြည်သူတစ်ယောက်အနေနဲ့ စဉ်းစားမိတာ တင်ပြခွင့်ပြုပါ။အစိုးရ တစ်ခုအနေနဲ့ ၀န်ထမ်း
များကို လစာ တိုးပေးခြင်းသည် မှန်ကန်တဲ့ ကုထုံးတစ်ခုပါလား??ခေတ်အဆက်ဆက်
လစာများ တိုးလာခဲ့ပါသည်။လစာတိုးတိုင်း ကုန်ဈေးနှုန်းများ တိုးလာပါသည်။လစာမထုတ်
မီ ကုန်ဈေးနှုန်း ဈေးတက်ပါသည်။၁၉၈၈ ခုနှစ်က လစာနှုန်း ၂၇၀ ခန့်ရစဉ်က လင်မယား
၂ ယောက် ပုဇွန်ဟင်းဖြင့် စားနိုင်ပါသည်။၁၉၉၂ ခုနှစ်ကေ ရွှေဈေး ၂ သောင်းဖြစ်ပါသည်။
ယနေ့ ရွှေဈေး ၇ သိန်းကျော်ဖြစ်ပါသည်။ခေတ်ကာလ အရလို့ ပြောလို့ မရပါ။ငွေဖောင်းပွနှုန်း
များစွာဖြစ်ပေါ်လာသည်ကို စီးပွားရေးပညာရှင်များ သိကြပါသည်။
အစိုးရအနေဖြင့် လစာတိုးပေးခြင်းသည် ၀န်ထမ်းများအတွက် ရေတိုကုစားနည်းသာဖြစ်ပါမည်။
အစိုးရအနေဖြင့် ၀န်ထမ်းလစာ ကိုက်အောင် အခြေခံလစာအား မည်မျှအထိ တိုးပေးပါမည်နည်း။
သည်နည်းသည် အစိုးရ၏ ကုထုံးအမှားဟု ထင်မြင်ပါသည်။
အာဆီယံနိုင်ငံများ၏ ၀န်ထမ်းလစာနှင့် တစ်လအထွေထွေကုန်ကျစရိတ်များကို နှိုင်းယှဉ်သင့်ပါသည်။
သူများ ၁၀ သိန်းပေးလို့ ကိုယ် ၁၀ သိန်းပေးရမည်ဟု မဆိုလိုပါ။စင်္ကာပူနိုင်ငံတွင် SPass ၀န်ထမ်း
တစ်လ၀င်ငွေ နှင့် ကုန်ကျ စရိတ် အချိုးမှာ အိမ်ခန်းငှားခ စားသောက်စရိတ် လစာ၏ ၃၀% တယ်
လီဖုန်း နှင့် ကားခ ရထားခ လစာ၏ ၁၀%။ဝန်ထမ်းတစ်ဦး တစ်လလျှင် လစာ၏ ၅၀%သာကုန်ကျ
ပါသည်။လစဉ် ၅၀%မှာ စုဆောင်းရရှိပါသည်။
အစိုးရအရာရှိများအနေဖြင့် ၀န်ထမ်းလစာ စားစရိတ် နေစရိတ် ခရီးစရိတ် ဖုန်းစရိတ် အချိုးကိုက်ညီ
ပါလားဟုမေးချင်ပါသည်။
အစိုးရအနေဖြင့် ကုစားရန်မှာ အစိုးရဌာန အုပ်ချုပ်သူ ၀န်ထမ်း များပြားနေခြင်း(ပြည်နယ်ဝန်ကြီးချုပ်
ဝန်ကြီးများ) မယောင်ရာဆီလူး အလုပ်များခြင်း (၀န်ကြီးမှ ညွှန်မှူးအထိ မနက်မှစပြီး ပဒေသဘင်
သီးနေရာ တိကျသော အမိန့်သည် ၀န်ထမ်းများထံသို့ ညနေ ၃ နာရီမှ ရောက်ရှိခြင်း) လုပ်ငန်းတစ်ခု
အား ဘော်လီဘော ပုတ်ရာ အောက်မှ အထက် အထက်မှအောက် ကြိမ်ဖန်များစွာ လူးလာခေါက်တုန့်
ဖြစ်ခြင်း။တိုင်းပြည်တွင် လက်ညှိုးထိုး စေခိုင်းသူများ များပြားနေသလောက် ထိမိစွာ လုပ်ကိုင်မည့်သူ
နည်းပါးနေခြင်း။
နိုင်ငံတော်တွင် ကျွေးမွေးရမည့်သူများ ပေါများခြင်း(သံဃာထု အစိုးရ ၀န်ထမ်းများ လူအိုများ ကလေး
သူငယ်များ) ကုန်ထုတ်လုပ်ငန်းလုပ်သူများ ရှားပါးလာခြင်း (လယ်သမား ယာသမား အခြေခံစားသောက်
ပစ္စည်းထုတ်လုပ် သူလုပ်သားများ) ထုတ်လုပ်မှုနှင့် သုံးစွဲမည့်သူ အချိုး။
နှစ် ၄၀ လောက် တာဝန်ထမ်းခဲ့တဲ့ ဗိုလ်ချုပ်ကြီး သူရရွှေမန်းခင်ဗျား...၀န်ထမ်းများအတွက်စေတနာထားကာ
ပြည်သူ့လွှတ်တော်မှာ အဆိုတင်သွင်းတာကို ကျေးဇူးတင်ပါသည်။။လူကြီးမင်း အဆိုတင်သွင်းလိုက်တဲ့နေ့
မှ စတင်ပြီး ရွှေဈေးများ ကုန်ဈေးနှုန်းများ တရိပ်ရိပ် တက်လာခြင်းကို အယင်ဆုံးတားဆီးပေးပါခင်ဗျား။။
ကောင်းတာလုပ်တာပဲလုပ်ပလေ့စေပေါ့ ၀န်ထမ်းတွေအစားကိုယ်ချင်းစာ ပါလေ.. ဒါမျိုးကမြန်လေကောင်းလေပဲဗျို့
မှန်သဗျာ..........
အဲ့တာဆိုလဲ ၅၀၀၀ တန်ဖုန်းလေး ရအောင် အဘကပဲ ဦးဆောင်ပြီး သက်ဆိုင်ရာကို တိုက်တွန်းပေးဦးဗျို့။ ကျုပ်တို့ နိုင်ငံမှာ ဖုန်းလေးမှ မကိုင်ဖူးပဲ သေသွားတဲ့ လူတွေများလာ လွန်းလို့ဗျို့။
(၇) မြန်မာနိုင်ငံလို နိုင်ငံမျိုးအတွက် စစ်မှန်တဲ့ ပြောင်းလဲမှုတွေ အရှိန်ရလာစေဖို့ Transparency ကို ဖွံဖြိုးအောင် လုပ်ဖို့လိုပါတယ်။ Stock Exchange တွေ ရှိလာခဲ့ရင် စီပွားရေးလုပ်ငန်းတွေအနေနဲ့ Transparency အသက်ဖြစ်လာမှာပါ။ Transparent မဖြစ်တဲ့ အဖွဲ့အစည်းကို ရင်နှီးမြုပ်နှံဖို့ လက်တွန့်ကြမှာပါ။ ဒီအတွက်ကြောင့် စီးပွားရေးလုပ်ငန်းတွေ Transparent ဖြစ်လာကြရင် တိုင်ပြည်ရဲ့ အခွန်ငွေကို တိတိကျကျ ကောက်ခံနိုင်လာမှာပါ။ ဒီ Transparency က စီပွားရေးကို ဥပမာထားပေမယ့် လိုအပ်တာက မြန်မာ့လူ့အဖွဲ့အစည်း တစ်ခုလုံးပါ။ မြန်မာ့လူအဖွဲ့အစည်းကြီး တစ်ခုလုံးကို Check & Balance လုပ်ဖို့ Transparent ဖြစ်ဖို့လိုတယ်လို့ ယူဆတယ်။
-----------
------
(၁) စီပွားရေးမြေညီကွင်းတစ်ခု တည်ဆောက်ရမှာ။ ဒါမှ စီးပွားရေးမှာ လွတ်လပ်စွာ ယှဉ်ပြိုင်နိုင်စွမ်းရှိလာပြီး လူငယ်စွန့်ဦးတည်ထွင်တဲ့ သူတွေ နေရာရလာမှာ။ ဒီလိုဖြစ်ဖို့ ဘက်လိုက်မှုမရှိတဲ့ စီးပွားရေးပေါ်လစီတွေ ချမှတ်ရမယ်။ ပြည်သူအများစုပိုင်ဆိုင်တဲ့ Small & Media Enterprise (SME) တွေ ဖွံဖြိုးလာအောင်ဆောင်ရွက်ရမယ်။ လိုအပ်တဲ့ ကာကွယ်မှုတွေ ဆောင်ရွက်ပေးရမယ်။
(၂) ခေတ်မီပြီး စီးပွားရေးဖွံ့ဖြိုးမှုကို ထောက်ကူပေးနိုင်တဲ့ ဘဏ်စနစ်နဲ့ ခေတ်မီတဲ့ စီးပွားရေးဆိုင်ရာ ဥပဒေ နည်ဥပဒေတွေ ချမှတ်ရမယ်။ စီပွားရေးကိုထောက်ပံ့ပေးမဲ့ Stock Exchange ၊ အရင်းအနှီးကို ထောက်ပံ့ပေးမယ့် Capital Market တည်ဆောက်ရမယ်။ တည်ငြိမ်တဲ့ နိုင်ငံရေးကတော့ မဖြစ်မနေ ရှိဖို့လိုတယ်။
(၃) လယ်ယာစိုက်ပျိုးရေးအတွက် R&D ဘတ်ဂျက် အလုံအလောက်ထားပြီး ပြန်လည် သုံးသပ်ဖို့၊ တောင်သူလယ်သမားတွေကို အသိပညာပေးဖို့ ၀န်ထုတ်ဝန်ပိုး မဖြစ်စေတဲ့ ကူညီမှုတွေ ပေးဖို့ လိုပါတယ်။
(၄) ခေတ်မမီတော့တဲ့ ဆရာဆရာမ အဓီက ပညာရေးကို ပြောင်းလဲပြီး အခြေခံပညာမှစပြီး Student Center Approach ပုံစံပြောင်းလဲရမယ်။ Case Studies & Library oriented Education စနစ်ကို အဆင့်မြင့်ပညာရေးမှာ ပြောင်းလဲရမယ်။ ဆရာဆရာမတွေရဲ့ အရည်အသွေး၊ စာကြည့်တိုက်များရဲ့အရည်အသွေး၊ သိပွံဓါတ်ခွဲခန်းတွေရဲ့ အဆင့်နဲ့ အရေးပါမှုကိုမြင့်တင်ရမယ်။ ဒီအတွက် ပညာရေးဝန်ကြီးဌာန ၀န်ကြီးနဲ့ အကြီးတန်းအရာရှိကြီးတွေအနေနဲ့ နိုင်ငံအတွင်းမှာပဲ မနေဘဲ နိုင်ငံတကာနဲက ပိုမို ဆက်ဆံပြီး Third World Country တွေအတွက် အလကား ရတဲ့ Student Exchange Program၊ Teacher Exchange Program တွေကို မြန်မာ ကျောင်းသားတွေ ဆရာဆရာမတွေ ပါဝင်လာနိုင်အောင် ကြိုးစားပေးရမယ်။ ပြီးတော့ ဘတ်ဂျက်လုံလောက်မှုလည်းရှိရမယ်။
(၅) ၀န်ထမ်းတွေအဆင်ပြေစေဖို့ လစာတိုးပေးတာဟာ အခြေခံအားဖြင့် မှန်တယ်လို့ ပြောနိုင်ပေမယ့် စနစ်တကျ တွက်ချက်မှု၊ ထိန်းကျောင်းမှု မရှိရင် ငွေးကြေးဖောင်းပွမှုကိုဦးတည်တတ်ပါတယ်။ ဒါကြောင့် လစာတိုးပေးတာအစား အစိုးရက Miscellaneous Public Service တွေ (တနည်းအားဖြင့် ပြည်သူထမ်းနေရတဲ့ ၀န်တွေကို အစိုးရက၀င်ထမ်းပေးမှုတွေ) အရင် မြင့်တင်ပေးရမယ်။ ကျန်းမာရေးမှာ စရိတ်မျှပေး စနစ်ကို ဖျက်ပြီး အစိုးရပိုက်ဆံနဲ့ အမှန်တစ်ကယ်ဆေးကုပေးတာ၊ ပင်စင်စားနဲ့ အခြားဝန်ထမ်းတွေအတွက် လှုမှုဖူလုံရေးကို ထိထိရောက်ရောက်လုပ်ပေးတာ၊ ပြည်သူတွေအတွက် အမှန်တကယ်လိုအပ်တဲ့ ရန်ကင်းတိုက်ခန်းတွေလို ယနေ့ခေတ်နဲ့လျော်ညီတဲ့ အိမ်ရာစနစ်တွေ တည်ဆောက်ပေးတာ စတဲ့ အစိုးရက အခွန်ထမ်းပြည်သူကို ပေးရမယ့် Miscellaneous Public Service ကို လုပ်စေချင်ပါတယ်။ ဒီအတွက် ငွေပမာဏ သီခြားထားပြီး လုပ်ဆောင်ရမယ်။ ဒီလို လူမှုဖူလုံရေး လုပ်နေတဲ့အချိန်မှာ စီပွားရေးနဲ့ အလုပ်အကိုင်တွေ ဖွင့်ဖြိုးလာအောင် နိုင်ငံခြားရင်းနှီးမြုပ်နှံမှုကို ဖိတ်ခေါ်တာတွေ၊ အပ်ငွေအတွက် ဘဏ်အတိုးနှုန်း မြင့်မားမှုကြောင့် စီးပွားရေးမလုပ်ပဲ ဘဏ်ထဲရောက်ပြီး ငွေသေဖြစ်နေတဲ့ ပိုက်ဆံတွေကို အပြင်ထွက်လာပြီး အလုပ်အကိုင်အသစ်တွေ ဖြစ်ထွန်းလာစေအောင် ဘဏ်တိုးနှုန်းကို တစ်ဖြေးဖြေးချင် ၃ ရာခိုင်နှုန်းလောက်အထိ လျော့ချပြစ်ဖို့ လိုပါတယ်။ မြန်မာပြည်ရဲ့ Supply chain management system နဲ့ Ethic ကို ပြင်ရမယ်။ တစ်ဖက်မှာ အစိုးရဌာနမှာ ရှိတဲ့ ၀န်ထမ်းတွေကို အရည်အသွေးနဲ့ လစာကို တစ်ဖြေးဖြေးချင် မြင့်တင်သွားဖို့ လိုပါတယ်။ သေချာတဲ့ တွက်ချက်ခန့်မှန်းမှုတွေမရှိပဲ ရုတ်တရက် တိုးပေးတာထက် ပိုတဲ့ စီမံကိန်းတွေ ထားရှိဖို့လိုပါတယ်။
Hello Shwe Man, I like these words and I learned when I was high school student. But now I think you explained yourself and you lost every things already. Because you have not ethic and you practiced a lot of very bad manners in militry channels. You can't cover to your imgaes with some samll activities in a currently.That's better you move from this place as hurry as possible.
နောက် အခွန်လွတ်ဈေးတွေ ပေါ်လာတော့ကောင်းပါတယ်။ ဒါပေမယ့် ဈေးကွက်ထဲကို အနှံ့ဖြန့်ဖို့ သိပ်မထိရောက်ဘူး။ နောက်တစ်ခုက supply and demand... လိုသလောက် ပေးနိုင် မပေးနိုင်။ ဥပမာ ဓါတ်ဆီ၊ ဒီဇယ်ဆီတွေ အခုထက်ထိ မှောင်ခိုရောင်းတာလည်း ရှိနေသေးတယ်။ ဒီဇယ်ဆီ၊ ဓါတ်ဆီမီးစက်မောင်းတဲ့လူက ဓါတ်ဆီဆိုင်မှာ လာဝယ်လို့ မရဘူးမလား။ မြန်မာနိုင်ငံမှာ နေရာအနှံ့အပြားက Grid Power ရနေတာ မဟုတ်ဘူး။ ဒါတွေအသေးစိတ်တွေပါ ထည့်ပေါင်းရင် ကုန်ဈေးနှုန်းတက်စေမယ့် ညွှန်းကိန်းမြင့်နေဦးမှာပဲ။
ဖြင့် လျှပ်စစ်(၁)ဝန်ကြီးဌာနကအရာထမ်းတစ်ဦး၏ စိတ်မကောင်းစွာသော သတင်းဆိုး ရင်ဖွငချက် အရ နိုင်ငံတော်အဆင့် စီမံကိန်းကြီးတွေမှာ နောက်ကွယ်ကနေ ပါဝင်ပတ်သက်နေပြီး
အဂတိလိုက်စားတယ်လို့ပြောနေကြတဲ့ မတန်ဘဲ ရယူထားတဲ့ /အာဏာနဲ့ လုပ်ချင်ရာလုပ်ပြီးထင်ရာစိုင်းနေတဲ့ ဒုတိယသမ္မတ (၈) လုံးကြီးရဲ့ အာဏာ အမိန့်အရ
နိုင်ငံဝန်ထမ်းများ၏ လုပ်ခ လစာစရိတ် များကို အချို့ သော ပြည်ထောင်စုဝန်ကြီးတွေက ရှာပေးရတယ်လို့သိရပါတယ်။
နိုင်ငံတော်ဘတ်ဂျက်ထဲက ကျခံ ပေးထားတာ မဟုတ်ဘူးလို့ ကြားသိရ ပါတယ် ။ ရိုသေလေးစားရပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း မှားနေပြီထင်ပါတယ်။ ၀န်ကြီးဌာန၊၀န်ထမ်းများ၏ လုပ်ခ/ လစာစရိတ် များကို အချို့ သော ပြည်ထောင်စုဝန်ကြီးတွေက ရှာပေးနေရလို့ မီးရထား /လျှပ်စစ် / စည်ပင် စသော ဌာန တွေက အခွန်အခတွေ ကို ၀န်ကြီးဌာနတွေက မိမိဌာနက၀န်ထမ်းတွေကို လစာနဲ့ စရိတ်တွေ ပေးနိုင်ဘို့ မတက်ချင်ဘဲ တိုးကောက်နေရတာ မဟုတ်ဘူးလား ? အဂတိလိုက်စားတယ်လို့ပြောနေကြတဲ့ မတန်ဘဲ ရယူထားတဲ့ /အာဏာနဲ့ လုပ်ချင်ရာလုပ်ပြီးထင်ရာစိုင်းနေတဲ့ ဒုတိယသမ္မတ (၈) လုံးကြီး က ပြည်သူလူထုနဲ့ အခွန်အကောက် တိုးမြှင့်ကောက်ခံနေသော ၀န်ကြီးဌာနတွေနဲ့ ဆူပူ မကျေမနပ် ဆဲဆိုခြင်း ခံရအောင်ရန်တိုက်ပေးနေတာ မဟုတ်ဘူးလား ? ပြည်သူ့ အသံများနားထောင်နေတယ်ဆိုရင်
ပြည်သူလူထုကို ပြန်လည်ပြီး ရှင်းလင်းပေးစေချင်ပါတယ်။
Serious punishments/actions is more important while I am not opposing "raising the salary".
Remember!
Most of bribe takers are really very very rich.
Do you (U Shwe Mann) really think bribery is mainly due to "insufficient income"? That is silly.
တိုင်းပြည်တစ်ပြည်ရဲ့ အရေးအကြီးဆုံးဖြစ်တဲ့ လူဦးရေတောင် မမှန်ဘူးဆိုတော့ သက်ဆိုင်ရာ ဌာနတွေ (ထွေ-အုပ်/ လ၀က/ အမစ/ စီး-ကူး/ သတင်းထုတ်ပြန်ရေးအဖွဲ့) ရှက်တတ်ရင် ထွက်စာတင်ဖို့ ကောင်းတယ်။
နောက်ပြီး 2008 ကတစ်ခါ၊ 2010 မှာတစ်ခါ မဲပေးပွဲတွေ၊ ရွေးကောက်ပွဲတွေ လုပ်ခဲ့တာပဲ၊ ဘာလို့ လူဦးရေက သန်းနဲ့ချီ ကွာအောင် ဘယ်လိုပုံစံနဲ့ မဲ ရေတွက်ခဲ့ကြတာလည်း။
ကော်မရှင်ကို စာရင်းလိမ်တွေပို့ကြလို့လား စဉ်းစားစရာပဲ။
Then, why don't you talk about 5000 Kyat GSM?
Have you ever read "၉၄ ရာခိုင်နှုန်းကို စာနာပါ
Messenger Journal Vol.2 No.38".
Why you are only thinking about government servants which is only less than 10% of general public? Why are you not thinking 94% of people first?Why don't you propose "punishment" on taking bribes. Do you really think "government servants" will not take "bribes" once you increase their salary while you have tried many times before without success?
If you are sincere, think about "5000 Kyat GSM for 94% of general public".
I am sure that MPT and Minister Thein Tun is opposing seriously "item 5" of your speech. I would wait and see your action.
#75 U Kyaw 2012-02-11 13:51
ဒါအမှန်ပဲ
မှန်တယ်။င့ါဝန်ထမ်းတွေလည်းလစာတိုးပေးရတော့မယ်။အမြတ်ပိုရအောင်ကြိုးစားရဦမယ်.
မုန်လုံးစက္ကူကပ်ကြအုံးမှာပေါ့
မထင်ပါ။သတင်းလွတ်လတ်ခွင့်နှင့်ထိရောက်စွာအရေးယူနိုင်မှ။
...ပင်စင်လည်းရ..)တစ်ဝက်ကိုဖြုတ်ပြီ.ကျန်ဝန်ထမ်းတွေကို.လစာနှစ်ဆတိုးလိုက်တာပဲ။
ပြီခဲ့တဲ့တစ်ခေါက် ဘဏ်ဝန်ထမ်းတွေလစာတိုးတော့ ကျွန်တော့်ဝန်ထမ်းတွေ ကိုလည်းတိုးပေးရ…..။
ခုလည်း အစိုးရ၀န်ထမ်းလစာတိုး မီတာခတိုး.ရထားခတိုး.ရေခတိုး.အခွန်တွေကတိုး.အစိုးရ၀န်ထမ်းလစာတိုး.ဘာကြေးညာကြေးအလျှူခံတွေကများ ကုန်ဈေးနှုန်းတိုးတော့ ကျွန်တော့်ဝန်ထမ်းတွေကိုလည်းတိုးပေးရဦးမယ်..သူတို့လည်း ၀ိသမလောဘအမြတ်ကြီးစားပြီး ၁၅၀၀ တန်ကို ၅သိန်း(အယင်က၃၅သိန်း..(၁၀သိန်း၁၅သိန်းဆိုတာအစိုးရ၀န်ထမ်းတွေကိုပဲပြန်ရောင်းဖို့အဓိကထားချပေးတာ))နဲ့ရောင်းတဲ့ဖုန်းလေးတစ်လုံးလောက်တော့ဝယ်ချင်နေကြပြီ.. ကျွန်တော်လည်း စက်မှုဇုံထုတ်ကမ္ဘာ့ဈေးအကြီးဆုံး လိုက်ထရက်ကားစုတ်လေးတစ်စီးတော့လုပ်ငန်းသုံးဖို့လိုချင်သား..
ဒါလည်း ကျွန်တော် သူများတိုင်းပြည်တွေရောက်ပြီးမှ ကိုယ့်တိုင်းပြည်အခြေအနေနဲ့ နှိုင်းယှဉ်ကြည့်မိလို့ မြင်လာတာတွေပါ
သူများတိုင်းပြည် စက်ရုံအလုပ်ရုံတွေမှာ ၂၄နာရီလုံး နေ့ဆိုင်းညဆိုင်းနဲ့ အလုပ်ကို အလုပ်နဲ့တူအောင် လုပ်နေကြပါတယ် ကျွန်တော်တို့ တိုးတက်ကြီးပွါးချင်ရင် အတုယူစရာတွေ ပြုပြင်စရာတွေအများကြီး လုပ်ကြရပါမယ်
ခံစားခွင့်တွေ တိုးမြှင့်ပေးတာကို ထောက်ခံသလို အရည်အချင်းတွေ တိုးမြှင့်ဖို့ကိုလည်း အကြံပြုပါတယ်
ပြည်သူလူထု နှင့်ဝန်ထမ်းများ၏ ရင်ဖွင့်ခံစားချက်များကို နားထောင်နေကြသော နိုင်ငံတော်အဆင့် လူကြီးများ ကိုမေတ္တာရပ်ခံပါတယ်။ အဂတိလိုက်စားတယ်လို့ပြောနေကြတဲ့ နိုင်ငံတော်အဆင့်လူကြီး နှင့် ပုဂ္ဂိုလ်ကြီး များကို လျှို့ဝှက် စုံစမ်းဖေါ်ထုတ်ပြီး (၁၀) ရာခိုင်နှုန်းမှန်ကန်ပါက သမ္မတကြီး၏ ဗွီတိုအာဏာ လုပ်ပိုင်ခွင့် နဲ့ အနား ပေးသင့်တယ်လို့ယူဆပါတယ်။ စံနမူနာပြလုပ်ပေးပါရန် မေတ္တာရပ်ခံ အကြံပေးလိုပါတယ်။ နိုင်ငံတော် အဆင့်ကနေစပြီးတော့ ဒီလိုကိစ္စ ဖြစ်နေတော့ ညွန်ကြား ရေးမှူးချုပ် အဆင့်ကနေ အထက် နိုင်ငံတော် အဆင့်အထိ အဂတိလိုက်စားနေကြတယ်ဆိုတာ ဒီခေတ်ကြီး ထဲမှာမဆန်း တော့ပါဘူး။ ထမင်းစား ရေသောက် ဖြစ်နေကြပြီလေ။
အဂတိလိုက်စားတယ်လို့ပြောနေကြတဲ့ နိုင်ငံတော်အဆင့်လူကြီး နှင့် အချို့သော ပြည်ထောင်စုဝန်ကြီးတွေ ၏အကျင့်ပျက် လာဘ်စားမှုသည် ဒို့တာဝန်အရေးသုံပါးဖြစ်သော-
(၁) ပြည်ထောင်စုကြီးကိုလည်း မပြိုကွဲစေပါ။
(၂) တိုင်းရင်းသားစည်လုံးညီညွတ်ရေးကိုလည်း မပြိုကွဲစေပါ။
(၃) အချုပ်အခြာ အာဏာကိုလည်း မထိခိုက်စေပါ။
၎င်းအပြင် အဂတိလိုက်စားတယ်လို့ပြောနေကြတဲ့ နိုင်ငံတော်အဆင့် လူကြီးနဲ့အချို့သော ပြည်ထောင်စု ၀န်ကြီးတွေ အကျင့် ပျက် လာဘ်စားမှု သည် နိုင်ငံတော်သမ္မတ၏ လမ်းညွန်ချက်ဖြစ်သော တာဝန် နှင့် လုပ်ပိုင်ခွင့်ကို ခွင့်ပြုချက်ရထားကြသော ထိုပုဂ္ဂိုလ်တို့သည် လုပ်ငန်းများလုပ်ကိုင်ရာတွင် အဓိက ဦးတည် ဆောင်ရွက်ရမည့် မူ(၃)ချက်ဖြစ်သော -
(၁) မိမိတို့ နိုင်ငံသားများ၏ အကျိုးစီးပွားကိုလည်း မထိခိုက်စေပါ။
(၂) မိမိတို့ နိုင်ငံ၏ ဂုဏ်သိက္ခာကိုလည်း မထိခိုက် စေပါ။
(၃) မိမိတို့ နိုင်ငံ၏ အချုပ်အခြာ အာဏာကိုလည်ုး မထိခိုက်စေပါ။
သို့သော် ပြည်သူများအမြင်တွင် သံသယကင်းရှင်းစေရန် မိမိတို့၏ကုမ္မဏီ( Triple Dragon ) သားသမီး၊ ဆွေမျိုး အသိုင်းအ၀ိုင်း အကျိုးစီးပွားအတွက် လုပ်ချင်ရာလုပ်ခြင်း ကိစ္စသာရှိပါသည်။ နိုင်ငံတော်အဆင့် နောက်ကွယ်မှ လက်တစ်လုံးခြား ချစားမှုများ သာဖြစ်ပါသည်။
ဒီဖြစ်ရပ်နှင့် Imformation သတင်းတွေကတော့ IT နည်းပညာခေတ်ကြီးထဲမှာ တကမ္ဘာလုံးပျံ့နှံ့နေကြပါပြီ။ အရင် နယကခေတ်တုန်းလို ဖုံးဖိထားလို့ ရတဲ့အရာမဟုတ်တော့ပါဘူး။
ကမ္ဘာကြီးက ကျေးရွာဖြစ်နေပါပြီ။
လွှတ်တော်က ထောက်ခံတယ်။
ဘယ်တော့ လစာတိုးမယ် ဘယ်လောက်တိုးမယ် ဆိုတာ မသိသေး။
ရန်ကုန်စည်ပင်သာယာက ကြေငြာတယ်
ဧပြီ ၁ ရက်က စလို့ ရေဈေးတက်မယ်တဲ့။။။ဈေးမကိုက်ဘူးတဲ့။။။
ဘုရား ဘုရား ဘုရား....
မြန်မာပြည်မှာ ကျန်အစိုးရဌာနကြီးတွေ ဈေးကိုက်ရဲ့လားမသိဘူး။။။
ခုတောင်ရွှေဈေးက ၇ သိန်းခွဲ...
အိမ်က ကလေးများ မြန်မြန် ကျောင်းပြီးပါစေ...
မြန်မြန် အိမ်ထောင်ကျပါစေ.....
-- Smart ဖြစ်သော သူများအားလုံးလိုလို အကွက်ထွင် ရိုက်စားလုပ်ပုံကို သမတအကြံပေး ဦးမြင့်သုံးသပ်ခဲ့သလို "စနစ်တကျ ကြံစည်ထားတဲ့ အကျင့်ပျက် ခြစားမှု (Well-organized system of corruption)- စီးပွားရေးသမားတွေက ဘယ်သူ့ ဘယ်လောက်ပေးရင် ဘာပြန်ရမယ်ဆိုတာ သိသလို အစိုးရအရာရှိတွေဘက်ကလည်း ရေရှည် စို့စို့ပို့ပို့ စားရအောင် လုပ်တယ်။ ရွှေဥဥနေတဲ့ ငန်းကိုမွေးထားသလိုပေါ့။"တဲ့..
-- နောက်တစ်မျိုးက Status Quo (မလုပ်-မရှုပ်-မပြုတ်) နေချင်သူများပါ။ သူတို့ကတော့ အလုပ်ကို ဘာမျှ တာဝန်ယူပြီးမလုပ်ချင်၊ ဘာကိုမှလဲ တာဝန်မယူချင်ပဲ CHANGE ကို အလွန်အမင်းကြောက်ရွံ့နေကြသူများပါ။ အထေက်ကလာသော ညွှန်ကြားချက်ကို အောက်ကို ချပေးလိုက်မယ်၊ အောက်ကတက်လာသော issue ကို အထက်ကို တင်ပြမယ်ဆိုတာလောက်သာ လုပ်လေ့လုပ်ထ၊ လုပ်တတ်ကြတဲ့ သူများသာ ဖြစ်ကြပါတယ်။ ရှင်းရှင်းပြောရရင် Correspondence function သက်သက်လိုဖြစ်နေတတ်ပြီး Challenging နဲ့တွေ့ပြီ၊ ခေါင်းစဉ်အသစ်နဲ့တွေ့ပြီဆိုပါက 'မည်သို့လုပ်သင့်သည်ကို မှတ်ချက်ပြု တင်ပြပါ' ဟု အောက်ကို ပြန်ခိုင်းတတ်သလို 'ဆောင်ရွက်ပါ' ဆိုသော မှတ်ချက်တစ်ခုဖြင့် Decision-making လုပ်လေ့ရှိကြပါသည်။ မိမိကိုယ်နှိုက်က ပိုင်းခြားစိတ်ဖြာ သုံးသပ်နှိုင်စွမ်းရည် မရှိသော်ငြားလည်း အမှားဖြစ်လာပါက တာဝန်ယူလေ့မရှိကြပဲ မိမိလက်အောက်ဝန်ထမ်းအပေါ် ပုံချတတ်ကြသည်လည်း တွေ့ကြရပါသည်။
*** သမတကြီးနဲ့ လွှတ်တော်ဥကဌကြီး တို့ခင်ဗျာ.....
ဝန်ထမ်းခြစားမှုများကို ထိထိရောက်ရောက် ပပျောက်စေချင်လျှင် ယခု နေရာတိုင်းလိုလိုတွင် နည်းမျိုးစုံ၊ ပုံစံမျိုးစုံ အကပ်မျိုးစုံဖြင့် ဆရာတပည့်မွေးပြီး နေရာယူထားကြသော ဌာနအသီးသီးရှိ ညွှန်ကြားရေးမှူးချုပ်များ (Director General)၊ ဦးဆောင်ညွှန်ကြားရေးမှူးများ (Managing Director)နှင့် အနာဂါတ်ရဲ့ မျိုးဆက်သစ်များအား မွေးထုတ်ရာ ကျောင်းအုပ်ကြီးများ နေရာတွင် လုပ်ရည်ကိုင်ရည်၊ နှင့် (integrity) ကိုယ်ကျင့်သိပ်ခါရှိသော၊ Emotional Intelligence Leader (EI Leader) ရှိသော အရပ်သား ၀န်းထမ်းများနှင့် အမြန်ဆုံး အစားထိုးလဲလှည်သင့်ကြောင်း အကြံပြုအပ်ပါသည်။
***ထိုသို့ ပြုလုပ်လိုက်ခြင်းဖြင့်
- အရည်အသွေးရှိသော အရည်အချင်းရှိသော ၀န်ထမ်းကောင်းများ ကြိုးစားချင်စိတ်ပိုမိုရရှိလာခြင်း
- ကျောသားရင်သား မခွဲခြားပဲ အရေးယူလာစေခြင်း
-၄င်းကိုယ်တိုင်လည်း ကူညီဝိုင်းညာပေးမည့် သူမရှိ သဖြင့် အထက်ကိုလည်းမညာ၊ အောက်ကိုလည်းဖုံးဖိကွယ်ဝှက်ခြင်းမရှိ ပကတိအမှန် မြင်စေနိုင်ပါသည်။
***Drawback အနေဖြင့် အအုံအသင်းဖွဲ့ပြီး ၀ိုင်းပြီးချောက်တွန်းခြင်းကိုလည်း မရှုမလှ ခံရနိုင်ပါသည်။
သို့ဖြစ်သောကြောင့် မှန်သည့်ဘက်မှ မြဲမြဲမြံမြံ ထောက်ခံပေးမည့်ရပ်တည်ပေးမှုနှင့် တရားစီရင်ရေးလည်း မဖြစ်မနေ လိုအပ်ပါကြောင်း ထပ်မံ တင်ပြအပ်ပါသည်။
အခုတော့ လူရိုသေရှင်ရိုသေ ဖြေနိုင်ကြတော့မယ်ထင်ပါရဲ့။
(၂) တပြိုင်နက် လာဒ်ပေးလာဒ်ယူ ကိတ်စ ဖြေရှင်းနည်းလေးပါ တင်ပြချင်ပါတယ်။ မိမိကိုယ်တိုင်က ၀န်ထမ်းဖြစ်တာကြောင့် ၀န်ထမ်းတွေအကြောင်း ကောင်းကောင်းနောကျေအောင် သိထားရပါတယ်။ ရတဲ့လစာလေးနဲ့ ၀အောင်စား နည်းနည်းလေးမှ လာဒ်မစားကြနဲ့ ပြောမယ့်အစား .. တတ်နိုင်သမျှ လာဒ်လာဘ မတောင်းယူမိအောင်ကြိုးစား၊ လက်ဖက်ရည်ဘိုးလိုချင်လို့ ပုံစံမျိုး ပြည်သူကို မညစ်မိပါစေနဲ့ ဆိုတာလောက်သာ ပြောတတ်နိုင်အားခဲ့ပါတယ်။
(၃) အခြေခံအကျဆုံးနဲ့ ဘာကြောင့်ဒီလောက် အကျင့်ပျက်ခြစားခြင်းဟာ လျှင်လျှင်မြန်မြန် Virus တစ်ခုလို ဖြစ်သွားခဲ့ရတာပါလဲ?.. ၀န်ထမ်းလောကမှာ အုပ်စုဖွဲ့ Back up ပေး၊ ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီနဲ့ "အကိုကြီး-ညီလေး" ကိတ်စတွေကြောင့် ဆိုတာ ၀န်ထမ်းတိုင်း သိကြမှာပါ။ အဲဒီအုပ်စုလိုက်ရဲ့ ဆရာတပည့်မွေးမှုတွေကတစ်ဆင့် သူ့လူတွေ အကျင့်ပျက်ရင် အရေးယူမခံရအောင် အစွမ်းကုန် ကာကွယ်ပေးကြပါတယ်။ တစ်ခြားအရပ်သားဝန်ထမ်း တစ်ခုခုသာ လုပ်ကြည့် အလုပ်ဖြုတ်ဖို့ ထောင်ချဖို့ ဆိုတာ နည်းနည်းလေးမှ နောက်တွန့်မည် မဟုတ်ပါ။
သတင်းစာမှာကျတော့ အကုန်ပါမလာတော့ဘူး....
အရင်တစ်ခေါက် ဒုတိယအကြိမ် လွှတ်တော် အစည်းအဝေးတွေကျင်းပတုန်းက ဦးခင်အောင်မြင့်နဲ့ ပြည်သူ့လွှတ်တော်ကြားမှာ အငြင်းအခုံဖြစ်စရာ တစ်ခု ဖြစ်ခဲ့ပါတယ်။ အဲဒီတုန်းက ကျတော့ ဦးခင်အောင်မြင့်ပြောတဲ့ ဝေ့လည်ကြောင်ပတ် မိန့်ခွန်းရှည်ကြီးကို သတင်းစာမှာ ပြည့်ပြည့်စုံစုံ ဖော်ပြပေးတယ်ဗျ။
နောက်တစ်ခုရှိသေးတယ်။ ဦးခင်အောင်မြင့်ကို ယဉ်ကျေးမှုဝန်ကြီးကနေ အမျိုးသားလွှတ်တော် ဥက္ကဌ ဖြစ်သွားလို့ဆိုပြီး congratulation လုပ်သလိုလို farewell ပဲ လုပ်သလိုလို အခမ်းအနားတစ်ခုကို သတင်းစာမှာ မျက်နှာဖုံးမှာတောင် ထည့်ပေးတာတွေ့ဖူးသည်။
ဒါတွေကို ကြည့်ရင် အစိုးရသတင်းစာအနေနဲ့ သိသိသာသာ ဘက်လိုက်နေတာထင်ရှားနေပြီ။
ဘာပဲပြောပြော လွှတ်တော်ထဲကို ပြင်ပဂျာနယ်လစ်တွေကို သတင်းယူခွင့်ပြုပေးတဲ့ ပြည်သူ့လွှတ်တော် ဥက္ကဌကြီးကို ကျေးဇူးတင်ပါ၏။ သူ့အနေနဲ့ အဲလို ဘက်လိုက်မယ်ဆိုတာ ကြိုများသိထားသလား မသိ...ဒါကြောင့်များ ပြင်ပမီဒီယာတွေကို လွှတ်တော်ထဲမှာ သတင်းယူခွင့် ပြုတာထင်တယ်။
ဘာပဲဖြစ်ဖြစ် အပြောင်းအလဲကို လိုလားတဲ့ သူရရွှေမန်း VS. အစိုးရဘက်က လူတစ်ချို့
စိတ်ဝမ်းကွဲနေတာ တိုင်းပြည်ရှေ့ရေးအတွက်တော့ ရင်လေးစရာပဲ။
နောက်ပိုင်း အန်တီစုသာ လွှတ်တော်ထဲ ရောက်လာရင် အစိုးရသတင်းစာတွေ ဘယ်လိုများ သတင်းအမှောင်ချဦးမလဲ မသိ။
တိုင်းပြည်အတွက် အရေးကြီးတဲ့ တချို့မိန့်ခွန်းမျိုးတွေကို ဖြစ်နိုင်ရင် website မှာ အသံဖိုင်နဲ့ တင်ပေးကြပါလားဗျာ။
တဲ့ အကြိမ်များ မနည်းတော့ပါ။၆ လ ၁ နှစ်ကြာလျှင် ဒုံရင်းက ဒုံရင်း ပြန်ဖြစ် သွားပါသည်။
လစာတိုးပေးတိုင်း အစိုးရကို မေတ္တာပို့လာသည်မှာ အကြိမ် မနည်းတော့ပါ။သည်လို လစာ
တိုးပေးခြင်းသည် မှန်ကန်သော အဖြေမဟုတ်သဖြင့် အစိုးရလည်း အကြွေးများစွာတင်နေ
သလို လစာသက်သက်မှီခိုနေရသည့်ဝန်ထမ်းများလည်း ယနေ့အထိ ပြေလည်ခြင်းမရှိဖြစ်
နေရပါသည်။
အစိုးရပိုင်းအနေဖြင့် လွှတ်တော်မှာ ထောက်ခံချက်ယူ အတည်ပြု ၀ါဇီက ငွေရိုက်ထုတ်
ပြီး ဖြေရှင်းသည့် အဆင့်မျိုး ကိုတော့ လွယ်လွယ် မဆုံးဖြတ်သင့်ဟု ထင်မြင်ယူဆပါသည်။
အာဆီယံ စံကို ယူချင်တဲ့နေရာတွင် ယူပြီး လစာကိစ္စ မျိုးတွင်လည်း အာဆီယံယူသင့်ပါ
သည်။အာဆီယံ တိုင်းပြည်တွေလို သူများ ၁၀ သိန်းပေးတိုင်း ၀န်ထမ်းများ ၁၀ သိန်းပေး
ရမည်ဟု မဆိုလိုပါ။ဝန်ထမ်းလစာနှင့် စားစရိတ် နေစရိတ် အချိုး၊၀န်ထမ်းလစာနှင့် ခရီး
စရိတ်အချိုးများကို အိမ်နီးချင်းတိုင်းပြည်များ ညှိထားသလို ညှိုထားရပါမည်။
ကုန်ဈေးနှုန်း ကို အစိုးရအနေဖြင့် နိုင်နင်းအောင် ကိုင်တွယ်ရပါမည်။လက်သင့်ရာ စားတော်
ခေါ်သည့် စီးပွားရေးစံနစ်ကို အမြန်ဆုံးပြုပြင်သင့်ပါသည်။ဂိုဏ်းဖွဲ့ လာဘ်စားသည့် ၀န်ထမ်း
များကို ထိရောက်ပြင်းထန်သည့် ပြစ်ဒဏ်ပေးသည့် စံနစ် ကျင့်သုံးသင့်သလို တိုင်းပြည်အ
တွင်း တစ်လုံး နှစ်လုံး သုံးလုံး ကိစ္စများ ကို ထိရောက်စွာနှိမ်နှင်းရပါမည်။
နေထိုင်စားသောက် စရိတ်၊ သွားလာရေး စရိတ်၊ကျမ်းမာရေး စရိတ် များသည် အမြဲတန်း
လိုလို ၀န်ထမ်းလစာ၏ သင့်တင့်သော အချိုးတစ်ခုအတွင်း တည်ငြိမ်နေပါမှ ၀န်ထမ်းများ
အဆင်ပြေမည်ဖြစ်ပါသည်။
လွှတ်တော် ကိုယ်စားလှယ်ကြီးများ အနေဖြင့် စင်္ကာပူလို နိုင်ငံမျိုးကို အတုမယူဘဲ အနီးအနား
မိမိတိုင်းပြည်နှင့် တန်းတူဖြစ်သည့် ဗိယက်နမ် လာအို စသည့် တိုင်းပြည်များ၏ အစိုးရ၀န်ထမ်း
လစာနှုန်း နေထိုင် စားသောက်မှု ခရီးစရိတ်အချိုးတို့ကို ဆောလျှင်စွာ မေးမြန်းစုံစမ်း အတုယူ
သင့်ပါသည်။
နည်းလမ်းလေးတစ်ခုတော့ အကြံပေးချင်ပါတယ်။
နိုင်ငံတော်အဆင့်မှစ၍ တာဝန်နှင့်လုပ်ပိုင်ခွင့် ရှိသူများ၏ ချစားခြင်း၊လာဘ်စားခြင်းများ ဖြစ်ပေါ်လာပါက-
(၁) နိုင်ငံတော်သမ္မတမှစ၍ နိုင်ငံတော်အဆင့် အကြီးမားဆုံးလာဘ်စားတာ/ အဂတိလိုက်စားတာ တွေအပါအ၀င် ဥပဒေ ၏အထက် မည်သူမျှ မရှိစေရဘဲ လာဘ်ပေးလာဘ်ယူမှုကဲ့သို့ အဂတိ လိုက်စားမှု များကို သတင်းမီဒီယာများမှ တဆင့် လက်ခံနားထောင်ရပါမည်။ ၄င်းသတင်းများအပေါ် စုံစမ်း စစ်ဆေး ရပါမည်။
(၂) အရေးယူ အပြစ်ပေးနိုင်ရေး ဖြစ်ပွားသည့်ဌာနမပါရှိစေဘဲ မတူညီသော ၀န်ကြီးဌာနပေါင်းစုံမှ စစ်ဆေးရေးအဖွဲ့ (၃)ဖွဲ့ ထားရှိ၍ ဖြစ်စဉ်တစ်ခုတည်းအား (ထပ်ဆင့်) (ထပ်ဆင့်) (ထပ်ဆင့်) ၃ဆင့်ဖော်ထုတ် စစ် ဆေး အရေးယူ အပြစ် ပေးခြင်းများ ပြုလုပ်နိုင်လျှင် ကောင်းမွန်ပါသည်။
(၃) ထိုသို့ မလုပ်ပါက ထိုစစ်ဆေးရေးအဖွဲ့၏ တာဝန်နှင့်လုပ်ပိုင်ခွင့် ချစားခြင်း၊လာဘ်စားခြင်းများ ထပ်မံ ဖြစ်ပွား လာနိုင်ပါသည်။ ထိုစစ်ဆေးရေးအဖွဲ့ အား ပုံမှန်ထားရှိခြင်းမျိုး မဖြစ်စေရပါ။
(၄) ထိုတာဝန်နှင့် လုပ်ပိုင်ခွင့်ရှိသော ထိုစစ်ဆေးရေးအဖွဲ့များ အပေါ်သတင်းမီဒီယာနှင့် ပြည်သူလူထု/ ၀န်ထမ်း များ/ တပ်မတော်သားများမှ စောင့်ကြည့် သတင်းပေးဖော်ပြပေးနိုင်ရပါမည်။
(၅) ထိုတာဝန်နှင့် လုပ်ပိုင်ခွင့်ရှိသော ထိုစစ်ဆေးရေးအဖွဲ့များ၏ သွားလာရေး/ နေရေး/ထိုင်ရေး/ စားသောက်ရေး နှင့် စစ်ဆေးရေး ဆိုင်ရာအပေါ် သက်ဆိုင်ရာ စစ်ဆေးခံရသည့် ဌာနများအပေါ် ၀န်ထုတ် ၀န်ပိုး မဖြစ်စေဘဲ နိုင်ငံတော်မှ တိုက်ရိုက် တာဝန်ယူပေးနိုင်စေလိုပါသည်။
ငွေကောက်ခံသူကို ငွေပေးမကိုင်ပါနဲ့။
ငွေသုံးစွဲသူကို ငွေပေးမကိုင်ပါနဲ့။
အရမ်းလွယ်ကူပြီး အရမ်းရှင်းလင်းမနေဘူးလား။ ဒီလောက် လွယ်ကူတဲ့ ကိစ္စကို ဘာဖြစ်လို့ ရှုပ်ထွေးအောင်လုပ်နေကြတာလဲ။
ငွေကောက်ခံသူကို ငွေမကိုင်ခိုင်းပါနဲ့ဆိုတာက
အခွန်ထမ်းပြည်သူကို ချလံပေးပြီး ကိုယ်တိုင် ဘဏ်သွားသွင်းခိုင်းပါ။
လျှောက်လွှာဖိုး၊ မိတ္တူဖိုး၊ ဓါတ်ပုံဖိုး၊ စာရွက်စာတမ်းဖိုး၊ ထောက်ခံချက်ဖိုး အားလုံး ဘာဆိုဘာမှ ငွေသားနဲ့ လက်မခံပဲ ကျသင့်ငွေအားလုံးကိုး ငွေသွင်းချလံမှာ အတိအကျ ရေးပြီး အခွန်ထမ်းပြည်သူကိုယ်တိုင် မဖြစ်မနေ ဘဏ်ကို သွားသွင်းခိုင်းပါ။ ငြင်းဆန်တဲ့ အခွန်ပြည်သူကို ထိရောက်ပြင်းထန်စွာအရေးယူလိုက်ရင် ကိစ္စတစ်ခု ပြီးပြီပေါ့။
ချလံရေးပေးလို့မရတဲ့ကိစ္စမျိုး (ဥပမာ-တိုးဂိတ်ဖြတ်သန်းခ၊ နယ်စပ်ဂိတ် အဝင်အထွက်ခလိုမျိုးတွေ) ဆိုရင်လည်း ငွေရပြေစာကို ရုံးချုပ်အဆင့်လောက်က ကျသင့်ငွေ အတိအကျ ပုံနှိပ်ထားတဲ့ ငွေရပြေစာနဲ့ ကောက်ခံခိုင်းပါ။ အခွန်ကောက်ခံသူက မိမိအစီအစဉ်နဲ့ ပြောစာပုံနှိပ်ပြီး ရေးချင်သလိုရေး၊ အစစ်ဆေးခံတဲ့ လက်ခံပြေစာက တစ်မျိုး၊ မြေပြင်မှာ ကောက်ခံတဲ့ပြေစာကတစ်မျိုးနဲ့ လုပ်ချင်တိုင်းလုပ်နေတာတွေကို ရပ်တံ့လိုက်ပါ။ ကျသင့်ငွေ ကျပ် ကို ကွက်လပ်ထားပြီး လက်ရေးနဲ့ ငွေပမာဏရေးတဲ့ ပြေစာမျိုးကို အသုံးမပြုခိုင်းပါနဲ့။
comment ကအရမ်းရှည်နေလို့ ဒုတိယပိုင်းကို အောက်မှာ ဆက်ရေးပါမယ်။
အားလုံးကို ချက်လက်မှတ်နဲ့ ပေးချေခိုင်းပါ။ အခုဖြစ်နေတာက လုပ်ငန်းလုပ်ကိုင်သူကို ငွေသားထုတ်ပေးနေတယ်။ အဲဒါလုံးဝကို မှားယွင်းပါတယ်။ စီမံကိန်းတစ်ခုလုပ်မယ်ဗျာ။ ကျောက်ဖိုးကို ပစ္စည်းပေးသွင်းသူသို့ ကျသင့်ငွေ ချက်နဲ့ ချေပေးပါ။ ထိုနည်းအတူ ဘိလပ်မြေ၊ သစ်၊ သံချောင်း၊ သဲ၊ အုတ် စတဲ့ လုပ်ငန်းသုံးပစ္စည်းအားလုံးကို ချက်လက်မှတ်နဲ့ အမှန်တကယ် ပစ္စည်းပေးသွင်းသူ အမည်နဲ့ လက်ထဲ တကယ်ပေးချေပေးပါ။ လုပ်အားခကိုလည်း ထိုနည်းတူစွာ တကယ်အလုပ်လုပ်သူ လုပ်သားခေါင်းဆောင် အစုအဖွဲ့ကို ချက်လက်မှတ်နဲ့ လက်ထဲအရောက် ပေးချေပါ။ မူလတွက်ချက်စဉ်က ကျောက်ဖိုး သိန်း၁၀၀ ကုန်မယ်ဆိုပေမယ့် တကယ်ပေးချေတဲ့အခါမှာ သိန်း ၈၀နဲ့ ရကောင်းရနိုင်ပါတယ်။ ပိုတဲ့သိန်း ၂၀ကို မူလ စီမံကိန်းထဲမပါပေမယ့်လည်း နောက်လုပ်ငန်းတစ်ခုမှာ ဆက်သုံးစွဲပါ။ အခြား လုပ်ငန်းသုံး ပစ္စည်းတွေ၊ လုပ်အားခကုန်ကျစရိတ်တွေလည်း မူလတွက်ချက်စဉ်က သိန်း(၁၀၀)ဖြစ်ပေမယ့်လည်း သိန်း ၈၀လောက်နဲ့ ပြီးချင်ရင် ပြီးသွားနိုင်ပါတယ်။ ကျွန်တော်တို့တိုင်းပြည် မတိုးတက်တာ သိန်း ၁၀၀ တန်တဲ့ လုပ်ငန်းတစ်ခုဆိုရင် တကယ့်မြေပြင်မှာ သိန်း ၅၀ လောက်နဲ့ လုပ်နေလို့ပါ။ ပိုတဲ့ သိန်း၅၀ကို ဝန်ကြီး၊ ညွှန်ချုပ်၊ ညွန်မှူး၊ ရုံးချုပ်အဆင့်၊ ပြည်နယ်အဆင့်၊ ခရိုင်အဆင့် ၊ မြို့နယ်အဆင့် အရာရှိပေါင်း အဆင့်ဆင့်က ဝါးမြိုနေကြလို့ပါ။ ဒီကိစ္စကို မြေလှန်ဖြေရှင်းသင့်ပါတယ်။
ချက်နဲ့ပေးချေဖို့က စီမံကိန်းလုပ်ငန်းတွေမှမဟုတ်ပါ။ စက္ကူတစ်ထုပ်ဝယ်တာကအစ၊ ဘောပင်ဝယ်တာကအစ၊ စားပွဲ၊ ထိုင်ခုံ၊ မီးချောင်း၊ကွန်ပျူတာ၊ အစစအရာရာ ရုံးသုံးပစ္စည်းဝယ်ယူရာမှာ ဝယ်ယူတဲ့ဆိုင်ပိုင်ရှင်နံမည်နဲ့ ချက်လက်မှတ်ရေးပြီး ပေးချေပါ။ ချက်လက်မှတ် လက်မခံတဲ့ဆိုင်ဆိုရင် လက်ခံတဲ့ဆိုင်ကို ပေးချေပါ။ နောက်ပိုင်း ချက်လက်မှတ် လက်မခံတဲ့ဆိုင်ဆိုတာ ရှိလာမှာ မဟုတ်ပါဘူး။
နောက်အရေးအကြီးဆုံး တစ်ခုက လာရောက်စစ်ဆေးပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားတဲ့နေရာမှာ ကိုယ့်စားရိတ်နဲ့ ကိုယ်လာကြပါ။ ကိုယ့်ဆီကိုယ်ထဲ့၊ ကိုယ့်ထမင်းဘူးနဲ့၊ ကိုယ့်ရေသန့်ဘူးနဲ့လာကြပါ။ လက်ဆောင်ပစ္စည်း ပေးတဲ့ အစစ်ဆေးခံ တဲ့သူ ကို ထိရောက်ပြင်းထန်းစွာ အရေးယူပါ။ တည်းခိုခ၊ စားသောက်ခ၊ အမှန်ကုန်ကျစရိတ်တွေကို သက်ဆိုင်ရာ ဦးစီးဌာနက အမှန်ကုန်ကျစရိတ်အတိုင်းကျခံပါ။
ဒါဆိုရင် လာဘ်ပေးလာဘ်ယူကိစ္စ သိသိသာသာ ရှင်းလင်းသွားပါလိမ့်မယ်။ ဘယ့်နှယ်ဗျာ။ ဒုသမ္မတ အဆင့် တိုင်းခန်းလှည့်လည်တာ သက်ဆိုင်ရာ မြို့နယ်တွေက သိန်းပေါင်း ရာချီကုန်ရတယ်လို့။ ကိုယ့်စရိတ်နဲ့ ကိုယ်လာပေါ့။ အဲဒီတော့ အစစ်ဆေးခံတဲ့မြို့နယ်က အုပ်ချုပ်ရေးမှူးတွေက ကုန်ကျစရိတ်ကို မဟုတ်တဲ့ နည်းနဲ့ ရှာရော။ ရှာတော့လည်း အမှန်ကုန်ကျတာထက် ပိုပြီး ကိုယ့်အတွက် ပိုကျန်အောင် ရှာကြတယ်လေ။ တကယ်ဆို သူတို့ နယ်မြေကွင်းဆင်းလို့ ကုန်ကျမယ့်ငွေကို အကျိုးရှိအောင် အသုံးချမယ်ဆိုရင် ဆေးရုံတွေ၊ စာသင်ကျောင်းတွေ၊ အများပြည်သူအတွက် အသုံးဝင်မယ့် အဆောက်အဦး၊ လမ်းတံတားတွေ အများကြီး ဖြစ်လာမှာပါ။
But, need to consider carefully that how many times goverment can adjust or raise the salary?
Do you think that the higher salary can solve the problem?
Why don't you consider to control the inflation?
For Example; In Singapore the prices are not much change compare to now and last 10 years ago.
The goverment must do a lot ,not only salary.
ရေတိုကုထုံးလို့ ဆိုတာလက်မခံပါ...မိမိသည်... ဂွင်ဖန်လို့မရတဲ့ဌာနတစ်ခုမှဝန်ထမ်းတစ်ဦးပါ...အဲဒီလို ၀န်ထမ်းတွေအများကြီးပါ...မုဒိတာပွားကြပါ...လစာ တိုးပေးလို့ ကုန်ဈေးနှုံးတက်တာဟာ အစိုးရနှင့် မဆိုင်ပါ...၀ိသမလောဘကြောင့်ဖြစ်ရတာပါ..အဲဒီသူတွေကို အပြစ်တင်ကြဖို့ ၀ိုင်းပြုပြင်ကြဖို့ကောင်းတာ...အခုတော့လွဲနေတယ်လို့ ထင်ပါတယ်... တစ်ကယ်တော့..အိမ်နီးချင်းနိုင်ငံတွေ မှာရနေတဲ့လစာနှုံးထက် အများကြီးနိမ့်နေတာ လေ့လာတဲ့သူဆိုသိကြမှာပါ.. သူများနိုင်ငံမှာရော ဘာလို့ကုန်ဈေးနှုံးအကြောင်း မပြကြတာလဲ...တစ်ကယ်ဆိုရင်...ဒို့နိုင်ငံမှာ အားလုံး သာတူညီမျှစီးပွားရေးလုပ်ပိုင်ခွင့် ရကြဖို့ ပိတ်ဆို့မှုတွေမရှိဘဲ...စီးပွားရေးကို သူများနိုင်တွေလို လုပ်ကိုင်နိုင်ခွင့်...အခွင့်အလန်းတွေဖန်တီးနိုင်ဖို့... ရင်းနှီးမြုပ်နှံနိုင်မဲ့ အခွင့်အလန်းတွေ တရားသဖြင့် ဖွင့်ပေးကြဖို....တရားသဖြင့်လုပ်အားခတွေပေးကြဖို့ လိုတာပါ...ကုန်ဈေးနုံးဆိုတာ...ဈေးကွက်စီးပွားရေး တစ်ကယ်ပီပြင်ရင်...ဈေးကွက်ကပြဌာန်းသွားတာပါ လွဲနေတာတွေပြင်ကြဖို့....ဝေဖန်လိုက်ရရင်ပြီးရော စိတ်နဲ့သူတစ်ပါးအတွက်ဘယ်လောက်ထိခိုက်မှာ လည်းမဆင်ခြင်ဘဲ...လျှောက်ရေးနေကြတာပြင်ကြ...ဖို့လိုကြောင်းမြင်ပါတယ်....
ဒီလိုအချိန်မှာ ဒီလိုပုဂ္ဂိုလ်မျိုးက ဒီလိုစကားမျိုးကို တိုင်းသိပြည်သိ ပြောဆိုလာတယ်ဆိုတာ ဂုဏ်ယူစရာပါ
သူဟာ အရင် စစ်အစိုးရရဲ့ ထိပ်တန်းခေါင်းဆောင်တစ်ဦးဖြစ်ခဲ့ပေမယ့် နောက်ပိုင်းမှာ သူပြောလာတာတွေက မှန်ကန်တဲ့အပြောင်းအလဲတွေဖြစ်ဖို့ကို ဦးဆောင်ပြောနေတာတွေကိုတွေ့ရတယ်....ဒါနိုင်ငံရဲ့ကောင်းတဲ့ လကဏယပဲ.....သူ့လို မပြောင်းသေးတဲ့ ၀န်ကြီးတစ်ချို့နဲ့ အစိုးရအဖွဲ့ခေါင်းဆောင်တစ်ချို့ကျန်နေသေးတယ်...ဒါကို ဦးရွှေမန်းအနေနဲ့ပဲ ဦးဆောင်ပြောင်းလဲပေးပါလို့ တိုက်တွန်းပါတယ်..