Tuesday, August 21, 2012

တာချီလိတ်လေဆိပ်မှ လေဆိပ်တာဝန်ခံ ဦးမိုးသူရတင်၏လုပ်ရပ်များ


တာချီလိတ်လေဆိပ်မှ လေဆိပ်တာဝန်ခံ ဦးမိုးသူရတင်၏လုပ်ရပ်များ 
-ရွာသားလေး
-၁၇.၈.၂၀၁၂

တာချီလိတ်မြို့တွင်လောင်းကစားဝိုင်းများ(ဘောလုံးခုံ)များ အားလိုက်လံ ဖမ်းဆီးနေသည်ဆိုသည်သာသတင်းများကြားနေရပါသည်။
သို့သော် တာချီလိတ်လေဆိပ်မှ ဦးမိုးသူရတင်၏ညီအမည်ခံဖွင့်ထားသောဆိုင်တွင် ဘောလုံးခုံများချထားသည်ကို သက်ဆိုင်ရာလူကြီးများက မသိသေးတာလား ဆိုတာကတော့နဲနဲထူးဆန်းနေပါသည်။
ထိုဘောလုံးခုံဖွင့်ထားသောဆိုင်မှာ သူ့ညီအမည်ခံသာဆိုသော်လည်း ဦးမိုးသူရတင်၏ ဆိုင်သာဖြစ်ပါသည်။
ဦးမိုးသူရတင်၏ လုပ်ရပ်များအား စာဖြင့်ရေးရလျှင် တော်တော်နှင့်ပြီးမည် မဟုတ်ပါ။
တာချီလိတ်လေဆိပ်တွင်ထိုကဲ့သို့အကျင့်ပျက်ပြားနေသော အရာထမ်းမျိုးကို ဆက်လက်ထားထားပါက မလိုလားအပ်သော ပြသာနာ များဖြစ်လာမည်စိုးသဖြင့် လေကြောင်း ထိန်းသိမ်းရေး()မှ တာဝန်ရှိသူများ သိစေရန်နှင့် အရေးယူပေးပါရန် တင်ပြအပ်ပါသည်။

မှတ်ချက်။ ။
ဦးမိုးသူရတင်၏အရာရှိမဆန်သော လုပ်ရပ်များမှာ ကျန်ရှိ နေသေးသည်ကို အခါအခွင့်သင့်လျှင် သင့်သလို ဆက်လက် ရေးသားသွားမည် ဖြစ်ကြောင်း တင်ပြအပ်ပါ သည်ခင်ဗျား။။။

ရွာသားလေး

ရင်ဖွင့်တိုင်ကြားခြင်း


ရင်ဖွင့်တိုင်ကြားခြင်း
------------------------------------

အင်းတကော် (အင်းတိုင်) လုံခြုံရေးရဲဂိတ် ကုန်တင် ယာဉ်ကားများ ပေါ်တွင် ငွေညှစ်တောင်းခံခြင်း ကြောင့် ကုန်စည်စီးဆင်းမှုတွင် အနှောင့်အယှက်ဖြစ်ခြင်း


အင်းတကော် (အင်းတိုင်) လုံခြုံရေးရဲဂိတ် ကုန်တင် ယာဉ်ကားများ ပေါ်တွင် ငွေညှစ်တောင်းခံခြင်း ကြောင့် ကုန်စည်စီးဆင်းမှုတွင် အနှောင့်အယှက်ဖြစ်ခြင်း
-ကိုလူမှန်
-၁၁.၈.၂၀၁၂
ဟစ်တိုင်တဆင့် မြန်မာနိုင်ငံမှာရှိတဲ့ တာဝန်ရှိသူတွေသိအောင် ဖော်ပြပေးပါခင်ဗျာ.။
အင်းတိုင်/ အင်းတကော် လုံခြုံရေးဂိတ်၌ တာဝန်ကျသော ရဲတပ်ဖွဲ့သည် အလုပ်သမား ခေါင်းဆောင်တစ်ဦးအား ငွေတောင်းရန် Informerမွေး၍ ကုန်တင်ယာဉ်များအား ငွေတောင်းခံခြင်းများ ပြုလုပ်နေပါသည်။ အမြို့မြို့မှ ဖြတ်သန်းသွားလာသော ကုန်တင် ယာဉ်များကိုလည်း မြ၀တီ/ ရန်ကုန် ကားများကဲ့သို့ တစ်စီးလျှင် 30,000 မှ 50,000 ကြား စာအိတ်နှင့် တောင်းခံနေပါသည်။
၎င်းတို့တောင်းခံသောငွေအား မပေးသော ကုန်တင်ယာဉ် များအား လုံခြုံရေးနှင့်မဆိုင်သော စာရွက်စာတမ်းများတောင်းခံခြင်း၊ အမျိုး မျိုးသော စစ်ဆေးမှုများပြုလုပ်၍ နှောင့်နှေးကြန့်ကြာအောင် ကားများရပ်တန့် ထားခြင်းများ ပြုလုပ်ပါသည်။
ရန်ကုန်မြို့ လုံခြုံရေးအတွက် ၄င်းဂိတ်ထားရှိမှုသည် မြို့လုံခြုံရေးအတွက် အကျိုးသက်ရောက်မှုမရှိပါ။
ငွေတောင်းခံရေးဂိတ် (RK) ဂိတ်သာ ဖြစ်ပါသည်။
ဤကဲ့သို့ ပြုလုပ်ခြင်းကြောင့် မမှန်မကန် (မှောင်ခို) အားပေးခြင်း၊ ကုန်သွယ်မှုကို အနှောင့်အယှက် ဖြစ်ခြင်း၊ တိုင်းပြည်၏ အခွန်ဘဏ္ဍာအား ထိခိုက်ခြင်း စသည့်နစ်နာမှုများ အကျင့်ပျက် ၀န်ထမ်းများ များနေပါသည်။

တိုးတက်ဖွံ့ဖြိုးမည့် တိုင်းပြည်အတွင်း ၄င်းလူမျိုးနှင့် ၄င်းဝန်ထမ်းများရှိနေခြင်းမှာ Good Government/ Clean Government ဖြစ်စေရန် အခွင့်အလမ်းများစွာအား အဟန့်အတား ဖြစ်စေပါသည်။
သို့ဖြစ်၍ အထက်ဖော်ပြပါ ကိစ္စရပ်များအား ပံ့ပိုးပေးခြင်း နှင့် အင်းတိုင် (အင်းတကော်) ရဲဂိတ်ရှိရဲတပ်ဖွဲ့အား လုံခြုံရေးနှင့်မဆိုင်သော စစ်ဆေးမှုများ ပြုလုပ်ခဲ့လျှင် ထိရောက်စွာ တားဆီးပေးစေ ချင်ပါသည်။


-ကိုလူမှန်

-၁၁.၈.၂၀၁၂

မိုးထိမိုးမိတောင် ဇုံ-၉ တွင် ဆိုင်းနေသော ရွှေလုပ်သားများ၏ နေအိမ်တဲများအတွင်းသို့ အတင်းဝင်ရောက်ရှာဖွေ


မိုးထိမိုးမိတောင် ဇုံ-၉ တွင် ဆိုင်းနေသော ရွှေလုပ်သားများ၏ နေအိမ်တဲများအတွင်းသို့  အတင်းဝင်ရောက်ရှာဖွေ 
-ယမင်းအေး
-၁၁.၈.၂၀၁၂

မြန်မာနိုင်ငံနိုင်ငံရေးအကျဉ်းသားမိသားစုများအကျိုးဆောင်ကွန်ယက်
သတင်းထုတ်ပြန်ကြေငြာချက်
၁၃၇၄ ခုနှစ်၊ ဒုတိယ ၀ါဆို လပြည့်ကျော် (၁၀) ရက်နေ့
( ၂၀၁၂ ခုနှစ်၊ သြဂုတ်လ (၁၂) ရက် )
(၁၂.၈.၂၀၁၂)
မိုးထိမိုးမိဒေသ၊ ရမည်းသင်းမြို့နယ် ရွှေတူးဖော်ရေးလုပ်ငန်းများလုပ်ကိုင်လျှက်ရှိသော မိုးထိမိုးမိတောင်ပေါ် တွင် နိုင်ငံတော်ကာကွယ်ရေးဝတ်စုံ(ပျောက်ကျားဝတ်စုံ)များကို ဝတ်ဆင်ပြီး တုတ်(ရာဘာနံပါတ်တုတ်၊ ဝါးရင်းတုတ်)၊ ဓါး၊ လက်ထိပ်များတပ်ဆင်ထားသော အမျိုးသားကြီးပွားတိုးတက်ရေး အုပ်စုကုမ္ပဏီလီမီတက်မှ ခေါ်ယူဖွဲ့စည်းထားသော လှုပ်ရှားတပ်ဖွဲ့ (အင်အား-၁၀၀-ခန့်) သည် ရွှေလုပ်ငန်းများပြန်လည်လုပ်ကိုင်ရန်စောင့် ဆိုင်းနေသော ရွှေလုပ်သားများ၏ နေအိမ်တဲများအတွင်းသို့ အတင်းဝင်ရောက်ရှာဖွေသိမ်းဆည်းနေပါသည်။
ထို သို့ရှာဖွေသိမ်းဆည်းရာတွင် ရှာဖွေစစ်ဆေးခွင့် စာရွက်စာတမ်းများ ပြသခြင်းမရှိသလို နိုင်ငံတော်မှတရားဝင်ဖွဲ့ စည်းထားသော ပြည်သူ့ရဲဝန်ထမ်းများ၊ ခရိုင်အုပ်ချုပ်ရေးမှူးမှ နေရာချထားပေးထားသော ဈေးတန်း ရာအိမ်မှူး များ တစ်ဦးမှမပါဝင်ပါ။
အမျိုးသားကြီးပွားတိုးတက်ရေးအုပ်စုကုမ္ပဏီသည် မိုးထိမိုးမိတောင်ပေါ်တွင် ၁၄.၆.၂၀၁၂ရက်နေ့တွင် ရွှေလုပ်သားများနှင့် နှစ်ဦးသဘောတူစာချုပ် ချုပ်ဆိုပြီးနောက်ပိုင်းတွင် စာချုပ်ပါ အချက်အလက်များကို ချိုးဖောက်နေသလို ရွှေလုပ်သားများ၏ အသက်အိုးအိမ် ဘဝလုံခြုံမှုများကို ခြိမ်းခြောက်နေပါသည်။


မိုးထိမိုးမိတောင် ဇုံ-၉(ဘတ်ဖိုး)တွင် (၉.၈.၂၀၁၂)ရက်နေ့မြင်ကွင်းများ--့




ဗွီဒီယိုဖိုင်များကိုဆက်လက်ပေးပို့ပါမည်။
နိုင်ငံရေးအကျဉ်းသားများ မိသားစု အကျိုးဆောင် ကွန်ယက်
သတင်းနှင့်ပြန်ကြားရေးဆပ်ကော်မတီ
(၁၂.၈.၂၀၁၂)

နေပြည်တော်တိုးဂိတ်တွင် တန်ပိုတင်လျှင် ထောင်ချခံရမည်


နေပြည်တော်တိုးဂိတ်တွင် တန်ပိုတင်လျှင် ထောင်ချခံရမည် 
-အဖိနှိပ်ခံကားသမားများ
-၁၆.၈.၂၀၁၂

သို့
အယ်ဒီတာကြီးခင်ဗျာ

၁၄.၈.၂၀၁၂တွင် နေပြည်တော်တိုးဂိတ်တွင် ဆောက်လုပ်ရေးဝန်ကြီးငှာနမှ တန်ပို့ တင်သော ကားများအား တရားစွဲဆိုထောင်ချမည်ဟု ပြောကြားပါသည်။
၎င်းလူများတန်ပိုတင်ဆောင်ခြင်းသည် နိုင်ငံတော်ပုန်ကန်မှု့ မူးယစ်ဆေးဝါးမှု့ လက်နှက်မှု့မဟုတ်ပဲ ထောင်ချခံရမည်ဖြစ်ကြောင်း --
ကားဆရာတစ်ဦးမှပြောကြားပြီး မိမိတို့ကားသမားများသည် ဒီမိုကရေစီမရရှိသေးပဲ အဖိနှိပ်ခံဘ၀ဖြင့် ဆောက်လုပ်ေ၇းဝန်ကြီး ခင်မောင်မြင့်၏ ရုတ်မှာရက်စက်မှု့များခံနေရခြင်းဖြစ်ကြောင်း-
၎င်းဝန်ကြီးသည် အလုပ်ပြုတ်ရုံမကပဲ အသေဆိုးနင့်သေပြီး နောင်ဘ၀ အ၀ီိစိတွင် ကျိုးကတ်မည့်လူဖြစ်ပါစေဟု ကားသမားများမှာ ဆုတောင်းနေကြကြောင်း သိရှိရပါသည်။

ကုန်ဈေးနှုန်းတက်ခြင်းရန်သူ ---- ခင်မောင်မြင့် ကားသမားများ၏ရန်သူ ---- ခင်မောင်မြင့် ကားအုံနာများ၏ရန်သူ ---- ခင်မောင်မြင့် လမ်းပိတ်ဆို့ခြင်း၏ရန်သူ ---- ခင်မောင်မြင့်

-အဖိနှိပ်ခံကားသမားများ