Thursday, July 12, 2012

ယုံကြည်မှုကွန်ယက်မှ ငြိမ်းချမ်းရေးကွန်ယက်ဆီသို့...

ယုံကြည်မှုကွန်ယက်မှ ငြိမ်းချမ်းရေးကွန်ယက်ဆီသို့...:
ယုံကြည်မှုကွန်ယက်မှ ငြိမ်းချမ်းရေးကွန်ယက်ဆီသို့

လူသားချင်း စာနာစိတ်ဖြင့် လွတ်လပ်ခြင်း၊ ငြိမ်းချမ်းခြင်းတို့ကို လိုလားကြသော လူမှုရေးသမားများ သည် စာပေ၊ ဂီတ၊ ရုပ်ရှင်၊ ပန်းချီ အစရှိသည့် အနုပညာ နယ်ပယ်အသီးသီးမှ ပေါ်ထွန်းလာသော၊ ပြည်သူ လူထုအတွင်းမှ မွေးဖွားလာသော ကိုယ်ကျိုးစွန့်ကြသည့် လူသားများဖြစ်ကြသည်။ မိမိတို့၏ နယ်ပယ်အ သီးသီးမှ အများအကျိုးသယ်ပိုး ထမ်းရွက်ပေးဆပ်ကြသူအချင်းချင်း လက်တွဲခေါ်ဆောင်ကြကာ မိမိတို့ လိုလားသော ငြိမ်းချမ်းရေး အပြည့်အဝရရှိ၍ သာယာဝပြောသော နိုင်ငံတော်သစ်ဆီသို့ အတ္တများဖြုတ်ကာ လျှောက်လှမ်းကြရန်အတွက် အရေးကြီးလှသည်။ ထိုကဲ့သို့ ပရဟိတစိတ်ဓါတ်ဖြင့် အချင်းချင်းလက်တွဲ မဖြုတ် ဦးတည်ရာ ရည်ရွယ်ချက်ပန်းတိုင်သို့ ချီတက်ကြခြင်းကို လူမှုကွန်ယက်ဟုလည်း သတ်မှတ် နိုင်သည်။
 
လူမှုကွန်ယက် တစ်ခုဖြစ်သော “လွတ်လပ်ငြိမ်းချမ်း ပန်းရဲ့လမ်း လူမှုကွန်ယက်” မှ ဦးရဲလွင်၊ ကိုသားထွေးတို့ ကွန်ယက်သည် ရန်ကုန်မြို့တွင်ရှိ လ္ဘက်ရည်ဆိုင်များ၊ ကုန်တိုက်များမှ ခြေလှမ်းစကာ အထက်မြန်မာပြည်မြို့အနှံ့နီးပါး ကိုယ်ကျိုးစွန့်၍ မိမိတို့ တတ်စွမ်းသော ဂီတပညာရပ်ဖြင့် အခက်အခဲ အဟန့်အတားများကြားမှ သွားရောက်ဖျော်ဖြေကာ ရရှိလာသော အလှူငွေများအား ငြိမ်းချမ်းရေးကို ရှေးရှု ၍ ကချင်ပြည်နယ် စစ်ဘေးဒုက္ခသည်များအား လှူဒါန်းမှုများ ပြုလုပ်ခဲ့သည်။ ယခုတစ်ဖန် ရခိုင်ပြည်နယ် လူမျိုးရေး ပဋိပက္ခကြောင့် အိုးအိမ်များပျက်စီးခြင်း၊ မိသားစုများ သေကြေပျက်စီးဆုံးရှုံးခြင်းများကို လူသား ချင်း စာနာစိတ်ဖြင့် ကူညီပံ့ပိုး လှူဒါန်းနိုင်ရန်အတွက် ဖြူးမြို့၊ မိတ္ထီလာမြို့များသို့ သွားရောက်၍ သီဆိုဖျော် ဖြေကာ ရရှိလာသော အလှူငွေများအား လူမှုရေးလုပ်ငန်းများသို့ စဉ်ဆက်မပြတ် လုပ်ဆောင်ပေးဆပ်နေ သော နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ လာရောက်အပ်နှံလှူဒါန်းခဲ့သည်။ ထိုကဲ့သို့ အပ်နှံခဲ့သော အလှူ ငွေများအား နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ပခုံးလွှဲကာ တာဝန်ထမ်းဆောင်ရတော့မည်ဖြစ်သည်။

၉.၇.၂ဝ၁၂ ရက်နေ့ နေ့လည် (၂းဝဝ) နာရီအချိန်တွင် နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ “လွတ်လပ်ငြိမ်းချမ်း ပန်းရဲ့လမ်း လူမှုကွန်ယက်”မှ ရခိုင်ပြည်နယ်ရှိ ဒုက္ခသည်များအတွက် လာရောက်လှူ ဒါန်းမှုကို ပြုလုပ်ရာတွင် “လွတ်လပ်ငြိမ်းချမ်း ပန်းရဲ့လမ်း လူမှုကွန်ယက်” ဖြစ်ပေါ်လာပုံအား ဦးအောင်သန်းမှ ရှင်းလင်းပြောကြားခဲ့ပြီး ဦးရဲလွင်မှ ဒုက္ခသည်များအတွက် အလှူငွေ လှူဒါန်းရခြင်း အကြောင်း ပြောကြားရာတွင် “မိမိတို့ တတ်ကျွမ်းသော ဂီတသံစဉ်များဖြင့် ရှာဖွေထားသော အလှူငွေ များအား ဦးကျော်သူနှင့် တစ်ဖွဲ့တည်းဖြစ်သည်ကတစ်ကြောင်း၊ ဦးကျော်သူတို့၏ လုပ်ဆောင်ပေးဆပ်မှု များကို ယုံကြည်စိတ်ချ၍၄င်း၊ ဦးကျော်သူတို့ထံ ဤအလှူငွေများအား လှူဒါန်းပေးအပ်ခြင်းဖြစ်ကြောင်း” ပြောကြားခဲ့ကာ အလှူငွေကျပ် ၁၈၅၆ဝဝဝဝိ/- (တစ်ရာရှစ်ဆယ့်ငါးသိန်းခြောက် သောင်း)ကျပ်၊ US$ - 118 နှင့် S$ - 50 တို့အား လှူဒါန်းခြင်း အခမ်းအနားအား ကျင်းပခဲ့သည်။ 
ယင်းနောက် နာရေးကူညီမှု အသင်း(ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူမှ ကျေးဇူးတင်စကား ပြောရာတွင် “လောကကြီးတွင် စည်း ဆိုတာ အရေးကြီးကြောင်း၊ မည်သည့်နယ်ပယ်တွင် မဆို စည်းဖောက်၍ မရ ကြောင်း၊ တိုင်းပြည်၊ နိုင်ငံ၏စည်းကို ဖောက်ဖျက် ခံရခြင်းကြောင့် ပြည်သူလူထုများ ဒုက္ခရောက်ခဲ့ကြောင်း၊ ထိုကဲ့သို့ ဒုက္ခရောက်ခဲ့သော ရခိုင်ပြည်သူလူထုတို့အတွက် ယခုလို လွတ်လပ်ငြိမ်းချမ်း ပန်းရဲ့လမ်း လူမှုကွန်ယက်”မှ ကိုယ်ကျိုးစွန့် ရှာဖွေခဲ့သော အလှူငွေများအား မိမိတို့ နာရေးကူညီမှုအသင်း (ရန်ကုန်)အနေဖြင့် စည်းစနစ်ကျစွာဖြင့် လက်ဆင့်ကမ်း ရခိုင်ဒေသရှိ ပြည်သူဒုက္ခသည်များထံသို့ အရောက်ပို့ပေးမည်ဟု ဂတိပေးကြောင်း” ပြောကြားခဲ့သည်။

ထို့နောက် လွတ်လပ်ငြိမ်းချမ်း ပန်းရဲ့လမ်း လူမှုကွန်ယက်မှ ဦးရဲလွင်၊ ကိုသားထွေး၊ ကောင်းပြည့်၊ တိုးလွင် (ဥတ္တရအလင်း)၊ E ချို၊ ကိုထွဋ်၊ ကိုတင်အုန်း၊ ညီညီလွင်၊ ဖိုးစံ တို့မှ တီးခတ်ဖျော်ဖြေ သီဆိုခဲ့ပြီး ကဗျာဆရာ ကိုစောဝေမှ တီးဝိုင်းသံစဉ်နှင့်အတူ “မိတ္ထီလာ” အမည်ရှိ ကဗျာတစ်ပုဒ်အား ရွတ်ဖတ်ချီးမြှင့်ခဲ့ကာ နာရေးကူညီမှုအသင်း(ရန်ကုန်) အတွင်းရေးမှူး ဒေါ်ရွှေဇီးကွက်မှ လွတ်လပ် ငြိမ်းချမ်း ပန်းရဲ့လမ်း လူမှုကွန်ယက် ဖျော်ဖြေမှုအား အထူးကျေးဇူးတင်ရှိကြောင်းနှင့် မိမိတို့အနေဖြင့် နေ့တဓူဝ သောက အပူများဖြင့်သာ ကြုံတွေ့နေရကြောင်း၊ ယခုကဲ့သို့ စိတ်၏ထွက်ပေါက်ဖြစ်သော ဂီတ သံစဉ်များကို မထင်မှတ်ပဲ နားစဉ်ခဲ့ရ၍ လူမှုရေးခွန်အားများ တိုးတက်လာကြောင်း ပြောကြားခဲ့ပြီးနောက် ကြွရောက်လာကြသော ဧည့်သည်တော်များ၊ မီဒီယာများနှင့် နာရေးကူညီမှုအသင်း(ရန်ကုန်) အသင်းသား/ သူများအား ကော်ဖီ၊ မုန့်များဖြင့် ကျွေးမွေးဧည့်ခံခဲ့ကာ ပြည်တွင်း/ပ မီဒီယာများတို့မှ မေးမြန်းချက်များကို ဖြေကြားကြပြီးသည့်နောက် အခမ်းအနားအား ရုတ်သိမ်းခဲ့သည်။

ထို့ကြောင့် မိမိတို့ မြန်မာနိုင်ငံတော်ကြီးအတွက် နယ်ပယ်အသီးသီး၊ ထောင့်အသီးသီးတို့မှ လူမှုရေးလုပ်ငန်းများအား ကိုယ်ကျိုးမဖက် ထမ်းရွက်ပေးနေကြသော လူမှုရေးအသင်းအဖွဲ့များအနေဖြင့် သွေးစည်းညီညွတ်ကာ တစ်ခုတည်းသော ငြိမ်းချမ်းရေးပန်းတိုင်ဆီသို့ အင်တိုက်အားတိုက် လက်တွဲမဖြုတ် ကွန်ယက်တစ်ဖွယ် ချီတက်ကြရန် အချိန်တန်ပြီဖြစ်ပါကြောင်း နှိုးဆော်လိုက်ရပါသည်။

ပန်းတောင်းမြို့နယ် တောင်သူလယ်သမား အရေးနှင့် ပတ်သက်၍ သက်ဆိုင်ရာ အစိုးရအဖွဲ့အစည်းများသို့ အရေးပေါ် ထုတ်ပြန်ကြေငြာချက် ....

ပန်းတောင်းမြို့နယ် တောင်သူလယ်သမား အရေးနှင့် ပတ်သက်၍ သက်ဆိုင်ရာ အစိုးရအဖွဲ့အစည်းများသို့ အရေးပေါ် ထုတ်ပြန်ကြေငြာချက် ....:
ပန်းတောင်းမြို့နယ် တောင်သူလယ်သမား အရေးနှင့် ပတ်သက်၍ သက်ဆိုင်ရာ အစိုးရအဖွဲ့အစည်းများသို့ အရေးပေါ် ထုတ်ပြန်ကြေငြာချက်

ရခိုင်ပြည်နယ်က တိုင်းရင်းသား ရခိုင်ပြည်သူတွေ အရေးကတော့ ယခုထက်တိုင် ရင်မအေးနိုင်ပါ...

ရခိုင်ပြည်နယ်က တိုင်းရင်းသား ရခိုင်ပြည်သူတွေ အရေးကတော့ ယခုထက်တိုင် ရင်မအေးနိုင်ပါ...:
ရခိုင်ပြည်နယ်က တိုင်းရင်းသား ရခိုင်ပြည်သူတွေ အရေးကတော့ ယခုထက်တိုင် ရင်မအေးနိုင်ပါ...။

သဘာဝဓာတ်ငွေ့တွေ ထွက်ရှိပေမယ့် အာဏာရှင်လက်ထက် မြန်မာပြည်ရဲ့ ဒုတိယအဆင်းရဲဆုံး ပြည်နယ် ဘဝရောက်သွားခဲ့ရတဲ့ ချင်သီးပင်အောက် ချင်သီးပျောက်ခဲ့ရသလို ရွှေဂတ်စ်ရဲ့ ...အသီးအပွင့်ကို ရခိုင်ပြည်သူတွေ မခံစားခဲ့ရပါဘူး။ မြွေပူရာ ကင်းမှောင့်သလို ဇွန်လ (၈)ရက်နေ့က မောင်တောမှာ စခဲ့တဲ့ ဘင်္ဂလီတွေရဲ့ အကြမ်းဖက် လုပ်ဆောင်မှုကြောင့် ကိုယ့်မြေ ကိုယ့်ရေမှာ တိုင်းတပါး ကျူးကျော်သူတွေ ရန်ကြောင့် အသက်အိုးအိမ်တွေ ဆုံးရှုံးခဲ့ရပြီး ယခုထက်တိုင် မိမိဋ္ဌာနေကို မပြန်နိုင်ပဲ ဒုက္ခသည်စခန်းတွေမှာ နေထိုင် နေရရှာတာပါ..။ ဆင်းရဲလှတဲ့ ရခိုင်ပြည်သူတွေမှာ လက်ကိုင်ပြစရာဆိုလို့ ဗလာနတ္ထိပါ...။

ပြီးခဲ့တဲ့ ဇွန်လ(၈)ရက်နေ့က မောင်တော အရေးအခင်းနဲ့ ပတ်သက်ပြီး ထပ်မံစုံစမ်း သိရှိရတာကတော့ ဘင်္ဂလီ အကြမ်းဖက် ခေါင်းဆောင်သူ လူကြီးတွေ မူလပထမ စီစဉ်ထားတာကတော့ အဆိုပါ (၈)ရက်နေ့ညမှာ ရခိုင်ကျေးရွာတွေကို မီးရှို့ပြီး အပျောက်ရှင်းဖို့ ကြံစည်ထားတယ်လို့ ဆိုပါတယ်..။ သို့ပေမယ့် အဆိုပါနေ့က ဗလီမှ ဆင်းလာချိန်မှာ သွေးဆူနေတဲ့ ဘင်္ဂလီ လူငယ်များအား မထိန်းသိမ်းနိုင်တော့တဲ့ အတွက်ကြောင့် နေ့ခင်းကြောင်တောင်မှာပဲ အကြမ်းဖက်မှုတွေ ဖြစ်ပေါ်ခဲ့ရတာပါ...။ ညဘက်လူမမြင် သူမမြင်အချိန်မှာ အကြမ်းဖက် မီးရှို့ ရွာလုံးကျွတ်ပျောက်အောင် ပြုလုပ်ဖို့ ကြံရွယ်ထားတဲ့ အစီအစဉ် တွေဟာလည်း ပျက်ပြယ်သွားခဲတာလို့ ဆိုပါတယ်...။ ဒီလို အကြမ်းဖက်မယ့် အစီအစဉ်တွေကို ညဘက်မှာ ပြုလုပ်ခဲ့ရင်တော့ အခြေအနေတွေဟာ မတွေးဝံ့စရာပါပဲ..။

(ဖော်ပြပါ သတင်းနဲ့ ပတ်သက်ပြီး မောင်တော ဒေသခံများနဲ့ သက်ဆိုင်ရာ အာဏာပိုင် များအား မေးမြန်းစုံစမ်းနိုင်ပါတယ်...။ မည်သည့်အတွက်ကြောင့် ယခင် အပ်ကျတာကအစ သိပါတယ်ဆိုတဲ့ သက်ဆိုင်ရာ အာဏာပိုင်များဟာ အဆိုပါ ကြိုတင်ကြံစည်မှုအား တရားဝင် ဖော်ထုတ်ခြင်း မရှိသေးတာ စဉ်းစားစရာ အချက်ပါပဲ)
ဇူလိုင် လဆန်းပိုင်းက စစ်တွေမြို့မှ ရန်ကုန်မြို့သို့ ထွက်ခွာသူ အချို့အား စစ်တွေလေဆိပ်မှာ တွေ့ရစဉ်..
ရခိုင်ပြည်နယ်နဲ့ ဒုက္ခရောက်နေတဲ့ ပြည်သူတွေ ဘဝကတော့ ရင်နင့်ဘွယ်ရာပါပဲ...။ စစ်တွေမြို့မှာ ချမ်းသာကြွယ်ဝတဲ့ ရခိုင်ပြည်သူတွေ ရန်ကုန်နဲ့ နီးစပ်ရာ မြို့တွေကို ထွက်ခွါကုန် ကြပါပြီ..။ ဒါဟာ ကောင်းတဲ့ လက္ခဏာ မဟုတ်ပါ...။ မြွေပူရာ ကင်းမှောင့် ဖြစ်နေရတဲ့ ဆင်းရဲတဲ့ ပြည်သူအများစုဟာ နေရပ်လည်း မပြန်နိုင်၊ ဘဝအာမခံချက်တွေလည်း ပျောက်နေရတဲ့ အခြေအနေပါ။ အများစုဟာ ရှိသမျှ အရာအားလုံးကို စွန့်ပြီး အသက်အန္တရာယ်ကြောင့် စွန့်ခွာ ထွက်ပြေးလာရတာပါ...။ အေးချမ်းနေပါပြီဆိုပြီး ဆိုပြီး လက်လွတ် စံပယ်တော့ မပြောသင့်ပါ..။ မိမိပြည်သူတွေ မျက်နှာကို ကြည့်ပြီး ရခိုင်ပြည်သူတွေ လုံခြုံစိတ်ချစွာ နေရပ်ပြန်နိုင်ရေး အတွက် လုပ်သင့်တာကို ပြတ်ပြတ်သားသား လုပ်ဆောင်ပေးဖို့ အင်မတန်မှ အရေးကြီးပါတယ်..။ ယနေ့ ဇူလိုင်လ ၁၁ရက်နေ့မှာ ရခိုင်ပြည်နယ်ကို ရောက်ရှိနေတဲ့ ဆရာတော်ဝီရသူနဲ့ ၈၈ခေါင်းဆောင်တွေရဲ့ အသံတွေကို နားထောင်ကြည့်ကြပါ..။
ရခိုင်ပြည်သူတွေရဲ့ ဘဝလုံခြုံမှုအရေးကို  ရေရှည် အာမခံချက် ပေးဖို့ လိုပါလိမ့်မယ်..
အစိုးရအနေနဲ့ ပြည်သူတွေရဲ့ ဘဝလုံခြုံရေးအတွက် အာမခံချက်တွေ အပြည့်အဝ လုပ်ဆောင်ပေးနိုင် မပေးနိုင်ဆိုတာ အဓိက အရေးကြီးတဲ့ အချက်ပါ။ အစိုးရအနေနဲ့ ယခုလို အခြေအနေမှာ ပြတ်ပြတ်သားသား ဖြေရှင်းပေးဖို့ လစ်ဟင်းခဲ့မယ် ဆိုရင်တော့ အနာဂတ် မြန်မာနိုင်ငံအရေးဟာ မတွေးဝံ့စရာပါ။ နောင်သမိုင်းမှာ မြန်မာမြေပုံပေါ်က ရခိုင်ပြည်နယ်ဆိုတာ သမိုင်းစာအုပ်ပေါ်မှာပဲ မြင်တွေ့ရမယ့် အရေးကိုတော့ ကျွန်တော်တို့ လုံးဝအဖြစ်မခံနိုင်ပါ..။ ကျွန်တော်တို့ အားလုံး ရခိုင်ပြည်နယ် အရေးကို အမျိုးသားရေး၊ အချုပ်အခြာ အာဏာပိုင်ဆိုင်ရေးအမြင်နဲ့ မမေ့မလျော့ပဲ ဆက်လက် ဝိုင်းဝန်းကူညီ ကြဖို့ မေတ္တာရပ်ခံ အပ်ပါတယ်..။

ဓာတ်ပုံ။ ။(ဒီမိုဝေယံ သတင်းထောက်) စစ်တွေမြို့ ဒုက္ခသည် စခန်းတခုမှ ဗုဒ္ဓဘာသာ သီလရှင်အိုတဦးရဲ့ ရင်နင့်ဖွယ် မြင်ကွင်းပါ..။ ရုံထားတဲ့ သင်္ကန်းဟာလည်း အပေါက်အပြဲ တွေနဲ့ပေါ့..

ရရှိထားတဲ့ ဓာတ်ပုံများ ဆက်လက်ဖော်ပြပေးပါမယ်..။

ဒီမိုဝေယံ

ဝန်ထမ်းများ၏အလွဲသုံးစားမှုမှ တောင်သူလယ်သမားများ၏အခက်အခဲ

ဝန်ထမ်းများ၏အလွဲသုံးစားမှုမှ တောင်သူလယ်သမားများ၏အခက်အခဲ  

ပဲခူးတိုင်းဒေသကြီး ၊ သာယာဝတီခရိုင် ၊ ကြို့ ပင်ကောက်မြို့ နယ်မှာရှိကြသော တောင်သူလယ်သမား များအနေဖြင့် လယ်ယာမြေများစိုက်ပျိုးချိန်ပြီးဆုံးသည်အထိ နိုင်ငံတော်၏စိုက်ပျိုးစရိတ်ထုတ်ချေးငွေ မရရှိသဖြင့် အတိုးနှုန်းထားများဖြင့်ချေးယူစိုက်ပျိုးနေရသဖြင့် အခက်အခဲများစွာဖြင့်ကြုံတွေ့ နေရ ပါသည်။
တောင်သူလယ်သမားများအနေဖြင့် ခေတ်အစဉ်ဆက်ကပင် နိုင်ငံတော်၏ အစီအစဉ်ဖြင့် ချေးပေးသော မိုးကြို  ၊ ဆောင်ကြိုချေးငွေများကို အားကိုးအားထားပြုပြီးစိုက်ပျိုးရေးလုပ်ငန်းများ လုပ်ကိုင် ကြရပါသည်။

ယခုနှစ် ၂၀၁၂ ခုနှစ်တွင် နိုင်ငံတော်ထုတ်သတင်းစာများတွင် မိုးကြိုစိုက်ပျိုး စရိတ်ထုတ်ချေးမှုများပြုနေကြောင်းကြားသိရပြီးနောက် ချေးငွေများဘယ်နေ့ရမလဲစောင့်နေရတာ စိုက်ပျိုးပြီးချိန်ထိချေးငွေများမရရှိခဲ့ကြရပါ။ စိုက်ပျိုးစရိတ်မှာ လယ်(၁)ဧကလျှင် (၁၂၀၀၀)ကျပ်ဖြစ် နေသဖြင့်ချေးငွေစောင့်မျှော်နေရခြင်းဖြစ်ပါသည်။

အချို့သောကျေးရွာအုပ်စုများရှိတောင်သူလယ်သမားများအနေဖြင့်ချေးငွေရရှိသော်လည်း

အချို့သောကျေးရွာအုပ်စုများရှိတောင်သူလယ်သမားများအနေဖြင့် ချေးငွေမရရှိကြပါ။
မည့်သည့်အတွက်ကြောင့်ချေးငွေမရကြောင်းကိုသိရှိလိုသဖြင့် စိုက်ပျိုးရေးဘဏ်သို့ သွားရောက်စုံစမ်းရာယခင်နှစ်ကကြွေးကျန်ငွေများမဆပ်သေးသောကြောင့်ဖြစ်ကြောင်း
 တောင်သူလယ် သမား များအနေဖြင့် ရိုးသားသောသဘောအပြည့်ရှိကြသဖြင့် ချေးငွေကို မဖြစ် ဖြစ်တဲ့နည်းဖြင့်ပေးဆပ် သော်လည်း ကျေးရွာအုပ်ချုပ်ရေးမှူးများ ၊စာရေးများမှအမည်ပေါက်မရှိသောတောင်သူလယ်သမားများ အမည်ဖြင့် ချေးငွေများကိုအလွဲသုံးစားပြုချေးယူထားပြီး ၄င်းတို့အခက်အခဲများကြောင့်
မပေးဆပ်နိုင်မှု များအပေါ်   ဆင်းရဲရိုးသားစွာလုပ်ကိုင်စားသောက်နေသောတောင်သူ
လယ်သမားများအခက်အခဲကြုံ တွေ့ရခြင်းဖြစ်ကြောင်းသိရှိရပါသည်။
ဖြစ်ပေါ်နေသောကျေးရွာအုပ်စုများမှာဂုမ်းမာကွင်းကျေးရွာအုပ်စု၊ ရှားပင်တကျေးရွာအုပ်စု ၊ အုန်းတောကျေးရွာအုပ်စု ၊ တူးကံကျေးရွာအုပ်စု ၊ ကံကြီးကျေးရွာအုပ်စု ၊ ကျွန်းကုန်းကျေးရွာအုပ်စု ၊ ကျွန်းနက်ကုန်းကျေးရွာအုပ်စု ၊ ငှက်ကြီးသိုက်ကျေးရွာအုပ်စု ၊ လှေတုန်း ကျေးရွာအုပ်စု ၊ ကျောက်ဝကျေးရွာအုပ်စုများတို့ အခက်ကြုံနေရပါသည်။

မသမာသော ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်စာရေးဝန်ထမ်းများအလွဲသုံးစားမှုများကို

 နိုင်ငံတော်သမ္မတကြီးနဲ့တကွ  ဆိုင်ရာဆိုင်ရာဝန်ကြီးဌာနများ ၊ အစိုးရအဖွဲ့များ
သိရှိဆောင်ရွက် ပေးစေရန် တင်ပြလိုက်ရပါသည်။

ရွှေကြို့သား (သဲသဲ)