Monday, February 13, 2012

ကားဟောင်းများ အစားထိုးလဲလှယ်မှုကို ကြေညာချက် ထုတ်ပြန်ထားသည့်အတိုင်း ‘ပ’အက္ခရာ နံပါတ်အထိသာ လက်ခံမည်

ကားဟောင်းများ အစားထိုးလဲလှယ်မှုကို ကြေညာချက် ထုတ်ပြန်ထားသည့်အတိုင်း ‘ပ’အက္ခရာ နံပါတ်အထိသာ လက်ခံမည် PDF Print
Sunday, 12 February 2012 14:06
AddThis Social Bookmark Button
ကားဟောင်းများ အပ်နှံကာ အစားထိုးတင်သွင်းခြင်းကို ကြေညာချက် ထုတ်ပြန်ထားသည့် အတိုင်း ‘ပ’ အက္ခရာနံပါတ်အထိသာ လက်ခံမည် ဖြစ်ကြောင်း မော်တော်ယာဉ် တင်သွင်းခြင်းဆိုင်ရာ ကြီးကြပ်ရေး ကော်မတီ တာဝန်ရှိသူများထံမှ သတင်းရရှိပါသည်။ ‘‘လောလောဆယ်ကတော့ ကြေညာချက် ထုတ်ထားတဲ့အတိုင်း ‘ပ’အက္ခရာအထိကိုပဲ လက်ခံမှာပါ’’ ဟု မော်တော်ယာဉ် တင်သွင်းခြင်းဆိုင်ရာ ကြီးကြပ်ရေးကော်မတီ တာဝန်ရှိသူတစ်ဦးက ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် ပြောကြားခဲ့သည်။

အစောပိုင်းမှာ ကားဟောင်းအပ်နှံတုန်းက တစ်ရက်ကို ပျမ်းမျှအစီး ရေ ၅၀၀ ၀န်းကျင်လောက် အပ်နှံတာမျိုးရှိပေမယ့် ကျန်ခဲ့တဲ့ရက်ပိုင်းမှာဆိုရင် တစ်ရက်ပျမ်းမျှ အစီးရေက ၁၀၀ ၀န်းကျင်လောက်ပဲ လာအပ်တာမျိုးအထိ ရှိသွားတယ်။ အခုရက်မှာ ပြန်တက်လာပေမယ့် စလက်ခံတုန်းက လောက်တော့ မများတော့ဘူး။ လက်ခံတာကတော့ ကြေညာထား တဲ့အတိုင်း ‘ပ’အက္ခရာ အထိပဲ အရင်လက်ခံသွားမှာပါ
‘‘ဖေဖော်ဝါရီလ ၁၀ ရက်နေ့ အထိ ကားဟောင်း ၃၃၁၀၀ အပ်နှံထားတယ်။ ၂၆၃၉၆ စီးကို ပါမစ်ထုတ်ပေးထားတယ်။ လိုင်စင်ထုတ်ပေးပြီးတာက ၁၂၉၅၄ စီးရှိပါတယ်။ အစောပိုင်းမှာ ကားဟောင်းအပ်နှံ တုန်းက တစ်ရက်ကို ပျမ်းမျှအစီးရေ ၅၀၀ ၀န်းကျင်လောက် အပ်နှံတာမျိုးရှိပေမယ့် ကျန်ခဲ့တဲ့ရက်ပိုင်း မှာဆိုရင် တစ်ရက်ပျမ်းမျှ အစီးရေ က ၁၀၀ ၀န်းကျင်လောက်ပဲ လာအပ်တာမျိုးအထိရှိသွားတယ်။ အခု ရက်မှာ ပြန်တက်လာပေမယ့် စလက်ခံတုန်းကလောက်တော့ မများတော့ ဘူး။ လက်ခံတာကတော့ ကြေညာထားတဲ့အတိုင်း ‘ပ’အက္ခရာ အထိပဲ အရင်လက်ခံသွားမှာပါ’’ဟု ရထားပို့ဆောင်ရေး ၀န်ကြီးဌာနတာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့ပါသည်။
ရှေ့ဆက် ကားတင်သွင်းမှုများ အတွက် စီစဉ်လုပ်ကိုင်နေသည့် အစီအစဉ်အချို့အပေါ် မော်တော်ယာဉ် တင်သွင်းခြင်းဆိုင်ရာ ကြီးကြပ်ရေး ကော်မတီမှ တာဝန်ရှိသူတစ်ဦးကလည်း “လောလောဆယ်တော့ ‘ပ’ အထိလက်ခံသွားမှာ။ အများနဲ့ဆိုင်တဲ့ Public Transoprtation နဲ့ဆိုင်တဲ့ ကားမျိုးတွေကို အခွန်လျှော့ချပြီး Luxury ကားအမျိုးအစားတွေကို အခွန်နှုန်းမြင့်မြင့်နဲ့ သွားဖို့ဆိုတဲ့ အစီအစဉ်ကိုတော့ ဆွေးနွေးနေတာ တော့ ရှိပါတယ်’’ဟု ပြောကြားခဲ့ပါသည်။
ကားတင်သွင်းမှုများ ပေးရာတွင် တင်သွင်းမည့် ကားပမာဏနှင့် ကိုက်ညီသည့် လမ်းရှိရန် လိုအပ်သည့်အတွက် အဆိုပါအချက်အပေါ် ထည့်သွင်း စဉ်းစားရသည်ဟုလည်း ၎င်းက ဆက်လက်ပြောကြားခဲ့ပါသည်။
ပို့ကုန်သွင်းကုန် လုပ်ငန်းရှင် တစ်ဦးကလည်း “အခုထုတ်ပြန်ထားတဲ့ စာရင်းအရဆိုရင် ကားဟောင်း အပ်ပြီးသွင်းလာတာ အစီး ၂၀၀၀၀ လောက်ပဲရှိဦးမယ်။ ရန်ကုန်မှာတော့ လမ်းတွေကြပ်ကုန်ပြီ။ ကားဟောင်း  က အစီးရေ ၅၀၀၀၀ ၀န်းကျင်၊ သင်္ဘောသားအပါအ၀င် အခြား သွင်းခွင့်ရမှာက အစီးရေ ၂၀၀၀၀ လို့ဆိုတယ်။ စုစုပေါင်း အစီးရေ ၇၀၀၀၀ လောက်ရောက်မယ့် သဘောပေါ့။ အခု ၂၀၀၀၀ နဲ့တင် ဒီ လောက်ဖြစ်နေတာလေ။ ဒီအတွက် ကားတင်သွင်းခွင့်ကတော့ များများစားစား မြန်မြန်ဆန်ဆန် အချိန်တို အတွင်း သွင်းခွင့်ပေးမယ်လို့ မမြင်ဘူး။ အခြားနိုင်ငံတွေလို သွင်းစေချင်တဲ့ အများနဲ့ဆိုင်တဲ့ကားကို အခွန် သုညရာခိုင်နှုန်း၊ ဇိမ်ခံကားဆိုရင် အခွန် ၂၀၀၊ ၃၀၀ ရာခိုင်နှုန်းအထိ တိုးမြှင့်ပြီးလုပ်မယ့် အစီအစဉ်ကတော့ လုပ်လို့ရတယ်လေ။ အဓိက အချက်ကတော့ လမ်းနဲ့ကားပါကင် လုံလောက်အောင် အရင်လုပ်၊ ပြီးမှ အခွန်နှုန်းအနိမ့်အမြင့်နဲ့ တင်သွင်း ခွင့်ပေးတာတော့ စနစ်တကျ ပိုရှိသွားမယ်လို့ ထင်ပါတယ်။ အခုရန်ကုန်မှာ ကားပါကင်လည်း ဆောက်မယ်၊ လမ်းတွေပြင်ဆင်မှုကိုလည်း လုပ်မယ်လို့လည်း ကြားထားတယ်။ လမ်းနဲ့ ကား ပါကင်အရင်ဆုံး ပြင်ဆင်ပြီးမှ အများစု ကားသွင်းခွင့်ပေး လိမ့်မယ်လို့ယူဆတယ်’’ဟု သုံးသပ် ပြောကြားခဲ့ပါသည်။
ကားဈေးကွက်အတွင်း လတ်တလော အခြေအနေအပေါ် ၀ယ်ရောင်း တစ်ဦးက “ကားဟောင်းအပ်တဲ့နှုန်း၊ ပါမစ်ထုတ်တဲ့နှုန်းကတော့ အရင် ကလိုမဟုတ်ဘူး။ ကျဲသွားတယ်။ သွင်းမယ့်သူနည်းသွားတာ။ အပ်ကုန်စနစ်နဲ့ ၀ယ်တာ နည်းသွားသလို ၀ယ်ရောင်းလုပ်တဲ့သူလည်း နည်းသွားတဲ့အတွက်ပါ။ အပ်ကုန်စနစ် နဲ့တန်ဖိုးနည်း ကားသွင်းတဲ့သူနည်း ရတဲ့ အဓိကအကြောင်းရင်းထဲမှာ သွင်းတဲ့သူတွေဟာ အရောင်းအ၀ယ် အနေအထားကို နောက်ထား သွင်းတဲ့ကားအတွက် အခွန်က အစ ကြိုဆောင်ထားရတာလေ။ အဲဒီအတွက် နည်းသွားတာ။ အခု Mark II ရွှေ ငါး၊ Hilux Surf တွေ ပေါလာတဲ့ အတွက် ၀ယ်ယူမယ့်သူတွေက အရင်လို သိပ်ပြီးစိတ်မ၀င်စားပေမယ့် တစ်နိုင်ငံလုံး ဘယ်နေရာမှာ မဆို ရွှေငါးနဲ့ Surf က အလွယ်တကူ ပြင်လို့ရသလို အပိုပစ္စည်းတွေကလည်း ကြိုက်တာဝယ်လို့ ရလာတဲ့အတွက် တော့ အ၀ယ်ကတော့ ရှိနေတုန်းပဲ’’ဟု ပြောကြားခဲ့သည်။
  source; http://www.weeklyeleven.com

Comments 

 
+1 #8 kingofhell 2012-02-14 08:48
အဓိက ကတော့ လမ်းမကောင်းခြင်း ၊ တစီးနှင့်တစီး လွတ်လပ်စွာရှောင်နိုင်သော အကျယ်အ၀န်းမရှိပါပဲနှင့် ကားအမြောက်အများတင်သွင်းခွင့်ပေးပြီး မောင်းနှင်ခွင့်ပေးနေရင်တော့ မလိုလားအပ်သော ယာဉ်တိုက်မှုများ ၊ တရားမျှတမှု မရှိသော ( ယာဉ်ကြီးယာဉ်ငယ် ယာဉ်တိုက်မှုဖြေရှင်းနည်း ) ဥပဒေအရဖြေရှင်းမှုများ ပိုပြီးများပြားလာကာ နောင် ၂-နှစ်အတွင်း ယခင်နှစ်များရဲ့ စံချိန်ကို အပြတ်အသတ်ချိုးသွားနိုင်ပါတယ်
 
 
+1 #7 kingofhell 2012-02-14 08:34
ကားတွေ ဘယ်လောက်ပဲတင်သွင်းနေပါစေ ကားနဲ့ ပတ်သက်သော ဥပဒေစည်းမျဉ်းများ ၊ လမ်းနှင့်ပတ်သက်သော လမ်းမကြီးများဥပဒေ စည်းမျဉ်းများကို တိကျပြီး တရားမျှတအောင် မလုပ်ဆောင်နိုင်သေးသရွေ့  လူနေမှုအဆင့်အတန်းရဲ့ တစိတ်တပိုင်း တိုးတတ်မှုမဖြစ်ပေါ်နိုင်သေးဘူးဆိုတာ နိုင်ငံတကာ ကကြည့်ရင် ရှင်းရှင်းလင်းလင်းတွေ့ မြင်နေမှာ ကြိမ်းသေပါပဲ
 
 
+9 #6 KO KYAW - BUTALIN 2012-02-13 20:57
ကားစုတ်တွေ taxi အစုတ်တွေ ဘတ်စ်ကား အစုတ်တွေ အစုတ်တွေအစုတ်တွေတာပြောနေရတယ် တော်ရုံလူအနားမကပ်နိုင်ခဲ့ပါဘူး။ ဒါဟာတော်တော်ကိုလွဲမှားတဲ့ မူဝါဒကြောင့်ပါ။ TAXI လို ဘတ်စ်ကားလိုဟာတွေက အများပြည်သူအတွက်သုံးရတဲ့ဟာတွေပါ။ ပြောရယင်မစုတ်သင့်ပဲစုတ်မချာသင့်ပဲချာရတာပါလေ။ နိုင်ငံပွင့်လန်းလာယင်ခရီးသွားလုပ်ငန်းကိုလည်းမြှင့်တင်ချင်ယင်ဒါတွေကိုအမြန်ပြုပြင်ရမှာပါ။ သူများနိုင်ငံတွေက သူတို့ ဆီလာတဲ့ဧည့် သည်တွေပြန်ယင်တဆင့်ဖေါက်သယ်ချမယ့်သူတို့ တိုင်းပြည်ရဲ့ ရုပ်ပုံလွှာ IMPRESSION ကို အထူးဂရုပြုထိမ်းသိမ်းပါတယ်။ ဒီကားစုတ်တွေ မြို့ တော်တွေကနေအမြန်ရှင်းမှကောင်းမှာပါ။ လေထုညစ်ငြမ်းမှုလည်းများတယ်။ EMISSION ဆိုလည်းမထိမ်းဘူး။ ဘာအရည်အသွေးမှကိုမထိမ်းဘူး။ တချို့ တက်က်ဆီတွေဆို ထိုင်လိုက်ယင် အ၀တ်ပါဆီချေးတွေပေသေး။ တခါးတွေကလည်းခုပဲပြုတ်ထွက်မလားထင်ရတယ်။ ပြောရယင်ဒါတွေကိုကိုင်တွယ်တဲ့လူတွေဟာ စေတနာမဲ့ယင်မဲ့ စေတနာမမဲ့ယင် တော်တော်ကို ညဏ်ပညာ အတွေးအခေါ်မဲ့တဲ့သူတွေပါ။ စနစ်ရော တချို့ အရည်အချင်းမရှိတဲ့လူတွေရေားပြောင်းမှတိုင်းပြည်ကောင်းတော့မှာ။
 
 
+29 #5 nga shwe 2012-02-13 13:37
စင်ကာပူမှာရှိတဲ့မြို့ဧရိယာ၊ကားအရေအတွက် ရန်ကုန်နဲ့ယှဉ်ပြအုံးလေ
http://www.nationmaster.com/graph/tra_mot_veh-transportation-motor-vehicles
လူ၁၀ဝ၀ မှာ ၊ကား ပိုင်ဆိုင်မှုအရေအတွက်
စင်ကာပူ မြန်မာ မလေးရှား
158 6 641
ရန်ကုန်ရဲ့၁၅ပုံရင်တပုံမြေဧရိယာရှိပြီး ၊ကား ပိုင်ဆိုမှုအရေအတွက် 27 ဆလောက်များတဲ့ စင်ကာပူ
လမ်ပိတ်ဆို့မှုမရှိအောင် ဘယ်လိုစီမံခန့်ခွဲလေ့လာကြပါအုံး
တိုင်းပြည်တိုးတက်လာပြီးဝင်ငွေတိုးလာရင် ကားအရေအတွက်ပိုများလာဖို့ဘဲရှိပါတယ်
ပြဿနာပိုပြီးမကြီးလာခင်ကြိုတင်ပြီးစဉ်စားအဖြေရှာကြပါ၊
ညာဏ်မမှီရင်လဲဘေးဖယ်ပေးကြဖို့အချိန်တန်နေပါပြီ
 
 
+30 #4 nga shwe 2012-02-13 12:14
ကလေးအတွေးနဲ့ပြောတတ်တဲ့လူကြီးဆိုတဲ့ မတန်မရာရာထူးယူထားတဲ့လူတွေကြောင့်
တိုင်းပြည်မမွဲသင့်ဘဲမွဲနေတာ
လမ်းပိတ်ဆို့တဲ့ပြဿနာတွေရဲ့အဓိကပြဿနာက၊
မိန်းလမ်းမတွေရဲ့ယဉ်ကျောမှာ ကားတွေဒေါင်လိုက်ပေးရပ်ထားတာနဲ့
နံမည်ကြီးကျောင်းရှေ့တွေမှာအချိန်ပိုင်းပိတ်ဆို့မှု့ တွေ
လိုင်းကားတွေစည်းကမ်းမဲ့နှစ်ထပ်ရပ်တာ ထောက်တာတွေ ဖြေရှင်းဖို့မကြိုးစားတာပါ

အခွန်၊ဖုံးမီတာခတွေတိုးတိုင်း တခြားနိုင်ငံတွေနဲ့ယှဉ်ပြသလို
စင်ကာပူမှာရှိတဲ့မြို့ဧရိယာ၊ကားအရေအတွက်ရန်ကုန်နဲ့ယှဉ်ပြအုံးလေ
စင်ကာပူမှာ မိန်းလမ်းမတွေရဲ့ယဉ်ကျောမှာ ကားလုံးရပ်တာမမြင်ဘူးပါ
လစာတွေလဲဧပရယ်၁ရက်နေ့တိုးတော့မယ်၊
တာဝန်မကျေ၊ဆက်ကြေးတောင်းလာဘ်စားနေတဲ့ယာဉ်ထိန်းရဲတွေစပြီးအရေးယူကြပါဆို့
 
 
+43 #3 Richie 2012-02-12 21:55
ကားကတော့ပိုက်ဆံရှိရင်ဝယ်စီးကြမှာပဲ။ လမ်းပေါ်ကားကြပ်လို့လမ်းတွေတိုးချဲ့ပေးရမှာကအစိုးရအလုပ်ပဲ။ဒီလိုမှမဟုတ်ရင်သမ္မတကအစ သန့်ရှင်းရေးအလုပ်သမားအထိလုံးဝကားမစီးနဲ့။
 
 
+38 #2 KO KYAW - BUTALIN 2012-02-12 20:17
"တရားမျှတ လွတ်လပ်ခြင်းနဲ့မသွေ၊ ... ဒို့ပြေ(ပြည်)၊ ဒို့မြေ
များလူခပ်သိမ်း၊ ငြိမ်းချမ်းစေဖို့၊
ခွင့်တူညီမျှ၊ ဝါဒဖြူစင်တဲ့မြေ၊ ... ဒို့ပြေ(ပြည်)၊ ဒို့မြေ
ပြည်ထောင်စုအမွေ၊ အမြဲတည်တန့်စေ၊
အဓိဋ္ဌာန်ပြုပေ၊ ထိမ်းသိမ်းစို့လေ ...။"

ကားအတွက်တင်မကပါဘူး ဘာပဲလုပ်လုပ် အဲဒါကိုအာရုံပြုပြီးလုပ်ကြည့်ပါ လုပ်ကြည့်ပါ ရိုးတယ် ရှင်းတယ် ဒါပေမယ့် လူတိုင်းအတွက်အကောင်းဆုံးဖြစ်မယ်။ ဘာမှမကောက်ဖူး မရှုပ်ဖူး လုပ်ရတာလွယ်ပြီး အကျိုးကျေးဇူးကြီးမားမယ်။
 
 
+72 #1 Change 2012-02-12 18:11
ဓာတ်ကြီး ၂ပါးတည်းနဲ့သာ ဖွဲ့စည်းထားတဲ့.....ဒို့မြန်မာပြည်။

"ကား" နဲ့ "ဖုန်း"

အင်းစိန်မြို့နယ်တွင် အသုံးပြုပြီးနှင့် အသုံးမပြုရသေးသည့် ခဲယမ်းအဟောင်းများတွေ့ရှိ

အင်းစိန်မြို့နယ်တွင် အသုံးပြုပြီးနှင့် အသုံးမပြုရသေးသည့် ခဲယမ်းအဟောင်းများတွေ့ရှိ

သက်ဆိုင်ရာမှ လာရောက်စစ်ဆေးစဉ်
အင်းစိန်မြို့နယ် နံ့သာကုန်း ရပ်ကွက်ရွှေပြည်အေးလမ်းအမှတ် ၄၉၉ရှိပုလင်းအဟောင်းရောင်း ဝယ်ရေးဆိုင်ရှိရေတွင်းပျက်အတွင်း မှအသုံးပြုပြီးနှင့်အသုံးပြုခြင်းမရှိသေး သည့်လက်နက်ခဲယမ်းများနှင့်ဗုံးဟု ယူဆရသည့် ပစ္စည်းများကို တူးဖော်ရ  ရှိကြောင်း သတင်းရရှိသည်။

အဆိုပါခဲယမ်းများ ကိုဖေဖော်ဝါရီ၁၂ရက်နှင့်၁၃ရက်များတွင်မြို့ နယ်ရဲတပ်ဖွဲ့၊ရပ်ကွက်အုပ်ချုပ်ရေး မှူးများနှင့်  စစ်ဒေသမှတာဝန်ရှိသူ   များက ပူးပေါင်းပြီး  ဖော်ထုတ်ခဲ့ခြင်းဖြစ် ကြောင်းသိရသည်။ ''ကျွန်တော်တို့ကိုအကြောင်း ကြား စာတစ်စောင် ရောက်လာတယ်။ အဲဒီစာထဲမှာတော့ရေတွင်းပျက်ထဲ မှာဗုံးတွေရှိတယ်ဆိုပြီးတော့ရေး ထားတယ်။အဲဒါကြောင့်သက်ဆိုင်ရာ အဖွဲ့ဝင်တွေနဲ့ပူးပေါင်းပြီးတူးဖော်ခဲ့ ကြတာပါ'' ဟုအင်းစိန်မြို့နယ် ရဲတပ် ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောသည်။


ယင်းအသုံးပြုပြီး ခဲယမ်းများနှင့် အသုံးပြုခဲ့ခြင်းမရှိသည့်ခဲယမ်းများကို အနက်၃ပေ၃လက်မနှင့်အချင်း၎ပေ ရလက်မရှိရေတွင်း ပျက်အတွင်းမှ တူးဖော်ရရှိခဲ့ခြင်းဖြစ်ပြီးဖေဖော်ဝါရီ၁၂ ရက်တွင်ခဲယမ်းပစ္စည်း၁၀ဝကျော်နှင့် ဖေဖော်ဝါရီ ၁၃ရက် တွင်ခဲယမ်း ၃၀ ကျော်တူး ဖော်ရရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။


''ကျွန်တော်တို့က ဒီအိမ်ကို၂၀၀၉ ခုနှစ်လောက်ကတည်း ကငှားပြီးတော့ အရောင်းအဝယ်လုပ်နေတာ။အခု ရေတွင်းပျက်က လည်းစပြီးငှားကတည်း ကမြေကြီးတွေဖို့ထားတယ်။ကျွန်တော်  တို့လည်းရေတွင်း ရှိမှန်း မသိဘူး။အဲဒါ ကြောင့်ပုလင်း အခွံတွေ ကိုပုံထားတယ်။ သက်ဆိုင်ရာမှ လာပြီးပြောမှပဲသိရ တယ်'' ဟုပုလင်းအခွံရောင်းဝယ်ရေး  ဆိုင်မှပိုင်ရှင်ဖြစ်သူဦးတင်ဝင်းကပြော သည်။


အဆိုပါ ခဲယမ်းများတူးဖော်ရရှိ ခြင်းနှင့်ပတ်သတ်၍လာရောက်စစ်ဆေး သည့်စစ်အင်ဂျင်နီယာဌာနမှတာ ဝန်ရှိသူတစ်ဦးကလည်း''အခုတွေ့ ရှိတဲ့ခဲယမ်းတွေက ဘယ်နှစ်ခုတုန်းက ပစ္စည်းတွေလည်း ဆိုတာကိုတော့အခု မသိသေး ပါဘူး။ ကျွန်တော်တို့အနေ နဲ့ကတော့ အန္တရာယ်ရှိမရှိ လာရောက် စစ်ဆေးပေးတာပါ။ အခုခဲယမ်းတွေ ကတော့ အန္တရာယ်လုံးဝမရှိပါဘူး'' ဟု ရန်ကုန်တိုင်းမ်ဂျာနယ်မှ မေးမြန်းချက် ကိုပြန်လည် ဖြေကြားခြင်းဖြစ်သည်။
ရန်ကုန်တိုင်းမ်