Monday, July 30, 2012

"အကြံပိုင်တဲ့ မြင့်ခိုင်"


"အကြံပိုင်တဲ့ မြင့်ခိုင်":

 


------------------------------

---------------------
ဟင်္သာတ က ဒုရဲအုပ်မြင့်ခိုင် လုပ်ချင်တိုင်း လုပ်နေတာကို ..
သိနေတဲ့ ရဲမှုးကြီးမျိုးသန့်က ဘာမှ မလုပ်နိုင်တဲ့ အကြောင်းကတော့ ..
လယ်တီကွင်း၊ အင်္ဂပိုလမ်း ချမ်းသာ ကေတီဗွီ စားသောက်ဆိုင်တွင် ရဲမှုးကြီးမျိုးသန့်နှင့် လှိုင်းဘုန်းမှ ကျမ်းမာရေး ဆရာမတို့ လူမှုရေးဖေါက်ပြန်သည်ကို သိရှိထားခြင်း။
မအူပင်ခရိုင်ရဲစခန်းကို စစ်ဆေးရင်း ညောင်တုန်းမှ ပြည့်တန်ဆာ အမျိုးသမီးနှင့် ညအိပ်ခဲ့ခြင်း။
ဖျာပုံခရိုင်ရဲစခန်းအား စစ်ဆေးရင်း အရက်မူးပြီး အချုပ်သားပေါ်လဲကျခြင်း၊
မအူပင်ဂေါက်ကွင်း ဂေါက်ကယ်ရီ အမျိုးသမီးရဲ့ ယောက်ျားကို စခန်းမှုးနှင့် ရဲမှုးကြီးတို့မှ ခေါ်ရစ်တဲ့ ကိစ္စတွေကို ဒုရဲအုပ်မြင့်ခိုင်က သိရှိထားခြင်း တို့ကြောင့် ဖြစ်ပါတယ်။
(ဦးဌေးဦး တို့မြို့မှ-မှုခင်းများစုစည်းမှု)

 

Letter from Irrawaddy Delta - Hinthada - Police Corruption



ဧရာဝတီတိုင်းဒေသကြီး တိုင်းရဲတပ်ဖွဲ့မှုးကြောင့်  ဒုစရိုက်၊ အကျင့်ပျက်လာဘ်စားမှု များပြားနေခြင်း
ဟင်္သာတက ပေးစာ၊ ဇူလိုင် ၂၄၊ ၂၀၁၂
ဟင်္သာတမြို့ရဲ့ ဌာနဆိုင်ရာတွေတော့ မသိဘူးဗျာ။ မြို့ခံလူထုအတွက်တော့ သတင်းစာထဲမှာ လာဘ်စားတယ် ဆိုတာ ခဏခဏပါနေတော့ ရှက်မိပါတယ်။ မြို့လည်း သိက္ခာကျ ပါတယ်။ အရင်တုန်းက လာဘ်စားတာ ရှိပေမယ့် ဒီလောက် မများပါဘူး။
ဟင်္သာတနည်းပညာတက္ကသိုလ်က ကျောင်းသူလေး မ………… ကို ဇလွန်ရထား လမ်းတာဝန်ခံက မုဒိန်းကျင့်သည့် အမှု့ကို ဟင်္သာတတရားရုံးက တရားခံကို ပြစ်မှုကြီး အမှတ်
(၃၆/၂၀၁၁)(၃-၃-၂၀၁၂) ဖြင့် တရားသေ လွှတ်ပေးခြင်း။
          ယုန်သလင်းတိုက်နယ် မုဒိန်းမှုတခုကို ဟင်္သာတဆေးရုံအုပ်ကြီး ဒေါက်တာကြည်စိုးက အသက် လိမ်ပေးခြင်း။ (လာစစ်တဲ့အဖွဲ့က တရားခံပိုင်သောသူတွေ)
 ဟိုတလောက ဓနုဖြူမြို့နယ်မှာ မိတဲ့ ကျွန်းတံခါး ၁၃ တန် တရားခံများကို လိုင်းကြေးယူ၍ ခတ္တတိမ်းရှောင်ခိုင်းခြင်း …
 တိမ်းရှောင်ရင်း မြို့အထွက်မှာ မောင်းလာတဲ့ဆိုင်ကယ်ကို ကားဖြင့်တိုက်မိပြီး ကားနံပါတ်မှတ်မိ၍ အမှုတခုထပ်တိုးခြင်း။
          ဖေဖေါ်ဝါရီလ ၁၇ ရက်ထုတ်၊ ဧရာဝတီဂျာနယ် အတွဲ ၁ အမှတ် ၁၉ စာမျက်နှာ ၁၀ ပါ သတင်းထောက် နဒီလှိုင်း ရေးသားထားတဲ့ ဖေဖေါ်ဝါရီလ ၉ ရက် ညနေ ၅း၁၀ နာရီအချိန်တွင် ဟင်္သာတခရိုင် (ဒနက) အဖွဲ့ ခေါင်းဆောင် ရဲအုပ် မြင့်ခိုင်(လ-၁၆၃၈၉၇)နဲ့ အဖွဲ့သည် ဒုရဲအုပ် ကျော်ကျော်ညွန့် ဒုတပ်ကြပ် ကျော်စွာဝင်း၊ တပ်သား အောင်နိုင်ထွန်းတို့ လိုက်ပါပြီး၊ လောင်းကစားပပျောက်ရေး အတွက် တာဝန်ထမ်းဆောင်နေစဉ် ဖဲဝိုင်း သတင်း ရရှိသဖြင့် အမှတ်(၁) စခန်း နယ်ထိမ်း ဒုတပ်ကြပ် အောင်နိုင်စိုးနဲ့ ပူးပေါင်းပြီး သက်သေ အောင်မြင့်ဦး၊ ဦးသန်းဦးတို့နဲ့အတူ ရဲတပ်ဖွဲ့ဒုရဲမှုး အောင်ကိုကိုရဲ့ လောင်းကစား ဖမ်းဝရမ်း အမှတ် (၁၄/၁၂) အရ မြို့ပတ်လမ်းနေ ဦးသန်းနိုင်ဦး ပဲသန့်စင်စက်အတွင်းသို့ ၀င်ရောက်ရှာဖွေရာ ဖဲကစားနေသော ဦးသန်းနိုင်ဦး (၃၈-နှစ်)(ဘ)ဦးအေးမောင်၊ ကိုစိုးစံ (၃၅-နှစ်) (ဘ)ဦးစံဝင်း တို့နဲ့ အတူ ကစားနေသော၊ ကိုအောင်ပိုင် (ဘ)ကိုဇော်ဝင်း၊ ကိုကျော်စွာရှင်းတို့နဲ့ အပေါင်းပါ များကို ဖမ်းမိသော်လည်း ဖုံးကွယ်ထားခြင်း။
 အမှုမှန်ပေါက်ပေါက်လာပါကလဲ လူစားလဲလှယ်ရန် အလုပ်သမားများကို အဆင်သင့် ပြင်ဆင်စည်းရုံးထားခြင်း။
          ဖဲဝိုင်းတွင် အမှန်တကယ် ဖမ်းဆီးရမိသော ငွေမှာ ငွေသား သိန်း ၄၀ ကျော် ဖြစ်သော်လဲ ဂျာနယ်ထဲတွင် ၄၆၇,၀၀၀ ဟုသာ အစွန်းထွက် သာသာလောက်သာ ဖမ်းမိကြောင်းဖေါ်ပြခြင်း။
ဖမ်းဆီးချိန်တွင် တပါတည်းဖမ်းမိသော ထိုင်း ဆိုင်ကယ်များ ပျောက်နေခြင်း။
ဖဲဝိုင်းတွင် လူနှစ်ဦးတည်း ကစားသည်ဟု ဆိုကာ ကျန်သူများကို လွှတ်ထားခြင်း။
၎င်းအမှုကို ဟင်္သတ အမှတ်(၁) ရဲစခန်းမှ ဒုရဲအုပ်အောင်ရည်သွေးမှ ၂၅၊ ၁၂ ပုဒ်မ(၁၃)က ၁၄(က)တို့ဖြင့် တာဝန်ယူ တရားစွဲဆို ဆောင်ရွက်နေသည်မှာ ၅ လကျော်လာသော်လည်း တရားခံများမှာ လွတ်နေခြင်း။
          တရားခံများဘက်မှ  တိုင်းဝန်ကြီးချုပ် ဦးသိန်းအောင်၊ ဗိုလ်ချုပ်များနဲ့ ခေတ်အဆက်ဆက် အလုပ်တွဲလုပ်နေခဲ့သော အငယ်လေး (ခေါ်) ဇော်ဝင်းရှိန် ၏ သူငယ်ချင်း ဦးမျိုးပိုင် မှ တိုင်းရဲတပ်ဖွဲ့မှုးအထိ လွတ်မြောက်ရေးအတွက် ကြားပွဲစားအဖြစ် ဆောင်ရွက်ပေးခဲ့ပါတယ်။
          ထိုကိစ္စများ အပြင် (ဒနက)ရဲအုပ် မြင့်နိုင်သည် လယ်တီကွင်း လောင်းကစားဒိုင်ချုပ် ခင်မောင်မြင့်ကို သတင်းပေး အဖြစ်ထားပြီး(ကိုခင်မောင်မြင့်၏ အမျိုးသမီး နှစ်လုံးထီကစားမှု့ဖြင့် အရေးယူခံရသည်ကို လက်ကိုင်ထားပြီး) သစ်ကားတစ်စီးဖြတ်က ကျပ်ငါးသောင်း၊ ချဲဒိုင်ချုပ် အသေးလေးတွေကို အဖမ်းပြပြီး ဒိုင်ချု့ပ်တခုကို တလ ကျပ်သုံးသိန်း၊ ပြည့်တန်ဆာဂေဟာတခုလျှင် တလ သုံးသိန်း ဘောလုံး ဒိုင်ချုပ်တခုလျှင် ကျပ်ငါးသိန်း၊ ဆင်ဆာမဲ့ခွေ ရောင်းချသူများကို သတင်းတပ်ဖွဲမှ နေလင်းစိုးက တလ ကျပ်သုံးသိန်း၊ (ဒနက) နှစ်စဉ်ကြေး သုံးသိန်းကို ကိုခင်မောင်မြင့်က တဆင့် ကောက်ခံပါတယ်။
ကောက်ခံသော အကြောင်းပြချက်မှာ ပြည်ထဲရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီး ကိုကိုနှင့် ရဲချုပ်ကျော်ကျော်ထွန်းတို့အား ဂါရ၀ ပြုရန် ဖြစ်ပါတယ်။
          ဒုရဲအုပ်မြင့်ခိုင် လုပ်ချင်တိုင်း လုပ်နေတာကို သိနေတဲ့ ရဲမှုးကြီးမျိုးသန့်က ဘာမှ မလုပ်နိုင်တဲ့ အကြောင်းကတော့ လယ်တီကွင်း၊ အင်္ဂပိုလမ်း ချမ်းသာ ကေတီဗွီ စားသောက်ဆိုင်တွင် ရဲမှုးကြီးမျိုးသန့်နှင့် လှိုင်းဘုန်းမှ ကျမ်းမာရေး ဆရာမတို့ လူမှုရေးဖေါက်ပြန်သည်ကို သိရှိထားခြင်း။
မအူပင်ခရိုင်ရဲစခန်းကို စစ်ဆေးရင်း ညောင်တုန်းမှ ပြည့်တန်ဆာ အမျိုးသမီးနှင့် ညအိပ်ခဲ့ခြင်း။
ဖျာပုံခရိုင်ရဲစခန်းအား စစ်ဆေးရင်း အရက်မူးပြီး အချုပ်သားပေါ်လဲကျခြင်း၊
မအူပင်ဂေါက်ကွင်း ဂေါက်ကယ်ရီ အမျိုးသမီးရဲ့ ယောက်ျားကို စခန်းမှုးနှင့် ရဲမှုးကြီးတို့မှ ခေါ်ရစ်တဲ့ ကိစ္စတွေကို ဒုရဲအုပ်မြင့်ခိုင်က သိရှိထားခြင်း တို့ကြောင့် ဖြစ်ပါတယ်။
တရားဥပဒေ စိုးမိုးရေးအတွက် အမှု့တွေကို နေပြည်တော်မှ မှန်မှန်ကန်ကန် စစ်ဆေးပေးမဲ့ စိတ်ချရသောသူတွေကိုသာ စေလွှတ်စေချင်ပါတယ်။ ဘာကြောင့် စိတ်ချရတဲ့ သူတွေကို စေလွှတ်စေချင်တာလဲဆိုရင် ဂေါက်ကွင်းကေတီဗွီ၊ ချမ်းသာကေတီဗွီ၊ ဂိုးတန်းကေတီဗွီ၊ ကမ်းနားပြည့်တန်ဆာလုပ်ငန်းတွေကို လာစစ်ဆေး တယ်ဆိုလျှင် စစ်ဆေးသူတွေကို အစစ်ခံရသူတွေက ခေါ်ကျွေးမွေးပြုစုတယ်ဆိုတာ အရင်ဖြစ်ခဲ့ဖူးပါတယ်။
ထိုနေရာများ ပိတ်တယ်ဆိုရင်လဲ အလွန်ဆုံး ၅ ရက်ပါပဲ ပြန်ဖွင့်ပြန်ပါတယ်။
          ထို့ကြောင့် သမ္မတကြီးတို့မှ အမှန်တကယ် စစ်ဆေးမဲ့ အဖွဲ့ကို စေလွှတ်ပေးမည်ဆိုရင် မိမိတို့ဖက်မှ ယုံကြည်စိတ်ချရသော ဟင်္သာတမြို့ ညောင်ပင်ရပ် အတွင်းရှိ ဦးငြိမ်းထွန်း၊ ဦးခင်မောင်စန်း နှင့် တာငါးဆယ်မြောက် အုပ်ချုပ်ရေးမှုးတို့မှတဆင့် စုံစမ်းနိုင်ပါတယ်။
သမ္မတကြီးဆီက စစ်ဆေးတဲ့ အဖွဲ့ တွေမလာခင် ၎င်းလူသုံးဦး၏ အသက်အန္တရာယ်နှင့် ချိန်းခြောက်မှု ပြဿနာရှာမှု့များမှ ကာကွယ်ပေးပါ။
          ယခုအချိန်မှာ သစ်မှောင်ခိုမှု့နဲ့ ဆင်ဆာမဲ့ ခွေများ ရောင်းချခြင်း ပိုများလာပါတယ်။ လိုင်းကြေးပေးထားတဲ့ သူတွေကို ကြိုပြောတယ်၊ ရှောင်ခိုင်းတယ်၊ ရှာဖွေတယ် မတွေ့ဘူး လုပ်ပစ်လိုက်တာပါပဲ။
ဖြစ်သမျှတွေဟာ ဟင်္သာတ၊ ဟင်္သာတချည်းပဲ ဖြစ်နေတော့ အလွန်ရှက်မိပါတယ်။ (သက်သေအဖြစ် သတင်းစာကို စကင်ဖတ်ပြီး ပေးပို့ထားပါတယ်)

မိုးမခထံ ဧရာဝတီတိုင်းက ပေးစာများ

မိုးမခထံ ဧရာဝတီတိုင်းက ပေးစာများ (ဇူလိုင် ၂၉ ၊ ၂၀၁၂ )

ဧရာဝတီတိုင်းဒေသကြီးက တရားစီရင်ရေး … နိုင်ငံတော်နှင့် ပြည်သူ သိစေရန်
မျက်မြင်တဦး (ကျုံပျော်) ဇူလိုင် ၂၉ ၊ ၂၀၁၂
ဧရာဝတိတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျုံပျော်မြို့နယ်၊ မြိုနယ်တရားရုံးဍ် ဇူလိုင် ၂၅ ရက်နေ့ ညနေ ၃း၃၀ နာရီ အချိန်က မြိုနယ်တရားသူကြီးက ထောင်ဒဏ် ၉  လ ချမှတ်ခဲ့တယ်။ ချမှတ်ခံရသော ကိုမြအုန်းနှင့်  ဇနီး မကြည်ကြည်မာတို့မှာ မတရား အမှုဆင်ထောင်ချခြင်း ခံရတာ ဖြစ်ပါတယ်။တရားလိုဖြစ်သည့်
ဦးယဉ်ထွန်း (ကျုံပျော်သတင်းတပ်ဖွဲ့ တာဝန်ခံ) မှ ငွေချေးစာချုပ် အလွတ်တခုတွင် ၎င်းတို့အား လိမ်ညာ လက်မှတ်ထိုးခိုင်းထားပြီး ပုဒ်မ ၄၁၇ ဖြင့် ငွေသိန်း ၁၆၀ အတွက် တရားစွဲဆို ခြင်း ဖြစ်ပါတယ်။ အဆိုပါ ချေးငွေကို အတိုး ၅ ကျပ်နှုန်းဖြင့် ငွေတိုးချေးစားခဲ့ရာ အဆိုပါ လင်မယားက ပေးဆပ်ပြီး ဖြစ်တယ်လို့ဆိုပါတယ်။ ထိုသို့ ထောင်ချလိုက်သဖြင့် ထိုမိဘ ၂ပါးက မွေးထားသော မူလတန်းအရွယ် ကလေးသူငယ်လေးမှာ ထောင်ပြင်တွင် ခိုကိုးရာမဲ့ ကျန်ရစ်တယ်လို့ ဆိုပါတယ်။
ဟင်္သာတပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာဦးကြည်စိုးက ၀န်ကြီးဆရာအဖြစ် အာဏာပြ
မျက်မြင်တဦး (ဟင်္သာတ)
နေပြည်တော်အစိုးရနှင့် ကျန်းမာရေးဝန်ကြီး၏ ဆရာတပည့်ဖြစ်သည်ကိုအကြောင်းပြပြီး အာဏာပြခြင်းနှင့် ဈေးသည်များအပေါ်နှိုင်ထက်စီးနှင်းလုပ်ခြင်းကိစ္စ …
ဆရာဝန်ကြီးက ဆေးရုံဝင်းထဲက ငုံးဥရောင်းတဲ့ ကလေးငယ်တွေကို ခေါ်ပြီး ဗန်းတွေ သိမ်း၊ ရဲလက်အပ်မယ်ဟု ခြိမ်းခြောက်တာတွေ လုပ်ပါတယ်။ ကလေးတွေက ဆေးရုံဝင်းထဲမှာ နေ့စဉ်စားဝတ်နေရေးအတွက် ရုန်းကန်နေကြတာ ဖြစ်ပါတယ်။ ဆေးရုံပေါ် တက်ရောင်းတာလဲ မဟုတ်ပါဘူး။
ဆေးရုံဝင်းထဲက စားသောက်ဆိုင်တွေ၊ ၀န်ဆောင်မှုဆိုင်တွေကို လစဉ်ကြေး ပျက်ကွက်တာနှင့် ဆိုင်ပိတ်ပစ်တာမျိုးလည်း လုပ်ပါတယ်။ ဆေးရုံအပြင်က ဆိုက်ကားဂိတ်ကို ရှုပ်လို့ ဆိုပြီး စည်ပင်ကို ဖျက်ခိုင်းထားလို့ ဆိုက်ကားသမားတွေ နေစရာ အဆောင်မဲ့၊ နေပူ မိုးရွာထဲမှာ ရပ်နားနေတာပါတယ်။
ဆေးရုံကို Round လှည့်နေစဉ်မှာ အသည်းအသန်လူနာတွေကို ဆေးရုံထဲ အရေးပေါ် ၀င်ခွင့်မရပါ။ Roundပြီးမှ ဆေးရုံ တက်ရပါတယ်။ လူနာတွေနဲ့ လူနာရှင်တွေအတွက် အလွန် စိတ်ပူပင်သောက ဖြစ်စေပါတယ်။
ဝန်ကြီးတွေကို သူပိုင်တယ်၊ တိုင်လို့ လာစစ်တဲ့သူတွေကလည်း သူ့တပည့်တွေချည်းပဲလို့ ပြောပါတယ်။ အာဏာလည်း အလွန်ပြပါတယ်။ ၀န်ထမ်းတွေ ဆေးပင်စင်တင်တဲ့အခါ ထောက်ခံစာ သွားတောင်းရင်လည်း ကင်ဆာဖြစ်နေတာတောင်မှ ကိုယ်တိုင် လာပြီး ပြရမယ်လို့ ဆင့်ခေါ်ပါတယ်။ အခြားဆေးစာတွေထက် သူကိုယ်တိုင် မြင်ရမှ ပေးမယ်လို့ ကပ်သပ်ပြီး ပြောသူ ဖြစ်ပါတယ်။
ရဲဝန်ထမ်းတွေ ဆေးခွင့်တင်ရင်တောင် ဟင်္သာတဆေးရုံမှာ မပြရင် မပေးနိုင်ဘူးဆိုပြီး သူ့ကိုယ်သူ လူမှန်ကြီးလို့ ပြောသော်လည်း မုဒိန်းမှုတခုမှာ တရားခံဖက်က ငွေယူပြီးတော့ မိန်းကလေးအသက်ကို အရွယ်ရောက်သူဖြစ်အောင် ပြောင်းပေးတာတွေ လုပ်ပါတယ်။
ဆေးရုံထဲက စာရိတ်မျှပေး ကျန်းမာရေး ဆေးခန်းတွေက အပြင်ဆေးခန်းတွေထက် ဈေး ၂ ဆ ကြီးပါတယ်။ ဘာကြောင့်လဲဆိုတော့ ဆေးရုံအုပ်ကြီးကို ဆေးဆိုင်က တလကို ငွေ ၁၀ သိန်းကျောင် ပေးဆပ်နေရလို့ ဈေးတင်ထားတာလို့ ပြောပါတယ်။
အထက်လူကြီးမင်းများ စုံစမ်းကြပါရန် တင်ပြပါတယ်။
 အလုပ်မလုပ်သည့် ဟင်္သာတစည်ပင်နှင့် အမှိုက်ပုံကြီးများ
ဆွေးမင်းထက်၊ င်္ဟသာတ၊ ဇူလိုင် ၂၉ ၊ ၂၀၁၂
ဧရာဝတီတိုင်းဒေသကြီး။ဟင်္သာတမြို့  အ.လ.က(၁) အမျိုးသားကျောင်းနှင့် ဟင်္သာတမြို့ ၏ တစ်ခုတည်းရှိသော မြို့ တော်ခန်းမနောက်ဘက်တွင် အမှိုက်ပုံကြီး သုံးပုံကိုဟင်္သာတစည်ပင်သာယာမှ ၀န်ထမ်းများ မျက်ကွယ်ပြုထားသောကြောင့် အလွန်ဆိုးဝါးညစ်ပတ် နံစော်ပြီး ပတ်ဝန်းကျင်ကို ထိခိုက်နေပြီ ဖြစ်ပါသည်။ ကျောင်းသူကျောင်းသားများ၏ ကျန်းမာရေး၊ မြို့အင်္ဂါရပ်နဲ့ မညီညွတ်ခြင်း၊ အများမြင်သောနေရာ VIP သွားသောနေရာများတွင်သာ ရှင်းလင်းပြီး ကျန်အမှိုက်ပုံများကို အပေါ်က သဲတွေအုပ်ပြီး ရှင်းသလိုလုပ်ပါတယ်။
ဒ့ါအပြင် သမိုင်းဝင် ငါးမျက်နှာစေတီတော်မြတ်ကြီး မုဒ်ဦးအ၀င်ပေါက်တွင်အမှိုက်ပုံကြီးများနှင့် ဘုရားဖူးဧည့်သည်များ ၀င်ထွက်သွားရာလမ်းကြောင်းတွင် ဆိုင်များ၏ ထီးများ၊ အမိုး အစွန်းများနဲ့ ပိတ်နေပါတယ်။ လမ်းကြောတွေပိတ်တယ်၊ ကားတွေကြောင့်လို့ ပြောတာ တွေကိုကြည့် လိုက်ရင် ကားတွေကြောင့်မဟုတ်ဘဲ စည်ပင်ရုံးက ဈေးကောက်များ စည်းကမ်းမဲ့ကောက်နေခြင်း၊ လမ်းဘေးဈေးရောင်းချခွင့်ကို ဗရမ်းဗတာ ခွင့်ပြုနေခြင်းတို့ကြောင့် လမ်းတွေ ကျဉ်း၊ ပိတ်၊ ကားတွေ ကြပ်ဖြစ်ကုန်တာ ဖြစ်ပါတယ်။
ဘုရားကြီးရပ်ကွက်ပိုင် စံထွန်းကွမ်းသီးဂိုဒေါင်မှထွက်သော ကွမ်းသီးချွတ်ဆေးရည်များ။ကန့်အရည်များ၊ အနံဆိုးအရည်များ ရပ်ကွက်ထဲဝင်ရောက်လို့
ပတ်ဝန်းကျင်က ထပ်ခါ ထပ်ခါ တိုင်ကြားသော်လည်း ပိုင်ရှင်များ၏ လာဘ်ပေးထားမှုတွေကြောင့် စည်ပင်က ဘာမှ အရေးယူဆောင်ရွက်ခြင်း မပြုပါဘူး။
တိုင်းစည်ပင်ဝန်ကြီးကလည်း ဟင်္သာစည်ပင် အလုပ်မလုပ်တာကို သိသော်လည်း ဘာမှ အရေးမယူပါ။  ဟင်္သာတ စည်ပင်အမှုဆောင်အရာရှိ ဗိုလ်ကြီးခင်မောင်မြင့်က နေပြည်တော် စည်ပင်သာယာမှ ဗိုလ်မှူးကြီးသိန်းညွန့် ၏ သားတပည့်ရင်းဖြစ်နေတာတွေကြောင့်လို့ ပြောပါတယ်။