Wednesday, July 11, 2012

အကျင့်ဆိုး ၊ စရိုက်ဆိုးနဲ့ အုပ်ချုပ်နေတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးကို အရေးယူပေးစေလို

အကျင့်ဆိုး ၊ စရိုက်ဆိုးနဲ့ အုပ်ချုပ်နေတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးကို အရေးယူပေးစေလို  

ပဲံခူးတိုင်းအနောက်ပိုင်း ၊ သာယာဝတီခရိုင် ၊ ကြို့ပင်ကောက်မြို့နယ် ၊ တူးကံကျေးရွာအုပ်စုမှာ ကျေးရွာအုပ်ချုပ်ရေးမှူးအဖြစ်တာဝန်ထမ်းဆောင်
လျက်ရှိတဲ့ သန်းလွင် ဟာ ရယကဥက္တဌ အဖြစ်ကနေ မြို့နယ်က တာဝန်ရှိသူတွေကို ငွေကျပ်(၁)သိန်းပေးပြီး ကျေးရွာအုပ်ချုပ်ရေးမှူး
အဖြစ်ဆက်လက်တာဝန် ထမ်းဆောင်နေသူဖြစ်ပါသည်။
ရပ်ရွာအကြောင်းများတွင် အရာရာကို ငွေကြေးတောင်းခံရယူနေသူဖြစ် ပါသည်။ ကျေးရွာတွင် သေးငယ်သောအမှုအခင်းများဖြစ်ပွားပါကရဲများခေါ်
လာပြီးဒဏ်ငွေ(၅၀၀၀၀)ကျပ် ဒဏ်ရိုက်ပြီး ရဲနှင့်ဝေစားမျှစားပြုနေပါသည်။
လင်မယားစကားများရန်ဖြစ်လျှင်(၇၀၀၀၀)ကျပ်ဒဏ်ငွေ သတ်မှတ်ပြီး မကြာသေးမီရက်ပိုင်းက
 လင်မယားရန်ဖြစ်ခြင်းကို ဒဏ်ငွေ(၇၀၀၀၀)ရိုက်သည့်အပြင် ရဲနှင့်ပေါင်းပြီး ရဲအချုပ်မှာ(၇)ရက်
အချုပ်ခံရသည့်ဖြစ်စဉ်လဲဖြစ်ခဲ့ပါသည်။
၎င်းအနေဖြင့်ဖြေရှင်းပေးသည့် အကြောင်းများရှိလျှင် ၄င်းကိုယ်တိုင်ဆုံးဖြတ်ခြင်းမပြုဘဲ ၄င်း၏
ဇနီးနှင့်သမီးတို့၏အစီအမံပြောဆိုမှုဖြင့် စီရင်ဆုံးဖြတ်ခြင်းများလည်းလုပ်ကိုင်နေပါသည်။
ကျေးရွာအုပ်ချုပ်ရေးမှူး သန်းလွင်ဟာ ကျေးရွာသူ ကျေးရွာသားများ၏ ခိုက်ရန်ဖြစ်ပွားမှုများကို
ရဲနှင့်ပေါင်းစားနေသည့်အပြင် ကုမ္ပဏီများမှ အကြွေး စနစ်ဖြင့်ရောင်းချပေးသော ဓါတ်မြေသြဇာ
များကို ကိုယ်ကျိုးအတွက်သုံးခြင်း ၊ လယ်သမားများမှ ပေးဆပ်သောငွေကြေးများကို ကုမ္ပဏီသို့
မပေးဆပ်ဘဲ ၄င်းကိုယ်ကျိုးအလွဲသုံးစားပြုထားသဖြင့် လယ်သမားများအား ထပ်မံအတောင်းခံ
ရခြင်းများဖြစ်ပေါ်နေပါသည်။
အဆိုးရွားဆုံးမှာ ရပ်ကျိုးရွာကျိုး ဖြစ်သော နိုင်ငံတော်၏စေတနာဖြင့်ချမှတ်ပေးသော ကျေးရွာ
လျှပ်စစ်မီးရရှိရေးကို ဦးစီးဦးဆောင်မပြု ပေးသဖြင့် ကျေးရွာနေပြည်သူများမှ ကိုယ်ထူကိုယ်ထ
ကော်မတီဖွဲ့လုပ်ဆောင်နေရပါသည်။
 ဒီထက် ဆိုးရွားသည်မှာ ကျေးရွာနေ တောင်သူလယ်သမားများအမည်ကို အလွဲသုံးစားပြုပြီး
စိုက်ပျိုးစရိတ် ချေးယူကာ နိုင်ငံတော်သို့ပြန်မပေးဆပ်သဖြင့် စိုက်ပျိုးရေးဘဏ်မှ ယခုနှစ်
ချေးငွေထုတ်ပေးခြင်း မရှိသဖြင့် လယ်သမားများချေးငွေမရသည့်ဖြစ်စဉ်မှာ နိုင်ငံတော်၏ဆင်းရဲ
နွမ်းပါးမှုလျော့ချရေး  လုပ်ငန်းစဉ်ကို ပီပီပြင်ပြင်ဆန့်ကျင်နေပါသဖြင့် ထိရောက်စွာဖော်ထုတ်
အရေးယူဆောင်ရွက်ပေးနိုင် ရေးအတွက် နိုင်ငံတော်သမတကြီးနဲ့တကွ  ဆိုင်ရာဆိုင်ရာဝန်ကြီး
ဌာနများ ၊ အစိုးရအဖွဲ့များ သိရှိဆောင်ရွက် ပေးစေရန် တင်ပြလိုက်ရပါသည်။

ရွှေကြို့သား (သဲသဲ)

အမှိုက်ပုံပြဿနာဖြေရှင်းပေးစေလို

အမှိုက်ပုံပြဿနာဖြေရှင်းပေးစေလို  



 ကြည့်မြင်တိုင်မြို့နယ်၊ ကျောင်းကြီးလမ်း ၊ဈေးကြီးအရှေ့ရပ်ကွက်တွင် ၊ လူနေအိမ်၊ ဆေးခန်းတို့၏ အလယ်တွင် တွေ့ ရသည့် အမှိုက်ပုံ
ရန်ကုန်တိုင်းဒေသကြီး ကြည့်မြင်တိုင်မြို့နယ်၊ ကျောင်းကြီးလမ်း ၊ဈေးကြီးအရှေ့ရပ်ကွက်တွင် ၊ လူနေအိမ်၊ ဆေးခန်းတို့၏ အလယ်တွင် ပုံပါအမှိုက်ပုံကြီး ရုပ်ပျက်စွာ တည်ရှိနေပါသည်။
စည်ပင်သာယာခွန်ကို  တာဝန်ကျေစွာ ပေးဆောင်ထားသော အမှိုက်ပုံ အနီးနေ ပြည်သူများ၏ ခံစားချက်ကို အမှိုက်ပုံနား တစ်ခဏ ဖြတ်လျှောက်သွားရင်းဖြင့် ခံစားနားလည်း ဖြေရှင်းပေးပါရန် မြို့တော်ဝန်ကြီးနှင့်တကွ သက်ဆိုင်ရာများကိုအကြောင်းကြားပါသည်။
အမှိုက်ပစ်ချိန်သည် စာရွက်မှာသာရှိ၊ ပစ်ချိန်တွင်ပစ် ၊ ပစ်ချင်သလိုပစ်၊ သိမ်းချင်သော အချိန်သိမ်း၊ ဖွချင်သကဲ့သို့ဖွ ၊ မွှေချင်သလိုမွှေ ၊ လူကြီးစစ်ရင် သန့်ရှင်းအောင်လုပ်၊ ကန်ကကန် ၊ အမှိုက်ကအမှိုက် ၊ ဖြစ်ချင်တိုင်း ဖြစ်နေသော ရန်ကုန်မြို့တော် တစ်နေရာ ၊ စင်္ကာပူ ကဲ့သို့ အဆင့်မြင့် မြို့တော် လုပ်ချင်ရင်ဖြင့် အသစ်တွေ ထပ်မလုပ်နိုင်ရင်တောင် ရှိပြီးသား အကျင့်ဆိုးတွေကို တင်းကြပ်သော စည်းကမ်းဖြင့် ထိန်းသိမ်းပြုပြင်ပေးစေချင်ပါသည်။
အမှိုက်စနစ်ကိုမဖြေရှင်းဘဲ လမ်းခင်း၊ ဆေးသုပ်၊ မြောင်းဖောက်၊ အမှိုက်ပုံး ထားနေလို့ကတော့ ကျွဲပါးစောင်းတီး သကဲ့သို့ အမှိုက်ကအမှိုက်၊ စနစ်ကစနစ် ၊ ရည်မှန်းချက် က ရည်မှန်းချက် ၊စီမံကိန်းကစီမံကိန်းပဲ ဖြစ်နေတော့မှာပါ။
သို့ပါ၍ထင်သာ မြင်သာ ရေးသားထားသော ဤစာကို ဖတ်ရှုပြီးသောသူများ အားလုံး တတ်နိုင်သမျှ့ျမေန လုပ်ပြီး၊ မြို့တော်ဝန်ကြီး နားပေါက်အောင် ပြုလုပ်ပေးကြပါ။ မြို့တော်ဝန်ကြီးလည်း အမှိုက် ပြဿနာ အဖြေရှာ၍ မြို့တော်သာယာ လုပ်ငန်းဆောင်တာများ စည်းစနစ်တကျ အမြန် အကောင်အထည် ဖော်နိုင်ပါစေ။

အမှိုက်ပုံနားမှ အိမ်ရှင်မတဦး