Tuesday, August 21, 2012

တိုးအောင်ကုမ္မဏီ ရိုက်ချက် နိုင်ငံတော်သမ္မတကြီး သိစေနိုင်ရန်


တိုးအောင်ကုမ္မဏီ ရိုက်ချက် နိုင်ငံတော်သမ္မတကြီး သိစေနိုင်ရန် 
- နွားထိုးကြီးသား
-၁၆.၈.၂၀၁၂

သို့

အယ်ဒီတာကြီးခင်ဗျာ

နွားထိုးကြီးတွင် အင်ကြင်းကျောက်များအား (၂၂)ဘီးကားကြီးများဖြင့် (တိုးအောင် ကုမ္မဏီ) မှအလှဆင်ခြင်းအတွက် သစ်တောမှသယ်ဆောင်ခွင့် ပေးသည်ဟု ပြောကြားပါသည်။

၎င်းအင်ကြင်းကျောက်များအား မန္တလေးထိသာ သယ်ယူမည်ဟုပြောကြားပြီး ကွတ်ခိုင် နမ့်ဖတ်ကာထိသယ်ယူပြီး တောလမ်းများမှ ကွင်းယူပြီးတရုတ်ပြည်ဂျယ်ဂေါင်ထိ ၄င်းကုမ္မဏီမှ တရားမ၀င်သယ်ဆောင်ပေးနေသည်ဟုသိရှိရပါသည်။

သစ်တောခွင့်ပြုမိန့်မှာ ၈တန်တာဖြစ်ပြီး ၄င်း (၂၂) ဘီးကားပေါ်တွင် ၃.၅တန်သာတင်ဆောင်သည်ဟုပြောကြားပါသည်။
အမှန်တကယ် (၂၂)ဘီးကား၁စီးသည် ၃၇ တန်ထိတင်ဆောင်နိုင်ပါသည်။

၎င်း(တိုးအောင်ကုမ္မဏီ) မှသစ်တော်ညွန်ချုပ်မှစေခိုင်းထားခြင်းဖြစ်သောကြောင့် မည်သူမှဖမ်းဆီး မရနိုင်ကြောင်းပြောကြားသွားပါသည်။
(12.8.2012) နေ့၃တွင်နွားထိုးကြီး မှ မန္တလေးသို့ (၂၂) ဘီးတွေက ကား(၃) စီးဖြင့်သယ်ဆောင်ကြောင်းပြောကြား သွားပါသည်။
ထို့ကြောင့်နိုင်ငံတော်သမ္မတကြီးသိစေနိုင်ရန်အတွက် တင်ပြခြင်းဖြစ်ပါသည်။

မှ


- နွားထိုးကြီးသား

Sunday, August 19, 2012

အကျင့်ပျက် အောက်ခြေဝန်ထမ်းများကြောင့် ဒုက္ခရောက်နေကြရတဲ့ မြန်အောင်မြို့နယ် တယ်ကုန်းကျေးရွာအုပ်စု တောင်သူလယ်သမားများ၏ ရင်ဖွင့်တိုင်ကြားစာ..



အကျင့်ပျက် အောက်ခြေဝန်ထမ်းများကြောင့် ဒုက္ခရောက်နေကြရတဲ့ မြန်အောင်မြို့နယ် တယ်ကုန်းကျေးရွာအုပ်စု တောင်သူလယ်သမားများ၏ ရင်ဖွင့်တိုင်ကြားစာ..

Posted: 17 Aug 2012 07:48 AM PDT
 
ကျွန်တော်များ ဧရာဝတီတိုင်းဒေသကြီး မြန်အောင်မြို့နယ် တယ်ကုန်း ကျေးရွာအုပ်စုမှ တောင်သူလယ်သမားများသည် ၂၀၁၁ - ၂၀၁၂ မိုးရာသီစိုက်ပျိုး စားရိတ်ချေးငွေများနှင့် တောင်သူများ၏ စုဆောင်းချွေတာငွေတို့ ထုတ်ယူ မရရှိသေးပါ။ ကျေးရွာတောင်သူများမှ မြို့နယ်စိုက်ပျိုးရေးဘဏ်သို့ သွားရောက် စုံစမ်းသောအခါ မန်နေဂျာမှ ကျေးရွာအုပ်စု၏ ငွေပြန်လည် ပေးဆပ်မှု နောက်ကျခြင်းကြောင့် ငွေထုတ်ပေးရန် ရက်ချိန်းပင် မပေးနိုင်ကြောင်း ပြောပါသည်။
ကျေးရွာအုပ်စုများတွင် ချေးငွေပေးဆပ်မှု နောက်ကျခြင်းမှာ ရယကစာရေးနှင့် ကျေးရွာအုပ်ချုပ်ရေးမှူး အချို့တို့၏ ကြန့်ကြာခြင်းသာ ဖြစ်ပါသည်။ ၎င်းတို့သည် လယ်ပိုင်ဆိုင်မှု မရှိဘဲ ရှိသည်ဟု စာရင်းပြပြီး ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရယကစာရေး၊ မြေတိုင်းစာရေး၊ စိုက်ဘဏ် စသည်တို့ ပူးပေါင်းထုတ်ယူ သုံးစွဲနေကြပါသည်။
အချိန်တန်လို့ အထက်ပါပုဂ္ဂိုလ်တို့ ပြန်မဆပ်နိုင်သောအခါ လယ်သမားများမှာ ချေးငွေပြေကြေပါလျက် ထိခိုက်နစ်နာရ ပြန်ပါသည်။ ကျွန်တော်တို့ တောင်သူလယ်သမားများမှာ စိုက်ပျိုးစရိတ်၊ မိုးမကောင်းလျှင် ရေတင်ခ၊ ဓါတ်မြေသြဇာဝယ်ယူရေး၊ ပေါင်းမြက် ရှင်းခ စသည်များကို ပြင်ပမှ ငွေ၁၀၀လျှင် ၁၀ကျပ်အတိုးနှုန်း ဖြင့်၎င်း ရရာအတိုးနှင့် ချေးငှားလုပ်ကိုင် ဖြေရှင်းနေရပါသည်။ လယ်ယာမြေများ ရေသွင်းချိန်၊ ဓါတ်မြေသြဇာ ထည့်ကျွေးချိန်စသည့် အချိန်ကိုက် လုပ်ရမည့်အလုပ်များတွင် ငွေမရှိလို့ မ၀ယ်နိုင် မလုပ်နိုင်ပါက ကောက်ပင်များ စံချိန်မီ မကြီးထွား ထွက်နှုန်းများ လျော့ကျလာပြီး နိုင်ငံတော်အတွက် များစွာ ထိခိုက်နိုင်ပါသည်။`
ဤဖြစ်ရပ်များမှာ ကျွန်တော်တို့ တယ်ကုန်းကျေးရွာအုပ်စုတွင်သာမက ဆန်နီချောင်၊ ဆည်ရွာ စသည်ကျေးရွာ အုပ်စုများတွင်လည်း ဖြစ်ပျက်နေကြောင်း ကြားသိရပါသည်။ ကျေးရွာတစ်အုပ်စု၊ တစ်မြို့နယ်၊ တစ်နိုင်ငံလုံးသာဆိုလျှင် ဆန်စပါးစိုက်ပျိုးရေးကို အဓိကထားနေရသော နိုင်ငံတော်၏ စီးပွားရေးမှာ အထူးပင် စိုးရိမ်ဖွယ်ရာ ဖြစ်ပါသည်။
နိုင်ငံတော်အစိုးရမှ မေတ္တာစေတနာဖြင့် တောင်သူလယ်သမားများ အားလုံးအား သက်သာချောင်ချိစေရန် အဖက်ဖက်မှ အထူးပြုလုပ်ပေးနေ ပါသော်လည်း အောက်ခြေ၀န်ထမ်း အချို့များ၏ အကျင့်ပျက် ခြစားမှုများကြောင့် နိုင်ငံတော်အစိုးရ၏ မေတ္တာစေတနာတို့သည် အရာမထင်ဖြစ်နေရပါသည်။
သို့ဖြစ်ပါ၍ ကျွန်တော်တို့လို အောက်ခြေပြည်သူများ၊ တောင်သူလယ်သမားများ၏ အခက်အခဲ အကြပ်အတည်းများကို လိုအပ်သလို စီစစ်ဆောင်ရွက် နိုင်ပါရန် ဒီမိုဝေယံ မှတဆင့် ရင်ဖွင့်တင်ပြအပ်ပါသည်။

တောင်သူလယ်သမားများ
တယ်ကုန်းကျေးရွာအုပ်စု
မြန်အောင်

Wednesday, August 15, 2012

ဆင်ပေါင်ဝဲမြို့ နယ် က.ပ.စ (ဂ) လယ်မြေသိမ်းယူမှု




ဆင်ပေါင်ဝဲမြို့ နယ် က.ပ.စ (ဂ) လယ်မြေသိမ်းယူမှု

မကွေးတိုင်း ဒေသကြီး ၊ ဆင်ပေါင်ဝဲမြို့ နယ်တွင် က.ပ.စ(၈)မှ အမှန်တကယ်လိုအပ်
သည်ထက် လယ်ယာဧကမြောက်များစွာကို တရားဥပဒေနှင့်အညီ ကာလတန်းဖိုးဖြင့်
ပေးလျော်မှုမရှိပဲ သိမ်းယူခြင်း၊ ပိုနေသော လယ်ဧကမြောက်များစွာကို တဖန်ပြန်၍
ဗိုလ်မှူးအဆင့်မှသည် ဒုတပ်ကြပ်အဆင့်အထိ ကိုယ်ပိုင်ပစ္စည်းလို သဘောထားပြီး--
သတင်းအပြည့်အစုံဖတ်ရန် ဒီနေရာကို နှိပ်ပါ


http://feeds.feedburner.com/thithtoolwin/yIWV