ခပ်ညံ့ညံ့အကြောင်းအရာများကိုတင်ပြခဲ့သောမြိတ်မြို့၏လွှတ်တော်အမတ်ဦးတင်ရှန်အား ဖယ်ရှားပေးပါရန်..(ပေးစာ)
by than htut
တနင်္သာရီတိုင်းဒေသကြီးမြိတ်မြို့၏လွတ်တော်အမတ်ဦးတင်ရှန်သည်ယခုတခေါက်လွတ်တော်တွင်အောက်ပါ
အချက်နှစ်ခုကိုတင်ပြတောင်းဆိုခဲ့ကြောင်း15.8.2012
ရက်စွဲပါမြန်မာ့အလင်းသတင်းစာတွေ့နိုင်သည်။
ပထမတစ်ချက်မှာမြိတ်မြို့ကမ်းနားလမ်းတလျှောက်ပလက်ဖောင်းပေါ်တွင်အားကစားပစ္စည်းများထားရှိရေးနှင့်
ဒုတိယအချက်မှာဆိုကရေးတီးကိစ္စရပ်များကိုပိုမိုအားပေးရေးတို့ဖြစ်သည်။
ဦးတင်ရှန်သည်သီတာရေလုပ်ငန်းကုမ္ပဏီမှမန်နေဂျာတစ်ဦးဖြစ်သည်။၎င်း၏ဖခင်ဦးကြင်မောင်မှာယခင်
မစလပါတီမှတင်းပြည့်ကျပ်ပြည့်ပါတီဝင်တစ်ဦးဖြစ်သည်။အရည်ချင်းရှိမျိုးရိုးမှဆင်းသက်လာသူဖြစ်ပြီး၎င်း
ကိုယ်တိုင်ကြံဖွံပါတီဝင်ဖြစ်သည်။
မြိတ်မြို့လွတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်လျှက်နှင့်မြို့၏အကျိုးကိစ္စ၊လူထုအကျိုးရှိမည့်ကိစ္စရပ်များကို
တင်ပြရမည့်အစား၊ရှုးကြောင်ကြောင်ကိစ္စများကိုသာတင်ပြခဲ့သည့်အတွက်မြိတ်မြို့သားတစ်ဦးအနေနှင့်
အလွန်ပင်ရှက်မိဒေါသဖြစ်မိသည်။
ဦးလှသန်းကိုကြောက်၍အောက်ပါအချက်များကိုမတင်ပြပါ
ရေလုပ်ငန်းကိစ္စရပ်များကိုမဆွေးနွေးမတင်ပြခဲ့ပါ။
ငါးမှုန့်စက်ရုံအနံအသက်ဆိုးရွားစွာထွက်ရှိနေခြင်းကိစ္စများကိုမတင်ပြခဲ့ပါ။သစ်တောများမတရားခိုး
ထုတ်နေခြင်း၊သစ်တောပြုန်းတီခြင်းကိစ္စအကြောင်းများကိုလည်းမတင်ပြမဆွေးနွေးခဲ့ပါ။
ဦးဋ္ဌေးမြင့်ကိုကြောက်၍အောက်ပါအချက်များကိုမတင်ပြခဲ့ပါ လမ်းများအလွန်ပျက်စီးနေခြင်းကိုသိလျှက်ပင်
မတင်ပြခဲ့ပါ။လျှပ်စစ်မီတာခများဈေးကြီးပေးဆောင်နေရခြင်းကိစ္စများကိုလည်းမဆွေးနွေးခဲ့ပါ။ငါးဦးစီးဌာနနှင့်
ငါးလုပ်ငန်းအဖွဲ့ချုပ်ကိုကြောက်၍ဒေသဖွံဖြိုးရေးကြေးများနှင့်VIP
ကြေးများကောက်ခံနေခြင်းကိစ္စများကိုလည်း
မတင်ပြခဲ့ပါ။
တရားဝင်အခွန်ဆောင်၍Exportထွက်ခွါနေသောငါးသယ်လှေ(လိုင်းဖြူ)များထိုင်းနိုင်ငံသို့တိုက်ရိုက်ထွက်
ခွါခွင့်မရရှိဘဲ့
ကြားစခန်းဖြစ်သောဝါးကျွှန်းစစ်ဆေးရေးစခန်းများတွင်တဖန်အစစ်ဆေးခံပြီးမှထွက်ခွါနေရခြင်းကိုလည်းမ
တင်ပြခဲ့ပါ။မြန်မာ့ရေတပ်မတော်ကိုကြောက်၍ရေတပ်မတော်မှစစ်သင်္ဘောများတိုင်းရင်းသားပိုင်လှေ
အသီးသီးမှနည်းမျိုးစုံဖြင့်ခြိမ်းခြောက်ကာငွေတောင်းခံခြင်း၊ဒီဇယ်ဆီများကိုတောင်းခံခြင်းကိစ္စရပ်များကို
လည်းမတင်ပြခဲ့ပါ။
အမှန်တကယ်လိုအပ်နေသောအရာများကိုတင်ပြမည့်အစားခပ်ညံ့ညံ့အကြောင်းအရာများကိုတင်ပြခဲ့သော
အညံ့စားအမတ်ကိုအမြန်ဆုံးဖယ်ရှားပေးနိုင်ရန်မြိုသားတစ်ဦးအနေဖြင့်တင်ပြအပ်ပါသည်။
မြိတ်မြို့သားတဦး
စစ်ဆေးအရေးယူပေးမှုများ ပြု လုပ်ပေးပါရန်။ (ပေးစာ)
by admin
ပြည်မြို့မှ
မြန်အောင်မြို့သို့ ကိုယ်ပိုင်ကားဖြင့် အပြန်လမ်းခရီးတွင်
လမ်းကြေး၊မြို့ဝင်ကြေးများသာ ပေးဆောင်ခဲ့ရပါသည်။ ကြံခင်းမြို့အ၀င်
ပန်းရံစုဂိတ်တွင် မြို့ဝင်ကြေးအပြင် ကြံခင်းမြို့နယ် မော်တော်ယာဉ်လုပ်ငန်း
ပေါင်းစုံ ထိန်းသိမ်းရေးကော်မတီမှ ဘောက်ချာဖြတ် ပိုင်းပေးပြီး ငွေ(၅၀၀)ကို
တရားမ၀င်ကောက်ခံခဲ့ပါသည်။
ထိုလမ်းသည် ကြံခင်းမြို့နယ် မော်တော်ယာဉ်လုပ်ငန်း ပေါင်းစုံထိန်းသိမ်း
ရေးကော်မတီမှ ခင်းခဲ့သော လမ်းမဟုတ်ပါကြောင်း သက်ဆိုင်ရာမှ
လူကြီးမင်းများသိစေအပ်ပါသည်။ စစ်ဆေး အရေးယူမှုများ ပြုလုပ်ပေးပါရန်
တောင်းဆိုပန်ကြားအပ်ပါသည်။

ရဲအရာရှိများ လောင်းကစား ဒိုင်များထံမှ လာဘ်ငွေ(လိုင်းကြေး) ရယူမှု တိုင်းကြားစာ
by သစ်ထူးလွင်
သို့/
ဒုတိယ ဗိုလ်ချုပ်ကြီး ကိုကို
ပြည်ထဲရေး ၀န်ကြီး
ပြည်ထဲရေး ၀န်ကြီး ဋ္ဌာန
နေပြည်တော်။
ရက်စွဲ။ ။ ၂၇.၈.၂၀၁၂
အကြောင်း အရာ။ ။ ရဲအရာရှိများ လောင်းကစား ဒိုင်များထံမှ လာဘ်ငွေ
(လိုင်းကြေး) ရယူပြီး ချဲဒိုင် နှစ်လုံးထီဒိုင် ၊ ဘောလုံးပွဲ ဒိုင်များအား
တရားဝင် သဖွယ် ပြုလုပ်ခွင့် ပေးနေပါသဖြင့် နိုင်ငံတော် အနာဂတ် အတွက်
ဆိုးရွားလာနိုင် ပါသဖြင့် အမြန်ဆုံး အရေးယူ ပေးပါရန် တိုင်ကြားခြင်း။
ကျွန်တော်သည် အောင်ချမ်း သာရပ်ကွက် သန်လျင် မြို့နယ်မှ ၀န်ထမ်း
တစ်ဦးဖြစ်ပါသည်။ ကျွန်တော်တို့ သန်လျင် မြို့နယ်တွင် ၂ လုံးထီလောင်း
ကစားမှုများ အလွန်ပေါများ နေပါသည်။
ယခုအချိန် အခါသည် နိုင်ငံတော် သမ္မတကြီးမှ ကောင်းမွန်သော အစိုးရ (Good
Government)၊ သန့်ရှင်းသော အုပ်ချုပ်မှု (Clean Governance)
ဖြစ်ပေါ်စေရေးအတွက် နိုင်ငံ့ဝန်ထမ်းများအား လာဘ်ပေးလာဘ်ယူကိစ္စများကို
ရှောင်ကျဉ် ကြရန် အဆက်မပြတ် သတိပေး ပြောကြားမှုများရှိ နေပါသည်။
ထိုသို့ နိုင်ငံတော် သမ္မတကြီးမှ အကြိမ်ကြိမ် ပြောကြားနေ ပါသော်လည်း
ကျွန်တော်တို့ တောင်ပိုင်းခရိုင် တွင် တာဝန်ကျ နေသော ရန်ကုန်တိုင်း
ဒေသကြီး ရဲတပ်ဖွဲ့မှုးရုံးမှ ရဲအရာရှိများမှာ နိုင်ငံတော်သမ္မတကြီး၏
လမ်းညွှန်မှာကြားချက်ကို ဖုတ်လေသည့်ငါးပိ၊ ရှိလေသည့် ဟန်တောင်မရှိကြပါ။
နိုင်ငံတော်သမ္မတကြီးမှ တိုင်းပြည်တိုးတက် အောင်မည်သို့ ပင်ကြံဆောင်
နေပါသော်လည်း ယခင်အတိုင်း လာဘ်ပေးလာဘ် ယူမှုများ လုပ်လျက် နိုင်ငံတော်
အကြီးအကဲများ၏ တိုင်းပြည် တိုးတက်ရေး လုပ်ဆောင်နေ မှုများကို နောက်ကြောင်း
ပြန်လှည့်အောင် လုပ်ဆောင်နေသည်လား ၊ သို့တည်းမဟုတ် နိုင်ငံတော်သမ္မတကြီး၏
လမ်းညွှန်မှုကို လုံးဝကိုဂရုမစိုက်လေ သည်လားပင် မသိရတော့ပါ။
ထိုသို့သော အကျင့်ပျက်ဝန်ထမ်းများကြောင့် တောင်ပိုင်းခရိုင်သန်လျင်
မြို့နယ်တွင် ၂ လုံးထီ လောင်းကစားဒိုင် များမှာ ပေါ်ပေါ်ထင်ထင်ပင်
ပြုလုပ်နေကြပါသည်။ ၂ လုံးထီလောင်းကစားဒိုင်များကြောင့် ရပ်ကွက်နေ ပြည်သူ
လူထုမှာလည်း နေ့တဓူဝ လူမှုဒုက္ခ အမျိုးမျိုးကို ရင်ဆိုင်နေရပါသည်။
ထိုသို့ ၂ လုံးထီလောင်းကစားဒိုင်များ အတင့်ရဲစွာ လုပ်နိုင်ကြရန်လည်း
ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှုးရုံး၊ ဦးစီး (၁) ဋ္ဌာနခွဲမှ နယ်မြေတာဝန်ကျ
ရဲအုပ်ထွန်းထွန်းဝင်းနှင့် ရဲအုပ်အောင်စိုးနိုင်တို့မှ လာဘ်ငွေများရယူကာ
အကာအကွယ် ပေးထားခြင်း ကြောင့် ဖြစ်ပါသည်။
၎င်းရဲအရာရှိနှစ်ဦးမှာ သန်လျှင်မြို့နယ် အတွင်းရှိ လောင်းကစားဒိုင်
များထံမှ တစ်လလျှင် ဒိုင်တစ်ဒိုင်ထံမှ ကျပ်ငွေ နှစ်သောင်း( 20,000) မှ
သုံးသောင်း (30,000) ထိ လစဉ်လိုင်းကြေးငွေ ရယူပြီး အဖမ်းမခံရစေဟု အာမခံကာ
ကာကွယ်ပေးထားခြင်းကြောင့် ဖြစ်ပါသည်။ အောက်ခြေရဲတပ်ဖွဲ့ဝင်များကိုလည်း
၎င်းတို့ လိုင်းကြေးရယူထားသော ဒိုင်များကို မဖမ်းဆီးရန်
ခြိမ်းခြောက်ပြောဆို ထားမှုများလည်းရှိပါသည်။
ရဲအုပ်အောင်စိုးနိုင်နှင့် ရဲအုပ် ထွန်းထွန်းဝင်းတို့ လိုင်းကြေးငွေရယူပြီး အကာအကွယ်ပေးထားသော ၂လုံးထီ လောင်းကစားဒိုင်များမှာ--
၁။ ခင်ညို ၊ နှစ်လုံးထီလောင်းကစားဒိုင်ချုပ်၊ ဘုရာကုန်းကျေးရွာအုပ်စု၊ သန်လျှင်_ ခရမ်းသုံးခွကားလမ်းမ ဘေးရှိ ဝေဖြိုးသစ်စက်ဘေးအိမ်။
၂။ ၀င်းထွန်း ၊ ဒိုင်ချုပ်၊ မြို့မတောင်ရပ်ကွက် ၊ သဇင်လမ်း ၊ သန်လျှင်မြို့နယ်၊
၃။ နိုင်မင်းထက်(ဒိုင်)၊ ကညင်ပင် (၁)လမ်း ၊ တာဝကွက်သစ်ရပ်ကွက် ၊ သန်လျှင်မြို့နယ်။
၎။ ဒေါ်တင်နွဲ့(ဒိုင်)၊ ပတ္တမြားလမ်းထိပ်၊ ထမင်းနှင့် လဖေ့ရည်ဆိုင်၊ တာဝကွက်သစ်ရပ်ကွက် ၊ သန်လျှင်မြို့နယ်။
၅။ ထွန်းသန်း (ဒိုင်) ၊ကညင်ပင် (၂)လမ်း၊ တာဝကွက်သစ်ရပ်ကွက် ၊ သန်လျှင်မြို့နယ်။
၆။ ထွန်းနိုင်(ဒိုင်)၊ မြို့ဟောင်းအနောက်ရပ်ကွက်၊ ကမ်းနားလမ်း၊ ယခင်သီတာသဘောင်္ဆိပ်အနီး။
၇။အောင်ထွန်း (ဒိုင်)၊ အုတ်ဖိုစုရပ်ကွက်။
၈။ ကုလားကြီး (ဒိုင်) အောင်ချမ်းသာရပ်ကွက်၊ ဈေးအနီး။
၉။ နီနီမာ (ဒိုင်) အောင်ချမ်းသာရပ်ကွက်
တို့ ဖြစ်ပြီး ကျွန်တော်မသိသေးသော အခြားဒိုင်များစွာလည်း ရှိပါ သေးသည်။
ထို့ပြင် ထိုရဲအရာရှိများမှာ
၎င်းတို့အားလစဉ်လိုင်းကြေးမပေးသည့်ဒိုင်များနှင့် လိုင်းကြေးပေးသော်လည်း
၎င်းတို့ ကျေနပ်လောက်သောငွေပမာဏ မပေးနိုင်သည့် ဒိုင်များအား ဖမ်းဆီးကာ
အခြားဒိုင်များအား ခြိမ်းခြောက်ကာ ဆက်ကြေး ကောက်ခံသလိုမျိုး
လိုင်းကြေးများကောက်ခံလျက်ရှိပါသည်။
လွန်ခဲ့သော တစ်လခန့်က ၂ လုံးထီလောင်းကစားဒိုင် မလင်းလင်းကျော်၊
အမှတ်မရှိ ၊ ပတ္တမြားလမ်း၊ တာဝကွက်သစ်ရပ်ကွက် ၊ သန်လျှင်မြို့နယ်နေသူအား
၎င်းလစဉ်ပေးနေကြ လိုင်းကြေးထက်ပိုတောင်းရာ မပေးနိုင်သဖြင့်
ရဲအုပ်ထွန်းထွန်းဝင်းနှင့် ရဲအုပ် အောင်စိုးနိုင်တို့မှ
ဖမ်းဆီးခြင်းခံခဲ့ပါသည်။
ထို့ကဲ့သို့ လိုင်းကြေး ပေးနေပါလျက် အဖမ်းဆီးခံခဲ့ရသော ၂လုံးထီ
လောင်းကစားဒိုင်မလင်းလင်းကျော်၏ လစဉ်ပေး နေရသည့် လိုင်းကြေးငွေ စာရင်းအား
စစ်ဆေးလိုကစစ်ဆေးကြည့်ရှုနိုင်ရန် တင်ပြပေးပါမည်။
ထိုရဲအရာရှိနှစ်ဦးမှာ ထိုသို့လိုင်းကြေးငွေများကောက်ခံရန်အတွက်
သန်လျှင်မြို့နယ်အတွင်းတွင် သတင်းပေး (informer) အားမွေးထားပြီး ထိုသူ
ဘာလုပ်လုပ် (နှစ်လုံးထီရောင်းရောင်း ၊ မိုက်ကြေးခွဲခွဲ)
ထိုရဲအရာရှိနှစ်ဦးမှ အကာအကွယ်ပေးထားလျက် သန်လျှင်မြို့နယ်အတွင်း
စိတ်ထင်တိုင်းကြဲလျက်ရှိကြပါသည်။
ထိုသတင်းပေး၏ အမည်မှာ အေးသိန်း (ဗိုလ်ချုပ်ရပ်ကွက် ၊ သန်လျှင်မြို့နယ်) ဖြစ်ပါသည်။
နိုင်ငံတော် သမ္မတကြီးနှင့် နိုင်ငံတော် အကြီးအကဲများမှ သန့်ရှင်းသောအစိုးရ
၊ကောင်းမွန်သောအုပ်ချုပ်ရေး ဖြစ်စေရန် အားတက်သရော ကြိုးစား နေချိန်တွင်
ယခုလို မိမိကိုယ်ကျိုးအတွက် ဥပဒေကို လေးစားလိုက်နာရမည့်
ကာကွယ်စောင့်ရှောက်ရမည့် ရဲအရာရှိများကိုယ်တိုင် ဥပဒေကို
လက်နှီးစုတ်တစ်ခုသဖွယ် သဘောထားကာထင်တိုင်းကြဲနေကြခြင်းမှာ အင်မတန်မှပင်
ကြေကွဲဖွယ်ရာကောင်းသော လုပ်ရပ်ဖြစ်ပါသည်။
ဤ ပုံအတိုင်းဆက်လက်သွားနေပါက နိုင်ငံတော် သမ္မတကြီးနှင့် တမျိုးသားလုံး
အာသာငမ်းငမ်း တောင့်တာနေသော ခေတ်မှီဖွံ့ဖြိုးတိုးတက်သော
ဒီမိုကရေစီနိုင်ငံတော်သစ်ဆီသို့ မည်သို့မှ ရောက်ရှိနိုင်မည် မဟုတ်တော့ပါ။
ထို့ကြောင့် ထိုသို့သော တိုင်းပြည်အနာဂတ်ခရီးအတွက်
ဆူးညှောင့်ခလုတ်သဖွယ်ဖြစ်နေသော၊ တမျိုးသားလုံး၏ အကျင့်စာရိတ္တ ကို
ပျက်ပြားစေနိုင်သော၊ တိုင်းပြည်၏ စီးပွားရေးနှင့် လူမှုဘ၀များကို
ချွတ်ခြုံကျစေနိုင်သော ထိုရဲအရာရှိများ၏ အကျင့်ပျက် ခြစားမှုနှင့်
လာဘ်ပေးလာဘ်ယူမှုများအား အမြန်ဆုံး အရေးယူပြီး တိုင်းပြည်၏ အနာဂတ်ကို
ကယ်တင်ပေးပါရန် လေးစားစွာဖြင့် တိုင်ကြားအပ်ပါသည်။
လေးစားစွာဖြင့်
အောင်မြင့်သန်း
သလန(နိုင်)၀၀၀၄၆၃
သာသနာ့မာန်တိုင်လမ်း အောင်ချမ်းသာ (၃) ရပ်ကွက်။
သန်လျင်မြို့နယ်
မိတ္တူကို
- ရဲချုပ်၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဋ္ဌာနချုပ်။
- ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှုး။
http://feeds.feedburner.com/thithtoolwin/yIWV