Wednesday, February 8, 2012

ရွေကောက်ပွဲ ၀င်ရတဲ့ မူ(၃)ချက်ပြော

ရွေးကောက်ပွဲ ဝင်ရတဲ့ မူ သုံးချက် ဒေါ်စုပြော

ဒေါ်အောင်ဆန်း စုကြည် ပုသိမ်မြို့ကို ရောက်ရှိစဉ် လူတွေ ကြိုဆိုခဲ့
အန်အယ်လ်ဒီ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်က ကြားဖြတ်ရွေးကောက်ပွဲ ဝင်ရာမှာ နိုင်ငံ အတွက် အဓိကထား လုပ်ဆောင်မယ့် မူ သုံး ချက် ကို အင်္ဂါနေ့ မှာ ပြုလုပ်တဲ့ ဧရာဝတီတိုင်း ခရီးစဉ် အတွင်းမှာ ထုတ်ဖော် ကြေညာလိုက် ပါတယ်။
ပုသိမ်မြို့မှာ လူထု စုဝေးပွဲ ပြုလုပ်ခဲ့စဉ် ဒေါ်အောင်ဆန်း စုကြည်က တရားဥပဒေ စိုးမိုးမှု ရှိရေး၊ ပြည်တွင်း ငြိမ်းချမ်းရေး နဲ့ ပညာရေး ကျန်းမာရေး ကဏ္ဍ တွေ တိုးတက် ကောင်းမွန်လာရေး တို့ ကို အလေးထား လုပ်ဆောင် သွားမယ်လို့ သောင်းနဲ့ချီတဲ့ လူထုကို ပြောသွားခဲ့ ပါတယ်။
သူနဲ့ အန်အယ်ဒီ ကိုယ်စားလှယ် အမတ်လောင်းတွေ လွှတ်တော်ထဲ ရောက်ရင် အခြေခံ ဥပဒေထဲ က ပြင်ဆင်သင့်တာ တွေ မသင့်တော်တဲ့ ဥပဒေ တွေကို ပြင်ဆင်ဖို့ ကြိုးစား သွားမယ်လို့လည်း ဒေါ်အောင်ဆန်း စုကြည် ကပြောပါ သေးတယ်။
ဒေါ်အောင်ဆန်း စုကြည် ပြောသွားခဲ့တဲ့ အချက်တွေ ထဲက အရေးကြီးဆုံး ဆောင်ရွက်ရမယ့် အချက် တစ်ခု ဖြစ်တဲ့ တရားဥပဒေ စိုးမိုးရေး ဆိုတဲ့ ကိစ္စဟာ လူတိုင်း တရားဥပဒေရဲ့ ရှေ့မှောက်မှာ တန်းတူ အခွင့် အရေး ရဖို့ တရားစီရင်ရေး စနစ် လွတ်လပ် မျှတ ဘက်မလိုက်ဖို့ စတာတွေ ဖြစ်တယ်လို့ ပြည်ပ အခြေစိုက် BLC မြန်မာနိုင်ငံ ရှေ့နေများ ကောင်စီ အထွေထွေ အတွင်းရေးမှူး ဦးအောင်ထူးကပြောပါတယ်။
လက်ရှိ တရားစီရင်ရေး စနစ်ကတော့ လွတ်လပ်မှု မရှိဘဲ လူထုရဲ့ အခြေခံ အခွင့် အရေးတွေ ဆုံးရှုံး နေတယ်လို့လည်း သူက ထောက်ပြ ပါတယ်။
ပုသိမ်မြို့ ဘောလုံးကွင်းထဲမှာ ဒေါ်အောင်ဆန်း စုကြည်ကို စောင့်မျှော် နေကြသူများ
ဒေါ်အောင်ဆန်း စုကြည်နဲ့ အန်အယ်လ်ဒီ ပါတီဝင်တွေ ကြားဖြတ် ရွေးကောက်ပွဲမှာ အရွေးခံရပြီး လွှတ်တော်ထဲ ရောက်လာ ရင်တောင် မြန်မာ နိုင်ငံမှာ တရား ဥပဒေ စိုးမိုးမှု ရှိအောင် လုပ်ဆောင်ဖို့ အခက်အခဲတွေ ရှိနိုင်တယ် လို့ ဦးအောင်ထူးက ပြောပါတယ်။
ဥပဒေ စိုးမိုးမှု ရှိမှ တိုင်းပြည် တိုးတက် ဖွံ့ဖြိုးမယ် ဆိုတာ လက်ခံ လာကြဖို့ လိုအပ်ပြီး မတရားတဲ့ ဥပဒေတွေ ဆိုတာ ဘာတွေ ဖြစ်တယ်၊ ဘာကြောင့် ဖျက်သိမ်းဖို့ လိုအပ်တယ် ဆိုတာ တွေကို နိုင်ငံသားတိုင်းက ထုတ်ဖော် ပြောဆိုကြဖို့ လိုအပ်တယ်လို့ လည်း သူကပြောပါတယ်။
ဒေါ်အောင်ဆန်း စုကြည်ရဲ့ ဧရာဝတီတိုင်း ခရီးစဉ်မှာ ပုသိမ်မြို့ကို အသွား လမ်းတလျှောက်လုံး မြို့နယ် ကျေးရွာ တွေက ဒေသခံ လူထုတွေက အားတက် သရော ကြိုဆိုခဲ့ ကြတယ်လို့ ဒေသခံ တွေက ဘီဘီစီကို ပြောပါတယ်။
ပုသိမ်ကနေ မြောင်းမြမြို့ကို ခရီး ဆက်ခဲ့ရာ မှာလည်း လမ်းတလျှောက် လူတွေက ဒေါ်အောင်ဆန်း စုကြည်ကို တခဲနက် ကြိုဆို နုတ်ဆက် ခဲ့ကြ ပါတယ်။
Source; http://www.bbc.co.uk

No comments:

Post a Comment