Wednesday, July 25, 2012

စားစရာမရှိ လျှော်စရာရှိတဲ့ သုံးဆူငွေ ကောက်ခံရေး နှိပ်စက်မှု

ရွှေဟင်္သာသတင်းဌာန.  ၂၄ရက်နေ့ ဇူလိုင် ၂၀၁၂  —–  ကောက်ပြန်ပြီး ငွေတွေ၊ ထိုင်းမြန်မာနယ်စပ် ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ဘုရားသုံးဆူမြို့တွင် ယခုနှစ်ကျင်းပသော မိုးရာသီ ဘောလုံးပွဲအတွက် ဆိုပြီးတော့ ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင် (၂) ဦး တို့ မထည့်မနေရ ကောက်ခံနေပြန်ပြီး။
“ဘောလုံး သမားအကျီ င်္ဝယ်ဖို့ အတွက် ဆိုပြီး ငွေလိုက်ကောက်တယ် စေတနာအရလည်း မဟုတ်ဘူး သူတို့ သတ်မှတ်ချက် အတိုင်း တအိမ် ၁၀၀ ဘတ် ၂၀၀ ဘတ်၊ ဈေးဆိုင်ဆိုရင် ၅၀၀ ဘတ် ၊ လုပ်ငန်း ရှင်စတိုး ဆိုင်၊ ဆီဆိုင်ကြီးတွေ၊ ရော်ဘာခြံရှိတဲ့ သူတို့ ဆိုရင် ၁၀၀၀ ဘတ် ကောက်တယ်။ မထည့်ချင်လို့ လည်း မရဘူး မရှိရင် ရှိသလောက် ပေးရမယ်လို့ သူတို့က ရစ်ပြီး ရသလောက် ယူသွားတယ်”
အဆိုပါ ဘုရားသုံးဆူမြို့တွင် ရပ်ကွက် ၄ ရပ်ကွက်ရှိသည့် အနက် အိမ်ခြေ ၄၀၀၀ ခန့်ရှိသည့် အမှတ် ၃ ရပ်ကွက် တစ်ခုတည်းတွင်သာ ရွေးချယ် ငွေကောက်ခံခြင်းဖြစ်သည်။ ထိုရပ်ကွက်တွင် အုပ်ချုပ်ရေးမှူး အပါဝင် ကော်မီတီ အဖွဲ့ဝင် ၁၅ ဦးတို့ အထဲမှ အမှတ် (၃) ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးအေးကိုကို နှင့် အဖွဲ့ဝင် ဦးအောင်၊ ဦးထိန်းတို့သည် ဇူလိုင် ၂၀ ရက်နေ့မှ ၂၃ ရက်နေ့အထိ ကောက်ခံခြင်းဖြစ်သည်။ ယင်းသို့ ကောက်ခံခြင်း မှာ ကျန်သည့် အဖွဲ့ဝင်များက မသိလိုက်ပေ။
“အမှတ် ၃ ရပ်ကွက်က ဘုရားသုံးဆူမြို့တ၀က်လောက်ရှိတယ်လေ၊ ပြီးတော့ အခုလို ပိုက်ဆံကောက်တာ လည်း အဖွဲ့ဝင် အားလုံး မသိဘူး သူတို့ ၃ ယောက်ပဲ ကောက်တယ် ဘောလုံးသမား ၀တ်စုံဝယ်ရင် လည်း ကုန်တဲ့ပိုက်ဆံက ဘတ် ၁၀၀၀၀ ခွဲ ၂၀၀၀၀ လောက်ပေါ့ဗျာ အခုသူတို့ ကောက်ရတဲ့ပိုက်ဆံက ခန့်မှန်းခြေ ၅၀၀၀၀ သောင်း ဘတ်လောက် ရတယ်လေ။

ဘုရားသုံးဆူနှင့် ထိုင်း နယ်စပ် ဂိတ်
ယခုလိုမျိုး ငွေကောက်ခံလို့  ငွေမထည့်ချင်ဘူးဆိုရင်  ပြသနာတခုခု ဥပမာ ခြံမြေရောင်ဝယ်ရေးကိစ္စ၊ အိမ် ဆောက်သည့် ကိစ္စ ၊ ခိုးမှု၊ လုယက်မှု စသဖြင့်ပေါ့လေ ကြုံတွေ့ခဲ့မယ်ရင် သူတို့ရုံးသို့ သွားရောက် တိုင်တန်း လျှင် သူတို့က အကူညီ မပေးဘူးလို့  ပြည်သူတွေကို ရစ်ထားပါသည်။ အာဏာပိုင်တွေက ငွေလိုလျှင်လည်း ဒီအမှတ် (၃) ရပ်ကွက်ကဘဲ အကောက်ခံရဆုံးဖြစ်ပါသည်။
ယခင် နှစ်စဉ်နှစ်တိုင်း မိုးရာသီဘောလုံးပွဲ ကျင်းပပြုလုပ်ရာတွင် အုပ်ချုပ်ရေးမှူး ဦးသိန်းထွန်းက ဦးဆောင် ပြီး ဘုရားသုံးဆူမြို့၌ ရပ်ကွက် အားလုံးကို စေတနာရှိသလောက် ကောက်ခံပြီး ပြည်သူအများစု ကလည်း ကျေကျေနပ်နပ် ဆန္ဒအလျှောက် ထည့်ကြသော်လည်း ယခုနှစ်တွင်မူ လူထုဆန္ဒမပါပဲ ခွဲခြားကောက် ခံခြင်းပြုလုပ်သည်ဟုဆိုပါသည်။
ကောက်ခံမှုတွေကတော့ နာမည်မျိုးစုံပါဘဲ။ မြို့ခံစီးပွားရေးကလည်း ဘာမှမရှိဘူးလေ။ ဒီတော့ အခက်အခဲ အများကြီးဖြစ်ပါတယ်။ အာဏာပိုင်တွေကလည်း ပြည်သူအပေါ်မှာ အကူအညီပေးတာ မရှိဘူး။ ငွေညှစ်တာဘဲ ရှိနေတယ်။
Written by မြို့ခံတဦး

No comments:

Post a Comment