Tuesday, August 21, 2012

အင်းတကော် (အင်းတိုင်) လုံခြုံရေးရဲဂိတ် ကုန်တင် ယာဉ်ကားများ ပေါ်တွင် ငွေညှစ်တောင်းခံခြင်း ကြောင့် ကုန်စည်စီးဆင်းမှုတွင် အနှောင့်အယှက်ဖြစ်ခြင်း


အင်းတကော် (အင်းတိုင်) လုံခြုံရေးရဲဂိတ် ကုန်တင် ယာဉ်ကားများ ပေါ်တွင် ငွေညှစ်တောင်းခံခြင်း ကြောင့် ကုန်စည်စီးဆင်းမှုတွင် အနှောင့်အယှက်ဖြစ်ခြင်း
-ကိုလူမှန်
-၁၁.၈.၂၀၁၂
ဟစ်တိုင်တဆင့် မြန်မာနိုင်ငံမှာရှိတဲ့ တာဝန်ရှိသူတွေသိအောင် ဖော်ပြပေးပါခင်ဗျာ.။
အင်းတိုင်/ အင်းတကော် လုံခြုံရေးဂိတ်၌ တာဝန်ကျသော ရဲတပ်ဖွဲ့သည် အလုပ်သမား ခေါင်းဆောင်တစ်ဦးအား ငွေတောင်းရန် Informerမွေး၍ ကုန်တင်ယာဉ်များအား ငွေတောင်းခံခြင်းများ ပြုလုပ်နေပါသည်။ အမြို့မြို့မှ ဖြတ်သန်းသွားလာသော ကုန်တင် ယာဉ်များကိုလည်း မြ၀တီ/ ရန်ကုန် ကားများကဲ့သို့ တစ်စီးလျှင် 30,000 မှ 50,000 ကြား စာအိတ်နှင့် တောင်းခံနေပါသည်။
၎င်းတို့တောင်းခံသောငွေအား မပေးသော ကုန်တင်ယာဉ် များအား လုံခြုံရေးနှင့်မဆိုင်သော စာရွက်စာတမ်းများတောင်းခံခြင်း၊ အမျိုး မျိုးသော စစ်ဆေးမှုများပြုလုပ်၍ နှောင့်နှေးကြန့်ကြာအောင် ကားများရပ်တန့် ထားခြင်းများ ပြုလုပ်ပါသည်။
ရန်ကုန်မြို့ လုံခြုံရေးအတွက် ၄င်းဂိတ်ထားရှိမှုသည် မြို့လုံခြုံရေးအတွက် အကျိုးသက်ရောက်မှုမရှိပါ။
ငွေတောင်းခံရေးဂိတ် (RK) ဂိတ်သာ ဖြစ်ပါသည်။
ဤကဲ့သို့ ပြုလုပ်ခြင်းကြောင့် မမှန်မကန် (မှောင်ခို) အားပေးခြင်း၊ ကုန်သွယ်မှုကို အနှောင့်အယှက် ဖြစ်ခြင်း၊ တိုင်းပြည်၏ အခွန်ဘဏ္ဍာအား ထိခိုက်ခြင်း စသည့်နစ်နာမှုများ အကျင့်ပျက် ၀န်ထမ်းများ များနေပါသည်။

တိုးတက်ဖွံ့ဖြိုးမည့် တိုင်းပြည်အတွင်း ၄င်းလူမျိုးနှင့် ၄င်းဝန်ထမ်းများရှိနေခြင်းမှာ Good Government/ Clean Government ဖြစ်စေရန် အခွင့်အလမ်းများစွာအား အဟန့်အတား ဖြစ်စေပါသည်။
သို့ဖြစ်၍ အထက်ဖော်ပြပါ ကိစ္စရပ်များအား ပံ့ပိုးပေးခြင်း နှင့် အင်းတိုင် (အင်းတကော်) ရဲဂိတ်ရှိရဲတပ်ဖွဲ့အား လုံခြုံရေးနှင့်မဆိုင်သော စစ်ဆေးမှုများ ပြုလုပ်ခဲ့လျှင် ထိရောက်စွာ တားဆီးပေးစေ ချင်ပါသည်။


-ကိုလူမှန်

-၁၁.၈.၂၀၁၂

No comments:

Post a Comment