Thursday, February 9, 2012

လာမည့် ဧပြီလ ၁ ရက်နေ့မှစတင်၍ ရန်ကုန်မြို့တော်တွင် ရေသုံးစွဲခနှုန်းထားများ တိုးမြှင့်သွားမည်

လာမည့် ဧပြီလ ၁ ရက်နေ့မှစတင်၍ ရန်ကုန်မြို့တော်တွင် ရေသုံးစွဲခနှုန်းထားများ တိုးမြှင့်သွားမည် PDF Print
Friday, 10 February 2012 04:02
AddThis Social Bookmark Button

၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ် စတင်သော လာမည့်ဧပြီလ ၁ ရက် နေ့မှစတင်၍ ရန်ကုန်မြို့တော်တွင် မြို့တော်စည်ပင်မှ ပေးဝေသော ရေသုံးစွဲသူများအတွက် ရေသုံးခနှုန်းထားများကို တိုးမြှင့်ကောက်ခံသွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ ရေနှင့်သန့်ရှင်းမှုဌာန၏ ထုတ်ပြန်ချက်အရ သတင်းရရှိသည်။

ရန်ကုန်မြို့တော်တွင် ရေသုံးစွဲခနှုန်းထားများကို ၂၀၀၅ ခုနှစ် ဇူလိုင်လအထိ ရေတစ်ဂါလန် ၃ ပြား နှုန်းဖြင့်ကောက်ခံခဲ့ပြီး ၂၀၀၅ ခုနှစ် သြဂုတ်လမှစတင်၍ ရေတစ်ဂါလန်လျှင် အိမ်သုံးဆိုပါက ၂၅ ပြားနှုန်း၊ စီးပွားရေးလုပ်ငန်းသုံးဆိုပါက တစ်ဂါလန်လျှင် ၃၅ ပြားနှုန်းနှင့် ဌာနဆိုင်ရာများအတွက် တစ်ဂါလန်လျှင် ၂၅ ပြားနှုန်းဖြင့် လက်ရှိအချိန်ထိ ကောက်ခံနေကြောင်း သိရှိရသည်။ လာမည့် ဧပြီလ ၁ ရက်နေ့ မှစတင်၍ အိမ်သုံးဆိုပါက တစ်ဂါလန်လျှင် ၄၀ ပြားနှုန်း၊ စီးပွားရေး လုပ်ငန်းသုံးဆိုပါက တစ်ဂါလန်လျှင် ၅၀ ပြားနှုန်းသို့ တိုးမြှင့်ကောက်ခံသွားမည်ဖြစ်ပြီး ဌာနဆိုင်ရာများအား လက်ရှိကောက်ခံနေသောနှုန်းထားအတိုင်း တစ်ဂါလန်လျှင် ၂၅ ပြားနှုန်းဖြင့်သာ ကောက်ခံသွားမည်ဖြစ်ကြောင်း သိရှိရသည်။

"မြို့တော်စည်ပင်ရေ ရယူသုံးစွဲနေသူတွေအတွက် လာမည့် ဧပြီလ ၁ ရက်နေ့ကစတင်ပြီး ရေဖိုးရေခတွေကို တိုးမြှင့်သွားမှာဖြစ်ပါတယ်။ ရန်ကုန်မြို့ကြီး ပြုပြင်တည်ဆောက်ဖို့အတွက် ငွေကြေးများစွာလိုအပ်ပါတယ်။ ဒါကြောင့် ရေဖိုးရေခတွေကို အိမ်သုံးကို လက်ရှိတစ်ဂါလန် ၂၅ ပြားကနေ ပြား ၄၀ ကို တိုးကောက်မယ်။ စီးပွားရေးသုံးအတွက်ကို လက်ရှိတစ်ဂါလန် ၃၅  ပြားကနေ တစ်ဂါလန် ၅၀ ပြားနှုန်းကို တိုးကောက်သွားမှာဖြစ်ပါတယ်။  ရန်ကုန်မြို့မှာပေးဝေတဲ့ ရေတစ်ဂါလန်ရဲ့ ကုန်ကျစရိတ်က ၄၀ ဒသမ ၄၇ ပြားဖြစ်ပါတယ်"ဟု ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ ရေနှင့်သန့်ရှင်းမှုဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့သည်။

"ရေသုံးစွဲခနှုန်းထားတွေကို တိုးမြှင့်မယ်ဆိုရင် ရေခဏခဏပြတ်နေတဲ့ အခက်အခဲတွေကိုလည်း ပြေလည်အောင်ဖြေရှင်းပေးသင့်ပါတယ်။ တစ်ခါတစ်လေ တစ်ရက်နှစ်ရက်လောက် ရေမလာတာတွေလည်း ရှိပါတယ်"ဟု သင်္ကန်းကျွန်းမြို့နယ်တွင်  နေထိုင်သူတစ်ဦးက ပြောပြခဲ့သည်။

ထို့ပြင် ရန်ကုန်မြို့တော်စည်ပင်ရေ ရယူသုံးစွဲနေသော ရေဆက်သွယ်မှုအားလုံးအား ရေမီတာတပ်ဆင်ရေး စီမံချက်ကို စတင်ပြုလုပ်နေရာ ဌာနဆိုင်ရာနှင့် စီးပွားရေးလုပ်ငန်းသုံးများကို ဦးစားပေးကာပြုလုပ်နေကြောင်း၊ ယင်းစီမံချက်မှာ ရေဆက်သွယ်မှုအားလုံး မတပ်မနေရဖြစ်ပြီး ရေကိုချွေတာသုံးစွဲတတ်စေရန် ပြုလုပ်ခြင်းဖြစ်ကြောင်း ရေနှင့်သန့်ရှင်းမှုဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

"ရေမီတာမတပ်ထားတဲ့ ရေဆက်သွယ်မှုတွေအကုန်လုံး ရေမီတာတပ်ဆင်ရမှာဖြစ်ပါတယ်။  မီတာစနစ်နဲ့သွားတဲ့အတွက်  ကိုယ့်သုံးတဲ့ရေပမာဏအလိုက် ယူနစ်ဖြတ်ပြီးပေးဆောင်ရမယ်။ လျှပ်စစ်မီးတာခလို ဖြစ်သွားတာပေါ့။ အဓိကတော့ ရေကိုချွေတာသုံးစွဲတတ်စေဖို့နဲ့ ရေအလဟဿမဖြုန်းတီးအောင်လို့ပါ။ ပြီးတော့ စည်ပင်ရေကို ဖောက်သုံးတာတွေကိုလည်း အရေးယူသွားမှာ ဖြစ်ပါတယ်"ဟု အဆိုပါတာဝန်ရှိသူက ဆက်လက်ပြောပြခဲ့သည်။

ရန်ကုန်မြို့တော်စည်ပင်သာယာ နယ်နိမိတ်အတွင်း မြို့တော်စည်ပင်ရေ ဆက်သွယ်ရယူထားသော ရေဆက်သွယ်မှုပေါင်း ၂၃၀၀၀၀ ကျော်ရှိပြီး မီတာတပ်ဆင်ထားမှုမှာ ၁၆၀၀၀၀ ကျော်ရှိပြီး မီးတာတပ်ဆင်မထားပဲသုံးစွဲမှုမှာ ၇၀၀၀၀ ကျော်ရှိကြောင်း သိရှိရသည်။
 
source; http://www.weeklyeleven.com

Comments 

 
#11 May Than Dar wint 2012-02-10 13:36
ရွှေဈေးကတစ်ကျပ်သားကို (သိန်းနှစ်ဆယ်) ထိတက်မယ်လို့ ကောလဟာလ တွေထွက်နေတယ်။
ဝယ်ထားအုန်းမှ ဖြစ်မယ်ထင်တယ်။
 
 
#10 သဇင် 2012-02-10 13:19
မီတာခတိုးကောက်ရင်လည်းဘာတတ်နိုင်မှာလဲ ပြည်သူကတော့ပေးရမှာပါပဲ။ ဒါပေမယ့်တစ်ခုတော့ ပြောချင်ပါတယ်။ မီတာကောက်တဲ့ ၀န်ထမ်းတွေ မှန်မှန်ကန်ကန်ဖြစ်အောင်လုပ်ပေးပါ။ ကျွန်မအိမ်မှာ ရေမီတာပျက်တယ်။ မီတာဖတ်သူကိုပြောပြပါတယ်။ ရတယ်အမ ဆိုပြီး တစ်လ ၁၂၀၀ ပဲမှန်းကောက်လိုက်မယ်ဆိုပြီးလုပ်တယ်။ ၁ နှစ်ခွဲ လောက်ကြာတော့ မီတာကိုဖတ်ပြန်ရော ပျက်နေတယ်လို့ သတင်းပို့ထားပါတယ် လစဉ်လဲ လာကောက်နေပါတယ်လို့ပြောတယ်။ ဒါဆိုရင်ပြင်ပေးမယ်ဖြုတ်ပေးလိုက်ပါဆိုလို့ဖြုတ်ပေးတယ်။ ဒါပေမယ့်အမရယ်တဲ့ ဒီမှာပြထားတဲ့ ယူနစ်အတိုင်းတော့ဆောင်ပေးလိုက်ပါတဲ့။ အေး ဘယ်လောက်လဲဆိုတော့ တစ်ယူနစ် ၅၅ ကျပ်နှုန်းနဲ့ ၅၆၀၀၀ ကျပါတယ်တဲ့၊ ကဲ။ ဒါပေမယ့်အမ ရယ်တဲ့ ကိုယ့်ညီအမလို သဘောထားလို့ သက်သာအောင်လုပ်ပေးမယ်တဲ့ ။ ကျွန်မကလည်းသက်သာပြီပေါ့ (ဒါကျွန်မအပြစ်ပါ) ၊ လုပ်ပေးပါပေါ့။ တစ်ဝက်ပဲပေး ၂၈၀၀၀ တဲ့ ဟုတ်ပြီပေါ့ ။ မီတာလဲဖြုတ်ယူသွားတယ်။ ပြင်ခ ၃၀၀၀ တဲ့ လာတပ်ရင်ပေးနော်တဲ့။ ဟုတ်ကဲ့ပေါ့။ အဲဒီအထိ အိုကေ။ နောက်ဆုံးကြမှ ပြေစာထဲမှာ ၅ ယူနစ်လို့ ထည့်လိုက်တယ်တဲ့။ ပြေစာထွက်လာရင် ၃၇၅ ကျပ်ဆောင်လိုက်နော်တဲ့။ သွားရော ၊ ကျွန်မပေးလိုက်ရတဲ့ ငွေ၃၀၀၀၀ လဲ ဘယ်အိတ်ထဲရောက်သွားလဲ သာ တွေးကြည့်ပါတော့ တကယ့်အဖြစ်အပျက်ပါ။ ကျွန်မ မင်္ဂလာဒုံမှာနေပါတယ်။ မီတာလဲ ခုထိလာမတပ်ပေးသေးပါဘူး။ ပြီးခဲ့တဲ့ သီတင်းကျွတ်လပြည့်နေ့ကမှတ်မှတ်ရရလာတောင်းသွားတာပါ။ နောက်လ တွေကိုလဲ ပြေစာမပါ ၁၂၀၀ ပေးနေရတုန်းပါပဲ။ မီတာရောလို့ မေးရင် အဲဒီယူသွားတဲ့အမ လာတပ်ပေးလိမ့်မယ်လို့ပြောကြပါတယ်။ ဒီလို ၀န်ထမ်းတွေ နဲ့ မီတာခတိုးကောက်လဲ ထူးမယ်မထင်ပါဘူးရှင်။
 
 
0 #9 Yeminthant 2012-02-10 12:38
ဝန်ထမ်းတွေလခ တိုးပေးမယ်ဆိုတာ ပြည်သူတွေက နေကောက်ပြီးတော့ပေးမှလား ဟင် ?
 
 
+5 #8 oonayoo 2012-02-10 11:43
Quoting Resident_Evil:
လစာကတက်မယ်မကြံသေးဘူး။ အစိုးရ အဖွဲ့အစည်းကိုယ်တိုင်က ဈေးတက်ဖို့ လုပ်နေပြီ။ ရေပေးဝေတယ်ဆိုတာ မြေညီထပ်တွေကိုပဲရေ ပေးဝေတာလေ။ ပထမထပ်တွေလောက်ကစလို့ ကိုယ့် အစီအစဉ်နဲ့ကိုယ်ရေကိုတင်နေကြရတာ။
စည်ပင်ကလူကြီးတွေနှုတ်ထွက်လိုက်ပါ

ကျနော်ကြိုက်တဲ့စာသားလေးကို bold တင်ပေးထားပါတယ် :)
 
 
+7 #7 Resident_Evil 2012-02-10 10:23
လစာကတက်မယ်မကြံသေးဘူး။ အစိုးရ အဖွဲ့အစည်းကိုယ်တိုင်က ဈေးတက်ဖို့ လုပ်နေပြီ။ ရေပေးဝေတယ်ဆိုတာ မြေညီထပ်တွေကိုပဲရေ ပေးဝေတာလေ။ ပထမထပ်တွေလောက်ကစလို့ ကိုယ့် အစီအစဉ်နဲ့ကိုယ်ရေကိုတင်နေကြရတာ။
စည်ပင်ကလူကြီးတွေနှုတ်ထွက်လိုက်ပါ။
 
 
+29 #6 agkhin 2012-02-10 09:59
ထိုင်းနိုင်ငံက စနစ်လေးတခုကို ပြောပြချင်ပါတယ်။ ကျနော်တို့နဲ့ ဘာတွေကွာလဲဆိုတာ နှိုင်းယှဉ်လို့ရအောင်လေးပါ။

ထိုင်းနိုင်ငံမှာ အိမ်တအိမ်အတွက် လျှပ်စစ်မီတာယူနစ် (၉၀) ကို အခမဲ့ပေးသုံးပါတယ်။ ဘာဝန်ဆောင်ခ၊ ဘာကြေးညာကြေးမှပေးစရာမလိုပါ။ ယူနစ် (၉၀) ဆိုတာ လူဦးရေ လေး၊ငါးဦးရှိတဲ့မိသားစုအတွက် လျှပ်စစ်မီးအလုံအလောက်သုံးလို့ရတဲ့အပြင် တီဗွီ၊ အောက်စက်ထားလို့ရပါသေးတယ်။ အဲဒီထက်ပိုမှ မီတာခစပေးရပါတယ်။ အဲဒီတော့ လျှပ်စစ်ချွေတာပါလို့ သတင်းစာတွေ ရေဒီယိုတွေ တီဗွီတွေမှာ ကြေညာနေစရာမလိုပါဘူး။ မီတာခမပေးချင်ရင် ချွေတာသုံးဆိုတာ ပြောနေစရာမလိုဘဲ လူတိုင်းကိုအသိပေးပြီးသာဖြစ်နေပါတယ်။

မှတ်ချက် - ထိုင်းနိုင်ငံမှာ လျှပ်စစ်ထုတ်နိုင်ဖို့အတွက် မြန်မာနိုင်ငံကနေ သဘာဝဓာတ်ငွေ့ကို ၀ယ်နေရတာပါ။ သူ့နိုင်ငံက အခြေခံလက်လုပ်လက်စားမိသားစုတွေကို သက်သာချောင်ချိအောင် စီစဉ်ပေးတဲ့စနစ်လေးက အတုယူစရာပါ။
 
 
+26 #5 NyanHtet 2012-02-10 09:50
ဗိုလ်ချုပ်ကြီးသူရ ရွှေမန်းက ပြောတယ် ၀န်ထမ်းတွေ လစာတိုးပေး
မယ်တဲ့.....၁ ရက် တောင် မကြာဘူး..ရန်ကုန်စည်ပင်က ဈေးမကိုက်
လို့တဲ့ ရေဈေးတိုးကောက်မယ်တဲ့...အိမ်နီးချင်းနိုင်ငံတွေ ဘယ်ဈေးဆို
တွက် ပြထားလိုက်ပါသေးတယ်။
လူကြီးမင်းတို့ ခင်ဗျာ။ မြန်မာပြည်တွင်းမှာ ဌာန တော်တော်များများ
အကုန်အရှုံးပေါ်နေပါတယ်။အရှုံးပေါ်နေတိုင်း ဈေးမကိုက်တိုင်း အကုန်တိုးကောက်ယင်တော့ အကုန်တက်ကုန်မှာဖြစ်ပါတယ်။။
သွားလာပို့ဆောင်ရေး လုပ်ငန်းတွေ ဆီဖြန့်ဖြူးရေးလုပ်ငန်းတွေ
အကုန်လုံး ဈေးတိုးကောက်မှာပါလား။။
အကုန်လုံး အရှုံးပေါ်နေခြင်းဟာ အစိုးရ စီမံခန့်ခွဲမှု ညံ့လွန်းလို့
လို့ ၀န်မခံဘဲ ပြည်သူထံက ကောက်နေယင်ဖြင့်.....

ရေအတွက် ဈေးတိုးကောက်ခြင်းကို လက်ခံပါတယ်။ဒါပေမဲ့ ပြည်
သူထံကို ရောက်တဲ့ ရေကိုတော့ အနယ်အနှစ်မပါ သန့်ရှင်းတဲ့
ရေကောင်းရေသန့် ဖြစ်ဘို့ လိုပါတယ်။။

ပုဇွန်တောင် မြို့နယ်က တိုက်ခန်းတွေ ၂ လကြာယင် တိုင်ကီထဲမှာ
ကျန်တဲ့အနယ်က ဘယ်လိုမှ မြင်မကောင်းပါဘူး။။စည်ပင်အရာရှိ
များကိုယ်တိုင် တပတ်လျှင် တမြို့နယ် ကွင်းဆင်းပြီး အိမ်မှာရှိ
တဲ့ ရေတိုင်ကီထဲက အနယ်ကို စာရင်းကောက်ကြည့်ကြပါ။။
လူသုံးစွဲလို့ ရတဲ့အဆင့်လားလို့ပါ။။
 
 
+9 #4 မောင်မြန်မာ 2012-02-10 09:33
ကျနော်လဲ စဉ်းစားမိတာလေးတစ်ခု ၀င်ဆွေးနွေးတာပါ။ "ရန်ကုန်မြို့တော်စည်ပင်သာယာ နယ်နိမိတ်အတွင်း မြို့တော်စည်ပင်ရေ ဆက်သွယ်ရယူထားသော ရေဆက်သွယ်မှုပေါင်း ၂၃၀၀၀၀ ကျော်ရှိပြီး မီတာတပ်ဆင်ထားမှုမှာ ၁၆၀၀၀၀ ကျော်ရှိပြီး မီးတာတပ်ဆင်မထားပဲသုံးစွဲမှုမှာ ၇၀၀၀၀ ကျော်ရှိကြောင်း သိရှိရသည်။"
ရန်ကုန်မြို့မှာ ရေဆက်သွယ်မှုက 230000 ဒါပဲရှိတာလား။ အဲဒီအတွက် ရေဂါလံမည်မျှ သုံးစွဲနေရပါသလဲ။ အင်း..... ဆက်စဉ်းစားရင်တော့ မီတာနဲ့ မီတာခ လိုပဲ ဂျာအေးသူ့အမေရိုက်သလို ဖြစ်တော့မှာပဲ။ စနစ်တကျကျွမ်းကျင်တတ်သိပညာရှင်တွေနဲ့ တိုင်ပင်ဆွေးနွေးပြီး ရေတို၊ ရေရှည် စီမံကိန်းများလည်း အကောင်အထည်ဖေါ်၊ လူထုကိုလည်း ချပြနိုင်သလောက်ချပြရင် သားရွှေအိုးထမ်းလာသလို စီမံကိန်းများ အောင်မြင်အောင် အကောင်အထည်ဖေါ်နိုင်မယ်လို့ထင်ပါတယ်။
 
 
+27 #3 phoehtet 2012-02-10 09:10
ဟိုမှာလဲ ကော်မင့်ဝင်ရေး ..ဒီမှာလဲ ကော်မင့် ၀င်ရေး မဟုတ်ပါခင်ဗျား..ရင်ထဲမှာ နိုင်ငံအတွက် သာမန်ပြည်သူတစ်ယောက်အနေနဲ့ တွေးမိ၊ ဖြစ်စေချင်မိတာလေး ပြောပါရစေ..ဒီလို အခွန်အခ တိုးကောက်တာ၊ မြှင့်ပြီးယူတာ အစိုးရ ကောင်းတယ် ထင်လို့ လုပ်ရင် ကျနော်တို့က ဘာပြောလို့ရမှာလဲ.ဒါပေမယ့် ရသမျှ ပိုက်ဆံတွေကို အလဟသ မဖြစ်စေဘဲ စနစ်တကျ စာရင်း ဇယား အတိအကျနဲ့ (ကြိုက်တဲ့အဖွဲ့ဝင်စစ်လို့ရအောင်) သက်ဆိုင်ရာ နယ်ပယ်မှာ တိုးတက်လာအောင် သုံးရင် ဘယ်သူကမှ အဆိုးလိုက်မမြင်ပါဘူး။ ရန်ကုန် စည်ပင် ဘယ်လို စည်ပင်ဆိုတာ ဖင်ပိတ်မငြင်းနဲ့၊ အရှက်မရှိ မကာကွယ်နဲ့..လူတိုင်း သိတယ်..ဖြစ်ခဲ့ပြီးသမျှ ရှိစေ.၀ါးခဲ့ပြီးသမျှ နေခဲ့ပစေ..ဒါပေမယ့် အခုအချိန်က ပြင်ကို ပြင်ရတော့မယ့် အချိန်ဆိုတာ သိရတော့မယ်..ဘေးက လာအို၊ ထိုင်း၊ တစ်နယ်သားချင်း ကမ္ဘောဒီးယား ဘယ်လိုဆိုတာ နည်းနည်းလေး Google Search သုံးကြည့်ရင် မျက်နှာတွေတောင် ဓားနဲ့ လှီးပြစ်ချင်တယ်။ ထားပါတော့..အခွန်ကောက်ပေါ့၊ တိုးယူပေါ့..ဒါပေမယ့် ရတဲ့ ပိုက်ဆံတွေက ပြည်သူတွေ ပိုက်ဆံ၊ ငါတို့ ပိုက်ဆံမဟုတ်ဘူး ဆိုတဲ့ အသိနဲ့ ရွှေနိုင်ငံကြီးအတွက် ငါတတ်နိုင်တာ ငါအကောင်းဆုံး ဖြစ်အောင် လုပ်ပေးရမယ်ဆိုတဲ့ အသိရှိတဲ့ စည်ပင် ဖြစ်ရင် အကောင်းဆုံးဘဲပေါ့..
 
 
+21 #2 lordvladimer 2012-02-10 09:10
ဘယ်နှက်လည်း ၀န်ကြီးဌာနတွေက ဈေးနှုန်းတွေပဲ တက်နေတယ် ဈေးချသင့်တာ ဈေးချနိုင်တာကြတော့ ရောင်ဝါးဝါးနဲ့ မယောင်ရာဆီလူးတဲ့ ၀န်ကြီးတွေပဲရှိနေတာလားဗျ.... ၅၀၀၀တန် Sim Card က ဘယ်မှာလည်းဗျ.... အတက်တော့ မြန်ပြီး အကျက ကြာလှပါလား..... (ရေကို မရေရာသေးတာ)
 
 
+6 #1 sawphoony 2012-02-10 07:42
သင်္ကြန်မရောက်ခင် ရေဈေးတွေတင်တယ်..(စည်ပင်က စပြီးဈေးတင်တာ)
လခတိုးပေးမယ်လည်းပြောတယ်..
ကဲ....ကုန်ဈေးနှုန်းရေ...ခုန်လို့ရပြီနော်..

No comments:

Post a Comment