လာမည့် ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်တွင် မြန်မာနိုင်ငံ၏ ကျန်းမာရေးကဏ္ဍ အသုံးစရိတ်ကို လေးဆနှင့် ပညာရေးကဏ္ဍ အသုံးစရိတ်ကို နှစ်ဆတိုးကာ လျာထား သုံးစွဲသွားမည် ဖြစ်ကြောင်း ပြည်ထောင်စု ၀န်ကြီး ပြောကြား |
Sunday, 05 February 2012 10:23 |
လာမည့်၂၀၁၂-၂၀၁၃ ခုနှစ် ဘဏ္ဍာရေးနှစ်တွင် မြန်မာနိုင်ငံ၏ ကျန်းမာရေးကဏ္ဍ
အသုံးစရိတ်ကို လေးဆနှင့် ပညာရေးကဏ္ဍ အသုံးစရိတ်ကို နှစ်ဆတိုးကာ
လျာထားသုံးစွဲသွားမည် ဖြစ်ကြောင်း ဇန်န၀ါရီလ ၃၁ ရက်နေ့တွင် ကျင်းပသည့်
ပြည်ထောင်စု လွှတ်တော်သို့ တင်သွင်းသည့် ၂၀၁၂ ခုနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရ
အသုံးဆိုင်ရာ ဥပဒေကြမ်းကို ပြည်ထောင်စု အစိုးရအဖွဲ့ကိုယ်စားဘဏ္ဍာ ရေးနှင့်
အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ရှင်းလင်းရာတွင်
ထည့်သွင်းပြောကြားခဲ့သည်။
၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်တွင် မြန်မာနိုင်ငံ၏ ကျန်းမာရေး အသုံးစရိတ်မှာ
ပြုပြင်ပြီး ခန့်မှန်းခြေ ငွေစာရင်းတွင် အသုံးစရိတ်စုစုပေါင်း ကျပ် ၉၂၀၀၈
ဒသမ ၇၈၆ သန်း လျာထားသုံးစွဲခဲ့ပြီး ၂၀၁၂-၂၀၁၃ဘဏ္ဍာရေးနှစ်
ရသုံးခန့်မှန်းခြေငွေစာရင်းတွင် အသုံးစရိတ်စုစုပေါင်း ကျပ် ၃၆၇၉၇၀ ဒသမ ၃၇၅
သန်းလျာ ထားသည့်အတွက် ပြီးခဲ့သည့်နှစ်ထက် လေးဆခန့် တိုးတက်လျာထားကြောင်း
သိရသည်။ “ကျန်းမာရေးကဏ္ဍအတွက် ၂၀၁၁-၂၀၁၂ ခုနှစ် သာမန်အသုံးစရိတ် သုံးစွဲငွေမှာ ကျပ် ၆၆၇၃၀ ဒသမ ၄၇၆ သန်းဖြစ်ပြီး ၂၀၁၂-၂၀၁၃ ခုနှစ်မှာတော့ သာမန် အသုံးစရိတ် ကျပ် ၁၅၄၄၃၅ ဒသမ ၀၉၃ သန်း လျာထားသည့်အတွက် ဆရာဝန်နှင့် သူနာပြုများ တိုးချဲ့ခန့်ထားနိုင်ခြင်း၊ ဆေးရုံသုံးဆေးပစ္စည်းများ ပိုမိုဝယ်ယူ ဖြည့်တင်းနိုင်ခြင်း၊ ဆေးရုံများအား ပြင်ဆင်ထိန်းသိမ်းခြင်း လုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။ ၂၀၁၁-၂၀၁၂ ခုနှစ်တွင် ငွေလုံးငွေရင်း အသုံးစရိတ်သုံးစွဲငွေမှာ ကျပ် ၂၅၂၇၈ ဒသမ ၃၁၀ သန်းဖြစ်ပြီး ၂၀၁၁-၂၀၁၃ ခုနှစ်တွင် ကျပ် ၂၁၃၅၃၅ ဒသမ ၂၈၂ သန်း လျာထားသည့်အတွက် ဆေးရုံဆေးခန်းများ နှင့် ကျေးလက်ကျန်းမာရေးဌာနများ ပိုမိုတိုးချဲ့ ဖွင့်လှစ်နိုင်မှာဖြစ်ပြီး ဆေးရုံများတွင် လိုအပ်သည့် ဆေးရုံသုံး စက်ပစ္စည်း ကိရိယာ တန်ဆာပလာများ ပိုမိုဝယ်ယူဖြည့်တင်းနိုင်မှာ ဖြစ်ပါတယ်”ဟု ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှထွန်းက ပြောကြားခဲ့သည်။ ပညာရေး အသုံးစရိတ်ပိုင်းကို ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ် ပြုပြင်ပြီး ခန့်မှန်းခြေငွေစာရင်းတွင် အသုံးစရိတ် စုစုပေါင်း ကျပ် ၃၁၀၄၀၁ ဒသမ ၆၉၈ သန်း လျာထားသုံးစွဲခဲ့ ပြီး ၂၀၁၁-၂၀၁၃ ဘဏ္ဍာရေးနှစ် ရသုံးခန့်မှန်းခြေ ငွေစာရင်းတွင် အသုံးစရိတ်စုစုပေါင်း ကျပ် ၆၁၇၂၁၄ ဒသမ ၀၁၀ သန်း လျာထားသည့် အတွက် ပြီးခဲ့သည့်နှစ်ထက် နှစ်ဆခန့် တိုးတက်လျာထားကြောင်း သိရသည်။ “ပညာရေးကဏ္ဍရဲ့ ၂၀၁၁-၂၀၁၂ ခုနှစ် သာမန်အသုံးစရိတ် သုံးစွဲငွေမှာ ကျပ် ၂၇၄၈၆၂ ဒသမ ၈၃၁ သန်းဖြစ်ပြီး ၂၀၁၂-၂၀၁၃ခုနှစ်တွင် သာမန်အသုံးစရိတ်ကျပ် ၄၀၈၁၆၄ ဒသမ ၄ ၁၉ သန်း လျာထားသည့်အတွက် ဆရာ၊ ဆရာမများ ပိုမိုခန့်ထားနိုင်ခြင်း၊ ဥပဓိရုပ် မကောင်းသော အခြေခံပညာ ကျောင်းများအား ပြင်ဆင်ခြင်းများ ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ ပညာရေးကဏ္ဍ၏ ၂၀၁၁-၂၀၁၂ ခုနှစ်တွင် ငွေလုံးငွေရင်း အသုံးစရိတ်သုံးစွဲငွေမှာ ကျပ် ၃၅၅၃၈ ဒသမ ၈၆၇ သန်းဖြစ်ပြီး ၂၀၁၂-၂၀၁၃ ခုနှစ်တွင် ကျပ် ၂၀၉၀၄၉ ဒသမ ၅၉၁ သန်းလျာထားသည့် အတွက် အခြေခံပညာကျောင်းများနှင့် တက္ကသိုလ်ကောလိပ်များ တိုးချဲ့ ဆောက်လုပ်ခြင်း၊ ပရိဘောဂများ သင်ထောက်ကူပစ္စည်းများ ၀ယ်ယူ ဖြည့်တင်းခြင်းများကို ပိုမိုဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်”ဟု ပြည်ထောင်စု ၀န်ကြီးက ဆက်လက် ပြောကြားခဲ့သည်။ တတိယအကြိမ် လွှတ်တော်အစည်းဝေးများသို့ ပြည်ထောင်စု အစိုးရ အဖွဲ့မှ ၂၀၁၂ ခုနှစ် ပြည်ထောင်စု၏ နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဥပဒေ(မူကြမ်း)၊ ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ် ဖြည့်စွက်ခွင့်ပြုငွေစာရင်း၊ ၂၀၁၁-၂၀၁၂ ခုနှစ် ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ ပြုပြင်ပြီး ရသုံးခန့်မှန်းခြေ ငွေစာရင်း၊ ၂၀၁၂ခုနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရ အသုံးဆိုင်ရာ ဥပဒေကြမ်းစသည့် ဥပဒေများ ကိုတင်သွင်းပြီး ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များက ဆွေးနွေး အတည်ပြုကြမည် ဖြစ်သည်။ |
source;
http://www.weeklyeleven.com
Comments
မြန်မာလူမျိုးတွေက ဆရာဝန်တွေဆိုယင် ရိုသေတတ်လေတော့ ဆရာဝန်တွေအပေါ် အကောင်းမြင်ကြတာများပါတယ်။ ဒါပေမဲ့ ငွေနောက်ပဲလိုက်ပြီးအကျင့်ပျက်နေတဲ့ ဆရာဝန်ကြီးတွေ အပုံကြီးပါ။
ပြည်သူ့ဆေးရုံကြီးများရှိရောဂါရှာဖွေရေးဌာနများမှာစားရိတ်မျှပေးခေါင်းစဉ်တပ်ပြီး VIPဆိုသူများမှလွဲ၍လူနာအားလုံးထံမှ ပိုက်ဆံကောက်ပါတယ်။ ဌာနတွင်းဝေစုခွဲပြီး ဆေးရုံအုပ်ကြီးထံစါရင်းလိမ်ဖြင့် တင်ပါတယ်။ဆေးရုံအုပ်ကြီးကဌာနအလိုက်အရှုံးအမြတ်တွက်၊ ခွဲတမ်းဖယ်ပြီးနာမကျန်းသူတွေရဲ့ ချွေးနဲစာများကို နိုင်ငံတော်သို့ ပေးသွင်းသည်ဟုလူကြားကောင်းအောင် ပြောပါတယ်။
တချို့ရောဂါရှာဖွေရေးဌာနများမှ ဆရာဝန်ကြီးများအပြင်မှာနာမည်ခံဓါတ်ခွဲခန်းများဖွင့်ပါတယ်။ ဓါတ်ခွဲနမူနာတွေကို ပြည်သူ့ဆေးရုံများရှိဓါတ်ခွဲဌာနများသို့ယူပြီး အစိုးရ၀န်ထမ်းလုပ်အား၊ နိုင်ငံတော်စက်များသုံးကာကိုယ်ကျိုးရှာကြပါတယ်။နာမကျန်းသူလူနာများရဲ့ ချွေးနဲစာတွေကိုအခုလိုမလိမ့်တပါတ်လုပ် အကျင့်ပျက်ခြစားနေတာတွေကတခြားလဘ်စားမှုတွေထက် ပိုဆိုးပါတယ်။
ပြည်သူ့ဆေးရုံတွေအတွက် စက်တွေဝယ်ရင် ကော်မရှင်များများပေးတဲ့၊ ငွေမျက်နှာပဲကြည့်တဲ့ ကုမ္ပဏီတွေနဲ့ညှိပြီးလွန်စွာမှခေတ်နောက်ကျနေသောစက်များကို သေချာရွေးဝယ်ပါတယ်။ ဥပမာပြရရင် ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာအလှူခံရငွေတွေနဲ့ဝယ်ပြီး ၊၂၀၁၁ နိုဝင်ဘာလက စသုံးတဲ့ Cobalt 60 ဓါတ်ကင်စက်ဆိုယင် နိုင်ငံတကာမှာ မသုံးတော့တာ ကြာပါပြီ။ လူနာတွေအတွက် ဓါတ်ရောင်ခြည် ဘေးထွက်ဆိုးကျိုးများတာရယ်၊ သဘာဝပါတ်ဝန်းကျင်ကို ဆိုးဆိုးဝါးဝါး ထိခိုက်တာတွေကြောင့်ပါ။ ဒါပေမဲ့အဲဒီစက်ဝယ်ထားတဲ့ ကုန်ကျငွေကတော့ နောက်ဆုံးပေါ်ဓါတ်ကင်စက်တွေနဲ့အတူတူပါပဲ။
ဒီလိုလူသားချင်းမစာနာတဲ့ကျန်းမာရေးစံနစ်ဆိုးကြောင့် သယံဇာတတွေပေါများတဲ့တိုင်းပြည်မှာနေတဲ့၊ ဖော်ရွေတဲ့ မြန်မာပြည်သားတွေရဲ့ ပျမ်းမျှသက်တမ်းဟာ နှစ်ငါးဆယ်ခန့်ပဲရှိတာကို နိုင်ငံခြားမှာဆေးသွားကုတဲ့ သမ္မတကြီးဦးသိန်းစိန်သိစေချင်ပါတယ်။
တွေကိုသနာတတ်ပါစေ။သေကုန်ကြအုံးမဲ့လူနာတွေကိုလည်း
ကယ်တင်နိုင်ပါစေ။
ချည့်ရသော အခြေအနေမှ အနည်းငယ် သက်သာရာရမည်ဖြစ်ပါ
ကြောင်း.....
ထိုစဉ်က လူကြီးများ ရှိနိုင်ပါသေးတယ်။ဘဘကြီးလီကွမ်ယုလည်းရှိနေသေးတာဘဲ။ သမိုင်းမှတ်တမ်း ဂုဏ်ယူစွာတင်ရအောင်လို့ပါ။ပိုပြီးပြောတာ၊ ရွဲ့ပြီးပြောတာ မရှိပါဘူး။ ထောက်ပြပေးတာကိုကျေးဇူးတင်ပါတယ်။
ဟုတ်ကဲ့ ရနိုင်ပါတယ် အသပြာ (သို့) အာဏာ တခုခုတော့ရှိဖို့လိုပါတယ်။ကျွန်တော်တို့ဘက်က လူတိုင်းကျန်းကျန်းမာမာနဲ့ သက်တမ်းစေ့နေနိုင်ဘို့ကြိုးစားနေပါတယ်။ လူကြီးမင်းတို့ဘက်က ကျသလောက်ရှင်းပေးနိုင်ဘို့သာ ကြိုးစားပေးပါခင်ဗျာ။
ကျွန်တော်တို့ရဲ့ နှစ်နှစ်ဆယ်လောက် ခေတ်မှီဖွံ့ဖြိုးတိုးတက်ခဲ့တဲ့(သတင်းစာနဲ့ တီဗီမှာ)နိုင်ငံတော်ကြီးမှာ အများစုသောနိုင်ငံသားများအတွက် အာမခံချက်ရှိတဲ့ ကျန်းမာရေးစောင့်ရှောက်မှုဆိုတာ တချို့ကြားတောင်မကြားဘူးပါဘူး။ကိုယ်ထူကိုယ်ထကျန်းမာရေးစောင့်ရှောက်မှုပဲရှိပါတယ်။တော်ရုံလောက်ကတော့ လမ်းဘေးကွမ်းယာဆိုင်က စပ်ပေးလိုက်တဲ့ဆေးလောက်နဲ့ပဲ ကိုယ့်ကိုယ်ကိုစောင့်ရှောက်နေကြရတာပါ။MEDICAL CHECK UP ဆိုတာမျိုး အတွက်အကုန်အကျခံပြီးမလုပ်နိုင်ပါ။အလကားလုပ်ပေးမယ်ဆိုရင်တောင် ငြင်းရမှာပါ။ဘာလို့လဲဆိုတော့ CHECK UP လုပ်လိုက်လို့ ရောဂါတွေ့လာရင် ကုဘို့ပိုက်ပိုက်မရှိလို့ပါ။ရောဂါတွေ့လာရင် အဲဒီရောဂါနဲ့ သေမသေတော့မသိဘူး ကုရင်ဘယ်လောက်ကုန်မယ်ဆိုတာ ကြားလိုက်တာနဲ့တင် လဲသေလိုက်လို့ရပါပြီ။
အခုအချိန်မှာ သမ္မတကြီး စင်္ကာပူထိ သွားပြီး အာမခံချက်ရှိတဲ့ ကျန်းမာရေး စစ်ဆေးမှု ခံသလို ကျနော်လည်း ကျနော့် အဖေ (သို့) အမေ (သို့ ) ကျနော်ကိုယ်တိုင် အဲဒီလို အာမခံချက်ရှိတဲ့ ကျန်းမာရေး စောင့်ရှောက်မှုမျိုး သမ္မတကြီးလိုဘဲ ကျနော်လဲ လိုချင်တယ် ဆိုတာလေးလဲ ထည့်ပြောပါရစေ ခင်ဗျာ။
ဒါကတော့ နည်းနည်း လွန်သွားပြီး :) ရန်ကုန် ယူနီဗာစတီက အဆင့်အတန်းမြင့်ခဲ့ဘူးပါတယ်။ ဒါပေမဲ့ Ygn Uni မှာ ၀င်ခွင့်မရလို့ Oxford သွားတက်ရတယ် ဆိုတာကတော့ ရွဲ့ပြောတာ ဖြစ်ကောင်းဖြစ်မယ်။ လူကြားကောင်းအောင် လျှောက်ပြောတာ ဖြစ်ကောင်းဖြစ်မယ်။ တကယ်သာ ဆိုရင်တာ့ အဲဒီတုန်းက ၀င်ခွင့် စီစစ်တဲ့သူတွေ လူမှန် မရွေးတတ်ဘူးလို့ ပြောရလိမ့်မယ်။ အဲဒါကကို ၀င်ခွင့်ပေးတဲ့ စနစ်မှားနေခဲ့တာဘဲ။ ရန်ကုန်တက္ကသိုလ် ဆိုတာ 1880 ၀န်းကျင်မှာ ရန်ကုန်ကောလိပ် အနေသာနဲ့ ရှိခဲ့ပြီး 1920 ကမှ တက္ကသိုလ် အဆင့် အင်္ဂလိပ်ဖွင့်ပေးခဲ့တာပါ။ ပုဂံခေတ်လောက်ကတည်း က စပေါ်လာခဲ့တဲ့ Oxford Uni နဲ့ နှိုင်းယှဉ်လို့မရပါဘူး။ အခု အချိန်ထိ စင်္ကာပူ ရဲ့ No. 1 university ဖြစ်တဲ့ NUS အဆင့်ဟာ Oxford uni ကို မကျော်နိုင်သေးပါ။ အမှန်ကို အမှန်အတိုင်း သိဖို့ လိုပါတယ်၊ ညီအကိုတို့ မျက်ကန်းမျိုးချစ်များ မဖြစ်စေလိုပါ။
A brief history of Oxford uni
www.ox.ac.uk/about_the_university/introducing_oxford/a_brief_history_of_the_university/index.html
လက်ရှိအစိုးရအနေနဲ့ အခုလို ပညာရေးနဲ့ ကျန်မာရေး မြင့်မားလာအောင် လုပ်ဆောင်လာမှု့အပေါ် ကြိုဆိုပြီး ဆက်လက်တိုးမြှင့်လုပ်ဆောင်ကြပါလို့ ဆန္ဒပြုပါ၏
တိုင်းပြည်ဆိုတာ လူတွေနဲ့ဖွဲ့စည်းထားတာလေ။
လူတွေမှာ အရေးအကြီးဆုံးက ကျန်းမာရေး နဲ့ ပညာရေးဘဲပေါ့။
အရင်ကတော့ ကျန်းမာရေး နဲ့ ပညာရေးဝန်ကြီးဋ္ဌာနကို ၀င်ငွေမရှာနိုင်တဲ့ဋ္ဌာန ဆိုပြီး ဘက်ဂျက်နည်းနည်းဘဲ ချပေးခံရတယ်လို့ ကြားဖူးပါတယ်။ ဆိုးလိုက်တာ။
အဲဒီတော့ ငွေမလောက်ဘဲနဲ့ ဘာကောင်းကောင်းလုပ်နိုင်မှာလဲ။ဆေးရုံမှာ ဆေးမရှိ၊ စက်မရှိ ၊သေမှာကို ထိုင်စောင့်နေရတယ်။ဆရာဝန်စေတနာကောင်းပေမဲ့လည်း သူလည်းမတတ်နိုင်။ထိုင်ပြီးသေ။အဲ ငွေမရှိတော့ ဆရာဝန် ပိုတော်အောင် နိုင်ငံခြားမပို့နိုင်၊ မပို့နိုင်တာကြာပေါ့။ တစ်ချိန်က အာရှမှာ အတော်ဆုံးဆရာဝန်များ နိုင်ငံကနေ ကျသွားလိုက်တာ ခုတော့။
ပညာရေး...။အရှေ့တိုင်းရဲ့လူစွမ်းကောင်း စင်ကာပူဝန်ကြီးချုပ် လီကွမ်ယုက ပြောခဲ့ဘူးတယ်၊ သူ့ငယ်စဉ်အိပ်မက်က မြန်မာနိုင်ငံ ရန်ကုန်ယူနီဗာစီတီက ဘွဲ့ရပညာတတ် တစ်ယောက်ဖြစ်ဖို့တဲ့။ရန်ကုန်ယူနီဗာစီတီက ၀င်ခွင့် မအောင်လို့ အင်္ဂလန် အောက်စဖို့ ယူနီဗာစီတီကို တက်ခဲ့ရတာတဲ့။ ဒီလောက်တော်ခဲ့တဲ့မြန်မာတွေ။
ခုတော့ ကိုယ့်ကိုရော၊ မွေးထားတဲ့ သားသမီးတွေကိုရော သနားလိုက်တာ။ အနာဂါတ် တိုင်းပြည်အတွက် သိပ်ရင်လေးရတာပေါ့။
ဆရာဝန်တွေ၊ ကျောင်းဆရာတွေကို အပြစ်မတင်ရက်ပါဘူး။ငွေမှမရှိတာ။
ဒီတော့ ကျန်းမာရေး နဲ့ ပညာရေးကို ဘက်ဂျက်ရာခိုင်နှုံးများများဆက်ချပေးပါဦး။။တိုင်းသူပြည်သားတွေ အသက်ရှည်ဘို့၊ ပညာတတ်ဖို့ထက် အရေးကြီးတာ ဘာမှမရှိပါဘူး။တစ်အိမ်လုံးစီးပွားရှာတာ အဲဒီအိမ်ကလူတွေ နေမကောင်းရင် ကောင်းကောင်းဆေးကုနိုင်ဖို့ ၊ကလေးတွေကောင်းကောင်း ပညာသင်နိုင်ဖို့မဟုတ်ဘူးလား။ပိုက်ဆံများများ ရှာပေးတဲ့သူက ရှာပေးမှ တဘက်ကလည်း ကောင်းကောင်း ကုနိုင် ပညာသင်ပေးနိုင်မှာပေါ့။
ဒါကြောင့် ကျန်းမာရေး နဲ့ ပညာရေးကို ငွေမရှာနိုင်လို့ဆိုပြီး ဘက်ဂျက်ရာခိုင်နှုံး မစို့မပို့လေးတွေ မလုပ်ပါနဲ့တော့၊ များများသာချပေးပါတော့။ပိုက်ဆံကို အခြားဋ္ဌာနက ရှာပါလိမ့်မယ်။အဲဒါ သူ့အလုပ်လေ။
များများရလာချိန်မှာတော့ ဆရာဝန်တွေ။ ပညာရေးဆရာတွေကလည်း စေတနာတွေ များများနဲ့သာ ကြိုးစားပေးကြစမ်းပါဗျာ။
ဆေးကုယင်လဲ ပြည်တွင်း ဆေးရုံတွေမှာဘဲ ကုခိုင်းပေးပါ....
ခုတော့ ပြည်သူနဲ့ တသားထဲ နေရမဲ သူတွေက သွားကိုက်ယင်တောင်
နိုင်ငံခြားအကုန်ထွက်ကြတယ်...ဈေးဝယ်ထွက်လိုက် သူများနိုင်ငံတွေ
ဘယ်လို ချမ်းသာကြီးပွားအောင် လုပ်လဲ သေချာ မလေ့လာ.....ငါလုပ်
ယင်ဖြစ်တယ်ဆိုလုပ် နောက်ဆုံး တိုင်းပြည် အကြွေးတင်တာဘဲ အဖတ်တင်တယ်.....
တလောက ရန်ကုန်ကနေ လေယာဉ်စီးတာ လေယာဉ်ပေါ်မှာ
လူကြီး မိသားစု လူနာ အဘိုးကြီးပါတယ်....ခရီးသည်တွေ လေယာဉ်ပေါ်မတက်မီ လာလိုက်ကြတဲ့ ဗိုလ်ချုပ်တွေ....သူတို့ဆင်းသွားတော့ လာလိုက်တဲ့ စစ်ဆေးရုံ
ဆရာဝန်တွေ...ဆင်းသွားတော့ သမားတော်ကြီး ဒေါက်တာ ဆန်းလွင်....ဂရုစိုက်လိုက်ကြရတာ...
ရန်ကုန်မှာ ဒေါက်တာ ဦးဆန်းလွင် ဆီမှာ တိုကင်ယူ ဆေးခန်းပြယင်တောင် တော်တော်မလွယ်ဘူး...
ဗီအိုင်ပီ ဆိုတော့...ခရီးသည်တွေကို အားမနာနိုင်ဘူး...တဖွဲ့ပီးတဖွဲ့..
ဒီလောက် အာဏာရှိယင်လဲ အထူးလေယာဉ်နဲ့ သွားပေါ့...
တိုင်းပြည်ချစ်ကြယင် ဘာဖြစ်လို့ နိုင်ငံခြားထွက် ကုရပါသလဲ..
ငါ့တိုင်းပြည်ကို ချစ်တယ်...ပြည်တွင်းမှာ အသေခံမယ်..ဒီလိုစိတ်
မမွေးနိုင်ဘူးနော်...အသက်ငယ်နေယင် မပြောပါဘူး...