မတ်လအတွင်း ချပေးမည့် ဂျီအက်စ်အမ်ဖုန်းမှာ ကျပ်နှစ်သိန်းအထက်တွင်သာ ရှိမည်ဟုဆို |
Thursday, 09 February 2012 11:30 |
မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း မှ မတ်လအတွင်း ချပေးဖွယ်ရှိသည့်
ဂျီအက်စ်အမ်ဖုန်းများနှင့် ပတ်သက်၍ ကျပ်တစ်သိန်းခွဲခန့်ဖြင့်သာ
ရောင်းချမည်ဟု သတင်းအချို့ ထွက်ပေါ်လာပြီး မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း၊
မိုဘိုင်းဌာနသို့ ဆက်သွယ်မေးမြန်းရာ ယင်းမှာမဖြစ်နိုင်ကြောင်း၊
ဈေးနှုန်းအတိအကျ မသတ်မှတ်ရသေး သော်လည်း ကျပ်နှစ်သိန်းနှင့်
ကျပ်သုံးသိန်းကြားတွင်သာ ဈေးနှုန်း သတ်မှတ်သွားမည်ဖြစ်ကြောင်း
စုံစမ်းသိရှိရသည်။
“အခုချပေးမယ့် ဂျီအက်စ်အမ် ဖုန်းကဈေးနှုန်း သေချာ မသတ်မှတ်ရသေးပါဘူး။
ကျပ်နှစ်သိန်းအောက်တော့ မဖြစ်နိုင်ပါဘူး။ ကျပ်နှစ်သိန်း
နဲ့သုံးသိန်းကြားအတွင်းမှာပဲ ဖြစ်မှာပါ။ ကျပ် ၂၃၀၀၀၀ ဖြစ်ချင်ဖြစ်မယ်၊
ကျပ်နှစ်သိန်းခွဲဖြစ်ရင်လည်းဖြစ်မယ်၊ ဒါမှမဟုတ် ကျပ် ၂၈၀၀၀၀ လည်း
ဖြစ်ချင်ဖြစ်ပါမယ်”ဟု မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း၊ မိုဘိုင်းဌာန
မှတာဝန်ရှိသူကပြောကြားသည်။ “အခုချပေးမယ့် ဖုန်းကအရင်ဖုန်းတွေထက် ဈေးနှုန်းသက်သာတယ်ဆိုပေမယ့် နိုင်ငံတကာနဲ့ ယှဉ်ရင် အရမ်းများနေပါသေးတယ်။ အခုချပေးမယ့် ကျပ်သုံးသိန်းထက် နည်းတဲ့ဖုန်းကို ၀ယ်မယ့်သူအများစုက လည်း ရှိစုမဲ့စု ချွေးနည်းစာလေးတွေ စုဆောင်းပြီး ၀ယ်ကြရမယ့်သူတွေ များပါတယ်။ တဖြည်းဖြည်းဈေး လျှော့ပေးသွားတာထက် လူအများစုတတ်နိုင်တဲ့နှုန်းထား၊ အိမ်နီးချင်း နိုင်ငံတွေနဲ့ နှိုင်းယှဉ်ရင် မကွာခြားတဲ့ နှုန်းထားနဲ့ရောင်းပေးနိုင်ရင် ပိုကောင်းပါတယ်”ဟု လခစားဝန်ထမ်းတစ်ဦး က သူ၏အမြင်ကို ပြောပြသည်။ “ဈေးသက်သက်သာသာနဲ့ သုံးစွဲခွင့်ရဖို့ တောင်းဆိုကြတာကလည်း ပြည်သူတွေရဲ့တာဝန်၊သူတို့ရဲ့အခွင့် အရေးပါပဲ။ တစ်ဖက်ကလည်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းအနေနဲ့ ပွင့်လင်းမြင်သာမှုတွေ အခုထက်ပိုရှိသင့်ပါပြီ။ ပုဂ္ဂလိက ကဏ္ဍပါဝင်မှု တွေကလည်း အခုထက်ပိုပြီး ရှိလာ သင့်ပါတယ်”ဟု အင်တာနက် ၀န်ဆောင်မှု ကုမ္ပဏီတစ်ခုမှ တာဝန်ရှိသူကပြောကြားသည်။ ကျပ်ငါးထောင်ဖုန်း သတင်းများကြောင့် ပြည်သူအများစုမှာ ဈေးနှုန်းသက်သာစွာဖြင့် မိုဘိုင်းဖုန်း တစ်လုံးကိုင်ဆောင်နိုင်ရန် မျှော်လင့်ချက်ကြီးမားလာပြီး မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ချပေးမည့် ဂျီအက်စ်အမ်ဖုန်းများမှာလည်း ယခင်သတ်မှတ်ချက်များထက် ဈေးနှုန်းလျော့ကျ လာမည်ဟု မျှော်လင့်နေကြကြောင်း စုံစမ်းသိရှိရသည်။ |
Comments
တို့တော့ မ၀ယ်ဘူး
လူတိုင်းမ၀ယ်ရင် ဈေးလျှော့ရောင်းမှာပါ...
အလကားသက်သက် လူတွေကို မလိုအပ်ဘဲ ငွေကုန်အောင်လုပ်နေတယ်
ငှက်ပျောသီးတောင်ဝယ်ရင်ပိုက်ဆံပေးရဦးမယ်..တချို့ နိုင်ငံတွေမှာ
ဆင်းကဒ်ကို အလကားပေးနေပြီ...
ps..I just want to call you Mr.Wrong.း)
သူများတွေကတောင် ၅၀၀၀ကျပ် နဲ့ ရောင်းနိုင်တယ်လို့ ပြောနေတဲ့ဟာကို ကိုယ့်ဆရာတို့ ကဘာကြောင့်တသိန်းခွဲနဲ့ ရောင်းလို့ မဖြစ်နိုင်ပါဘူးလို့ ပြောနေရတာလဲ...ကိုယ့်ဆရာတို့ မလုပ်တက်လို့ (မလုပ်ချင်လို့ )နေမှာပါ..တကယ်လို့ မလုပ်တက်ဖူးဆိုရင်လည်း
အားလုံးထွက်စာတင်ပြီးအလုပ်ထွက်လိုက်ကြပါလား...ဒါမှပဲလုပ်တက်တဲ့သူတွေဝင်လုပ်လို့ ရမှာပေါ့...မဟုတ်ဖူးလား..း)
မြန်မာ့ဆက်သွယ်ရေးကိုအိမ်နီးချင်းနိုင်ငံနဲ့အဆင့်တူချင်တယ် ဆိုယင်၊
ဆက်သွယ်ရေးဝန်ကြီးမှစပြီးအောက်ခြေအဆုံး၊ ၀န်ထမ်းအားလုံး
ကိုမြေလှန်ရှင်းပစ်ပေးပါ၊
ပြီးယင်မတော်မတရားမျိုဆို့ခဲ့ကြတဲ့ ဖုံး company (၂၃) ခုကို
လည်း လုပ်ပိုင်ခွင့်အနားပေးလိုက်ပြီး၊ပြည်သူမျက်နှာကြည့်တဲ့
နှစ်ဘက်မျှမျှတတလုပ်ကိုင်နိုင်မယ့်(ပြည်တွင်း၊ပြည်ပ)လုပ်ငန်းရှင်များနဲ့အစားထိုးပေးပါ။
သူတို့ခေတ်အဆုံးသတ်ပေးဖို့အချိန်တန်ပါပြီ၊ဒီမိုကရေစီနိုင်ငံမှာ
လုပ်ကိုင်စားဘို့ဒီလူတွေမထိုက်တန်တော့ပါဘူး။
ကျွန်တော်တို့ပြည်သူတွေကစိတ်ရှည်ရှည်စောင့်ဝယ်သုံးပါ့မယ်။
မသေချာတာတွေ၊ မရေရာတာတွေချည်းပဲ၊ အခုထိလည်း မကျိန်းသေ၊ နောင်လည်း မသေချာနဲ့ ။
နောက်ပြီး ဒိုင်လျှို အကွက်တွေ၊ ထိပ်တန်း လျှို့ ဝှက်ချက်တွေနဲ့  မြင်သာအောင် ချလည်းမပြ၊ ချပြစရာလည်း မလိုလို့ ပြောပြန်...... ဟင်း MPT ရယ် ပြောရင်လည်း ရိုင်းရာကျတော့မယ်။
အခုလို စီမံကိန်း (ဖုန်း၊ ကားပါမစ် အစရှိ) တွေက နှိုင်းယှဉ်ရရင် သူတောင်းစား စီးပွားရေးလုပ်နေတဲ့ အတိုင်းပါပဲ။
-- တောင်းနေကျနေရာမှာ ခွက် (နှစ်ခွက်၊ သုံးခွက်) တိုးလိုက်တာမျိုး [ ၀င်ငွေ နှစ်ဆ ၀င်ရန် ရည်ရွယ်ပါသည်]
-- ဆွေမျိုးသားချင်း (သား၊ သမီး မှစ၍) များကို သာ မိမိ ဧရီယာအတွင်း ၀င်ခွင့်ပြုသည် [ တခြားသူတွေ ခွင် တွေ့ သွားမှာကို ကာကွယ် စောင့်ရှောက်ခြင်း]
-- မိမိ ပတ်ဝန်းကျင်ကို လွှမ်းမိုးပြီး ယုံကြည်မှု ရစေဖို့ ၊ ပို ချစ်စေဖို့  သီချင်းကောင်းတွေ မိုးမွှန်အောင် ဆိုပြခြင်း [ ဒါမှလည်း တစ်ယောက်တည်း ရမယ်လေ အခြားမည်သူကိုမျှ ခွဲပေးစရာမလို တော့ ဘူးပေါ့]
အခုတော့ အားလုံးက ဘူးပေါ်သလို တဖြည်းဖြည်း ပေါ်လာပြီလေ။
ဆက်ပြီး ညာနေလို့  အပိုပါပဲ။
အခုရောင်းမယ့် 2 သိန်းကျော်ကိုလည်း အများစုကမ၀ယ်သေးဘူးဆိုတာပြောနေကြတယ်....
အခုမှ သူတို့စားသမျှဘူးပေါ်သလိုပေါ်လာတော့ စိတ်တော့အတော်နာနေကြတယ်လို့ဆိုကြတယ်ဗျ...
ဂျာနယ်တွေမှာ ၀ယ်မ၀ယ်စစ်တမ်းကောက်ကြည့်ပါလား......
ကျနော်တော့ ငါးထောင်တန်ရရင်ဝယ်ပီး အခုကိုင်နေတဲ့ဖုန်းကို အမှတ်တရ အလှကြည့်ထားမလို့........ ဒင်းတို့အတွက်
၅၀၀၀ နဲ့ရောင်းလို့ရပါတယ်လို့လဲ တွင်တွင်ပြောထားတယ်။ နားလည်တဲ့သူတွေကလဲ တခြားနိုင်ငံတွေမှာ ၅၀၀၀ တောင်မရှိဘူးလို့ အများကြီးဝိုင်းပြောကြပြီးပြီ။ ဒီလောက်ပြောနေတဲ့အထဲမှာ ဘယ်သူသေသေ၊ မသေသေ ၊ ကိုယ်ဘဲမာချင်တဲ့ ကိုငတေ တွေက မျက်နှာပြောင်တိုက်ပြီး နှစ်သိန်းနဲ့ သုံးသိန်းကြားသာ လို့ အတင်းပြောနေမှတော့
သာ မဟုတ်ပါဘူး။
မသာ ပါ။
ပုဂ္ဂလိက company ၃ခုလောက်ကို လုပ်ခွင့်ပေးသင့်ပြီ။ ပြည်သူတွေ သက်သာဖို့နဲ့ နိုင်ငံတိုးတက်ဖို့ကို ကြည့်ကြပါဗျာ။
မသိလို့ မေးပါရစေ။ ဒီဖုန်းခနဲ့ လမ်းဖောက် တံတားဆောက်ရပါတယ် လို့ အစိုးရက ပြောသလား။ ဘယ်က ရတဲ့ ပိုက်ဆံတွေကို ဘယ်မှာ သုံးလိုက်တယ်လို့ တိတိကျကျ ပြောတာ မဖတ်ဖူးလို့ပါ ခင်ဗျာ။
နိုင်ငံခြားမှာ လုပ်ကိုင်နေတဲ့သူတွေက ချစ်ပါသကောလားဗျာ..။ ချစ်လွန်းလို့ ပြည်သူ့ငွေ တိုင်းပြည်ငွေတွေ ခိုးမှ စားရသောက်ရမဲ့ အစိုးရ အလုပ်ကို ၀င်မလုပ်ကြဘဲ ကိုယ်ခြေထောက်ပေါ် မှာ မားမားရပ်ပြီး သမာအာဇီဝစစ်စစ် နဲ့ရှာထားလို့ ရတဲ့ငွေနဲ့ မှန်မှန်ကန်ကန် အခွန်ဆောင်ပြီး နေတာပါ။ တိုင်းပြည်ချစ်လို့ အစိုးရအလုပ်ဝင်လုပ်တယ် ဆိုတဲ့သူတွေ ဂွင်ရှိရဲ့ သားနဲ့ မရိုက်တဲ့သူ ၉၀% ထက်များ နည်းရင် ကျုပ်ရှာထားသမျှ ခင်ဗျားကို လှုလိုက်အုံးမှာ။ လခ မလောက်လို့ ဆိုတဲ့ အကြောင်းပြချက်ပေးလို့ မရအောင် အခု ဦးရွှေမန်းက လစာတွေ တိုးပေးပြီး စည်းကမ်းမဲ့ ၀န်ထမ်းတွေကို နှိပ်ကွတ်ဖို့ ပြင်နေပြီ။ အခြေအနေမကောင်းရင် စောစောစီးစီး ပင်စင်လေး တင်ထားကြဦး။
- Air-time charges (ဖုန်းပြောခ)တွေနဲ့ကို Second Mobile Net-work တစ်ခုမပြောနဲ့ (၃)(၄) ခုလောက် တည်ဆောက်လို့ ရတယ် ဆိုတာမှန်ပါတယ်၊ ဒါပေမဲ့ကိုယ့်လူ မြန်မာနိုင်ငံက ဖွံ့ဖြိုးဆဲနိုင်ငံပါ၊ လမ်းတွေ၊ တံတားတွေ ဆောက်ရပါသေးတယ်၊ ဆောက်ဖို့အတွက် ပိုက်ဆံကိုလည်း ဒီဖုန်းခတွေထဲကဘဲ ပေးရတာပါ၊
- နည်းပညာခေတ်ကြီးမှာ၊ Mobile net-wrok တစ်ခုကို အချိန်တို တစ်ခုအတွင်း တည်ဆောက်ဖို့ ကိစ္စမှာ မဖြစ်နိုင်သေးဘူးဆိုတဲ့ အကြောင်းပြချက်ကို တွင်တွင်ပြောနေတာ တော်တော်အံ့သြဖို့ ကောင်းတယ်ဆိုတဲ့စကားကိုမပြောခင် ကိုယ့်လူ မင်းအိမ်ကိုဆောက် တာ ဘယ်လောက်ကြာတယ်ဆိုတာ အရင်စဉ်းစားပါ၊ မင်းအိမ် ထက်ကြီးတဲ့ ဆက်သွယ်ရေးစခန်းပေါင်း များစွာကို မင်းပြောတဲ့Mobile net-wrok တည်ထောင်ဖို့ အတွက်ြမန်မာနိုင်ငံအနှံမှာ ဆောက်ရတာ ဘယ်လောက်ကြာမလဲ ဆိုတာပြန်စဉ်းစားပြီး တွက်ကြည့်ပါ၊ English လိုတော်တော် များများသုံးထားလို့ အထင်ကြီးထားတာ သချာင်္မတွက် တတ်ရင်တော့ ကြီးမိတဲ့အထင် ပြန်သေးရလိမ့်မယ်နော်၊
Quoting BnValorous:
Big Sheet ရေ .. ဘယ်သူက လောဘကြီးနေလဲဆိုတာ အာလုံးသိပါတယ်ဗျာ .. သိပ်လဲ လိုက်ဖုံးပေးမနေပါနဲ့ သူတို့မလုပ်ချင်ရင်လဲ ထွက်ပေါ့ဗျာ .. ဘယ်သူကမှ အတင်းမခိုင်းပါဘူး .. ဘော်ဒါ့ ဆရာတွေကိုပြောတာပါ ..
တိုင်းပြည်အတွက်ဆိုပြီး comment ၀င်ပေးရုံသက်သက်ထက် ပိုပြီး ဘာတွေလုပ်ဖူးလဲ ပြောပြပေးပါ bro။
ကျနော်တို့တွေ ပြီးခဲ့တဲ့ ဒီဇင်ဘာလအထိ ၀င်ငွေခွန် ၁၀%ပေးထားတာ တိုင်းပြည်ကို တိုက်ရိုက် အလုပ်အကြွေးပြုထားတာပါ။
bro, 1. We/I am outside of mm.
2. We r always learning that how much we r spending for exchange rate/ Tax/ Call rate, those things r a bit higher than other countries.
3. MM people can't use MRT, and also, we can't dream it in next 5years at least. Banks r not possible to issue Credit Cards too, coz our people r not enough mature to process of banking. Those risks are happened because of previous government.
4. If we compare about other facilities, we only will be crazy. Just compare between the living cost and standard, is that fair?
5. Most of the people r not forcing to get impossible things. Our gov. is not having a lot of budget for 2012-2013, coz we need to work on a lot of things. Telecom business is better to welcome the foreign investments together with locals.
Quoting Thar:
လူကြီးမင်းများ က ၅၀၀၀ တန် ဖုန်းနဲ့ပတ်သက်ပြီး ဥပဒေအရ.နည်းပညာအရ မဖြစ်နုင်ဘူးလို့ ပဲပြောနေမယ့်အစား ပြည်သူတွေအပေါ်စေတနာမှန်ရင် အတူပူးပေါင်းပြီးဘယ်လိုအဖြေရှာမလဲလို့လုပ်ဆောင်သင့်ပါတယ်.ပြီးတော့လုပ်ပါမယ်လို့ပြောတဲ့သူကိုကူညီပေးရမယ့်အစားအနှောက်အရှက်အမျိုးမျိုးပေးနေတဲ့စိတ်ဓာတ်တွေကိုပြုပြင်သင့်ပြီလို့ပဲဆိုချင်ကြောင်းပါ
We may be from different part of the world, It is stating the obvious, but we , who gave the comments on this article except you, are on the same side of our Native Land.
Only you are outside of our society.
MRT, credit cards, cable cars,....... these are absolutely not our concerns. But communication is ours at this moment.
Dear Mr. Right,
Please be reasonable, today is not like the old days; even the "Whole Wide World" become a Village, Things that you mentioned are not really necessary in building up the Mobile-Network which can provide "Peace of Mind" to all our our Citizens including you. If you really want to mentioned what ever aroused in your mind, Please try to expressed in your Mother Language, so that you can make others understand what you really mean. Since your comments in "English" seem wavering. For all those kinds of Technological Matters shouldn't be commented by just a lay-man like you since you really do not understand and earned experience in certain jobs to get things done. I do learnt the good lesson of not to be discussed or explain to the people do not have Root in the Subject. But anyway thanks for the lesson you taught me. We may-be in other countries, but we do love our mother-land to be get "Prosper" in every aspects.
လုပ်ကွာ ... အခြင်းခြင်းတွေ မြန်မာစာနဲ့ မြန်မာ လို ရိုက်ကွ ...မြန်မာလိုပြောကွ ..... နေ တစ်လန့် တွေ ဘာတွေနဲ့ ပြီးတော့ မြန်မာလိုလဲ မရိုက်ဘူး ...
you all are from outside of our country I think. so you should also need to learn about your native land.Situations are not the same.We can not use MRT,credit cards.cable cars, and other facilities like you.so may be the visions can not be the same.
ကျနော် ..ပြောနိုင်တာ တစ်ခုဘဲ ရှိတယ်... သူတို့ ဘာသာ ဘယ် လောက်နဲ့ ရောင်းရောင်း မ၀ယ် ဘူးကွာ ဆိုရင် သူတို့ ဘာလုပ် လို့ ရမှာတဲ့လဲ ... ၅၀၀၀ တန်လေး ကိုစိတ် ရှည်လက်ရှည်နဲ့ ဆက် ပြီးစောင့်ကြပါစို့ လား ..
အဲ့ဒီလိုဆိုရင် ၅၀၀၀ ကျပ်တန် မရရင်တောင်မှ တခြားဈေးပေါတဲ့ Sim Card လေးဘာလေးပေါ်လာနိုင်သေးတယ်... တောင့်ထားကွ...
If you are same side from MPT, no surprise.But if you are not from MPT, please learn properly. Sim cards are almost free, you need to buy only hand set depend on quality.Let say you take iPhone, you need to pay some money, but if you buy nokia E 61, you pay zero. You only need to pay outgoing call with cheap price and good service. please learn outside world.Quoting Mr. Right:
မသိရင် လေ့လာလိုက်အုံး.........Telecom အလုပ်က ဘယ်လောက် အမြတ်အစွန်း ရှိတယ်ဆိုတာ.........
Of course we civilian should know about laws, rules, regulations, limitations and blur, blur, blur of OUR NATION ............
But, dont you think, OUR NATION MUST know and try to fulfill the everything of our needs, our requirements, our wishes, our willingness.
If the law oppose or not allow for our civilian's desire, JUST CHANGE IT.
YES.... MPT must be marching forward together with US , not along with CRONIES.
RIGHT ! Mr. Right
အသေးစိတ်သိချင်ရင်တော့..ဖုန်းနံပါတ် ၁၈၈၃၃ ကိုသာဆက်ပြီးမေးမြန်းစုံစမ်းနိုင်ပါသည်။
၅၀၀၀တန်ကိုပက်ပက်စက်စက်ထောက်ခံတယ်ဗျာ.
၂ သိန်းကျော်တဲ့ ... ပြောတုန်းကတော့ နိုဝင်ဘာ၊ နောက်ဒီဇင်ဘာ၊ နောက် ဇန်န၀ါရီ၊ နောက်ဖေဖော်ဝါရီ၊ ခု မတ်လ ပေးမယ်တဲ့ ...
အမှန်ကတော့ (၅) သိန်းတန်ကိုဆွဲရောင်းနေတာပါကွယ် ... (၅) သိန်းတန်လေးတွေကုန်အောင်ရောင်းပြီးရင် ထုတ်ပေးမယ့်အခြေအနေရှိတယ် ... :D MPT
Quoting Big Sheet:
လောဘဆိုတာလူတိုင်းမှာရှိတယ်၊စီးပွားရေးလုပ်တယ်ဆိုမှတော့မြတ်ချင်လို့လုပ်ကြသူချည်းပဲ၊ သို့ပေမဲ့လည်း ကိုယ်လည်းစား သုံးစွဲသူလည်းသက်သာဆိုရင် မကောင်းဘူးလား၊ ၅၀၀၀ တန် company ကလည်း မြတ်ချင်လို့လုပ်ကြတာပါ၊ အခုတော့ MPT နှင့် အပေါင်းပါ company များက phone bill လည်းစားမယ်၊ ကနဦးတပ်ဆင်ခလည်း ယူတယ်ဆိုတော့ကာ ဘယ်သူက ၀ိသမစီးပွားရေးသမားဆိုတာ လယ်ပြင်မှာဆင်သွားသလို ထင်ရှားနေပါတယ်
နောက်တော့ စေတနာနဲ့ CDMA ၄၈ သိန်းလောက်ပေးရတယ်။ နောက် ၃၅ -- ၃၀ -- ၀န်ထမ်းဖြစ်ကြောင်းထောက်ခံစာနဲ့ စုံအောင်လျှောက်... မရခဲ့ပါဘူးခင်ဗျာ။ ဒါနဲ့ ၂၆ သိန်းထိဆင်းလာမှ ဖြစ်ညှစ်ဝယ်လိုက်ရတယ်။ ပြီးတော့ ၁၈ သိန်း... ဒေါ်လာ ၁၅၀၀ တန်၊ နောက် ၁၀ သိန်း.. ပြီးတော့ CDMA ခြင်းဖုန်းကို handset original ပါတာကို ပေးမကိုင်ပဲ တပ်မသုံးနိုင်အောင် ဖြုတ်ခိုင်းပြန်တယ်။ ၇သိန်းတန် ... ၅သိန်းတန်နဲ့ နောက်ဆုံး အ၀ယ်ကျဲလာတော့ တန်ဘိုးနည်းဖုန်းတဲ့ (တန်ဘိုးနည်းအိမ်ရာပဲ ကြားဖူးပါတယ်) ..
အလဲ့ တန်ဘိုးနည်းပေမဲ့ Photo Image ပါပို့လို့ရသတဲ့လေ .. စေတနာတွေပါ။
ဈေးကြီးပေးထားတဲ့ဖုန်းတွေပါ လုပ်ပေးလိုက်ပါလားဗျာ။
သူများနိုင်ငံတွေမှာ Sim Card အလကားပေးတာ ကြာလှပါပကော။
ပြီးတော့ ဖုန်းငှားရမ်းသုံးစွဲခွင့်တဲ့... အပိုင်တောင်မဟုတ်ဘူးနော်။
ဒါဆိုလဲ ပြန်အမ်းဗျာ .. ကျုပ်တို့ငှားထားတဲ့ဖုန်းဘိုး.. အခုကျုပ်တို့က ၅၀၀၀ ထောင်တန်ဖုန်းပဲ ကိုင်ကြဘို့ စိတ်ဝင်စားတယ်။
ကြံရည်ညှစ်သလို အထပ်တပ်အကြိတ်ခံလာရတော့လည်း အရည်မထွက်နိုင်တော့ဘူးပေါ့။
အင်း... ၀ယ်မယ့်သူမရှိတော့မှပဲ ရော့.. ယူတော့ ပုဂလိကရေ လွှဲပေးမယ်ဆိုပြီး နာမည်ယူဦးမှာ မြင်ယောင်ပါသေးရဲ့။...။
(ရတနာပုံ website )
ရှိနေတဲ့ဖုန်းတောင် မကောင်းတတ်လို့ (လွင့်ပစ်ချင်နေတာ)
တတ်လဲ တတ်နိုင်တဲ့ကျေးဇူးရှင်တွေပဲ ...တစ်နေ့နေ့တော့ ပြည်သူ့ မေတ္တာစူးတော့မယ်...
ဆသရ၀န်ထမ်းအပေါင်းတို့.......
သင်သည် ခေတ် စနစ်ဟောင်း အတွေးအခေါ် ဟောင်းများနှင့် ကျွမ်းဝင်နေသူသာ ဖြစ်ပေလိမ့်မည်။
အမှန်တကယ်ကုန်ကျစရိတ်ထက် မြောက်များစွာထက်ပိုကုန်ကျသော လမ်း၊တံတာ၊ ဆည် အစရှိသော စီမံကိန်းများကြောင့် ကျွန်ုပ်တို့ တိုင်းပြည် အရမ်းဆင်းရဲသွားပြီး အုပ်ချုပ်သူ လူတန်းစားနှင့် ခရိုနီ များသာချမ်းသာလာခဲ့ ကြသည်ကို အများအသိပင်ဖြစ်သည်။
အစိုးရသစ် (လွတ်တော်) အနေဖြင့် ၀န်ကြီးဌာန များမှ တင်သွင်းသော စီမံကိန်းများကို တကယ်လိုအပ်မလိုအပ် ၀ယ်ယူပြီး အမှန်တကယ်အသုံးပြုမှု့ရှိမရှိ ယခုအချိန်မှစပြီး စီစစ်သင့်ပါပြီ.....
ကျွန်တော်မေးလိုက်တဲ့မေးခွန်းကို Big Sheet က မဖြေဘဲ ကျား ကျား မီးယပ် လို့ ငါ့စကားနွားရ ဖြေသွားတယ်။ အခုထပ်မေးချင်ပါတယ်။
တစ်ယောက်က ၅၀၀၀နဲ့ရောင်းမယ်၊ တစ်ယောက်က ၂၅၀၀၀၀ နဲ့ရောင်းမယ်ဆိုရင် .....
Big Sheet အနေနဲ့ ဘာကိုဝယ်မှာပါလဲ။
ထပ်ပြီးမေးချင်ပါတယ်။ Big Sheet အနေနဲ့ကိုယ့်ရဲ့ခံယူချက်ဟာမှန်တယ်လို့ရဲရဲဝံ့ဝံ့ထင်ရင် ဖြေပေးပါ။ ရည်၇ွယ်ချက်ဆိုးနဲ့မေးတာမဟုတ်ပါဘူး။
(၁) တခြားနိုင်ငံတွေမှာ Sim card ကို အလကား၊ အလကားနီးပါး၊ ထမင်းတစ်နပ်စာတန်ဘိုးလောက်နဲ့ရနိုင်ပြီး - - - -
ကျွန်တော်တို့ဆီမှာလည်း ၅၀၀၀ နဲ့ပေးပါ့မယ်ဆိုတာကို welcome မလုပ်နိုင်တာ ဘာဖြစ်လို့လဲ။ စေတနာကြောင့်ဘဲလား ... ဒါမှမဟုတ်
(၂) Technology , Financial , Management , Human resource ..... ဒါတွေကြောင့်လား။ လုပ်မဲ့အဖွဲ့အစည်းက တာဝန်ယူနိုင်လား စိစစ်ကြည့်ပီးပြီလား။ မျက်စိမှိတ်ငြင်းနေတာလား။
(၃)ဥပဒေကြောင့်လား။ ...... လူခင်လို့ မူပြင်ပေးခဲ့တာ နှစ်၅၀ လောက်ရှိပါပြီ။ ဘယ်သူ မဟုတ်ဘူးလို့ငြင်းမှာလဲ။ အခုမူကိုမပြင်နိုင်သေးတာ လုပ်မဲ့သူကို လူမခင်လို့လား၊ ပြည်သူကို မခင်လို့လား၊ ခရိုနီတွေကို ခင်လို့လား။
ကိုယ့်ရဲ့စေတနာမှန်တယ်လို့ထင်ရင် သတ္တိရှိရှိဖြေပေးပါ။
၁၅သိန်းကနေ ၅သိန်း၊ ၃သိန်းကို လျှော့ပေးတာ စေတနာလို့ထင်ရနိုင်ပါတယ်။
အခု ၃သိန်းအောက်လျှော့ပေးမယ်ဆိုတာကို Big Sheet က အစိုးရရဲ့စေတနာပါလို့ ပြောတာကို Big Sheet နဲ့အတူ ယုံမဲ့သူတွေရှိပါတယ်။ ရွာသာကြီးမှာပါ။
စိတ်ရောဂါကုဆေးရုံကြီး အဲဒီရွှေ့သွားတာ ကြာပီဘဲ။
Dear Mr. Big Sheet, I'm currently living in Doha,Qatar which is located in middle east Asia. as you said about relevant mobile explosion detonator, there are available mobile sim-card with very cheap prices in here, but i have never heard about bombing in Qatar during my 3 years living. Crime is just crime.not only depend on the technology, but also depend on the people. if you want, you can able to use some remote control toys for explosion. Government has never issued about the details of national reconcile statement to the public.Any, still 300000 kyats is not worth to use on a mobile. Communication is one of the most vital important for country people. For example,Cyclone Nagris, So many people were killed in Nature disaster because of not getting right information in right time.
နိုင်ငံတော်က ပြည်သူတွေကို နိုင်ငံပိုင် မီဒီယာတွေနဲ့  အသိပညာပေးနေခဲ့တာရော ဟုတ်ခဲ့လို့ လား၊ ၁၉၉၈- နိုင်ငံတော်ကို ဒီအစိုးရ ထိမ်းသိန်းခဲ့တုန်းက သေနတ်တစ်ချက် ဖောက်ခဲ့လို့ လား၊ နှစ်မိနစ်ခြားတခါ ရေဒီယိုကနေတောက်လျောက်လွှင့်နေတဲ့ ကြေညာချက်တွေနဲ့  အသာလေး အရယူလိုက်တာလေ။ ဒီတော့ ဒီမီဒီယာတွေကို အကြွင်းမဲ့ယုံကြည်နေတဲ့ သူဆိုတာ ဘယ်လိုလူမျိုးလဲဆိုတာ သဘောပေါက်လို့ ရတယ်နော်။
၁၀-နှစ်သား ခလေးလေးတစ်ယောက်ကိုဗျာ တစ်မနက်လောက်ပဲ တိုင်းပြည့် တကယ့်အခြေအနေတွေကို ခရေစေ့တွင်းကျ သိခွင့်ပေးလိုက်ရရင်၊ သူ အရမ်းစွတ် မယုံတော့ဘူး၊ အကောင်းအဆိုး နားလည်လောက်တယ်။
အခုတောင် နိုင်ငံတော်အစိုးရရဲ့  အရမ်းကာရော ရင်းနှီးမြှုပ်နှံလိုက်တဲ့ အကြွေးတွေကို ပြည်သူတွေဆီက လှည့်တောင်းနေပြီလေ။
အဲဒီ အရင်းရှင်နိုင်ငံကြီးမှာ လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်က Nokia 3310 တလုံးကို ယူအက်စ်ဒေါ်လာ ၁၄၀ နဲ့ ညီမျှတဲ့ ငွေပေးရပါတယ်။ sim card ကို ယူအက်စ်ဒေါ်လာ ၂၀ နဲ့ ၄၀ ကြားညီမျှတဲ့ ငွေပေးရပါတယ်။ အခု sim card ကို မြန်မာပြည်မှာ ငွေဖြည့်ကဒ် တသောင်းဖိုး နဲ့ ညီမျှတဲ့ credit ၀ယ်လိုက်ရင် sim card လိုချင်ပါက အလကားပေးပါတယ်။ အဲဒါ ဒီအရင်းရှင် အစိုးရကြီးက စေတနာ ရှိလို့သူ့နိုင်ငံမှာ သုံးစွဲတဲ့ လူတွေ သက်သာအောင် စီမံပေးတယ် လို့ လုံးဝ (လုံးဝ) မထင်ပါ ခင်ဗျာ။ communication backbone သည် အစိုးရပိုင်ပါ။ ဒါဆို ဘာကြောင့်ပါလဲ...။ စီးပွားရေး စီမံခန့်ခွဲမှု ဟု ခေါ်သော Business Management ကြောင်များလား ခင်ဗျာ၊ မသိလို့ မေးတာပါ။ နိုင်ငံတော် အစိုးရ စီမံခန့်ခွဲမှု ညံ့ဖျင်းတယ်လို့ လုံးလုံး မဆိုလိုပါ။ တော်လွန်း၍ မြန်မာပြည်တွင် ညွှန်မှုးညွန်ချုပ်ဝန်ကြီးပါ မကျန် သိန်းသောင်းဂဏန်း ချီ ချမ်းသာပါသည်။ လခ ၂ သိန်း ၃ သိန်း မှာ ILBC တွင်ထားသော ကလေး ကျောင်းလခ ပင် မလောက်မှန်း သိပါသည်။ မုဒိတာ ပွားပါမည်။ ဘိုးဘွားစဉ်ဆက် ချမ်းသာသော မိသားစု များမှ ပေါက်ဖွားလာပြီး နိုင်ငံတော်ကြီး တိုးတက်စေရန် အလို့ငှာ စိတ်ရင်းစေတနာကောင်းများ ထားကာအစိုးရ ၀န်ထမ်း လုပ်နေသည်ဟု ယူဆပါသည်။
ဒီနိုင်ငံမှာလည်း လမ်းတွေဖောက် တံတားတွေ ဆောက်ပါသည်။ ဆောက်တာမှ အကောင်းကြီးတွေတောင် design life ကုန်သွားလို့ ဖျက်ဆောက်တယ်လို့ ပြောကြပါသည်။ ကျောက်ပွဲလည်း မရှိ၊ ဂက်စ်လည်း မရောင်း၊ တယ်လီဖုန်းကလည်း ပိုက်ဆံမရ နဲ့ ဘယ်ကရတဲ့ ပိုက်ဆံနဲ့ ဆောက်လည်းတော့ မသိပါ :P
Big sheet တို့ရဲ့
မိတ်ဆွေရေးထားတဲ့ comment ဖတ်ရတဲ့အတွက်၊ ကျေးဇူးတင်ပါတယ်၊ ကျွန်တော်တို့ အခု ဒီဆောင်းပါးဖတ်ပြီး လွတ်လပ်စွာကွဲလွဲခွင့်ရတဲ့ အခြေအနေလေး တစ်ခုကို ပြန်လည်သုံးသပ်ကြည့်ခွင့်ရတဲ့အတွက် မြန်မာပြည်အတွင်းတွင် မှီတင်းနေထိုင်လျှက်ရှိကြတဲ့ ညီအစ်ကို မောင်နှမများအတွင်း၊ မိမိအမြင်ဖြင့်၊ အတွေ့အကြုံတို့ဖြင့်၊ သုံးသပ်ဆင်ခြင် ပြုမူနေမှုများကို အတိုင်းသား မြင်တွေ့နေရပါတယ်၊ Mr Big Sheet ပြောထားပုံကြည့်ရတာ၊ နိုင်ငံတော်၏ ဘတ်ဂျက် အရ/အသုံး စာရင်းများကို သိရှိထားပုံရပါတယ်၊ အဲဒီလို ကိုယ်တိုင် သိရှိတယ်ဆိုရင်၊ နိုင်ငံတော်၏ ဘဏ္ဏာငွေခွဲဝေသုံးစွဲမှု အချိုးအစားကိုလဲ သိရှိပုံရပါတယ်၊ အဆိုပါအချက်အလက်များကို ထောက်ရှုကြည့်ခြင်းအားဖြင့်၊ သာမန်ပြည်သူ တစ်ဦးတစ်ယောက် မဖြစ်နိုင်ဟု သုံးသပ်ရပါတယ်၊ ဒါကြောင့်လဲ ကျွန်တော်တို့ comments တွေပေးနေတဲ့ အပေါ်မှာ ထိခိုက်ခံစားနေရပုံရပါတယ်၊ အခြေအနေနှင့် အချိန်အခါတို့ ပြောင်းလဲလာပြီ ဖြစ်ပါသဖြင့်၊ အလုံးစုံ လှေနံဓါးထစ် သတ်မှတ်ထားလို့မရတော့သည့် ခေတ်တစ်ခုသို့ ရောက်ရှိနေပါပြီ၊ မိတ်ဆွေ၏ comment ကိုကြည့်ရတာ၊ ယ္ခုကျွန်တော်တို့ ဆောင်းပါးဖတ်ပြီး ဆွေးနွေးမိနေသည့် communication sector နှင့် ပတ်သက်မှု အတွေ့အကြုံရှိဘူးသည်ကို မတွေ့ရပါ၊ ၎င်းကြောင့်လည်း၊ ဆက်သွယ်ရေး စခန်းဆိုတဲ့ မိတ်ဆွေမြင်ဖူးတွေ့ဖူးနေကြ infrastructure တွေကို ဥပမာပြု ခိုင်းနှိုင်း၍ပြောနေသည်ကို တွေ့ရပါတယ်၊ ယနေ့ နိုင်ငံတကါ ဆက်သွယ်ရေး net-work များတည်ဆောက်ရာတွင် နည်းပညာ တိုးတက်မှုများ၏ အကျိုးကျေးဇူးကြောင့် out-post များ တည်ဆောက်ရာတွင် ယခင်နှင့်လုံးဝကွဲပြားခြားနားနေပြီး၊ အချိန်ကုန် ငွေကုန် သက်သာမှု ကြောင့် လက်တွေ့လုပ်ငန်းခွင် အတွေ့အကြုံရှိသူများသာ နားလည်နိုင်သည့် အခြေအနေတွင် ရှိပါသည်။ နည်းပညာနှင့် ပတ်သက်သည့် အခြေအနေများကို နည်းပညာ အခြေခံ ရှိသူများနှင့် နည်းပညာရှင်များမှသါ လက်လှမ်းမှီနိုင်သည်ဟုဆိုရပါမည်။ မိတ်ဆွေအား စော်ကါးနေခြင်းမဟုတ်ပါ၊ ကျွန်တော်တို့က အခြေအနေမှန်များကို တင်ပြနေခြင်းဖြစ်ပါသည်။ မိမိကိုယ်တိုင် Communication & Information Technology နယ်ပယ်တွင် လက်တွေ့လုပ်ကိုင် အသက်မွေးဝမ်းကျောင်းပြုနေသူ ဖြစ်သဖြင့်၊ မိမိ၏ အတွေ့အကြုံများကို မျှဝေခြင်းဖြစ်ပါသည်၊ အချို့သော နည်းပညာတိုးတက်မှုများမှာ တန်ခိုးရှင်ဖန်ဆင်းသည်ဟု သာမန်ပုဂ္ဂိုလ် တစ်ဦးတစ်ယေါက်အနေဖြင့် ထင်မြင်လောက်သည့် အခြေအနေတွင်ရှိသဖြင့်၊ မိတ်ဆွေအားလည်း အပြစ်မတင်ရက်ပါ။ မြန်မာပြည်နှင့် မြန်မာပြည်သူ/ပြည်သား တို့၏ အကျိုးကို လိုလားပါက၊ မိမိကိုယ်ကျိုးစွန့် အနစ်နာခံမည့် ပုဂ္ဂိုလ်များ ဦးဆောင်မှုအခန်း ကဏ္ဏတွင် ပါဝင်မှုများမှသာလျှင် ယနေ့ ဖြစ်ပေါ်နေသည့် မြန်မာနိုင်ငံ၏ စီးပွားရေး လူမှုရေး အခြေအနေများ အောင်မြင်တိုးတက်မှု ရရှိမည်ကိုလည်း မေ့မထားသင့်ပေ၊ မြန်မာနိုင်ငံသည် ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်သဖြင့်ဟု သတ်မှတ်ချက်ကြောင့် မည်သည့်ဆုတ်ယုတ်မှုကိုမျှ လက်ခံနိုင်စရာ အကြောင်းမရှိပေ၊ အိမ်နီးခြင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံသည် မြန်မာနိုင်ငံထက်၊ ဆင်းရဲပါသည်၊ သို့သော် ၎င်းနိုင်ငံ၏ ဆက်သွယ်ရေး လုပ်ငန်းဖွံ့ဖြိုးတိုးတက်မှုမှာ ထိုင်းနိုင်ငံနှင့် ယှဉ်နိုင်ပါသည်။ မဖြစ်နိုင်သည်များဟု သတ်မှတ် နောက်တွန့်နေကြမည့်အစား၊ ဖြစ်အောင်လုပ်လျှင်၊ စေတနာမှန်လျှင်၊ သယံဇာတ ကြွယ်ဝသည့် မြန်မာနိုင်ငံသည်၊ အိမ်နီးခြင်းနိုင်ငံများ အလည်တွင် ၀င့်ကြွားနိုင်သည့် နိုင်ငံတစ်နိုင်ငံဖြစ်သည်မှာ ယုံမှားစရာ မရှိပါ၊ ကျွန်တော်တို့သည်၊ အတိတ်ကို ပြန်လည် ရန်လုပ်နေခြင်းမဟုတ်ပါ၊ အတိတ်တွင်များခဲ့သည့် အမှားများ ပြုပြင်နိုင်ရန်၊ သတိပေးနှိုးဆော်နေခြင်းဖြစ်သည်ကို သတိချပ်နိုင်ရန် လိုအပ်ပါသည်၊ မိမိတို့၏ ခွန်အားများကို အမှန်တကယ် အကျိုးရှိသည့် အပိုင်းတွင် ညီညွတ်စွာ စုပေါင်းကြဖို့ ၀ိုင်းဝန်းကြဖို့ အချိန်ရောက်နေပါပြီ။
I believe our country will get democracy one day, but i still don't believe the current gov. The previous election is complete fraud. I acknowledge their past action last yr. But i think they are all planned excpet the dam project. Most of the ministers now are previous high rank officers. I dont understd why people most hated ministers like Kyaw San, Za Min etc still in their position. I want to ask did president really choose the cabinet memebers? Of coz not! They are pre elected. The election is April will be fair and will allow international observer as it's only 48 places. It's expected. I just hope The one who people really want to win will win in next 4 years.
အစိုးရ ရဲ့ စေတနာ တဲ့လားကွယ်
လို့  သာ ပြောလိုက်ချင်ပါတော့တယ်
Quoting Ba Sann:
[Quoting paddy:
ဘုရား၊ ရဟန္တာကလွဲပြီး ကျွန်တော်တို့အားလုံးလောဘရှိကြပါတယ်။ ၅၀၀၀တန်ရောင်းတဲ့သူကလောဘရှိတယ်ဆိုရင်.......
၂သိန်းနဲ့ ၃သိန်းကြားမှာရောင်းမယ်ဆိုတဲ့ပုဂ္ဂိုလ်ကြိးများကရော လှုဖို့၊ တန်းဖို့လုပ်နေကြတယ်လို့ ပြောရမှာလား မသိဘူး။
တစ်ခုဘဲမေးချင်ပါတယ်။ လူတွေထဲက လူတစ်ယောက်ဖြစ်ပြီး ကျား ကျား မီးယပ် မပြောတတ်ဘူး ဆိုရင်ပေါ့။
တစ်ယောက်က ၅၀၀၀နဲ့ရောင်းမယ်၊ တစ်ယောက်က ၂၅၀၀၀၀ နဲ့ရောင်းမယ်ဆိုရင် .....
Big Sheet အနေနဲ့ ဘာကိုဝယ်မှာပါလဲ။
(အရင်တုံးကပြောဘူးတာသတိရပါတယ်။ လူခင်ရင် မူပြင်တယ်၊ လူမုန်းရင် မူသုံးတယ် ဆိုတာကိုပါ။ )
(ဥပဒေ ကြောင့်လို့တော့မပြောပါနဲ့၊ ဥပဒေ ကို လူကလုပ်တာပါ။ စေတနာ ကတော့ လူကမလုပ်နိုင်ပါဘူး၊ ရင်ထဲက လာတာပါ)
(ကျွန်တော်တို့အဓိက တောင်းနေကြတာ စေတနာ ပါ။ ၅၀၀၀ တန်ဆိုတာ အကြောင်းအရာတစ်ခုထဲပါ)
Quote:
ဆက်သွယ်ရေးစခန်းတွေဟာအိမ်ထက်ကြီးတယ်လို့ ဘယ်ပညာရှိက ပြောလိုက်တာလဲမသိဘူး။ ရွှေပြည်တံခွန်ကသုံးမဲ့နည်းပညာ နာမည်ကို ကျွန်တော်မမှတ်မိလို့ မပြောနိင်ပါဘူး။ ဒါပေမဲ့ နံမည်ပြန်ရှာကြည့်ပြီးရင် Google လုပ်ကြည့်ပါ။
ဒါဆို အစိုးရက လောဘ အဆ ၅၀ ပိုများတာပေါ့နော် အဟီး
ကတ်ပျောက်ရင်တောင် ၁ သိန်းခွဲလောက်တောင်း...
လက်ကျန်ငွေ လှန်းမေးတာလည်း အော်ပရေတာမတွေက သူ့ ဖုန်းခိုးဆက်တာမှတ်နေလားမသိဘူး...
အင်တာနက်သုံးဖို့ တောင် တပ်ဆင်ခဆိုပြီး ကပ်လှီးလိုက်နဲ့ သေချင်းဆိုးတွေ...
မင်းအဖေများ ကျောက်အောင်ထားတဲ့ကောင်မှတ်နေလား...
ဟိုမှာတုန်းကဆို Beeline လား tele 2 လား လာထား ၂၀၀ ပဲ...အကုန်သေမှအေးမှာပဲ သေစမ်းကွာာာာာာာာာာာာာာာ
ထို့ကြောင့်လည်း တယ်လီဖုန်း ကတ်ကိစ္စ နှင့်ပတ်သက်ပြီး အပြင်းအထန် အငြင်းပွားနေချိန်တွင် အဆိုပါကုမ္ပဏီကြီးများသည် အသံတိတ်ပြီး သူတို့နှင့်မဆိုင်သလို မျက်နှာလွှဲခဲပစ် နေနိုင်ကြခြင်းဖြစ်သည်။
ယခုခေတ်သည် ယခင်ကာလကဲ့သို့ အစစအရာရာ ပိတ်ဆို့ထားသည့် ကာလမဟုတ်သဖြင့် တယ်လီဖုန်းကတ်တစ်ခု ထုတ်လုပ် စရိတ်သည် ကျပ် ၁,၀၀၀ အောက်သာရှိကြောင်း လူတိုင်းသိနေကြပါသည်။
သို့သော် နိုင်ငံတကာတွင်ဖုန်းပြောခသာကောက်ခံပြီး အလကားပေးနေသော တယ်လီဖုန်းကတ်ကို အဘယ်ကြောင့် ဈေးလျှော့ မရောင်းပါသနည်း။
http://www.myanmar.mmtimes.com/2012/article/556/arti01.html
Quote:
ဆက်သွယ်ရေးက အရာရှိတွေကော၊ အရာမရှိသော သူတွေသည် နိုင်ငံတကာ အဆင့် မရှိသော သူများဖြစ်ရပါမည်။ ထို့ ကြောင့် ကျနော်တို့ ပြောသမျှ ဘူးခံ ငြင်းနေကြပါသည်။ အကယ်၍များ သူတို့ သည် နိုင်ငံရပ်ခြား ဒေသအနိမ့်ဆုံး မြ၀တီ နယ်စပ်(သို့ ) မူဆယ် သို့ သာရောက်ဖူးပါက ဒီစကားမျိုး ပြောဖြစ်မည်မထင်ပါ။
တစ်ရံရောအခါက ယောမင်းကြီး ဦးဖိုးလှိုင် ပြောဖူးပါသည်၊ အရူးမြှောက်တိုင်း မမြောက်နှင့်၊ မကြောက်နှင့်။
ဒီ Big Sheets, တို့  Mr. right တို့ ကိုသာ ရွာသာကြီးကို ပို့ လိုက်ပါတော့ဗျာ။
အစိုးရဌာနများသည် သူတို့၏ ၀န်ဆောင်မှု၊ သို့မဟုတ် ရောင်းချသည့် ပစ္စည်းကို ဈေးတင်လိုသောအခါ နိုင်ငံတကာဈေးကွက်တွင် မည်မျှဈေးရှိနေပြီ၊ နိုင်ငံတ်ာအနေဖြင့် မည်မျှအရှုံးခံရောင်းနေရသည်ဟု ပြောကြားပြီး ဈေးတက်လေ့ရှိသည်။
သို့သော် နိုင်ငံတကာတွင်ဖုန်းပြောခသာကောက်ခံပြီး အလကားပေးနေသော တယ်လီဖုန်းကတ်ကို အဘယ်ကြောင့် ဈေးလျှော့ မရောင်းပါသနည်း။
ကျွန်တော်ရေးတာမဟုတ်ဘူး..မြန်မာတိုင်း(မ်)ထဲက ကူးထားတာ
ကဲ ဆရာတို့ မြန်မာတိုင်း ကတော့ ပြတ်ပြတ်သားသား ရေးချလိုက်ပြီ။ ကုမ္ပဏီ ၂၃ ခု၏အကျိုးစီးပွားနှင့် ပြည်သူ ၅၄ သန်း
ဘယ်ဟာ ကြည့်မလဲ တဲ့။
yes, i agree...
မြန်မာရာဇ၀င်မှာလည်းရှိတာပဲ၊ အာဏာကြောင့် အမှားမှား
အယွင်းယွင်းတွေ၊ သားက အဖေကိုသတ်၊ တူက ဦးလေးကိုသတ်
ပြီးတော့ အာဏာရူးခဲ့ကြတယ်။ လွတ်လပ်ရေး ရပြီးခါစကတည်းက တိုင်းပြည်မှာ သူတစ်လူ ငါတစ်မင်း နဲ့ အာဏာထပ်လုကြပြန်တယ်။ နောက်ဆုံးတော့ ဦးနေ၀င်း တစ်ဆက် နဲ့ စစ်အာဏာရှင် နှစ်ဆက်ပေါင်း နှစ်ပေါင်း ၄၅ နှစ်လောက် အတောအတွင်းမှာ တိုင်းပြည်ကို ဆင်းရဲတွင်းပို့ ပေးခဲ့ကြတာ သူတို့ တရားခံပဲ။ ပြီးတော့ အဖက်ဖက်က နေပြီးတော့ ပိတ်ဆို့ ထားတော့ တိုးတက်စရာရှိတာ မတိုးတက်လာတာ လဲ ဒီ တိုင်းပြည်ကို စေတနာထားပြီး မအုပ်ချုပ်ခဲ့တဲ့ သူတွေကြောင့်ပဲ။ ဆက်သွယ်ရေး ဆိုတာ လဲ ဒီအာဏာလောင်းရိပ်မိနေတာ။ ဒီတော့ သူတို့ က စားရ၀ါးရတာ အီလာမှ ခုတောင်မှ တိုင်းသူပြည်သားကို ဂုတ်သွေးစုတ်ချင်နေကြတဲ့စိတ်ဓါတ်မကုန်သေးဘူး။ ဆက်သွယ်ရေး မှာ လိုင်းမင်း က အစ ၀န်ကြီးအဆုံး။ ဒီတော့ အခုလို သုံးသိန်း နဲ့ ရောင်းမယ် ၊ ဘယ်သူ့ ပိုက်ဆံ လဲ ၊ ပြည်သူပြည်သားပဲ ဈေးကြီးပေးဝယ်သုံးရတာပဲ။ နစ်နစ်တာ က ပြည်သူတွေ။စားပိုးနင့်တာက ဆက်သွယ်ရေးက တာဝန်ရှိသူတွေ။
ဆက်သွယ်ရေး စနစ်ကောင်းမွန်လာတာနဲ့ အမျှ စီးပွားရေးပိုတိုးတက်လာမှုမှာ အထောက်အကူ ပြုမှာမလွဲပါဘူး။ ဖုန်းခတွေ မတန်တဆ တင်ရောင်းမှ နိုင်ငံတော်ဘတ်ဂျက်ရတာ မဟုတ်ပါ။ ကောင်းမွန်တဲ့ ဆက်သွယ်ရေး အခြေခံ တွေက အထောက်အကူ ပြုလာတဲ့အတွက် စီးပွားရေး တိုးတက်လာလို့ တိုင်းပြည်အတွက် ပြန်ဝင်လာမဲ့ငွေဟာ အဲဒီ မတန်တဆ ရောင်းမှ ရမဲ့ ငွေထက် ပိုများနိုင်ပါတယ်။ ဥပမာ tourism တခုအတွက်ဘဲ စဉ်းစားကြည့်ပါ။ အပြင်က tourist တယောက်က မြန်မာပြည်ထဲ ရောက်လာတာနဲ့ သူ့နိုင်ငံ သူ့မိသားစုနဲ့ အဆက်အသွယ် ပြတ်သွားပါပြီ။ အစစ အရာရာ အစဉ်မပြေတော့ပါဘူး။ ဒါတခုထဲကတင် tourism ကို ထိခိုက်နေပါပြီ။ foreign investment တွေ လာပါလာပါ ကုန်းအော်နေလို့ မရပါဘူး။ သူတို့ လာရင် စာတိုက်သွားပြီး ကြေးနန်းရိုက်နေမယ် မထင်ပါ။ ဒါကြောင့် နိုင်ငံတော် ဘတ်ဂျက်လိုလို့ အဆ ၅၀/ ၁၀၀ တင်ရောင်းရမယ် ဆိုတဲ့ concept က လွဲနေပါတယ်။ နည်းပညာနားလည်တဲ့ သူတွေရယ် စီးပွားရေး နားလည်တဲ့သူတွေရယ် ကို ပေါင်းစုပြီး အဖွဲ့တဖွဲ့ဖွဲ့ပြီး အကြံဥာဏ်တောင်းသင့်ပါတယ်။ မြန်မာနိုင်ငံက လူကြီးတွေ နိုင်ငံတကာမှာ စီမံခန့်ခွဲမှု မတတ်ဘူးဆိုပြီး အပြောခံခဲ့ရတာတွေ သိက္ခာကျစေယုံ သက်သက် လီစယ်ပြီး ပြောနေကြတာ မဟုတ်ပါဘူး။ ဒီလို ကိစ္စတွေကြောင့် အပြောခံနေရတာပါ။
Quoting zawblue:
Quoting zawblue:
how do you know that ? who are you ? where are you from ? can you tell me exactly if it's true.
ဘုန်းကြီး သရဲ မဟုတ်ဘူး ခင်ဗျ။ Brainwash အလုပ်ခံထားရတဲ့ သူတွေပါ။ ကိုယ့်ကိုယ်လဲ Brainwash အလုပ်ခံထားရလို့ ခံထားရမှန်းလည်း မသိရှာသူတွေပါ။
ဟုတ်တယ် ရွာသာကြီးက လူတွေပဲယုံမယ်............
လူတွေလောဘကို အဆိုးမမြင်ပါနဲ့
လူဆိုတာ ပိုမိုကောင်းမွန်စွာနေလိုခြင်းဆိုတဲ့ အတ္တကို အခြေခံတဲ့ ပုထုဇဉ် ဥာဏ်ရှိတဲ့ သတ္တ၀ါပါ...
ဒီလိုလောဘတွေရှိနေလို့ ဒီနေ့လို IT ခေတ်ကို ရောက်လာတာပါပဲ...
ဖုန်းကိစ္စကို အမှန်အတိုင်းမြင်အောင်ကြည့်ရင် Sim Card ကိုလွတ်လပ်စွာ သုံးစွဲဝယ်ယူခွင့်ကြောင့် ဆိုးကျိုးနည်းမလား များမလားဆိုတာ မောင်ရင် တွေးကြည့်ပါ
ယနေ့နိုင်ငံတကာမှာ ဖုန်းလွတ်လပ်စွာသုံးစွဲခွင့်ရလို့ အဲဒါကို အခွင့်ကောင်းယူပြီး ဖောက်ခွဲရေးလုပ်ငန်းတွေ ဘယ်လောက်ရှိပါသလဲ...ပျက်စီးမှုတွေဘယ်လောက်ရှိပါလဲ...
သူများနိုင်ငံတွေနဲ့နေရာတကာယှဉ်ကြမယ်ဆိုရင် ဖုန်းလည်းပါမှာပေါ့နော်....
သူများနိုင်ငံတွေနည်းတူ ကိုယ်လည်းသုံးစွဲချင်တာ လူသဘာဝပဲလေ...
ဘာဖြစ်ဖြစ် ကျနော်ကတော့ ၁၅ သိန်းခေတ်၊ ၅ သိန်းခေတ်၊ ၃ သိန်းခေတ်မှာ ဖုန်းသုံးစွဲနိုင်ဖို့မလွယ်တဲ့သူတစ်ယောက်မို့ပါ...
ခင်ဗျားလို ၀ယ်သုံးနိုင်မယ့်သူတစ်ယောက်အတွက် မဆိုသာဈေးနှုန်းဖြစ်ချင်ဖြစ်ပေမယ့် ၃ သိန်းတောင် ၀ယ်ယူသုံးစွဲဖို့ မတတ်နိုင်သေးတဲ့ ကျနော်နှင့် အခြားသော မြန်မာနိုင်ငံသားတွေကတော့ အများကြီးရှိနေတာပါ..
ဒါကြောင့် တန်ဖိုးလည်းနည်း၊ ခေါ်ဆိုခသက်သာ မယ်ဆိုရင် ဘာပဲဖြစ်ဖြစ် ကြိုဆိုနေမှာပါဗျာ... အလကားသက် ဖွန်ကြောင်၊ ကောင်မလေးတွေနဲ့ကျူဖို့တော့မဟုတ်ပါ နေ့စဉ် လူမှုစီးပွားရေးအတွက် အထောက်အကူတစ်ခု အဖြစ်ပေါ့ဗျာ...
နောက်ပြီး ... တစ်ခုတော့ ပြောချင်တယ်ဗျာ..
သူများဖော်ပြရေးသားတာကို ဇွတ်အတင်းယုံကြည်ကိုးကားနေမယ်ဆိုရင် လူတစ်ဦးချင်းစီမှာရှိတဲ့ အစွမ်းအစ တွေးခေါ်ဥာဏ်တွေ အလကားဖြစ်ကုန်မှာပေါ့နော်.... ဘစ်ရှိ ဆိုတဲ့ စာရွက်ဘယ်လောက်ကြီးကြီး (၀ါ) သူများရေးထားတာ ကျက်မှတ် ဖတ်မှတ် လိုက်ပြောတာထက်စာရင် Own think ကိုယ်ပိုင် အတွေးခေါ်နည်းနည်းပဲတွေးတတ်သူကို ကျုပ်က ပို အထင်ကြီးသဗျ...
ဘာပဲဖြစ်ဖြစ် စုတုပြုပြီး ကိုယ်ပိုင်ဆင်ခြင်ဥာဏ်လေးတော့ ထည့်သွင်းကြည့်ကြပါ...
ဖွတ် မိကျောင်း ဖြစ် မြစ်မချမ်းသာ :P
ဘယ်ချပေးရဲမလဲ..ZTE,Huawei ဆီကယူထားတဲ့ကော်မရှင်ခ၊အမျိုးတွေထောင်ထားတဲ့ကုမ္ပဏီတွေ စားလို့မ၀သေးဘူးလေ..၅၀၀၀တန်လုပ်နိုင်တဲ့လူကိုကျတော့ ခွင့်မပေး..တော်တော်အရှက်မရှိတဲ့ကောင်တွေ.ယှဉ်ပီးလုပ် ကြည့်လိုက်စမ်းပါ၊မင်းတို့၅၀၀၀ထိဈေးချလိုက်အုံး.ပြည်သူတွေကဘယ်သူ့ဆီက၀ယ်မလဲဆိုတာ..
ပြင်စရာရှိရင်တော့ ကျွန်တော်တို့ဆီပြန်ပို့ပါလိမ့်မယ်။ကျွန်တော်တို့ကပြင်စရာရှိတာကိုပြင်ပြီးရှေ့နေချုပ်ရုံးကို ပြန်လည်ပေးပို့မှာပါ။ပြင်စရာမရှိရင် လွှတ်တော်ကိုတင်ပြသွားမှာပါ။
ထပ်ပြီးတော့ပြင်စရာရှိရင်တော့ ကျွန်တော်တို့ဆီထပ်ပြီးပြန်ပို့ပါလိမ့်မယ်။ကျွန်တော်တို့ကပြင်စရာရှိတာကိုထပ်ပြင်ပြီးရှေ့နေချုပ်ရုံးကို ထပ်ပို့မှာပါ။ပြင်စရာမရှိရင် လွှတ်တော်ကိုတင်ပြသွားမှာပါ။
နောက်တခါပြင်စရာရှိရင်တော့ ကျွန်တော်တို့ဆီနောက်တခါပြန်ပို့ပါလိမ့်မယ်။ကျွန်တော်တို့ကပြင်စရာရှိတာကိုနောက်တခါပြင်ပြီးရှေ့နေချုပ်ရုံးကို နောက်တခါပြန်လည်ပေးပို့မှာပါ။ပြင်စရာမရှိရင် လွှတ်တော်ကိုတင်ပြသွားမှာပါ။
အဲဒါမှပြင်စရာရှိနေသေးရင် ကျွန်တော်တို့ဆီပြန်ပို့ပါလိမ့်ဦးမယ်။ကျွန်တော်တို့ကလည်းစိတ်ရှည်ပါတယ်။ပြင်စရာရှိတာကိုပြင်ပြီးရှေ့နေချုပ်ရုံးကို ပြန်လည်ပေးပို့မှာပါ။ပြင်စရာမရှိရင် လွှတ်တော်ကိုတင်ပြသွားမှာပါ။ဒီလိုနဲ့ပဲစိတ်ရှည်ရှည်နဲ့ နိုင်ငံသားတိုင်း နိုင်ငံသားတိုင်း တန်ဖိုးနည်းဖုန်းကိုင်နိုင်အောင် စီမံဆောင်ရွက်သွားမှာပါ။ကျွန်တော်တို့ကိုအချိန်တော့နည်းနည်းပေးပါခင်ဗျာ။သားသမီးတွေအားလုံး နိုင်ငံခြားကဘွဲ့မရကြသေးလို့ပါ။
နောင်ပွင့်လတ္တံသော... အရိမေဒယ ဘုရားရှင်လက်ထက်တွင် လူအများသည်.... ကြီးမားသော နားရွက်ကြီးများကို ထမ်း၍ ' ဟဲလို..ဟဲလို နှင့် ကြားလား...ကြားလား ' ဟူတည်းသော စကားနှစ်လုံးကို သာရေရွတ်နိုင်၍ ဆင်းရဲဒုက္ခကြီးမားစွာခံစားနေရသော "ဆသရ" ဟု အမည်တွင်သော ပြိတ္တာများကို တွေ့ မြင်သောအခါ မြတ်စွာဘုရားရှင်သည်.... ငါးထောင်တန် sim card နှင့် GSM repeater တရားတော်ကို ဟောကြားတော် မူလေသတည်း။ Credit to Y.M.Kyaw
ဒုတိယအဆင့် အနေနဲ့ ၅သိန်း. ၁၀သိန်း. ၁၅ သိန်း ပေးထားတဲ့ စပေါ်တွေကို ပြန်ထုတ်မယ်.
သူတို့က ဥပဒေစကားပြောတော့ ကျနော်တို့လဲပြန်ပြောကြတာပေါ့. ကျနော်တို့ကို သူတို့က ငှားထားတာ ကျနော်တို့ ပြန်အပ်ရင် ယူရမယ်.
တတိယအဆင့်ကတော့ 5000 ဖုန်းကို အားပေးလိုက်ကြတာပေါ့