Saturday, February 11, 2012

ပြည်သူ့ဝန်ထမ်းများ၏ လာဘ်ပေးလာဘ်ယူမှုကဲ့သို့ အဂတိ လိုက်စားမှုများကို တရားမ၀င်သော နည်းလမ်းဖြင့် ရရှိသည့် ငွေကြေးများနှင့် ပစ္စည်းများ ထိန်းချုပ်ရေးဥပဒေဖြင့် အရေးယူသွားမည် ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပြောကြား

ပြည်သူ့ဝန်ထမ်းများ၏ လာဘ်ပေးလာဘ်ယူမှုကဲ့သို့ အဂတိ လိုက်စားမှုများကို တရားမ၀င်သော နည်းလမ်းဖြင့် ရရှိသည့် ငွေကြေးများနှင့် ပစ္စည်းများ ထိန်းချုပ်ရေးဥပဒေဖြင့် အရေးယူသွားမည် ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပြောကြား PDF Print
Wednesday, 08 February 2012 14:00
AddThis Social Bookmark Button
ပြည်သူ့ဝန်ထမ်းများ၏ လာဘ်ပေးလာဘ်ယူမှုကဲ့သို့ အဂတိလိုက် စားမှုများကို တရားမ၀င်သော နည်းလမ်းဖြင့်ရရှိသည့် ငွေကြေးများနှင့် ပစ္စည်းများ ထိန်းချုပ်ရေးဥပဒေဖြင့် အရေးယူသွားမည် ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကိုကို က တတိယအကြိမ် လွှတ်တော် အစည်းဝေးတွင် ပြောကြားခဲ့သည်။
“၂၀၀၂ခုနှစ် တရားမ၀င်သော နည်းလမ်းဖြင့်ရသည့် ငွေကြေးများ ထိန်းချုပ်ရေးဥပဒေဆိုတာ ၂၀၀၂ခု နှစ်၊ ဇွန်လ ၁၇ရက်နေ့မှာ နိုင်ငံတော် အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေး ကောင်စီ၊ဥပဒေအမှတ် ၆/၂၀၀၂ အဖြစ်ပြဌာန်းခဲ့တာ ဖြစ်ပါတယ်။ ဒီဥပဒေပုဒ်မ ၅ ၊ပုဒ်မခွဲ (က)မှာ ကျုးလွန်ရာမှ ရရှိတဲ့ငွေကြေးနဲ့ ပစ္စည်းတွေကို တရားဝင်အသွင်သို့ ရောက်ရှိစေရန် တရားမ၀င်သော နည်းလမ်းဖြင့် ပြောင်းလဲခြင်း၊ လွှဲပြောင်းခြင်း၊ ဖုံးကွယ် ခြင်း၊ပျောက်ပျက်ခြင်း၊အသွင်ပြောင်း လဲခြင်းစတဲ့ ပြစ်မှုတွေဟာ ဤဥပဒေ နဲ့သက်ဆိုင်တယ်လို့ ပြဌာန်းထား တာဖြစ်ပါတယ်။ဤဥပဒေစတင်ပြ ဌာန်းစဉ်က မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာ ဥပဒေအပါအ၀င် ကျူးလွန် တဲ့ပြစ်မှုပေါင်း ၁၀မျိုး ပြဌာန်းထားပါတယ်။ ဒီဥပဒေမှာ  မူရင်းဥပဒေ တွေရှိပါတယ်။ ဒီမူရင်းဥပဒေတွေ ကို စီရင်ပြီးတဲ့နောက်ပိုင်းမှာ ဒီတရား မ၀င်တဲ့ ငွေကြေးနဲ့ပစ္စည်းတွေကို ဆက်လက်ပြီး အရေးယူဆောင်ရွက်လို့ရအောင် ပြဌာန်းထားတဲ့ ဥပဒေဖြစ်ပါတယ်။ အဲဒီတော့ ပြောရမယ် ဆိုရင် ဒီဥပဒေဟာ နောက်ဆက်တွဲ Secondary Law ဖြစ်ပါတယ်။ ရှေး ဥပဒေအရ အရေးယူပြီးလို့ရှိရင် နောက်ဆက်တွဲ ဖြစ်ပေါ်လာတဲ့ ကိစ္စ တွေကို စီရင်ရာမှာ ငွေကြေးနဲ့ပစ္စည်း တွေဖြစ်ပါတယ်။အဲဒီတော့ ဒီဥပဒေ ပုဒ်မ ၅က(၁၀)မှာ အစိုးရအဖွဲ့က အ မိန့်ကြေငြာစာထုတ်ပြန်၍ အခါအားလျော်စွာ သတ်မှတ်သည့် ပြစ်ဒဏ်များဆိုပြီး ဖော်ပြထားပေးပါတယ်။ အဲဒီတော့ ဒီပြဌာန်းချက်အရ ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရရဲ့ ၂၀၀၂ခုနှစ်၊ အောက်တိုဘာ ၁၄ရက် နေ့ရက်စွဲပါ အမိန့်ကြေငြာစာအမှတ် ၃၀/၂၀၀၄နဲ့ ပြစ်မှု ၁၀မျိုးအပြင် လိမ်လည်မှုဆိုတာကို ထပ်ထည့်လိုက်ပါတယ်။ အဲဒါအပြင် ၂၀၀၇ခု နှစ်၊ဇူလိုင်လ ၁၈ရက်နေ့မှာပဲ ပြည်ထောင်စုအစိုးရရဲ့ အမိန့်ကြေငြာစာ အမှတ် ၁၃/၂၀၀၇ခုနှစ်နဲ့ အဂတိ လိုက်စားမှုအပါအ၀င် ပြစ်မှု ၁၀ မျိုး ကို ထပ်ပြီး ထုတ်ပြန်လိုက်ပါတယ်။ အဲဒီမှာ ထပ်ထည့်လိုက်တဲ့အမှု ၁၀ မျိုးမှာ နံပါတ် ၁ ကအဂတိလိုက် စားမှုဖြစ်ပါတယ်။ နံပါတ် ၁၀ က တရားမ၀င်နည်းလမ်းဖြင့် ရရှိတဲ့ငွေကြေးများ ထိန်းချုပ်ရေးဥပဒေနဲ့ပါတ် သက်သည့် ပြစ်မှုတစ်ခုခုကို ဂိုဏ်ဖွဲ့ ကျူးလွန်သူများဆိုပြီး ထပ်ထုတ် လိုက်ပါတယ်။အဲဒါအပြင် ဒါနဲ့မလုံ  လောက်သေးတဲ့အတွက် ၂၀၁၀ခုနှစ် ဇွန်လ ၄ရက်နေ့မှာ အမိန့်ကြေငြာစာ အမှတ် ၄၁/၁၀နဲ့ ထပ်ပြီး ပြစ်မှု ၁၀ မျိုးကို ထပ်ထည့်လိုက်ပါတယ်။ အဲဒါကြောင့် ဒီဥပဒေမှာ ပြစ်မှုအမျိုး ပေါင်း ၃၀ခု တိတိကို အရေးယူလို့ ရတယ်ဆိုတာကို တွေ့ရတာဖြစ်ပါတယ်။ဒါ့အပြင် ဒီဥပဒေမှာ ပုဒ်မ ၄၁(က)မှာ ပြည်ထဲရေးဝန်ကြီးဌာန အနေနဲ့လိုအပ်တဲ့ နည်းဥပဒေတွေကို လုပ်ထုံးလုပ်နည်းနဲ့အညီ အစိုးရအဖွဲ့ သဘောတူညီချက်နဲ့ ထုတ်ပြန်ပြဌာန်းနိုင်တယ် ဆိုပြီး ပါပါတယ်။ ထိုအတူ ဒီဥပဒေနဲ့ ပုဒ်မ ၄၁ (ခ)မှာ ဗဟို ထိန်းချုပ်ရေးအဖွဲ့၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ဘဏ္ဍာအခွန်ဝန်ကြီးဌာနနှင့် သက်ဆိုင်ရာ အစိုးရဌာန အဖွဲ့အစည်း တွေကနေလိုအပ်တဲ့ အမိန့်နဲ့ညွန့်ကြားချက်တွေကို ထုတ်ပြန်နိုင်တယ်လို့ ပြဌာန်းထားပါတယ်။ ခုန မူရင်းဥပဒေတွေဖြစ်တဲ့ ၁၉၄၈ခုနှစ် အဂတိလိုက်စားမှုတားမြစ်ရေး အက်ဥပဒေ ပုဒ်မ ၃မှာ ပြစ်မှုဆိုင်ရာ အက်ဥပဒေ ပုဒ်မတွေ(၁၆၁၊၁၆၂၊၁၆၃၊၁၆၄)စသည်ဖြင့် ဖော်ပြပြီး ပြည်သူ့ဝန်ထမ်း တွေက ဥပဒေနှင့်အညီခံစားထိုက်တဲ့ အခကြေးငွေတွေကနေ မှတစ်ပါး အခြားလာဘ်လာဘယူတာတွေ၊ လက်ခံရန် သဘောတူတာတွေကို အရေးယူ ဖို့ပြဌာန်းထားတဲ့ မူရင်းဥပဒေတွေ ဖြစ်ပါတယ်။ ထို့အတူပဲ ၁၈၆၁ခုနှစ်တုန်းက ပြဌာန်းထားတဲ့ ပြစ်မှုဆိုင်ရာ ဥပဒေအခန်း ၉မှာလည်း အခန်း၉ ပုဒ်မ ၁၆၁မှာပါတဲ့ ပြည်သူ့ဝန်ထမ်း ရာထူးဆိုင်ရာ ပြုလုပ်မှုတစ်ခု အတွက် ဥပဒေနဲ့ မညီတဲ့ အခကြေးငွေနဲ့ ပါတ်သက်ပြီးတော့ တံစိုးလက်ဆောင်ယူ တဲ့ အမှုတွေကို အရေးယူဖို့ပြဌာန်းထားတာ ဖြစ်ပါတယ်။ အဲဒီတော့ ၂၀၁၂ခုနှစ် တရားမ၀င်သော နည်းလမ်းဖြင့်ရတဲ့ငွေကြေးနှင့် ပစ္စည်းဆိုင်ရာ ထိန်းချုပ်ရေးဥပဒေဟာ ခုန က မဖော်ပြထားတဲ့ မူရင်းဥပဒေတွေ ကို ဆက်လက်အရေးယူ ဆောင်ရွက်လို့ရပြီးဖြစ်ပါတယ်။ ထို့အတူပဲ လာဘ်ပေးလာဘ်ယူမှု ကဲ့သို့ အဂတိလိုက်စားမှုဟာတည်း ပြစ်မှုအဖြစ် ထည့်သွင်း ဖော်ပြထားပြီးဖြစ်ပါတယ်။ ခုနက အမိန့်ကြေငြာစာအမှတ် ၃၀/ ၂၀၀၄၊၁၃/၂၀၀၇၊၁၄/၂၀၁၀မှာ ပါရှိထားပြီးဖြစ်ပါတယ်။ ဒါကြောင့်မို့ အဂတိလိုက်စားမှု ကျူးလွန်လို့ရှိရင် ကျွန်တော်တို့ရဲ့ ၂၀၀၂ခုနှစ် တရားမ၀င်နည်းလမ်းဖြင့် ရရှိသည့် ငွေကြေး နှင့်ပစ္စည်းများ ထိန်းချုပ်ရေးဥပဒေနဲ့ အရေးယူလို့ရပြီး ဖြစ်နေပါတယ်။ အကြုံးဝင်ပြီး ဖြစ်ပါတယ်”ဟု  ပြည်ထဲရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ကိုကို က ပြောကြားခဲ့သည်။
  source; http://www.weeklyeleven.com

Comments 

+74 #10 ayeayehan 2012-02-08 18:13
မှတ်မှတ်ရရ တပ်မတော်အစိုးရတက်ခါစက လ၀က ၀န်ထမ်းတစ်ဦး ကို ငွေကျပ် ၃၀ လပ်စားမှုနဲ့  ထောင်နှစ်ရှည်တစ်ခါအပြစ်ပေးဘူးတယ်။နှစ် ၂၀ကျော် တစ်ခါ အကောက်ခွန်ဝန်ထမ်းတွေ အပြစ်ပေးဘူးတယ်။ ဒီကြားထဲမှာတော့အားရပါးရစားကြ၀ါးကြနဲပါ။
+97 #9 myrpp 2012-02-08 18:11
ဒုသမ္မတ ၈ လုံးလူက စပြီး သူ့ အပေါင်းပါ တွေ အကုန်ဖြုတ် ပြီးလဲလိုက်ရင်တော့ နဲနဲ သန့် သွားမယ်ထင်တယ် . . . လျှပ်စစ်ဝန်ကြီး ဇော်မင်း အပါအ၀င် ၀ါးထားစားထားတဲ့ဟာတွေ ဒီဥပဒေနဲ့ ဆို အကုန် စွဲစိ လို့ ရပြီပဲ လုပ်ကြည့်လိုက်ပါ ကျန်တဲ့လူတွေ ငြိမ်သွားလိမ့်မယ် . .
+91 #8 ayeayehan 2012-02-08 17:56
တကယ်တော့ ဒီမိုကရေစီ ထက် corruption ပပျောက်ရေးကပိုအရေးကြီးမယ်ထင်ပါတယ်။ တိုင်းပြည်ဆင်းရဲတာ၊တည်ငြိမ်မှုမရှိတာ၊အစိုးရကိုအကြည်ညိုပျက်ပြီး ဆူပူမှု၊ နိုင်ငံရေးမတည်ငြိမ်မှု တွေရဲ့အကြာင်းရင်း က corruption ပါ ။ နိုင်ငံအတော်များများမှာ သီးသန့် anti-corruption task force တွေရှိပေမဲ့ မြန်မာနိုင်ငံမှာ ထိရောက်တဲ့အာဏာပိုင် အဖွဲ့ အစည်းမျိုး မရှိသေးပါဘူး။ ၀န်ထမ်းလစာတိုးဘို့ လိုသလို ထက်မျက်ပြီး ဘယ်သူ့ မျက်နာမှမလိုက် အဂတိကင်းတဲ့ anti-corruption force မျိုးရှိဘို့ လိုအပ်နေပါပြီ။ Third most corrupted nation အဆင့်မှ ပိုမိုကောင်း မွန်တဲ့ index တစ်ခု ရောက်အောင်ဆောင်ရွက်သင့်ပါတယ်။
+71 #7 NEUTRAL 2012-02-08 17:44
အခု လို ဥပဒေတွေ ကို အမှန်တကယ် လိုက်နာအောင် ဘယ်လိုထိန်းညှိတဲ့ စနစ်တွေ နဲ့  လုပ်ထားတယ် ဆိုတာကို ပါ ပြည်သူတွေ သိအောင် ချပြပါဦး။ ဥပဒေ တွေ သာထုတ် ထားပြီး မလိုက်နာကြဘူး ဆိုရင် ဥပဒေ ထုတ်တဲ့  သူတွေ ပဲ အရူး ဖြစ်တာပေါ့ ။ သူတို့  တွေ အရူးဖြစ်တာ ကိစ္စ္စမရှိဘူး ပြည်သူက အများကြီးနစ်နာတယ်။
 
+77 #6 Thurein 2012-02-08 17:35
သင်္ကြန် အမြောက်ရယ်..သိပ်မပစ်ပါနဲ့။ ကိုယ့်ကိုကိုယ် ပြန်မှန်နေဦးမယ်။ အော်နေတာပဲ ကြာလှပြီ ခုထိ ၁ ကောင်မှ မမိသေးဘူး။
 
+57 #5 win ko 1968 2012-02-08 15:07
ဒီဝန်ကြီးလုံးဝလာဘ်မစားဘူးပါခင်ဗျာ။
ဘာလဲမယုံဘူးဟုတ်လား?
အော်တော်တော်ခက်တဲ့သူတွေပါလား။
+77 #4 moehtetkyaw 2012-02-08 14:51
ပြည်ထောင်စုရာထူးဝန်အဖွဲ.ဆိုတာကလည်း သူတို့ဆီကခေါ်တဲ့ "ရာထူး" ရချင်ရင် ငွေများများနဲ့ "၀င်" ရတဲ့ "ရာထူးဝင်" အဖွဲ့ကြီးပါ မယုံရင်အဲဒီကစာမေးပွဲတွေဖြေဖူးတဲ့သူတွေမေးကြည့်ပါ
+44 #3 David1970 2012-02-08 14:49
Law and Act should have come together.
Law only, No Action equal Nothing.
So, Mr President and Ministers, please try to take action using law for the persons who are stealing public money, natural sources and trusts.Even they are ministers, please start to take action as example.
But now, look like you all are talking only with no action.
+116 #2 naythurein 2012-02-08 14:48
အရေးယူမယ်ဆိုယင် စံနမူနာ ကောင်းကောင်းပြနိုင်အောင်
လုပ်ပါ၊ မီဒီယာကို ရေးသားဖေါ်ပြခွင့်ပြုပါ၊
အရေးယူမယ်၊ အရေးယူမယ်၊ အရေးယူမယ်...တဲ့
ဒီအသံကြားရတာတော့ကြာနေပြီ၊
ဘယ်မှာလဲ ဒီပုဒ်မတွေနဲ့အရေးယူထားတဲ့ဝန်ထမ်း၊
ဘယ်ဌာနကဘာရာထူးနဲ့ဝန်ထန်းကိုဘာပြစ်မှုနဲ့
ဘယ်လိုပြစ်ဒါဏ်တွေချမှတ်ပြီးပြီလဲ၊တကယ်လုပ်ပြပါ၊
မဟုတ်ယင်တော့
မိုးချိန်းသံဘဲကြားရပြီးမိုးကတကယ်မရွာဘဲဖြစ်နေအုံးမှာဘဲ
့ခြစားမှုကနေရာအပြည့်အဆင့်တိုင်းမှာများလွန်းလို့ ဘယ်လိုစပြီးအရေးယူရမယ်ဆိုတာတောင်အတော်
ခက်ခဲမှာ။
မှတ်ချက် (ရိုးရိုးသားသားအလုပ်လုပ်နေတဲ့ဝန်ထမ်းအနဲစုကိုမဆိုလိုပါ)
 
+127 #1 wuntho 2012-02-08 14:26
ရဲ နဲ့ ဥပဒေ ရေးရာ ဝန်ထမ်း တွေ ကို အရင်လုပ်ပါဗျိုး။။။
#35 bartharsone 2012-02-11 10:33
ပြည်ထဲရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ကိုကို

if you want burmese people to believe it,

you should say, I will do as i say!

THEN, YOU GO TO JAIL BY YOURSELF. JUST TO SHOW A GOOD EXAMPLE.

Then, i promise you my vote.


+3 #30 May Than Dar wint 2012-02-10 12:57
(၁)    လျှပ်စစ်(၁)၀န်ကြီးဌာနကဦးဇော်မင်း၏အစားပြောပေးမယ်နော်………
ပါးပါးလေးပါ။ ဘယ်သူမှလည်းအရေးမယူရဲကြပါဘူး။ အာဏာမရှိတဲ့ အင်အားနည်းတဲ့ သူက အာဏာရှိတဲ့ အင်အား သာတဲ့သူကို ပြန်ပြီးတောင်းပန်ရမှာပါ။ တာဝန်နှင့် လုပ်ပိုင်ခွင့်ကို အသုံးချပြီးလုပ်ချင် တာလုပ် နေကြတာလား ? အခွင့်အာဏာကို အသုံးချခဲ့တာပါ။ လူသားတိုင်းက အခွင့်အာဏာကို မက်မောကြတာဘဲ မဟုတ်လား ?
နိုင်ငံရေးရာဟာ အင်အားနဲ့ ဆက်နွယ်နေတာပါ။ နိုင်ငံရေးရာဟာ မှန်ကန်မှု ရှိရမှာပါ။
+2 #31 May Than Dar wint 2012-02-10 12:57

(၂)    လျှပ်စစ်(၁)၀န်ကြီးဌာနကဦးဇော်မင်း၏အစားပြောပေးမယ်နော်………
(((((((((ကျွန်မတို့ ရဲ့ အဂတိလိုက်စားတယ်လို့ပြောနေကြတဲ့ နိုင်ငံတော်အဆင့်လူကြီး နဲ့အချို့ သော ပြည်ထောင်စု ၀န်ကြီးတွေကို ဆဲချင်ရာဆဲ/ ဆိုချင်ရာဆိုကြပါ။ ကျုပ်တို့ကတော့ အေးအေးဆေးဆေးပါဘဲ။ အသားပဲ့ပါ သွားတာမှတ်လို့။ ကျွန်မတို့ ရဲ့ အဂတိလိုက်စားတယ်လို့ပြောနေကြတဲ့ နိုင်ငံတော်အဆင့်လူကြီး နဲ့ အချို့သော ပြည်ထောင်စုဝန်ကြီးတွေ ကတော့ ဆွေစဉ်မျိုးဆက် ချမ်းသာ နေကြပါပြီ။ ဂေါက်ရိုက်မပျက်ကြပါ။ ဘယ်သူ့ကိုဂရုစိုက်ရမှာလဲ။ ပင်စင်ပေးလည်းမမှုပါ။ ကျမ္မာရေးကြောင့် အနားယူခွင့်ပေးလဲ ကျေနပ်ပါတယ်။ Foreign မှာ ဆွေမျိုးသားချင်းတွေနဲ့ ပျော်ပျော်ကြီး လူ့ဘ၀ စည်းစိမ်ကို မြေးမြစ် တွေနဲ့အနားယူနိုင်ကြပါပြီ။ အဲဒီလိုဖော်ထုတ်ပေးကြတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။
+3 #32 May Than Dar wint 2012-02-10 12:58
(၃)    လျှပ်စစ်(၁)၀န်ကြီးဌာနကပြည်ထောင်စုဝန်ကြီးဦးဇော်မင်း၏အစားပြောပေးမယ်နော်………
အင်တာနက်ထဲမှာဘာတွေဘဲပြောပြော ပြည်သူလူထုတွေ အားလုံးမသိနိုင်ကြပါဘူး။ အသံဘဲဖြစ်ပါတယ်။ လေထဲမှာဘဲ ပျောက်ကွယ်သွားမှာပါ။ ကျွန်မတို့ ရဲ့ အဂတိလိုက်စားတယ်လို့ပြောနေကြတဲ့ ဒုတိယသမ္မတနဲ့ ၀န်ကြီးတွေက အာဏာနဲ့ လုပ်ချင်ရာ လုပ်နေကြတာ ခေတ်အဆက်ဆက်ပဲလေ။ မြန်မာပြည်သူလူထုတွေ /အာဆီယံလူကြီးတွေ / ကမ္ဘာ့ ခေါင်းဆောင်ကြီးတွေ / ဘာလုပ်ပေးနိုင်ကြလို့လဲ။ နောက်(၄)နှစ် ကျော်ကျန်သေးတယ်။ အာဏာနဲ့ လုပ်ချင်တာ လုပ်နေ တာကို ဘယ်သူ့ကို ဂရုစိုက်ကြရမှာလဲ။ နိုင်ငံတော်အဆင့်လူကြီး နဲ့ အစိုးရအဖွဲ ပြည်ထောင်စုဝန်ကြီးများအားလုံးကို အရေးယူ အပြစ်ပေး ဒဏ်ခတ်တဲ့ ဥပဒေ မရှိသေးဘူး။ သူတို့ကိုကာကွယ်ပေးတဲ့ဥပဒေပဲ ရှိမယ်။ ဒါမှအာဏာမြဲမှာကိုး။ ဘယ်တော့ မှလဲ ရှိမှာမဟုတ်ပါဘူး။ အာဆီယံလူကြီးတွေ / ကမ္ဘာ့ခေါင်းဆောင်ကြီးတွေ တောင်မှ မလုပ်နိုင်ကြဘဲနဲ့ ဘာတွေ ဆဲနေ/ ဆိုနေ ကြတာလဲ။ လေထဲမှာအာသာပြေဘဲ ဖြစ်နေမှာပါ။ လူကြီးမင်းများ ဆဲလေ ပိုပြီးနံမည် ကြီးလေပါဘဲ။ ပိုပြီး ချမ်း သာလေပါဘဲ။ ကျွန်မတို့ ရဲ့အချို့သော ပြည်ထောင်စု အစိုးရအဖွဲ့ အာဏာနဲ့ လုပ်ချင်ရာ လုပ်နေကြတာကို ဘယ်သူက ဘာများ ၀င်ပြီး လုပ်ပေးနိုင်မှာမို့လဲ။ ကျွန်မတို့ ရဲ့ နိုင်ငံတော်အဆင့်လူကြီး နဲ့ ပြည်ထောင်စုဝန်ကြီးတွေမှာ အာဏာ ရှိတယ်။ အာဏာဟာ အရာခပ်သိမ်း လုပ်ချင်ရာကိုလုပ်နိုင်တယ်ဆိုတာ ခေတ်သမိုင်းအဆက်ဆက်တွေက သာဓကဘဲ မဟုတ် ပေလား။

+3 #33 May Than Dar wint 2012-02-10 12:59
ဆက်ရန်
(၄)    လျှပ်စစ်(၁)၀န်ကြီးဌာနကဦးဇော်မင်း၏အစားပြောပေးမယ်နော်………
ကျွန်မတို့ ရဲ့ နိုင်ငံတော်အဆင့်လူကြီး နဲ့ အချို့သော ပြည်ထောင်စုဝန်ကြီးတွေ က လုပ်ချင်တာတွေ စိတ် သွားတိုင်း ကိုယ်ပါလုပ်မယ်။ မြို့/ရွာ တွေမှာ လိုအပ်သည်များပြောချင်တာတွေကို ကိုယ်လိုချင်တာ ကိုဆွဲ ပြောမယ်။ စီမံခန့်ခွဲမယ်။ ကိုယ့်ဖဲ ကိုယ်ချိုး။ ကိုယ့်ဖဲ ကိုယ်ဝေ ။ ကိုယ့်ဖဲ ကိုယ်ဒေါင်း ပြီး အနိုင်ယူလိုက်မှာဘဲ။ ဘယ်သူ့ကို ဂရုစိုက်ပေးနေရမှာလဲ။
ခေတ်အဆက်ဆက်တုန်းက အာဏာရှိပြီး လုပ်ချင်ရာလုပ်ခဲ့ကြတဲ့လူကြီးတွေနဲ့ ဆွေမျိုးသားချင်း တပည့်တပန်း တွေ ချမ်းသာကြပြီး နေနိုင်ကြတာမတွေ့ကြဘူလား။သူတို့တွေ တည်ထောင်ထားတဲ့ လက်ရှိ ကုမ္မဏီကြီးတွေဟာ မျက်မြင် သက်သေတွေဘဲမဟုတ်ပါလား။ဘာမှပြောမနေကြပါနဲ့တော့။
ပညာတတ်စရာမလိုပါ။ အာဏာရှိရင် လုပ်ချင်ရာကိုလုပ်လို့ရတယ်။ ဆွေမျိုးသားချင်း၊ တပည့်တပန်း၊ ကုမ္မဏီအုပ်စုတွေနဲ့အုပ်စုဖွဲ့ပြီး အာဏာရှိသူတွေ လုပ်ချင်တာကို လုပ် နေကြတာကို ဘယ်သူမှ မတား နိုင်ကြပါဘူး။ အာဏာရှိရင် တိုင်းပြည်ရှိတယ်။ အာဏာရှိရင် လက်နက်ရှိတယ်။ အာဏာရှိရင် ငွေရှိမယ်။ အာဏာရှိရင် ပညာတတ်တွေ/ အသိပညာရှင်/ အတတ်ပညာရှင်တွေကို ခိုင်းချင်ရာခိုင်းမယ်။ အာဏာရှိရင် နှိပ်စက်/ အနိုင်ကျင့်လို့ရတယ်။ အာဏာ ရှိရင် လူသတ်လို့ရတယ်။ အာဏာရှိရင် မိမိလိုရာကို တရား စီရင်နိုင်တယ်။

+3 #34 May Than Dar wint 2012-02-10 13:00
ဆက်ရန်
(၅)    လျှပ်စစ်(၁)၀န်ကြီးဌာနကဦးဇော်မင်း၏အစားပြောပေးမယ်နော်………
အာဏာရှိရင် နိုင်ငံတော်အဆင့် စီမံကိန်းတွေကို ကိုယ်ကြိုက်တဲ့ကုမ္မဏီနဲ့ လက်ဝါးချင်း ရိုက်စာချုပ်လို့ရတယ်။ ကိုယ်ပိုင်ကုမ္မဏီတွေနဲ့ စာချုပ်လို့ရတယ်။ သား/သမီး/ဆွေမျိုးသားချင်း ကုမ္မဏီတွေနဲ့ စာချုပ်လို့ရတယ်။ အာဏာရှိရင် Foreign ကုမ္မဏီတွေနဲ့ လက်ဝါးချင်ရိုက် ပြီးဒေါ်လာများများရနိုင်တယ်။ အာဏာရှိရင် နိုင်ငံခြားပါမစ်ပေး နိုင်တယ်။အာဏာရှိရင် တင်ဒါဖေါက်ရာတွင် ဆုံးဖြတ် ပေးနိုင်တယ်။ အာဏာရှိရင် Contract ကန်ထရိုက်စာချုပ်များ ချုပ်ဆိုရာတွင်ဆုံးဖြတ်ပေးနိုင်တယ်။ အာဏာရှိရင် ရာထူးတိုး ပေးနိုင်တယ်/ ဖြုတ်နိုင်တယ်/ ဌာနနှင့်ရာထူးနေရာတွေကို မိမိလိုသလို ခဏခဏ ကျားကွက် ရွေ့ပြောင်း ပေးနိုင်တယ်။ အာဏာရှိရင် ဂုဏ်ရှိတယ်။ အာဏာရှိရင် စာရင်းပြင် နိုင်တယ်။အာဏာရှိရင် လက်ညှိုးညွှန်ရာ ရွှေတုံး ဖြစ်တယ်။ စိန်ဖြစ်တယ်။ အာဏာရှိရင် ကုမ္မဏီတွေကအစ ၀န်ထမ်းများ အားလုံးကြောက်ကြရတာပါ။ အာဏာရှိရင် တင်ဒါအောင်တယ်။ အာဏာရှိရင် အားလုံးပိုင်ဆိုင်တယ်။ အာဏာရှိရင် လက်တစ်လုံး ခြားလုပ်နိုင်တယ်။ အာဏာရှိရင် ဂျပိုးက လိပ်ဖြစ်သွားပြီး လိပ်က ဂျပိုးဖြစ်သွားနိုင်တယ်။ အာဏာရှိရင် ဆွေမျိုးသားချင်း။တပည့်များကို အာဏာကို လက်ဆင့်ကမ်းပြီး အမွေပေးနိုင်တယ်။ အာဏာရှိရင် မိမိကိုယ် တိုင်နဲ့ ဆွေမျိုးသားချင်း။တပည့်များအတွက် ဥပဒေကို ပြင်ဆင်ရေးဆွဲ နိုင်တယ်။ အာဏာရှိရင် ပြည်သူ လူထု၏ လွတ်လပ်စွာ ပြောဆိုခွင့် ၊ လွတ်လပ်စွာ ရေးသားခွင့် ၊ လွတ်လပ်စွာ လုပ်ကိုင်ဆောင်ရွက်ခွင့် ၊ လွတ်လပ်စွာ လူထုဆန္ဒများကို ဖေါ်ထုတ်ခွင့် ၊ စသည်တို့ကို စိတ်တိုင်ကြ ကန့်သတ် ထိန်းချုပ်နိုင်တယ်။
+3 #35 May Than Dar wint 2012-02-10 13:00
ဆက်ရန်
 
(၆)    လျှပ်စစ်(၁)၀န်ကြီးဌာနကဦးဇော်မင်း၏အစားပြောပေးမယ်နော်………
အာဏာရှိရင် သားသမီးများ နိုင်ငံခြား ပညာသင်နိုင်တယ်။ အာဏာရှိရင် အလုပ်ခန့် နိုင်တယ်။ အာဏာရှိရင် စကားလုံးလှလှလေးတွေနဲ့ သူတို့ဖြစ်စေချင်တဲ့ သဖန်းသီးနိုင်ငံရေး သတင်းတွေကို ကိုယ် လိုချင်ရာ ဆွဲပြီး အမျိုးသားရေးဆိုတဲ့ စကားတွေနဲ့ စကားကြွယ်ဝတိုင်း ။ မရိုးသားတဲ့ စကားလုံးလှလှလေးတွေ နဲ့ ပြည်သူ လူထုကို လိမ်လည် လှည့်ဖျားနိုင်တယ်။ ပြောဆိုနိုင်တယ်။ အာဏာရှိရင် အာဏာရှိရင် မဟုတ်တာပြောသမျှ အကုန်ဖြစ်တယ်။ အာဏာရှိရင် စီးပွားရေး ပိတ်ဆို့ မှာလဲ မကြောက်ပါဘူး။ ငါတို့ကဆင်းရဲ သွားကြတာမှ မဟုတ်ပဲ။ အာဏာရှိရင် ကြိုက်တဲ့ နိုင်ငံနဲ့ စီးပွားရေးလုပ်နိုင်တယ်။ အာဏာရှိရင် TV ထဲမှာ တစ်ပြည်လုံး လုပ်သမျှ တင့်တယ် တယ်။ အာဏာရှိရင် ပြောဆိုသမျှ အားလုံးဖြစ်ရမယ်။ အာဏာရှိရင် ဆွေမျိုးသားချင်း။ တပည့်များသည် မူဆယ် ဂိတ်/ရန်ကုန်ဆိပ်ကမ်း အာဏာပိုင်တွေမှာ လာဘ်ပေး လာဘ်ယူ အဂတိလိုက် စား ပြီးလုပ်ချင်တာလုပ်နေတာကို မသိ/မမြင်ချင်ယောင် ဆောင်နေပြီး ကာကွယ်ပေးနိုင်/ဌာန နေရာကောင်း ဆီသို့ ကျားကွက်ရွေနိုင်တယ်။အာဏာရှိရင် တပည့်မွေး၊ ဆရာမွေးရာထူး ခန့်ထားပေးနိုင်တယ်။ အာဏာရှိရင် တကမ္ဘာလုံးကို ကိုယ်ပြောချင်တာပြောလို့ရတယ်။ ပြည်သူလူထု၏ခံစားချက်တွေကိုဂရုစိုက်စရာမလိုဘူး။
အာဏာတည်မြဲဖို့အခွင့်အာဏာကိုအသုံးချရမှာပါ။ဆွေမျိုးသားချင်း။တပည့်များ..အားလုံးအတွက်လုပ်ချင်တာ
လုပ်နေရတာပါနော်။)))))))))
အာဏာရှိရင် ကိုယ်ထင်ရာကိုကိုယ်လုပ်တယ်။(ဘာဖြစ်လဲ) (ဘာဖြစ်လဲ) ။ အဲဒါ အပြစ်လား။ လူကြီးမင်းများ။
+17 #34 May Than Dar wint 2012-02-10 13:00
ဆက်ရန်
(၆) လျှပ်စစ်(၁) ၀န်ကြီးဌာနက ဦးဇော်မင်း ၏ အစားပြောပေးမယ်နော်………
အာဏာရှိရင် သားသမီးများ နိုင်ငံခြား ပညာသင်နိုင်တယ်။ အာဏာရှိရင် အလုပ်ခန့် နိုင်တယ်။ အာဏာရှိရင် စကားလုံးလှလှလေးတွေနဲ့ သူတို့ဖြစ်စေချင်တဲ့ သဖန်းသီးနိုင်ငံရေး သတင်းတွေကို ကိုယ် လိုချင်ရာ ဆွဲပြီး အမျိုးသားရေးဆိုတဲ့ စကားတွေနဲ့ စကားကြွယ်ဝတိုင်း ။ မရိုးသားတဲ့ စကားလုံးလှလှလေးတွေ နဲ့ ပြည်သူ လူထုကို လိမ်လည် လှည့်ဖျားနိုင်တယ်။ ပြောဆိုနိုင်တယ်။ အာဏာရှိရင် အာဏာရှိရင် မဟုတ်တာပြောသမျှ အကုန်ဖြစ်တယ်။ အာဏာရှိရင် စီးပွားရေး ပိတ်ဆို့ မှာလဲ မကြောက်ပါဘူး။ ငါတို့ကဆင်းရဲ သွားကြတာမှ မဟုတ်ပဲ။ အာဏာရှိရင် ကြိုက်တဲ့ နိုင်ငံနဲ့ စီးပွားရေးလုပ်နိုင်တယ်။ အာဏာရှိရင် TV ထဲမှာ တစ်ပြည်လုံး လုပ်သမျှ တင့်တယ် တယ်။ အာဏာရှိရင် ပြောဆိုသမျှ အားလုံးဖြစ်ရမယ်။ အာဏာရှိရင် ဆွေမျိုးသားချင်း။ တပည့်များသည် မူဆယ် ဂိတ်/ရန်ကုန်ဆိပ်ကမ်းအာဏာပိုင်တွေမှာ လာဘ်ပေး လာဘ်ယူ အဂတိလိုက် စား ပြီးလုပ်ချင်တာလုပ်နေတာကို မသိ/မမြင်ချင်ယောင်ဆောင်နေပြီး ကာကွယ်ပေးနိုင်/ဌာန နေရာကောင်း ဆီသို့ ကျားကွက်ရွေနိုင်တယ်။အာဏာရှိရင် တပည့်မွေး၊ဆရာမွေးရာထူး ခန့်ထားပေးနိုင်တယ်။ အာဏာရှိရင် တကမ္ဘာလုံးကို ကိုယ်ပြောချင်တာပြောလို့ရတယ်။ ပြည်သူလူထု၏ခံစားချက်တွေကို ဂရုစိုက်စရာမလိုဘူး။
အာဏာတည်မြဲဖို့အခွင့်အာဏာကိုအသုံးချရမှာပါ။ဆွေမျိုးသားချင်း။တပည့်များ..အားလုံးအတွက် လုပ်ချင်တာလုပ်နေရတာပါနော်။)))))))))
အာဏာရှိရင် ကိုယ်ထင်ရာကိုကိုယ်လုပ်တယ်။(ဘာဖြစ်လဲ) (ဘာဖြစ်လဲ) ။
အဲဒါ အပြစ်လား။ လူကြီးမင်းများ။
+23 #28 myatpanthandar 2012-02-10 09:28
Quoting sofia:
ဝန်ထမ်းတွေလာဘ်စားတယ်လို့ လူအတော်များများပြောနေကြပါတယ်။ ၀န်ထမ်းလောကမှာ ၂ မျိုး၂စားရှိတယ်လို့ ကျွန်မကတော့ ယူဆတယ်။ဘာကြောင့်လဲဆိုရင် အထက်လူကြီးနဲ့အောက်ခြေ၀န်ထမ်းပဲမဟုတ်လား။ဝန်ထမ်းတွေလာဘ်စားတယ်လို့ပြောရင်ပြည်သူတွေ အကုန်လုံးက၀န်ထမ်းအားလုံးကိုခြုံကြည့်ပြီးကဲရဲ့ရှုံချမှာပဲလေ......လာဘ်စားတာကတော့စားတာပဲလေ   လောက်ငအောင်မှမပေးထားတာ၊ဒါကအောက်ခြေ၀န်ထမ်းတွေကိုရည်ညွှန်းပြောချင်တာပါ။အထက် လူကြီးတွေလာဘ်စားတာကမှာ ကြောက်ခမန်းလီးလီးပဲ......သူတို့တွေလာဘ်စားတာက ခြံဧက၀ယ်နိုင်တယ်၊တိုက်ဆောက်နိုင်တယ်၊နောက်ဆုံးပေါ်အကောင်းစားကားဝယ်စီးနိုင်တယ်၊သား သမီးမြေးမြစ်တွေကိုနိုင်ငံခြားပို့ပညာသင်ပေးနိုင်တယ် စတဲ့....စတဲ့ အကောင်းစားတွေချည်းပါပဲ။ အောက်ခြေ၀န်ထမ်းလာဘ်စားတာ ခြံဝယ်ဖို့မဟုတ်ဘူး၊တိုက်ဆောက်ဖို့မဟုတ်ဘူး၊ကားဝယ်စီးဖို့မဟုတ်ဘူး.....မိမိဝမ်းစားအတွက် မိမိမိသားစုအတွက်ရှာဖွေနေရတာပါ(လာဘ်စားတာကိုအားပေးနေတာမဟုတ်ပါ)အဲလိုအကြောင်း တရားတွေကို ပြည်သူအများသိစေချင်ပါတယ်....eleven media group အနေ၊ဒီcomment ဖတ်မိတဲ့မိတ်ဆွေများအနေနဲ့ဒီအကြောင်းအရာလေးကို ဆွေးနွေးပေးစေချင်ပါတယ်.....မျှတတယ် ဆိုတဲ့စကားရပ်ရဲ့အဓိပ္ပာယ်ကို ပွင့်ပွင့်လင်းလင်းပညာရှိရှိဆွေးနွေးပေးပါလို့
ပြည်သူ့အတွက်ဝန်ထမ်းကောင်းတစ်ဦးဖြစ်ချင်တဲ့....ကျွန်မ

great comment.
+46 #27 sofia 2012-02-10 00:35
ဝန်ထမ်းတွေလာဘ်စားတယ်လို့ လူအတော်များများပြောနေကြပါတယ်။ ၀န်ထမ်းလောကမှာ ၂ မျိုး၂စားရှိတယ်လို့ ကျွန်မကတော့ ယူဆတယ်။ဘာကြောင့်လဲဆိုရင် အထက်လူကြီးနဲ့အောက်ခြေ၀န်ထမ်းပဲမဟုတ်လား။ဝန်ထမ်းတွေလာဘ်စားတယ်လို့ပြောရင်ပြည်သူတွေ အကုန်လုံးက၀န်ထမ်းအားလုံးကိုခြုံကြည့်ပြီးကဲရဲ့ရှုံချမှာပဲလေ......လာဘ်စားတာကတော့စားတာပဲလေ   လောက်ငအောင်မှမပေးထားတာ၊ဒါကအောက်ခြေ၀န်ထမ်းတွေကိုရည်ညွှန်းပြောချင်တာပါ။အထက် လူကြီးတွေလာဘ်စားတာကမှာ ကြောက်ခမန်းလီးလီးပဲ......သူတို့တွေလာဘ်စားတာက ခြံဧက၀ယ်နိုင်တယ်၊တိုက်ဆောက်နိုင်တယ်၊နောက်ဆုံးပေါ်အကောင်းစားကားဝယ်စီးနိုင်တယ်၊သား သမီးမြေးမြစ်တွေကိုနိုင်ငံခြားပို့ပညာသင်ပေးနိုင်တယ် စတဲ့....စတဲ့ အကောင်းစားတွေချည်းပါပဲ။ အောက်ခြေ၀န်ထမ်းလာဘ်စားတာ ခြံဝယ်ဖို့မဟုတ်ဘူး၊တိုက်ဆောက်ဖို့မဟုတ်ဘူး၊ကားဝယ်စီးဖို့မဟုတ်ဘူး.....မိမိဝမ်းစားအတွက် မိမိမိသားစုအတွက်ရှာဖွေနေရတာပါ(လာဘ်စားတာကိုအားပေးနေတာမဟုတ်ပါ)အဲလိုအကြောင်း တရားတွေကို ပြည်သူအများသိစေချင်ပါတယ်....eleven media group အနေ၊ဒီcomment ဖတ်မိတဲ့မိတ်ဆွေများအနေနဲ့ဒီအကြောင်းအရာလေးကို ဆွေးနွေးပေးစေချင်ပါတယ်.....မျှတတယ်ဆိုတဲ့ စကားရပ်ရဲ့အဓိပ္ပာယ်ကို ပွင့်ပွင့်လင်းလင်းပညာရှိရှိဆွေးနွေးပေးပါလို့
ပြည်သူ့အတွက်ဝန်ထမ်းကောင်းတစ်ဦးဖြစ်ချင်တဲ့....ကျွန်မ
 
+29 #26 ayeayehan 2012-02-09 21:21
World third most corrupted country(after Somali and North Korea) အဆင့်ကိုရတုံးက နိုင်ငံတော်အကြံပေးတစ်ဦးကဒါဟာ နိုင်ငံရေးအရ တမင် မြန်မာနိုင်ငံကိုသိက္ခာချတာလို့ ဆိုပါတယ်။ သူဟာအခြေခံလူတန်းစားနဲ့ ထဲထဲဝင်ဝင်မရှိတာလဲဖြစ်ပါလိပ်မယ်။ တကယ်တော့ corruption ဆိုတာမြန်မာ့ ယဉ်ကျေးမှု တစ်ခုလိုဖြစ်နေပါပြီ၊ နစ္စဒူဝ မနက်အိပ်ရာထမှညအိပ်ယာဝင်ထိကြုံတွေ့ နေရတာပါ၊ မဟုတ်ပါဘူး အိပ်နေချိန်တောင်ကြုံရနိုင်ပါတယ်၊ညဘက်ဧည့်စာရင်းစစ်ရင်ရပ်ကွက်လူကြီးကိုပေးထားကမ်းထားရင်း အဆင်ပြေတာပေါ့။ ပေးတတ်ကမ်းတတ်တဲ့လူဟာနားလည်ယဉ်ကျေးမှုရှိသူဖြစ်ပြီး၊မပေးတတ်တဲ့လူဟာ ယဉ်ကျေးမှုမရှိတဲ့လူ့ဂွစာဆိုပြီးလူ့အဖွဲ့ စည်းကဒီလိုလဲနားလည်နေပါတယ်။ ဒီအရိုးစွဲနေတဲ့ယဉ်ကျေးမှုကိုဘယ်လိုပြင်ကြရပါမလဲ။
 
+40 #25 moehtutthu 2012-02-09 19:01
လာဘ်စားသူတွေ အရေးယူမယ် ဟုတ်လား ( ဟားတိုက်လို့ ၇ီချင်ပြန် လောကကြီးပြောင်းပြန် ) ဆိုသလိုဖြစ်နေပြီ ။ နေပြည်တော်မှာတောင် ယာဉ်ထိန်းတွေ မြန်မာနိုင်ငံရဲတပ်ဖွဲ့တွေ စုဖွဲ့ပြီး ကျောက်ကားတွေ လိုင်စင် အပြည့်အစုံမရှိဘဲ စီးပွားရေး လုပ်စားနေတဲ့ ကားတွေ ကို တစ်စီး ဘယ်လောက်ဆို ပြီးတောင်းစားနေတာ လူတိုင်းအသိပါ ။ တောင်းနေတဲ့ နေရာတွေက နေပြည်တော်မြို့ပါတ်လမ်း သိုက်ချောင်းသွားရာလမ်းတစ်လျှောက် ၊ ပြည်စံအောင်စံပြရပ်ကွက် အနီး ၊ ရန်ကုန် မန္တလေး အမြန်လမ်းဟောင်း ခေတ်အေး ကျေးရွာ နှင့်   ရွှေမြို့ကြား  ( အဲဒီနေရာ က ဂိတ်ဆို ရွာသားကိုတောင် ၀ီစီ မှုတ်ပြီးတောင်းခိုင်းတာ သူတို့ က နောက်က တဲထဲမှာအိပ်နေကြတာလေ ။ ရွာသားက လည်း ဘော်ဒါကြေးရတော့ တွေ့သမျှကား စွတ်မှုတ်တော့တာဘဲ ) ၊ ကာတွန်းတစ်ခု ကလိုပေါ့ လာဘ်စားတဲ့ သူတွေ သာ အရေး ယူရမယ်ဆိုရင် ရုံးတွေ အခွံချည်းဘဲ ဟောင်းလောင်းကျန်တော့မှာပေါ့။ ဒီလို လာဘ်မစားရတော့ဘူးဆိုရင် Super Market တွေ ဒုက္ခဘဲ ။ လက်ဆောင်ခြင်းတွေ မရောင်းရတော့ဘူးပေါ့။ အိမ်က ၀န်ကြီးကတော်ကြီးလည်း လက်ဆောင်ခြင်းကြားထဲမှာ မြှုပ်နေတာကြာပေါ့ ။ ဆိုင်နဲ့တောင် ဖောက်သည်ဖြစ်နေပြီ ပြန်သွင်းနေရလို့လေ ။
+20 #24 moehtutthu 2012-02-09 18:56
ကိုယ့်မျက်ချေးရော ကိုယ်မြင်ရဲ့လား မှန်ဝယ်ပေးအုန်းမှပါဘဲ
+30 #23 the king 2012-02-09 18:55
ခေါင်ကစပြီးမိုးမလုံလို့ဖြစ်ခဲ့ရတာပဲ။အောက်ခြေကလူတွေကိုဘဲပစ်မှတ်ထားမယ်
ဆိုရင်တော့ဒီလိုဘဲလုံးလည်လိုက်နေမှာပါ။
+14 #22 myint thein 2012-02-09 18:09
လူမျိုးတမျိုးရဲ့ ယဉ်ကျေးမှုနှင့် ကိုယ်ကျင့်တရားတိုးတက်မှုသည်ညတွင်းချင်းဖြစ်လာနိုင်သည့်အလုပ်မဟုတ်ပါ။ လစ်ဗျားလို လက်နက်ကိုင် တော်လှန်ရေးလုပ်ပြီး အစိုးရပြောင်းပစ်သည့်တိုင် ယဉ်ကျေးမှုနှင့် ကိုယ်ကျင့်တရားတို့သည် ရုတ်ချည်း ပြောင်းမလာနိုင်ပါ။ ကျွန်တော်တို့တတွေသည် ဆုံးရှုံး ထိခိုက်မှု အနည်းဆုံးနှင့် အကျိုးဖြစ်ထွန်းမှု အများဆုံးရနိုင်သည့် အကောင်းဆုံး နည်းလမ်းကိုရှာဖွေ ကျင့်သုံးရပါမည်။ ၎င်းနည်းလမ်းသည် ငြိမ်းချမ်းပြီး ပူးပေါင်းဆောင်ရွက်သော နည်းလမ်းဖြစ်ပါသည်။ စည်းလုံးညီညာသောနည်းလမ်းဖြစ်ပါသည်။ အမုန်းတရားများချုပ်ငြိမ်းပြီး အချစ်တရားများပွားများသောနည်းလမ်းဖြစ်ပါသည်။ ဗုဒ္ဓတရားအရ ခွင့်လွှတ်ခြင်းနှင့်မေတ္တာတရားပွားများသောနည်းလမ်းဖြစ်ပါသည်။
+20 #21 myint thein 2012-02-09 17:56
ထောက်ခံပါသည်။ ကောင်းသောလုပ်ဆောင်ချက်ဖြစ်ပါသည်။ ကျွန်တော်ကအကောင်းမြင်ဝါဒီဆိုတော့ အပြုသဘောလုပ်ဆောင်ချက်ဟူသမျှကိုထောက်ခံကြိုဆို အားပေးမည်ဖြစ်ပါသည်။ လောကကြီးမှာ မမှားသောရှေ့နေ မသေသောဆေးသမားဟူ၍မရှိပါ။ ရှိခဲ့ဘူးသောအမှားကိုချည်း ကိုင်စွဲပြီး အပြစ်တင်နေမည့်အစား ပစ္စုပ္ပန်နှင့်အနာဂတ်ကိုဘဲ အလေးထားရှေးရှုရမည်ဖြစ်ပါသည်။ တိုးတက်ဖို့ဆန္ဒရှိသူတိုင်းနှင့် လက်တွဲလုပ်ဆောင်တတ်သည့် အရည်အချင်း ရှိရပါမည်။
+40 #20 kotin 2012-02-09 16:16
Quoting maungmaunglulay:
၂၀၀၇ခု နှစ်၊ဇူလိုင်လ ၁၈ရက်နေ့မှာပဲ ပြည်ထောင်စုအစိုးရရဲ့ အမိန့်ကြေငြာစာ အမှတ် ၁၃/၂၀၀၇ခုနှစ်နဲ့ အဂတိ လိုက်စားမှုအပါအ၀င် ပြစ်မှု ၁၀ မျိုး ကို ထပ်ပြီး ထုတ်ပြန်လိုက်ပါတယ်။ အဲဒီမှာ ထပ်ထည့်လိုက်တဲ့အမှု ၁၀ မျိုးမှာ နံပါတ် ၁ ကအဂတိလိုက် စားမှုဖြစ်ပါတယ်။ နံပါတ် ၁၀ က တရားမ၀င်နည်းလမ်းဖြင့် ရရှိတဲ့ငွေကြေးများ ထိန်းချုပ်ရေးဥပဒေနဲ့ပါတ် သက်သည့် ပြစ်မှုတစ်ခုခုကို ဂိုဏ်ဖွဲ့ ကျူးလွန်သူများဆိုပြီး ထပ်ထုတ် လိုက်ပါတယ်။အဲဒါအပြင် ဒါနဲ့မလုံ လောက်သေးတဲ့အတွက် ၂၀၁၀ခုနှစ် ဇွန်လ

ဝန်ကြီးခင်ဗျား အထက်တွင်ဖေါ်ပြထားသော ဥပဒေဖြင်. ၀န်ကြီး ကိုယ်တိုင် အစစ် ခံ နိုင်ပြီလား မိမိကိုယ်ကိုပြန်လည်သုံးသပ် ပါ ဘုရားတရားတော်ရဆိုယင် မကောင်းမှုသည်ဆိတ် ကွယ်ရာမရှိဟုဆိုဘာသည်။ မည်သူမှမသိယင်တောင် မိမိကိုယ်မိမိ အမြဲသိနေဘာသည်၊
ကောင်းလိုက်တဲ့ ကွန်မန့် ..ကျနော်ပြောချင်ကို ကျနော် အစား ပြောလိုက်တော့ ကျနော် ပြောစရာ  မလို့ တော့ဘူး ...ကျေးဇူးတင်ပါတယ်..
+43 #19 maungmaunglulay 2012-02-09 16:05
၂၀၀၇ခု နှစ်၊ဇူလိုင်လ ၁၈ရက်နေ့မှာပဲ ပြည်ထောင်စုအစိုးရရဲ့ အမိန့်ကြေငြာစာ အမှတ် ၁၃/၂၀၀၇ခုနှစ်နဲ့ အဂတိ လိုက်စားမှုအပါအ၀င် ပြစ်မှု ၁၀ မျိုး ကို ထပ်ပြီး ထုတ်ပြန်လိုက်ပါတယ်။ အဲဒီမှာ ထပ်ထည့်လိုက်တဲ့အမှု ၁၀ မျိုးမှာ နံပါတ် ၁ ကအဂတိလိုက် စားမှုဖြစ်ပါတယ်။ နံပါတ် ၁၀ က တရားမ၀င်နည်းလမ်းဖြင့် ရရှိတဲ့ငွေကြေးများ ထိန်းချုပ်ရေးဥပဒေနဲ့ပါတ် သက်သည့် ပြစ်မှုတစ်ခုခုကို ဂိုဏ်ဖွဲ့ ကျူးလွန်သူများဆိုပြီး ထပ်ထုတ် လိုက်ပါတယ်။အဲဒါအပြင် ဒါနဲ့မလုံ လောက်သေးတဲ့အတွက် ၂၀၁၀ခုနှစ် ဇွန်လ

ဝန်ကြီးခင်ဗျား အထက်တွင်ဖေါ်ပြထားသော ဥပဒေဖြင်. ၀န်ကြီး ကိုယ်တိုင် အစစ် ခံ နိုင်ပြီလား မိမိကိုယ်ကိုပြန်လည်သုံးသပ် ပါ ဘုရားတရားတော်ရဆိုယင် မကောင်းမှုသည်ဆိတ် ကွယ်ရာမရှိဟုဆိုဘာသည်။ မည်သူမှမသိယင်တောင် မိမိကိုယ်မိမိ အမြဲသိနေဘာသည်၊
+70 #18 nga shwe 2012-02-09 10:53
တကယ်ဥပဒေအတိုင်းအရေးယူမယ်ဆိုတဲ့ သတ္တိရှိရင်တယုတ်အကြွေး $2 Billion
ပြန်ဆပ်နိုင်မဲ့နည်လမ်းလေး ပြည်ထဲရေးဝန်ကြီးကိုပေးပါရစေ
ဥပဒေအအရ မရွေ့မမြောင်းနိုင်တဲ့မြေနဲ့အိမ်ယာတွေနိုင်ငံခြားသားပိုင်ဆိုင်ခွင့်မရှိပါဘူး
မြန်မာနိုင်ငံထဲမှာ အထူးသဖြင့်မန္ထလေး၊မြဝတီဒေသတွေမှာ
နိုင်ငံသားအတု တယုတ်တွေ မြေနဲ့အိမ်ယာတွေ ပိုင်ဆိုင်ထားတာအများကြီးပါ
ဥပဒေအတိုင်းပြတ်ပြတ်သားသားအရေးယူသိမ်ဆီးလိုက်ရင်
$2 Billion မကဘူး တခြားအကြွေးတောင်ဆပ်ဖို့ရပါတယ်တယ်
ပည်ထဲရေးဝန်ကြီး မှာသတ္တိရှိရင်ပေါ့လေ၊
ဗီတိုကျေးဇူးအလွန်ထူးတဲ့ ဆွေမျိုးပေါက်ဖေါ်တွေကိုဥပဒေအထက်မှာထားနေမယ်ဆိုရင်တော့
အပြောမကြီးနဲ့မောင်ကိုကို
+34 #17 posh1974 2012-02-09 10:32
ရည်ရွယ်ချက်ကောင်းပါသည်။ တကယ်လုပ်ဘို့တော့လိုတယ် တကယ်တန်း အောက်ခြေ အထိ ဖြေရှင်းသင့်တယ်။ တရားရေး ဘက်ကို အယင် လုပ်ရမယ်
+4 #16 ayeayehan 2012-02-09 09:38
Here's one more reference
http://worldjusticeproject.org/sites/default/files/wjproli2011_0.pdf
+28 #15 KO KYAW - BUTALIN 2012-02-09 09:01
I don't think you can have genuine economic reforms without judicial reform, for example, It is no use having good investment laws if you don't have a good judicial system to make sure the laws are applied. တရားစီရင်ရေးစနစ်ကို မပြုပြင်ပဲ စီးပွားစနစ်ကိုပြုပြင်နိုင်မှာမဟုတ်ဖူး ရင်းနှီးမြုပ်နှံမှုဥပဒေတွေဘယ်လလောက်ကောင်းကောင်း အဲဒီဥပဒေတွေကိုကျင့်သုံးတဲ့တရားစီရင်ရေးစနစ်မရှိယင် ဘာမှသုံးမရဖြစ်နေမှာပါလို့  world most iconic woman ဖြစ်တဲ့ ကျနော်တို့ လူထုခေါင်းဆောင်က အာဆီယံေးသတွင်း business men တွေနဲ့ တွေ့ ဆုံစဉ်မှာပြောသွားတာပါ။ ဥပဒေတွေရှိတာပဲလျောက်ပြောနေတာပဲဗျာ အဲဒါအရေးမပါပါဘူး ဘယ်လောက်တောင်အဲဒီဥပဒေတွေကိုကျင့်သုံးနိုင်လဲဆိုတာပြောသင့်ပါတယ်။ ရာစုနှစ်တောင်ကျော်နေတဲ့ဥပဒေတွေလည်း ခုထိအစားမထိုးနိုင်ဘူး အဲဒီခေတ်ကဥပဒေပြုတဲ့လူတွေကတော်တော်ကိုကောင်းလို့ နေမှာပေါ့ ။
+85 #14 Sekraung 2012-02-08 23:41
ကျွန်တော် ဒီသတင်းကို အစကနေ အဆုံးမဖတ်ဘဲ ရေးလိုက်ပါတယ်။
ခင်ဗျား ပြည်ထဲရေးဝန်ကြီးကိုယ်တိုင်လိုက်နာလို့လား
့ပြည်ထဲရေးဝန်ကြီးအောက်က၀န်ထမ်းတွေ ...
ရပ်ကွက်ထောက်ခံစာလုပ်တာတောင် ၁၀၀၀ အနည်းဆုံးပေးမှ ရှော၂ရှူ ဖြစ်နေတာတွေ
ခင်ဗျားတို့ မြို့နယ်မှူးတွေ ရပ်ကွက်စခန်းသွားစစ်မှ ရပ်ကွက်စခန်းတွေ လာခါနီးမှ မြို့နယ်မှူးကို ထိုးကျွေးနေတာတွေ..
ဆိုင်ကယ်မဆီးရဆိုပြီး.... ရဲ တပ်ကြပ်နှင့် သူ့အအပေါင်းအပါတွေက
ရပ်ကွက်ထဲမှ တရားမ၀င် ဆီရောင်းနေသူများထံမှ ၁ ပတ် ၁ ဂါလံ
ဆပ်ကြေးကောက်ခံနေတာတွေ
စောက်ရှက်ကိုမရှိဘူး....
+65 #13 htetlu 2012-02-08 23:18
ကြည့်လည်းပြောပါကိုယ်လူရယ်။ အစားပဲအကုန်စားပါ။ စကားအကုန်ပြောလို့ ၀န်ထမ်းဆိုတာတောင်မကျန်ပဲနေနေပါအုံးမယ်။ ဟယ်ဟယ်။ တော်တော်ရီရတယ်။
 
+111 #12 conaylin 2012-02-08 19:32
တော်ပါကိုကိုရယ် လူကြီးမင်း ဌာနက ၀န်ထမ်း တွေဘယ်လိုလုပ်ကြမလည်း (တွေ/အုပ် ။ ရဲ ။ စစစ။ အကစ)
ဘယ်ဌာနက လာဘ် မယူတဲ့ သူ ရှိပါသလည်း။
+103 #11 Change 2012-02-08 19:20
မထူးပါဘူး
ငရဲသို့သွားနိုင်သောလမ်းနှင့် နိဗ္ဗာန်သို့သွားနိုင်သောလမ်းဆုံရာ လမ်းဆုံတွင်
ဝန်ထမ်းများနှင့်နိုင်ငံအုပ်ချုပ်ခဲ့သူများကို သိကြားမင်းက စစ်ဆေးမေးမြန်းနေသည်။

"လူ့ပြည်တုန်းက လာဘ်ယူခဲ့သူများ နဲ့ တိုင်းပြည်ဘဏ္ဍာငွေများကိုခိုးယူခဲ့သူများ
ရှေ့ကိုခြေတစ်လှမ်းတိုးရပ်ပါ။"

အပြစ်ရှိသူများအားလုံးလိုလို ရှေ့ကိုတိုးရပ်ကြသည်။
နိုင်ငံအုပ်ချုပ်ခဲ့ဘူးသူ တစ်ယောက်သာ ရှေ့မတိုးပဲ နောက်မှာချန်နေသည်။

သိကြားမင်းက ဆက်၍ညွှန်ကြားသည်။

"သူတို့တွေကို ငရဲကိုပို့လိုက်"........

"ဟိုမှာရပ်နေတဲ့ဆွံ့အ နားမကြားကိုပါ ပို့လိုက်"

No comments:

Post a Comment