လူတစ်ဦး တစ်နှစ်ဝင်ငွေ ၁၄ သိန်းရရန် ရည်မှန်းထားကြောင်း ၀န်ကြီးချုပ်ပြောကြား
ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြင့်ဆွေ |
ရန်ကုန်တိုင်းဒေသကြီး၏ ၂၀၁၁-၂၀၁၂ ခုနှစ် စီမံကိန်းအရ နှစ်ကုန်တွင် တိုးတက်မှုနှုန်း ၁၄ ရာခိုင်နှုန်းရရှိရန်နှင့် လူတစ်ဦးချင်းစီ၏ ပျမ်းမျှဝင်ငွေ (Percxapita GDP) မှာ ၁၃၉၁၈၄၂ ကျပ်ရရှိရန် ရည်မှန်း ထားသည်ဟု ဆိုသည်။
" စီးပွားရေးကဏ္ဍတွေမှာ ဘက်စုံဖွံ့ဖြိုးတိုးတက်မှု ရရှိပြီး ပြည်သူတို့ရဲ့ လူမှုစီးပွားရေးဘ၀ တိုး တက်ဖို့ရည်မှန်း ဆောင်ရွက်နေပါတယ်။ ၂၀၁၁-၂၀၁၂ မှာ ၁၄ ရာခိုင်နှုန်း တိုးတက်မှုရဖို့နဲ့ လူတစ်ဦးချင်းရဲ့ ၀င် ငွေတိုးဖို့ကိုလဲ ရည်မှန်းထားပါတယ်" ဟု ၀န်ကြီးချုပ်က ဖေဖော်ဝါရီ ၁၄ ရက်တွင် ကျင်းပသော ပထမအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် တတိယပုံမှန်အစည်းအဝေးတွင် ပြောကြားခဲ့သည်။
၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ် တစ်နှစ်လုံးအတွက် ရည်မှန်းချက် ၁၀ ဒသမ ၁၇၇ ထရီလီယံ ရရှိရန် လျာထားဆောင်ရွက်ရာ ၂၀၁၁ ခုနှစ် ဒီဇင်ဘာလကုန်အထိ ၆ ဒသမ ၉၁၂ ထရီလီယံရရှိသဖြင့် ၆၇ သမ ၉ ရာခိုင်နှုန်းအကောင် အထည်ဖော်နိုင်ခဲ့ကြောင်း သိရသည်။
ဘဏ္ဍာနှစ်ကုန် မတ်လတွင်လျာထားချက် ပြည့်မီစေရန်အတွက် အစိုးရအဖွဲ့အနေဖြင့် ကြိုးစား ဆောင်ရွက်နေသည်ဟု ဆိုသည်။
ပန်းသတင်းဂျာနယ်
38 comments:
-
၁ နှစ်ဝင်ငွေ ၁၄ သိန်းတဲ့လား....ကျနော်တို့ အပြင်မှာ ၁၄ သိန်းရဖို့ ၁ လပဲ အပင်ပန်းခံရပါတယ်..
-
Aww..ကြားရတာတော့ဝမ်းသာစရာပါ တကယ်လက်တွေဘ၀မှာတော့
တစ်ရက်လုပ်စာကိုလဲကြည့်ပါအုံး ဘယ်လောက်လဲလို့ တစ်လမှ၅၀၀၀၀ကျော် အဲဒီတော့
တစ်နှစ်လုပ်စာ၁၄သိန်းပြည့်အောင်
လို့တဲ့ငွေကိုဦးမြင့်ဆွေပဲစိုက်ပေးလိုက်တော့။
လျှာအရိုးမရှိတိုင်းလျှောက်ပြောနေတယ်။
-
ရူးချင်ယောင်ဆောင်နေတာ၊ တကယ်ရူးသွားပါစေဗျာ၊
-
ဟုတ်ပါပြီဝန်ကြီးရယ်နိုင်ငံထဲကလူတွေဘွဲ့ရပြီးသား တစ်လကို
၁သိန်းတောင်မရတဲ့ လူငယ်တွေတစ်ပုံကြီး။ရွှေမင်းသားရယ်
တစ်လ၁၄သိန်းရတယ်ဆိုပြီးမာန်မတက်ပါနဲ့ ပြည်တွင်းကလူတွေစိတ်ဓါတ်ကျကုန်ပါ့မယ်။
-
Say Tanar ka le' ne' lite tar...
They just have Less Empathy for People...
-
ပျမ်းမျှ ၁၄ သိန်း တဲ့။ လူနည်းစုထံမှာ များနေတာတွေ ဘယ်လိုလုပ်မလဲ။
အနည်းဆုံးဝင်ငွေနဲ့ ပြောသင့်တယ်။ စံနှုန်းယူတာ ပြောင်းသင့်တယ်။
လူတန်းစားကွာခြားမှု အရမ်းများလွန်းတယ်။ ဘယ်လိုစီမံကြမလဲ။
-
ရေအိုင်ထဲမှာ ဗိုလ်လုပ်ချင်တဲ့စိတ်ဓါတ်တွေ ဖျောက်ပြီး ပြင်ပကမ္ဘာ
(Reality) ကိုလေ့လာပြီးဆုံးဖြတ်နိုင်ကြပါစေ။ လူကြီးမင်းများအနေနဲ့က
ထင်ထင်ပေါ်ပေါ်ရတဲ့ တံစိုးလက်ဆောင်၊ မထင်မပေါ်ရတဲ့ တံစိုးလက်ဆောင်တွေနဲ့
မပူမပင်နေရပေမဲ့ အများပြည်သူတွေအတွက်တော့ ငဲ့ကြည့်သင့်တယ်။
-
ရီရတယ် ဦးမြင့်ဆွေရယ်......
ခင်ဗျားတစ်လ၀င်ငွေဘယ်လောက်လဲလို့ အရင်ပြောပါအုံး...
-
မဲဆွယ် နေတာလား...ဒါမှမဟုတ် ဘယ်ဝန်ထမ်း ကို ပြောတာလဲ. ဟုတ်မှလည်း
ပြောပါဗျာ...ခုတောင် တလ ၄ ..၅..သောင်းရဖို့ တိုင်ရီ အလုပ်သမားတွေ ဆန္ဒပြ တာ
ခုထိ မပြီးသေးပါဘူး...
-
It should be minimum income for the daily wages. Need to maintain
living cost as at present. Otherwise nothing benefit for the low income
and again just hand to mouth for them.
The previous administrations failed to achieve to control living cost. just action, no result.
-
လွှတ်တော်မှာတင်ပြရင် ဘဏ္ဍာခွန်ဝန်ကြီးက ငြင်းနေပါဦးမယ် တယ်တော့ အပြင်မှာ
လုပ်နေသူ အနိမ့်ဆုံးလူ တစ်ဟောက်တောင် 14 သိန်းကျော်တော့ရမှာပါ မရတာက
အစိုးရ၀န်ထမ်းတွေပဲဖြစ်မှာ အောက်ခြေ၀န်ထမ်းတော်တော်များများဟာ တစ်နှစ်ကို
14 သိန်းဝင် မ၀င်တော့မသိဘူးဗျ နှစ်ကုန်သွားရင်တော့ 14ကျပ်တောင်
မစုမိနိုင်ပါဘူး ဒါကိုလည်း မသိသလိုပဲကြည့်နေနိုင်အောင်ကြိုးစားနေကြပါတယ်
-
အခြေခံလူတန်းစားတွေ ၀င်ငွေတိုးတက်အောင် အရင်ဆုံးလုပ်ပေးသင့်တယ်..
တိုင်းပြည်ရဲ အခြေခံလစာမသတ်မှတ်သမျှ တိုင်ရီဖိနပ်စက်ရုံလိုပဲ
ပြသနာတက်နေမယ်... ပျှမ်းမျှဝင်ငွေတိုးတောင်
အလုပ်ရှင်လူနည်းစုဝင်ငွေသာတိုးပြီး အခြေခံလူတန်းစားဝင်ငွေ မတိုးနိုင်ပါ...
-
ပြည်တွင်းကလူတွေကမလုပ်လို့ မဟုတ်ပါဘူး လုပ်စ၇ာအလုပ်ကိုမ၇ှိတာပါ(တန်ရာတန်ကြေးနဲ့ )အလုပ်ကိုပြောတာ
ဝန်ကြိးချုပ်ရဲ့လစာဘယ်လောက်ပါလဲ
လူချင်းအတူတူထမင်းစားတာချင်းအတူတူဘာလို့ အခွင့် အရေးကွာဟနေတာလဲ
-
ရန်ကုန်တိုင်းဒေသကြီးအစိုး၇အဖွဲ.က
ဘယ်လိုဘဲဖြစ်ဖြစ်နေကြိုးစားအကောင်ထည်ဆောင်ရွက်နေတဲ.အချိန်မှာမန္တလေးတိုင်းဒေသကြိးအစိုးရက
ေ၇ာ် ဘယ်လိုရည်မှန်းချက်တွေနဲ.လုပ်ဆောင်ပေးဖို.ဘာမှလဲမသိရပါလား
နိုင်ငံတော်ဘဲအားကိုးမနေနဲ.တော.လေကိုယ်.အစိုးရအဖွဲ. တွေ ဦးဆောင်ပြီး
အလုပ်တွေအများကြိးလုပ်ပေးရမျာပေါ့ ဗျ မန္တလေး
တိုင်းဒေသကြိးရဲ.လွှတ်တော်ကိုယ်စယးလှယ်တွေကရော်
ဘာအလုပ်တွေလုပ်နေလဲဘာမှမဆောင်ရွက်ကြဘူးလား လုပ်ကြပါ လုပ်ကြပါ မန္တလေး က
ဘာလုပ်လုပ်နောက်ကျနေတယ် ၀န်ကြီးချုပ်နှင်.တကွတိုင်းဒေသကြိးအစိုး၇အဖွဲ.များ
အလုပ်ကြိုးစားကြပြိးဝင်ငွေတွေတိုးတက်ဖို.ကြံဆပါအုန်းလို.တိုက်တွန်းပါတယ်
-
အဲဒီတစ်နှစ် ၁၄သိန်းဝင်မယ့်သူတွေကို
၅နှစ်အတွင်းအိမ်ဝယ်နိုင်ရမယ်လို့ရည်မှန်းထားကြောင်း ထပ်ဖေါ
အဲ..အဲ..ရောင်လို့ ထပ်ပြောလိုက်ပါဦး ၀ံချုပ်မင်းရဲ့။
-
ရွှေမင်းသားရေ ... စကားကိုဆင်ခြင်ပြောပါ... လူတစ်ယောက်တစ်လကို
(၃)(၄)သောင်းရနေတာတွေ ဒုနဲ့ဒေရှိတယ်ကွ.... မင်းလိုလူပိန်းအတွေးနဲ့
တက်မလာနဲ့....
-
ဘာအလုပ်အကိုင် ဖန်တီးပေးမယ်--ဘယ်တော့စမယ်---
လစာဘယ်လောက်ရအောင်ဆောင်ရွက်ပေးမယ်--- ဘယ်သူတွေနဲ့ သဘောတူညီမှုရပြီ---
ပြည်သူဘယ်လောက်ကို ဘယ်တော့စအလုပ်ပေးနိုင်မယ်---- အဲဒါတွေဘာမှမပါဘူး---
အရင်လက်ထက်ကလို စားကောင်းသောက်ကောင်းအောင်လျှောက်ပြောနေတာ----
စာတွေဖတ်ပြီး လက်တွေ့မပါတဲ့ သီအိုရီတွေရွတ်နေတုန်းပဲ ရှိသေးတယ်----
အရင်ကလည်း ဘာမှပြောင်မြောက်အောင်စွမ်းဆောက်ခဲ့တာမရှိဘူး-- အခုလည်း
မရှိသေးဘူး --- ကဲ ဘယ်တော့စလုပ်မှာလဲ -- ဘာလုပ်မှာလဲ-- ရေဆိုးဖော်တာတွေ--
သန့်ရှင်းရေးလုပ်တာတွေ လုပ်ကွက်ပြပြီး ပြည်သူကို လိမ် ၊တိုင်းပြည်
ဘဏ္ဍာတွေ ညာစားနေကြအုံးမှာလား-- ဟူးးးးးးးးးးးးးးးးးး----
ဘေးထိုင်ဘုပြောရတာမောလိုက်တာ----
-
ကိုယ့်လစာနဲ့ နှိုင်းယှဉ် ကိုယ်ချင်းစာစိတ်ထားပြီး
အသိဥာဏ်ပြည့်ပြည့်စုံစုံနဲ့ နိုင်ငံတကာ အခြေနေမှန်တွေကိုလေ့လာပြီး
သေချာစဉ်းစားပြီးလဲ လုပ်ကြပါအုံး.....တော်ပါတော့ဗျာ...အဘတို
့ဘယ်လိုစဉ်းစားပြီး ဘယ်လို အခြေခံစားဝတ်နေရေး အတိုင်းအတာနဲ
့တွက်ချက်နေကြသလဲဗျာ...အဘတို့ ရေ အခြေခြံ့ပည်သူတွေ
မျက်စိပွင့်နားပွင့်ဖြစ်နေကြပြီ..အဘတို
့ဒီပုံအတိုင်းသာစဉ်းစားပြီးဆက်လုပ်နေကြအုံးမယ်ဆိုရင်ခြေခံပြည်သူတွေနိုင်ငံတကာကိုထွက်လို
့ရတဲ့နည်းလမ်းပေါင်းစုံနဲ့ ထွက်ကုန်ကြလိမ့်မယ်...နောက်ဆုံး ဘင်္ဂလားဒေ့ရှ်
လိုနိုင်ငံမျိုးမှာတောင် အလုပ်သွားလုပ်နေကြရတော့မယ်.. ..အဘတို
့နားကြပါတော့ဗျာ... လုပ်နေကိုင်နေပုံတွေ တော်တော်လေးကို
စိတ်ဓါတ်ကျစရာကောင်းနေပါပြီဗျာ...တကယ်ပါဗျာ ..တကယ်ပါ...
-
ရွှေမင်းသား မင်းက တစ်လ (၁၄) သိန်းကို အေးဆေးရှာနိုင်တယ်ဆိုတော့ မင်းရဲ့
အဆင့်ကိုလေးစားမိပါတယ် မင်းတစ်ယောက်တည်း ရနေယုံနဲ့ မပြီးဘူးကွ ငါတို့
ဗမာပြည်မှာ တစ်နှစ် (၁၄) သိန်းရနိုင်တယ်ဆိုယုံဘဲ အောက်ခြေ
ဝန်ထမ်းအဆင့်တွေအတွက်တော့ ၀မ်းသာစရာဘဲ ဒီသတင်းက မှန်ပါစေဘဲ ဆုတောင်းချင်တယ်
မင်းလုပ်နိုင်တာ မင်းရနေတာ သန့်ရှင်းဘို့ဘဲ လိုတယ် တစ်ယောက်တည်း အတွက်နဲ့
လာပြောမနေနဲ့
-
တစ်နှစ် .... 14,00,000 (သုံညထည့်တာ မှန်ရဲ့လားမသိဘူး.. ဟဲဟဲ)
တစ်လ .... 116,666
တစ်ရက် ... 3888
-----------------------------------------------------
ဒီနှုန်းအတိုင်းအတည်ဖြစ်ပါက.....
-------------------------------------------
တိုက်.. အိမ်... ကား... (သွားကွာ.. ဝေးဝေးမှာနေစမ်း)
-------------------------------------------
Giordano အ၀တ်အထည်... All Star ဖိနပ်... ဆွစ်ဇာလန် နာရီ... (ဖြတ်ရိုက်လိုက်မယ်... င့ါအသားကို လာမထိနဲ့)
-----------------------------------------------
စကော့တလန် အရက်... (ဟား..ဟား.. သနားတယ်.. မြန်မာ့ အရက်ကို မင်းမကျော်နိုင်ပါဘူးကွာ... )
-----------------------------------------------
အား...
ကယ်ကြပါဦးဗျာ.. ကျနော် ရူးနေပြီလား မသိဘူး...
-
ကျုပ်ကတော့ တစ်လကို သုံးလေးသောင်းကို
မနဲရှာကြံနေရပါတယ် ကိုရွှေမင်းသား ရယ်။
မြန်မာပြည်သူတွေထဲမှာလည်း ဒီလိုရှာဖွေစားသောက်နေရတဲ့
ပုဂ္ဂိုလ်တွေ ဘယ်လောက်များသလဲလို့ ကွင်းဆင်းကြည့်ပါဦးဗျာ။
ကျေးဇူးတင်ပါတယ်။
-
လာပြန်ပြီတယောက်..စိတ်တွေကောမှန်ကြသေးရဲ့လား..တယောက်လာတမျိုးပြောပြန်ပြီ..မင်းတို့
အချင်းချင်းလည်းပြေလည်အောင်ညှိ့နှိင်းပြီးပြောကြလေ..အရူးဖြစ်အောင်တော့
ထပ်မလုပ် ကြနဲ့....။
-
စင်ကာပူနဲ့ တူအောင်လုပ်မှာဆို။.
စင်ကာပူမှာ အလုပ်ကြမ်းသမားတောင်. တစ်နာရိလုပ်ခ $5 (မြန်မာကျပ် ၃၀၀၀)လေါက်ရတယ်။. တစ်ရက်မှာ ၂၄၀၀၀, တစ်လမှာ ၇ သိန်းကျာ်, တစ်နှစ်မှာ. သိန်း ၈၀ ကျော် ရတယ်။.
ကဲဘာတွေရွှိးအုးံမလဲ။
-
>killer < တစ်နှစ်ဝင်ငွေ ၁၄သိန်းက တစ်လမှ ၁၁၆,၆၆၆ ကျပ်ပဲဝင်တာ...
အဲဒီလောက်မရသေးတဲ့သူတွေလဲအများကြီး... ဒါပေမယ့် မရသေးတဲ့သူတွေအတွက်
လျော့တွက်ပေးရမလား.. ဒါမှမဟုတ်
တစ်လ၀င်ငွေဟာဒီထက်ပိုလိုအပ်တယ်ဆိုတာ(တစ်လတစ်သိန်းကျော်ဝင်ရင်တောင်
အိမ်ဆောက် ကားစီးဖို့ အိမ်မက်တောင်မက်မရသေးပါ) လက်ခံပြီး ဒီထက်ပိုကောင်းတဲ့
အလုပ်အကိုင် အခွင့်အလမ်းတွေကိုနဲ့ လစာငွေကို ကျွန်တော်တို့အနေနဲ့
မျှော်မှန်းတောင်းဆိုတာ ပိုမကောင်းလား...
-
ရွှေမင်းသားပြောတာမှန်ပါတယ်..သူပြောတာပြည်တွင်းမှာရတဲ့လစာမဟုတ်ဘူး...မလေး
အဆင့်လောက်လဲမဟုတ်ပါဘူး စင်ကာပူထက်လဲ အခြေခံလစာမြင့်တဲ့ အာရှဒေသရဲ့ 
ဂျပန်နဲ့ ကိုးရီးယား သြဇီ မှာရှိတဲ့ အခြေခံနိုင်ငံခြားသားအလုပ်သမားတွေရဲ့ 
လစာကိုပြောတာပါ.. ရေတွင်းထဲက လစာမဟုတ်ပါ ရေကန်ထဲကလစာလဲ မဟုတ်ပါ ...ပင်လယ်နဲ
့ သမုဒ္ဒရာ ကလစာတွေပါ.....ဘာပဲပြောပြောပေါ့ ...သူတို
့ပြောတဲ့နိုင်ငံသားတယောက်ရဲ့ အခြေခံဝင်ငွေကတော့ဗျာ...မလေးမှာသွားလုပ်နေတဲ့
နိုင်ငံခြားသား အလုပ်သမားတယောက်ရဲ့ 
တနှစ်ဝင်ငွေထက်အများကြီးနဲနေပါသေးတယ်....ဘင်္ဂလားထက်တောင်အစစအရာရာပိုနိမ့်လာနေပြီ..
အဘတို့ ဆက်လုပ်ကြပါ ..နောက်ဆိုရင် ကျနော်တို့  မြန်မာနိုင်ငံသားတွေ
ဘင်္ဂလားနိုင်ငံကိုသွားပြီး စက်ရုံတွေမှာလုပ်၊ စားသောက်ဆိုင်တွေမှာ
ဘင်္ဂလားတွေစားပြီးတဲ့ပန်းကန်တွေဆေး၊ ဘင်္ဂလားတွေစားပြီးတဲ့စားကြွင်းစားကျန်တွေ
သိမ်း၊ ဘင်္ဂးလားကလေးလေးတွေ ထိန်းတဲ့အိမ်ဖော်တွေလုပ်ကြ...ဘင်္ဂလား
ဖင်ဆေးပေးရတော့မှာမြင်ယောင်နေပြီဗျာ...သေသေချာချာလေ့လာစဉ်းစား
နှိုင်းယှဉ်ပြီးမှ တွက်ချက်သတ်မှတ်ကြပါ ....နားသင့်နေပြီဖြစ်တဲ့
ခေတ်ဟောင်းအကျန်အဘတို့ ရေ............အနာဂတ် ရာဇ၀င်မှာ မြန်မာနိုင်ငံသားတွေ
ဘင်္ဂလားကျွန်တော့ မဖြစ်ပါရပါစေနဲ့ .......
-
တစ်ရက်ကို ဆိုရင်တော့ အင်း ဆယ့်လေးသိန်းကိုတည်
သုံးရာခြောက်ဆယ်ငါးရက်နဲ့စား သုံးထောင်ရှစ်ရာ၊ (4000)ကျပ်ပေါ့နော်။ အားပါး
များလိုက်တဲ့ ၀င်ငွေဘဲ၊ နိမ့်သဟ၊ ဟုတ်ဘူး၊ မြင့်သဟ၊ ဟာဒါလဲဟုတ်ဘူး၊
လက်ဖက်ရည်တစ်ခွက်သုံးရာ၊ ထမင်းတစ်နပ်စားထောင့်ငါးရာ နှစ်နပ်ဆိုတော့
သုံးထောင်၊ လမ်းစရိတ် ကုန်းကြောင်းလျှောက်၊ ရေသန့်သောက်နှစ်ရာ၊ တော်တော့။
-
လူတစ်ဦး တစ်နှစ် ၁၄သိန်းရအောင် ဘယ်လိုစီမံဆောင်ရွက် မယ်ဆိုတာလည်း
မပြောဘဲ လျှာရိုးမရှိတိုင်း လျောက်မပြောပါနဲ့ ကိုမြင့်ဆွေရယ်။ ရှင်တို့
ပါတီမဲများများရအောင် လုပ်ချင်တိုင်း လူတွေကို အရှုးမလုပ်ပါနဲ့၊ Detail
Plan မရှိဘဲ ပြောတာတော့ ကျမတို့ မယုံရေးချ မယုံ၊ တစ်ဆိတ်လောက် ကိုမြင့်ဆွေ
ရဲ့ တစ်နှစ်ဝင်ငွေလေးလဲ အမိန့်ရှိစမ်းပါအုံး။ စကားကို အရမ်းမပြောပါနဲ့ ၊
ရှက်တတ်တယ်ဆိုရင် တိုက်ပေါ်က ခုန်ချသေသင့်တာ ကြာပြီ။
-
“ လူ ၁၀ ဦး တစ်နှစ်ဝင်ငွေဇယား ”---
တစ်ယောက် ... (၇သိန်းx ၁၂ လ) = ၈၄ သိန်း
၉ ယောက် ... (၅၀၀၀၀x၁၂ လ) x ၉ = ၅၄ သိန်း
ပေါင်း ၁၃၈ သိန်း ( ၁၀ ယောက် )
“ လူ(၁၀)ယောက်၏ တစ်ဦးချင်းဝင်ငွေ တစ်နှစ် ၁၄သိန်း ”
ဒီလိုဆိုရင်တော့ မကောင်းဘူးဗျာ ....
စဉ်းစဉ်းစားစား လုပ်ကြ ပြောကြပါဦး။
-
အနိမ့်ဆုံး လစာ သတ်မှတ်ေ၇း နဲ့ အလုပ်သမား ဥပဒေ ( ဆေးခွင့် /
မီးဖွါးခွင့်/ အချိန်ပို လုပ်ချိန် လုပ်ခ စသဖြင့်)တိတိကျကျ ပြဌာန်း ဖို့
အေ၇းတကြီး လိုအပ်နေတာပါ ။လေထဲ တိုက်အိမ် ဆောက်နေမယ့် အစား လက်တွေ့
အကျိုး၇ှိမယ့် အ၇ာတွေကို မြင်တတ်ပြီး ယနေ့ပင် စလုပ်ဖို့ လိုနေပါပြီ။
စကားထက် အလုပ်ဖြင့် သက်သေ ပြကြပါဗျို့ .....
-
အော်..ပြောနေတာက လမ်းချော်သွားတာပါ...Kyaw Swar နဲ့ Killer
ရယ်..ကျနော်ပြောချင်တဲ့ သဘောက ပင်ပန်းခံ ကျွန်ခံပြီးတော့ နိုင်ငံခြားမှာ
နွားတွေလို ရုန်းနေရတာ ၁ လနဲ့
ရတာကိုပြောချင်တာပါဗျာ..မာန်လဲမတက်ပါဘူးဗျာ..သူပြောတဲ့ တစ်နှစ်ဆိုတဲ့
အတိုင်းအတာကို တိုင်းတာပြတဲ့သဘောပါဗျာ..ဘွဲ့ ရပညာတတ် ပေမယ့် နိုင်ငံခြားမှာ
အမှိုက်သိမ်းပြီး ခိုင်းရာ လုပ်နေရတဲ့အတွက် ရတဲ့
လစာကိုပြောတာပါ..နှိုင်းယှဉ်ပြတာပါဗျာ..စိတ်မရှိကြပါနဲ့ဗျာ..
-
David Henry တွက်ပြသလိုမျိုးဆိုရင်တော့ ခင်ဗျားတို့ပြောတဲ့ ၁၄ သိန်း
ဆိုတာ နည်းပါသေးတယ်။ ရန်ကုန်လူဦးရေ မှာ ခင်ဗျားတို့ရဲ့ ၀င်ငွေ တွေကို
ပေါင်းထည်းပြီး average ပြန်ရှာလိုက်ရင် တဦး ကို ၁၄၀ သိန်း လောက်
ရှိမယ်ထင်တယ်။ ခင်ဗျားတို့ဗျာ နည်းနည်း တော့ ရှက် ကြ ကြောက်ကြ ပါအုံး ။
ဗြောင်လိမ် ဗြောင်စား တွေ ။ တကယ်ဗျာ ။ စိတ်ကုန်တယ်။
ကျုပ်တို့တိုင်းပြည်လည်း ဘယ်လို ၀ဋ် လည်း မသိပါဘူး။ ဒင်းတို့ ဖင် ကထွက်သမျှ
စကား ကို ငြိမ်ခံနေရတယ်။
-
ကိုရွှေမင်းသားပြောတာဟုတ်ပါတယ်။
ဘွဲ့ရတာတူကျပေမယ့် တခြားနိုင်ငံမှာရတာနဲ့ မြန်မာပြည်မှာရတာကို နှိုင်းယှဉ်ပြတာပါ။ ဒီနိုင်ငံမှာ ဘွဲ့ရတွေ ၃၊ ၄၊ ၅ သောင်းရဖို့နေနေသာသာ အလုပ်မရှိထိုင်နေရတဲ့သူတွေတပုံကြီးပါ။
-
Sorry ကိုရွှေမင်းသား အတွေးလွဲသွားတယ်။
-
ဟားဟား...ဟားဟား ခြေမကလိထိုးမလေးငွေ ၂
ကျပ်ဖိုးလောက်ရယ်လိုက်မယ်ကွာ။ဟောဗျ ကုန်သွားပြီရွာမှာတုန်းက တနေ
့တာလုပ်အားခ....လူတစ်ယောက်အတွက်တစ်နှစ်ပျမ်းမျှဝင်ငွေ ၁၄ သိန်းတဲ
့ပြောထွက်ရက်တဲ့ ပါးစပ်ဗျာ။ကျေးလက်နေတောင်သူလယ်သမားများရဲ့ ဘ၀ကိုလည်းလက်တွေ
့ဆင်းကြည်
့ပါအုံး။ဖြစ်နိုင်ရင်အညာဖိတ်ပြီးထမင်းတနပ်လောက်ကျွေးလိုက်ချင်တယ်ဗျာ။ကောက်လျှင်ကြီးဆန်နီတာလျှံနှင်
့ငါးသန်သေးနုပ်ရေလုံပြုတ်ကိုတစ်လုတ်ကယ်၀၀ စားရရင်ဖြင်
့အာဂပါးစပ်လူဖြစ်ကြိုးနပ်ပြီဟ ဆိုတဲ့ ဘ၀တွေအများကြီးဗျ။
-
တော်၏ အမှန်ကိုဝန်ခံ၏
-
တစ်နှစ်ဝင်ငွေ လား တစ်လ၀င်ငွေလား????
တစ်နှစ် = ၁၄၀၀၀၀ /800 = 1750 US $
တစ်နေပျှမ်းမျှဝင်ငွေ = 1750 /365 = 4.79 US $
သာဓုပါ...ဗျာ..သာဓုပါ.....ကျွန်တော်တို့ Gas၊တွေ ကျွန်းသစ်တွေ၊ကျောက်တွေ ရောင်းထားတဲ့ ပိုက်ဆံတွေက ဘယ်တွေများရောက်သွားပါသလဲ ကိုမြင့်ဆွေရေ........
-
စစ်ဘက်ကအရာရှိကြီးတွေဟာ အသွင်ပြောင်းပြီး
ဌာနဆိုင်ရာတွေမှာ အဆင့်မြင့်အရာရှိတွေအဖြစ် လစာလည်းစား၊ စစ်ဘက်ကပင်စင်လည်းစား
နှစ်သီးစားလုပ်နေကြတာတွေကို
ရှင်းထုတ်လိုက်မယ်ဆိုလျင် မြန်မာပြည်ရဲ့ အကြွေးတွေလည်း
လျော့သွားနိုင်မယ်၊ ပြီးတော့ အသွင်ပြောင်းတွေဘဲ ရာထူးအဆင့်ဆင့်တက်သွားကြတာတွေကြောင့်
အရပ်သားဝန်ထမ်းတွေ ရာထူးအတက်နှေးနေကြတာတွေလည်း
လျော့သွားနိုင်မယ်။ ၀န်ထမ်းတွေကိုလည်း လစာအမှန်တကယ်
တိုးပေးနိုင်လာမယ်။ ဒါတွေဟာ တကယ့်ကို လက်ရှိမှာ
အမှန်တကယ် ဖြစ်ပျက်နေတာပါ။
ကျးဇူးပြုပြီး ဖြန့်ဝေပေးကြပါဗျာ။
-
အဲ့လူထမင်းကောစားဖူးရဲ့လားမသိပါဘူး ဘာမှမသိပဲရှောက်ရှောက်ပြောနေတယ်
No comments:
Post a Comment