Friday, February 24, 2012

အုပ်ချုပ်သူနှင့်အုပ်ချုပ်ခံသဘောအမြင်များပြောင်းလဲသင့်ပြီဟု နိုင်ငံတော် သမ္မတ အကြံပေး ပြော

အုပ်ချုပ်သူနှင့်အုပ်ချုပ်ခံသဘောအမြင်များပြောင်းလဲသင့်ပြီဟု နိုင်ငံတော် သမ္မတ အကြံပေး ပြော  

နိုင်ငံတော်သမ္မတ နိုင်ငံရေးအကြံပေး အဖွဲ့ခေါင်းဆောင် ဦးကိုကိုလှိုင်
အုပ်ချုပ်သူနှင့် အုပ်ချုပ်ခံဟူသည့် သဘောထားများကို ဆက်လက် ကျင့်သုံးရန် မသင့်တော့ကြောင်း နိုင်ငံတော်သမ္မတ နိုင်ငံရေးအကြံပေး အဖွဲ့ခေါင်းဆောင် ဦးကိုကိုလှိုင်က ပြောသည်။  ယင်းကို ဖေဖော်ဝါရီ ၁၀ ရက်နေ့က ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ (မြို့တော်ခန်းမ)၌ ပြုလုပ်သော စည်ပင်အမှုထမ်း အရာထမ်းများအား ဟောပြောစဉ် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ ၎င်းက အစိုးရနှင့် ပြည်သူများအကြားတွင် အုပ်ချုပ်သူ၊ အုပ်ချုပ်ခံဟူသည့် သဘောထားများကို ပြောင်းလဲသင့်ပြီဖြစ်ကြောင်း၊ သို့မှသာ ဒီမိုကရေစီ ပန်းတိုင်သို့ ရောက်ရန် လွယ်ကူမည်ဖြစ်ကြောင်း ပြောသည်။
“ဒီမိုကရေစီခေတ်ကို လျှောက်လှမ်းတဲ့အခါမှာ ပြည်သူတွေရဲ့ သဘောဆန္ဒကိုပါ ထည့်သွင်း စဉ်းစားဖို့ လိုပါတယ်” ဟု ၎င်းက ထပ်လောင်းပြောသည်။ လက်ရှိအစိုးရသည် ပြည်သူများ တင်မြှောက်ထားခြင်း ဖြစ်သည့်အတွက် ပြည်သူ့အစိုးရဖြစ်ပြီး အစိုးရ ဝန်ထမ်းများမှာလည်း ပြည်သူ၏ အခွန်ငွေဖြင့် လခပေးအပ်ထားသည့်အတွက် ပြည်သူ့ဝန်ထမ်းများသာ ဖြစ်သည်ဟု ၎င်းက စည်ပင်ဝန်ထမ်းများကို ပြောသည်
“အစိုးရ ဝန်ထမ်းတွေအနေနဲ့ ပြည်သူ့ဝန်ထမ်းဆိုတဲ့ သဘောထားသာ ပြောင်းလိုက်ရင် ပြည်သူတွေအတွက် ဘာလုပ်ပေးရမလဲဆိုတာ ဖြစ်လာမယ်။ ဒါမှသာ ပြည်သူကလည်း ဒီအစိုးရက ငါတို့အစိုးရပဲ၊ ငါတို့လိုချင်တာ လိုအပ်တာ ပြောလို့ရပြီ၊ အားကိုးလို့ရပြီ၊ သူတို့နဲ့ ပူးပေါင်းမှ ဖြစ်မယ်။ ဒါမှသာ ပိုပြီးတော့ သဟဇာတဖြစ်တဲ့ အပြောင်အလဲကို သွားမယ်ဆိုတာမျိုး ဖြစ်လာပါမယ်။ အဲဒီလို သွားချင်ပါတယ်” ဟု အစိုးရနှင့် ပြည်သူကြား အပေးအယူ မျှတရန် လိုပုံကို ပြောသည်။
အစိုးရဟု ဆိုရာ၌ ဌာနပေါင်းစုံ ပါဝင်သဖြင့် အစိုးရဌာန တစ်ခုချင်းစီ၏ အပြုအမူများသည် အစိုးရဌာန တစ်ခုလုံးနှင့် သက်ဆိုင်သည့်အတွက် ဌာနတစ်ခုချင်းစီ၏ လုပ်ရပ်တိုင်းသည် အရေးကြီးပြီး ကောင်းမွန်သည့် အစိုးရဖြစ်ရန်အတွက် အစိုးရဝန်ထမ်းများသည်လည်း ပြည်သူလူထုအပေါ် ဆက်ဆံရေး ကောင်းမွန်ရန် လိုအပ်သည်ဟု ၎င်းက ဆိုသည်။ အစိုးရအနေဖြင့် လူ့အဖွဲ့အစည်းကို စနစ်တကျဖြစ်ရန် ထိန်းချုပ်ပေးရာ၌ ပြည်သူလူထု၏ အခွင့်အရေးကို မထိခိုက်ရန်နှင့် စည်းကမ်းကိုလည်း ထိန်းသိမ်းနိုင်ရန် မျှတအောင် လမ်းကြောင်းပေးသင့်သည်ဟု ၎င်းက ဆက်လက်ပြောသည်။
ဝေမာထွန်း Popular News

20 comments:

မေတ္တာရှင် said...
ကိုကိုရေ ကွယ်ရာမှာ လတ်မစားနဲ့နော် . . .ကိုကိုရေ လူတွေရယ်အောင် ပုံမပြောနဲ့နော် . နော်ကိုကိုနော် . . .
စိတ်မချဘူးလို့ပြောရင် စိတ်မဆိုးနဲ့နော် . . စိတ်ချပါတယ်ဆိုရင် မဲမခိုးနဲ့နော် . . . လူတိုင်း သူ့ကို ကြိမ်ဆဲပြီး အိပ်တာ လိမ်လိမ်မာမာနေပါနော် ကိုကိုနော် နော် . . .နော်
( အဟီး မေဆွိ ဆိုထားထာ)

twantaythar said...
မဆိုးပါဘူး ... ဒါပေမယ့် နားလည်ဦးမှကိုး ...
tharzaw said...
“အစိုးရ ဝန်ထမ်းတွေအနေနဲ့ ပြည်သူ့ဝန်ထမ်းဆိုတဲ့ သဘောထားသာ ပြောင်းလိုက်ရင် ပြည်သူတွေအတွက် ဘာလုပ်ပေးရမလဲဆိုတာ ဖြစ်လာမယ်။ ဒါမှသာ ပြည်သူကလည်း ဒီအစိုးရက ငါတို့အစိုးရပဲ၊ ငါတို့လိုချင်တာ လိုအပ်တာ ပြောလို့ရပြီ၊ အားကိုးလို့ရပြီ၊ သူတို့နဲ့ ပူးပေါင်းမှ ဖြစ်မယ်။ ဒါမှသာ ပိုပြီးတော့ သဟဇာတဖြစ်တဲ့ အပြောင်အလဲကို သွားမယ်ဆိုတာမျိုး ဖြစ်လာပါမယ်။ အဲဒီလို သွားချင်ပါတယ်” ဟု အစိုးရနှင့် ပြည်သူကြား အပေးအယူ မျှတရန် လိုပုံကို ပြောသည်။
အဲဒီလို နားလည်တဲ့သူတွေက လွှတ်တော်ထဲမှာနဲ့
အရာရှိအကြီးစားကြီးတွေ၊ ၀န်ကြီးတွေထဲမှာ ရှိရဲ့လား?
ပြည်သူတွေကတော့ လောလောဆယ်တော့
ခေါင်းပေါ်တက်ထိုင်ခံနေရပြီး ရှူရှူးနဲ့အပန်းခံနေရတယ်။

ko htoo said...
အိပ်ချင်ယောင်ဆောင်နေကြတာဗျ။ တော်ရုံနဲ့တော့ မနိုးလောက်ဘူး။ နံကြားကိုပြင်းပြင်းလေးကန်ပေးမှရမှာ။
Toe Gyi said...
လက်ရှိအစိုးရက တကယ်ပဲ ပြည်သူကရွေးထား တာပါ နော် ၊ အားမနာ လျှာမကျိုး ပြန်လည်သုံးသပ် ကြည့်ပါအုံးဗျာ... ၀န်ကြီး ဆိုတာ ပြည်သူ့ရဲ့ကျွန်းလို့ ပြောပြီး မဲဆွယ်ခဲ့တဲ့ ၀န်ကြီးတွေ ရှိတယ်နော်။။။
Nwe Yin Win said...
အရင်တစ်ခါ နိုင်ငံရေးအကျဉ်းသား အရေတွက် ကိစ္စမှာလည်း ကိုကိုလှိုင်ကနေ ကိုကိုလိမ် ဖြစ်ပြီးပြီနော၊ သတိထားပြီးပြောပါ ကိုကိုလိမ်ရေ၊ ဒီလို ကလေးကိုသင်သလို ချော့ပြောလို့ကတော့ ရှင့်စည်ပင်ဝန်ထမ်းတွေက ပျင်းတောင်ပျင်းသေးတယ်လို့ ပြောလိမ့်မယ်။ လဒ်စားတာကိုတိုင်ဘို့ နဲ့ အရေးယူမယ့် အစီအစဉ်လေးသာ ပြည်သူတွေ ချပြလိုက်စမ်းပါ၊ တစ်ခါထဲ မြို့မေတ္တာခံယူမယ့် ဝန်ထမ်းတွေ ဖြစ်လာလိမ့်မယ်။
မောင် said...
မိမိတို့ အကြောင်းအမျိုးမျိုးနဲ့ လိုရာခရီးရောက်အောင် ဘတ်စ်ကားတွေ စီးကြရပါတယ်။ မိမိ ဘတ်စ်ကားစီးတိုင်း အခုလိုတွေးမြင်မိပါတယ်။

မိမိမြင်တာရိုးရိုးလေးပါ။

ခရီးသည်တွေကို လိုရာခရီးရောက်အောင် ပို့ဆောင်မောင်းနှင်ပေးနေတဲ့ ဒရိုက်ဘာတွေဟာ အုပ်ချုပ်သူနဲ့အတူတူဘဲဖြစ်ပြီ။ ၀န်ထမ်းဆိုတာကတော့ စပါယ်ယာနဲ့တူပါတယ်။ ပြည်သူတွေက ခရီးသည်တွေပေါ့။

ဒီလိုနှိုင်းလို့ အောင့်သက်သက်တော့ဖြစ်မလားဘဲ။

အစိုးရ အုပ်ချုပ်သူတွေက ဒါရိုက်ဘာဆိုးတွေ မဖြစ်ဘို့အရေးကြီးသလို
ဝန်ထမ်းတွေကလည်း ခရီးသည်တွေကို ကောင်းမွန်စွာဆက်ဆံတဲ့ ကူညီရိုင်းပင်းတဲ့ စပါယ်ယာလိုမျိုးတွေဖြစ်ဘို့တော့လိုပါတယ်။

မထင်ရင်မထင်သလို မောင်းတတ်တဲ့ ခရီးသည်အလိုကြ မှတ်တိုင်မှာရပ်မပေးတဲ့ ဒရိုက်ဘာတွေ၊ ခရီးသည်တွေအပေါ် ဆက်ဆံရေးမောက်မာတဲ့ ကိုယ်နှုတ်ရိုင်းပြစော်ကားတဲ့ စပါယ်ယာတွေကိုမြင်တွေ့တိုင်း အုပ်ချုပ်သူအစိုးရနဲ့ဝန်ထမ်းတွေကို မိမိသွားပြီးအမှတ်ရမိပါတယ်။

ဒရိုက်ဘာကောင်းနဲ့စပါယ်ယာကောင်းတွေနဲ့ ရှားရှားပါးပါးတွေခဲ့ရင် ကျေးဇူးတင်ရပါတယ်။

မိမိတို့အမြဲကျေးဇူးတင်နေချင်ပါတယ်။

Public Servant said...
We should realize such misconception and shift to proper inception of public-oriented.
It is strongly recommended that the term "Government Servant" should be changed to "Public Servant" as what U Ko Ko Hlaing said.

လူဆိုး said...
လူပြောမသန် လူသန်မပြော
လူကောင်း said...
ပညာရှင်ပီသပါပေတယ်..ဆရာဦးကိုကိုလှိုင်ရယ်..
ဆရာ့လိုလူမျိုး ပါတီတိုင်းမှာ အယောက်ပေါင်းများစွာ ရှိမယ်ဆိုရင် မြန်မာပြည်ကြီးအေးချမ်းနေမှာ အမှန်ပဲ
ဒါပေမယ့် အဆိုးမြင်သူတွေကတော့ ရှိနေမှာပဲ..သူ့စရိတ်နဲ့သူသွားမှာပါ..
ဆရာ ဆက်လုပ်..ကျွန်တော်ရှိတယ်.

striker said...
ပြောတော့လည်းမင်းပါပဲ ...
မဲတစ်ပြား said...
ဌာန ဖွဲစည်းပုံတွေ အနေနဲ့လည်း.....
အထက် အရာရှိ ဆိုတာမျိုး မခံယူပဲနဲ့ ဦးဆောင်သူ ခေါင်းဆောင် အဖြစ်ခံယူဖို့လိုပါတယ်....
အထက်အရာရှိဆိုတာ က အမိန့်တွေပေး ပြီး အလုပ်လုပ်တာ ဖြစ်ပြီး....
ခေါင်းဆောင် ကမှ အကောင် အထည် ပေါ်အောင် ဆောင်ရွက် နိုင်သူ ဖြစ်ပါတယ်...

WinMyint said...
ပြည်သူ့ဝန်ထမ်းဆိုတာEnglishလိုCivil Servant လို့ဆိုပါကြောင်း..။
သိအောင်ဗဟိုဝန်ထမ်းလေ့ကျင့်ရေးကျောင်းမှာသေချာစွာသင်ပေးပါ။
အထက်နဲ့အောက်ဆိုတာကလည်းတာဝန်ခွဲဝေယူချင်သာဆိုတာလည်းနားလည်စေချင်ပါသည်။ဗျူရိုကရက်ဆိုးများအားဖယ်ရှားမှတိုင်းပြည်တိုးတက်ပါမည်။

harry said...
He is a wise man.Good Speech.
Unknown said...
သမ္မတကြီး သနားပါတယ်.....အောက်ကလူတွေက
စကားနားမထောင်ဘူး....ရှေ့  ကပြောလိုက်..နောက်ကပေါက်ကရလုပ်လိုက်နဲ့...
တမင်လုပ်နေတာများလားကွယ်.......
ဘရာဗို....ဦးကိုကိုလှိုင်...u r good..

A Mhan Tha Yar said...
ဘာတွေပြောင်းလဲလာပါစေ ကောင်းသောပြောင်းလဲခြင်းမျိုးဆိုရင်တော့ အမြဲ ကြိုဆိုရမှာပါဘဲ
Black666 said...
ပညာရှင်ပါ။ လေးစားပါတယ်။
"အစိုးရ ဝန်ထမ်းများမှာလည်း ပြည်သူ၏ အခွန်ငွေဖြင့် လခပေးအပ်ထားသည့်အတွက် ပြည်သူ့ဝန်ထမ်းများသာ ဖြစ်သည်။" ဆိုတဲ့အချက်ကိုအကြိုက်ဆုံးပါဘဲ။
ဒင်းတို့ ဘယ်နေရာဖြစ်ဖြစ် ဆေးရုံစောင့်၊ စာရေး ကအစ ပညာပြနေတာ ဒီစကားကိုဒင်းတို့သိဖို့ကောင်းတယ်။

August Thein Saung said...
ပြောပြီး ပြီးရော မဖြစ်ရန်လိုကြောင်း၊
နားရှိလို့ သာကြား မဖြစ်ရန်လည်းလိုကြောင်း၊
သားသမ္မီးမကောင်း မိဘခေါင်း ဆိုပေသော်ငြားလည်း၊
လက်ရှိအနေအထားမှာ သားသမ္မီးမကောင်းသလို မိဘကပိုဆိုးတာတော့
ဘယ်သူ့ ခေါင်းကိုပုံရမှာလည်း၊
အပြောကတော့ ရွှေမန်း၊
ပြောပြန်ရင်လည်း အောင်မင်း လွန်ရာကြမယ်၊

ယုယမောင် said...
မှန်ကန်ပါသည်..
ဝန်ထမ်းဆိုသည်မှာ နိုင်ငံဝန်ထမ်း/အစိုးရ၀န်ထမ်း ဟု ဘောင်ကျဉ်းကျဉ်းလေးအတွင်း ခေါ်ဆိုရမည်မဟုတ်ပါ... နိုင်ငံတော်နှင့်ပြည်သူ၏ အကျိုးစီးပွားအတွက် ကာကွယ်မြှင့်တင်ပေးရန်တာဝန်ရှိသဖြင့် ပြည်သူ့ဝန်ထမ်းဟုသာ ခေါ်ဆိုရပါမည်... အင်္ဂလိပ်လက်ထက်ကပင် Government Service ဟုမခေါ်ဆိုခဲ့ပါ... Civil Service ဟုသာ သုံးနှုန်းခဲ့ကြပုံကို ကြည့်ခြင်းအားဖြင့် ၀န်ထမ်းများအား အုပ်ချုပ်သူ အစိုးရ လက်ပါးစေအဖြစ် သွပ်သွင်းလိုသော အာဏာရှင် အစိုးရများတွင်သာ အစိုးရ၀န်ထမ်းဟု စတင်သုံးနှုန်းခဲ့သည်ကို တွေ့ရပါမည်။
တကယ်ဆို ၀န်ထမ်းသည် ပြည်သူနှင့် နိုင်ငံတော်အကျိုးစီးပွားကို ဆောင်ရွက်ပေးသော ပြည်သူ့ဝန်ထမ်းသာလျှင်ဖြစ်ရပါမည်။ ပြည်သူ့ဝန်ထမ်း(ပြည်သူ့တာဝန်ကိုထမ်းဆောင်ပေးသော)ဟုသာ ခေါ်ဆိုရပါမည်။

Mg Nyi Zin said...
ပညာရှိသုခမိန်...ဦးကိုကိုလှိုင် ခင်ဗျာ...။ လက်ရှိအစိုးရဟာ ခင်များပြောသလို ပြည်သူက အမှန်တကယ် တင်မြောက်ထားတာ ဟုတ်မဟုတ်( ဆိုလိုတာက လက်ရှိအစိုးမှာ ပါဝင်တဲ့ လူများကို ပြည်သူက ထောက်ခံမှု ရှိ/မရှိ )ဆိုတာ ခင်များတို့ လို လူလည် လူနပ်တွေ အသိဆုံးပါ။ တကယ်လို့ လက်ရှိအစိုးရဟာ ပြည်သူက တကယ်တင်မြှောက်ထားတဲ့ အစိုးရဖြစ်တယ်ဆိုရင် ...ပြည်သူက ကိုယ်တင်မြှောက်ထားတဲ့ အစိုးရကို ဘာလို့ မပူးပေါင်း ရမှာလည်း (၄)တန်းကျောင်းသား တစ်ယောက်တောင် စဉ်းစားရင် သိနိုင်ပါတယ်...။ “ဒီအစိုးရက ငါတို့အစိုးရပဲ..ငါတို့လိုချင်တာလိုအပ်တာ ပြောလို့ ရပြီ၊ အားကိုးလို့ရပြီ၊ သူတို့နဲ့ ပူးပေါင်းမှဖြစ်မယ်..” ဘာညာ စသဖြင့် ပြောဖို့ လိုသေးလို့လားဗျ။ ခင်များရဲ့ ဒီစကားထဲမှာ အစိုးရဟာ တကယ့်ပဲ ပြည်သူရဲ့ထောက်ခံမှုနဲ့ တတ်လာတာလား ၊ မဲလိမ်မဲခိုးပြီးတတ်လား တာလားဆိုတာ သိသာနေတယ်ဗျ.။ ပြည်သူဆိုတာ ခင်များတို့စကားမှာလမ်းဆုံးသွားမယ့် လူအ၊လူန တွေမဟုတ်ပါဘူးဗျ..။ ပညာရှိသုခမိန် ဦးကိုကိုလှိုင် ခင်ဗျား.. တကယ့်အရေးကြီးတာက ပြည်သူတွေပေါ်မှာထားတဲ့ စေတနာပါဗျ..။ စေတနာ မမှန်လို့ကတော့ လုပ်ရပ်လည်း မမှန်နိုင်ပါဘူး။ ခင်များ ကိုယ်စားပြုထားတဲ့ အစိုးရ သမိုင်းလှ...မလှ...စောင့်ကြည့်ပါ။ ဒီနိုင်ငံမှာ နိုင်ငံရေး အကျဉ်းသား မရှိ ပါဘူးလို့ ခင်များ..ပြောကတည်းက ခင်များဟာ ဘယ်လို လူစားလည်းဆိုတာ ပြည်သူအားလုံးက သိပြီးသားပါ.။

No comments:

Post a Comment