Friday, February 24, 2012

ထောင်ကျော်တန် ဆင်း(မ်)ကတ် ပေါ်ထွက်လာရန် ကြံ့ခိုင်ရေးပါတီ အဆိုတင်သွင်းမည် ဟုဆို

ရန်ကုန် ဖေဖော်ဝါရီ ၂၀

ပြည်သူလူထုအကြား ငါးထောင်တန် မိုဘိုင်းလ် တယ်လီဖုန်းများ အကြောင်း ကျယ်ကျယ်ပြန့်ပြန့် ပြောဆိုဆွေးနွေး နေကြချိန်တွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီက ကျင်းပဆဲဖြစ်သည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ဆက်သွယ်ရေး ဥပဒေနှင့် လိုက်လျောညီထွေ ဖြစ်မည့် ငွေကျပ်ထောင်ကျော်တန် ဆင်း(မ်)ကတ်များ ပေါ်ထွက်လာရန် အဆို တင်သွင်းသွားမည် ဖြစ်ကြောင်း ပြုပြင်ပြောင်းလဲရေးနှင့် ခေတ်မီဖွံ့ဖြိုးတိုးတက်မှု စီစစ်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးအောင်သိန်းလင်းက ဖေဖော်ဝါရီလ ၁၈ ရက်နေ့တွင် ပြောကြားသည်။


ယင်းအဆို တင်သွင်းနိုင်ရေးအတွက် လတ်တလောတွင် ပညာရှင်များထံမှာ အကြံဉာဏ်နှင့် သတင်းအချက်အလက်များ ရယူနေကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။


" ပြည်သူအများကြီး အကျိုးရှိမယ့် ကိစ္စလို့ မြင်လို့ အဆိုတင်ဖို့ စီစဉ်တာပါ " ဟု ၎င်းက The Voice Weekly သို့ ပြောကြားသည်။


မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းက မတ်လဆန်းတွင် ထုတ်လုပ်ရောင်းချမည့် တန်ဖိုးနည်းဖုန်းများ၏ ဈေးနှုန်းမှာလည်း ကျပ်တစ်သိန်းခွဲ ဝန်းကျင်သာ ရှိမည် ဖြစ်ကြောင်း အတည်မပြုနိုင်သေးသည့် သတင်းများ ထွက်ပေါ်လျက် ရှိသည်။

 The Voice Weekly

44 comments:

ko myo said...
kyant phoot,why do you follow up other ideas?Do not have your own ideas?I think,no body can not intrest your information.
myo myanmar

micromyo said...
welcome.
Thant Zin (Yamethin) said...
လုပ်ကြပါ။ အခုမှ လူပြောများမှ ထလုပ်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဘယ်သူပဲနိုင်ငံရေးအမြတ်ထွက်ပါစေ ပြည်သူတွေနဲ့ နိုင်ငံ ကောင်းရင် ပြီးတာပါပဲ။ ၅၀၀၀ိ မဟုတ်တောင် ၁၀၀၀၀ိ လောက်ဆိုလည်း မဆိုးပါဘူး။ အခု ၂၀၀၀၀၀ိ ဖုန်းကတော့ လုံးဝ ကန့်ကွက်တယ်။ အားလုံးလည်း ကန့်ကွက်ကြပါ။ အမျိုးသားရေးပါ။
phyo lin said...
ကြံဖွတ်ကတော့ ပွဲလန့် တုန်းဖျာခင်းတော့မယ်နဲ့ တူတယ်ဗျို့ ။
မောင် said...
" ပြည်သူအများကြီး အကျိုးရှိမယ့် ကိစ္စလို့ မြင်လို့ အဆိုတင်ဖို့ စီစဉ်တာပါ" ဟု ၎င်းက The Voice Weekly သို့ ပြောကြားသည်။

ဟုတ်တာပေါ့ဗျာ..၊ အရင်အစိုးရက နည်းနည်းလေးမှ သောက်သုံးမကျတဲ့ အစိုးရနော် ဦးအောင်သိန်းလင်း။

ငါဖို့ဘဲကြည့်နေတော့ ပြည်သူတွေကိုကြည့်ဖို့မေ့နေတယ်နော် ဦးအောင်သိန်းလင်းတို့ထောက်ပြမှဘဲ ထင်းကနဲပေါ်တော့တယ်။

အော်..ဒါနဲ့ လွှတ်တော်မှ မျက်နှာလိုမျက်နှာရ မယ်ဆွယ်အဆိုလေးနဲ့ ဖြစ်လာမယ့် တယ်လီဖုန်းကဒ်က တခြမ်းဘဲသုံးလို့ရတဲ့ကဒ် ဖြစ်နေဦးမယ်နော် ဦးအောင်သိန်းလင်း။

sanay nagar said...
မဖြစ်နိုင်ဘူး။လုံးဝမဖြစ်နိုင်ဘူး။ခင်ဗျား ကျွန်တော့် ခွင်တွေကိုလာ မဖျက်ပါနဲ.
အဆိုကိုရုတ်သိမ်းပေးပါ ။ ဟု လွှတ်တော် တွင်ဆက်သွယ်ရေးဝန်ကြီးသွေးရူးသွေးတန်းပြောကြား

zhkk said...
I just came back from Indonesia. In Indonesia i bought and paid 5000 Rp for a sim card. It cost 465 kyats. There are a lot of Sim card selling shops in every where. People get income and more jobs from cheap SIM card. Clean government should emphasize on this Sim Card Issue.
Unknown said...
uhmmm...နှမ်းဖြူးပါတော့ မယ်.......be careful!!!
ဖေကြီး said...
ဟေးခွေးသတောင်းစားဆက်သွယ်ရေး..

တန်ဖိုးနည်း ဆိုပြီး 300,000/- ဖြစ်လိုက် 250,000/- ဖြစ်လိုက် အခု 200,000/- ဖြစ်လိုက်ပြန် ဟောအခု 150,000/-ဖြစ်ပြန်တော့မယ် ပြည်သူကို စမ်းနေတာလား။ ဒီလောက်တောင် စမ်းချင်တယ် ဆိုရင် ...လာစမ်းလိုက်။

ရာရာ said...
ဟားဟား...ဖွတ်ကြီး တို့ လမ်းခင်းပြီးမဲမဆွယ်တော့ဘူးဟေ့...ထောင်ကျော်တန်ဆင်းမ်ကဒ် နဲ့အကွက်သစ်ထွင်ပြန်ပြီ...ဖွတ်ကြီးရေ..မင်းတို့မလုပ်ခင်ကတည်းက ပြည်သူတွေကအက်တစ်ဖြစ်နေပြီးတာမို့ တခြားနည်းလမ်းသုံးပါလားကွာ...တော်ကြာမှ မင်းတို့ပါလို့ ရွာပျက်နေပါဦးမယ်...
မေတ္တာရှင် said...
သြေ ထင်သားဘဲ ဒီအကွက်ကိုရောက်ဖို့ ဒီလမ်းဖောက်နေတာ . . .
မဲတစ်မဲ ဆင်းကဒ် တစ်ကဒ်တော့ မလုပ်လောက်ပါဘူးနော် . . . လုပ်ရင်လုပ်ပေါ့ ရှင်တို့က ဥပဒေ အထက်ကနေတဲ့လူတွေဘဲ . . .
မသူတော် အဆိုပြုမှ ဟိုဒင်းမသူတော်ကြီးများ ခွင့်ပြုရင်တော့ . . .ဟိ ဟိ
သားသားရှပ်ရှပ်

2010fairygodmother@gmail.com said...
မတ်လမှာ ထုတ်မယ့် ဖုန်းတွေတဖြေးဖြေးနဲ့ ဈေးလျှော့လာပြီနော်
ပြည်သူတွေနည်းနည်းတော့ ၀မ်းများလာသလိုပဲ အယ် ဟုတ်ပါဘူး ၀မ်းသာလာသလိုပဲ ထပ် လျှော့လိုက်ပါလား ဟင် သိပ်မထူးပါဘူးရွှေပြည်တံခွန်က ၅၀၀၀ နဲ့ဆိုတော့ တို့ဆက်သွယ်ရေးကြီးက သုညတလုံးပိုတယ်ဟေ့ ပြောပြီးတော့ ၅၀၀၀၀ လောက်နဲ့ ရောင်းပေးရင်တော့ တို့ပြည်သူတွေ နဲနဲစဥ်းစားမယ်သိလား... ၀ယ်ဖို့ မ၀ယ်ဖို့ကိုလေ...
အော် တခုတော့ ရှိတယ်နော်.. ဟယ်လို.. ဟယ်လို.. ဟယ်လို... ကြားလား .. ကြားလား.. ဆိုတဲ့ ၀ဋ်ကတော့ ကျွတ်ချင်ပါပြီ... နိုင်ငံတကာကလဲ တို့မြန်မာပြည်ကို ခြေဦးလှည့်နေပြီဆိုတော့ ဟယ်လို... ကြားလားတွေ မရှိသင့်တော့ပါဘူး.. (အဆိုတင်သွင်းမယ့်သူတွေက မဲဆွယ်စည်းရုံးတာတော့ မဟုတ်ပါဘူးနော်..)

kajokajaung said...
Whatever good news for citizens.
မေတ္တာရှင် said...
ဘောလုံးလောကနဲ့ ပြောရရင်တော့ တိုက်စစ်မှူး အောင်သိန်းလင်းမှ လူကျွန်ဘောကြီးမှန်းသိရက်နဲ့ ကန်သွင်းတော့မှာမို့ . .
ဒိုင်လူကြီးတွေ လဒ်စားပြီး ပေးမဂိုးနဲ့နော်. . . အသင်းကြီးဖြစ်ပြီးတော့ ရိုးသားပါနော် . . .

Violin Angle said...
နင်တို့ ဘယ်လိုပဲဆွယ်ဆွယ် ကြံ့ဖွတ်ကို မဲမထည့်တာ မထည့်တာပဲ တို့တွေက NLD ကိုပဲမဲပေးမှာ
robin said...
ကြံဖွက်တွေကသူတိုကိုမဲပေးဖိုကိုပြည်သူတွေကိုတဖက်လှည်မဲဆွယ်နေတာကွ
OZI said...
USDP is leading political party in country at present.But no party members are active for country. Idea come behind the voters. Aung Thein Lin himself said he could work by under instruction. It is a follower minded. Get rest instead of seating at inside parliament. PM/ Parliament member must foreseen cause and effect before voters' voice out. Elected person and appointed person are totally different. Appointed persons are worked by order or under instruction. Elected persons are acted by his own sense.
Hla Kyaw Nay said...
ဘယ်သူပဲလုပ်လုပ် လူထုအတွက်စေတနာပါရင် ပြီးတာပဲ။ အကျိုးဖြစ်ထွန်းရင် ပြီးတာပဲ။

ကိုယ့်စေတနာမှန်ရင်ဖြစ်ဖြစ်၊ မှားရင်ဖြစ်ဖြစ် အချိန်တန် ကိုယ့်ပြန်အကျိုးပေးမှာမလွဲ။

ဘယ်သူဘာလုပ်လုပ် ကောင်းတာမှန်တာတရားတာဆိုရင် လှကျော်နေတို့က ဘယ်သူ့မျက်နှာမှမကြည့်ပဲ ကြိုဆိုပြီးသားပဲ။

zero said...
Good news for every citizen except MPT authorized persons.
tharzaw said...
We are not believe you & your party, why not, you are very disappointment for us.
Now, we have very bad connection for communications.

tharzaw said...
ကြံ့ဖွတ်ကတော့ လုပ်ချလိုက်ပြန်ပြီ ...
သြော် ငါ့ထိုင်ခုန်လေး ငါ့ထိုင်ခုန်လေး မဲများများပေး

ဝေးသေးတယ် ...

murabito said...
phyit naing yin ala kar tg pay ya own mar pr,
ကိုငလင်း said...
၅၀၀၀တန်ဖုန်းကိုတော့ကြိုဆိုပါတယ် ဒါပေမယ့် မဲတော့မမျှော်လင့်ပါနဲ့ကိုအောင်ရယ် မြို့တော်ဝန်ဘ၀တုန်းက စည်ပင်ကကိုယ့်ဝန်ထမ်းတွေကို သူခိုးတွေလို့ရှုံ့ချပြီ ဌာနကိစ္စတွေဆိုင်းငံ့စေ။ ကြံ့ဖွတ်လမ်းခင်းဖို့ ကိစ္စတွေကြတော့ချက်ချင်းဆောင်ရွက်စေခဲ့တာတွေကိုသိနေတယ်နော်။ ငလျင်လှုပ်တုန်းမို့ဖျာခင်းဖို့တစ်ခုတည်းမရည်ရွယ်စေချင်ပါ။ ။
yeyintyanwai said...
U Aung thein linn---- People watch you doubtfully. But I will believe if you can make all people
happy with low cost sim card.

yeyintyanwai said...
I will buy 3 sim-cards for my family if a sim-card price is 1,0000 KS. DON'T DISTURB ME. I CAN'T WAIT FOR 5000 KS SIM-CARD.
Myanmar said...
ဒီဘဲက ၇ာဇ၀င်တွင်သွားပီ။ လမ်းနည်းနည်းအခင်းပြတယ်။ ကျန်တာ အိတ်ထဲထည့်သွားတယ်။ ဘာသာခြားတွေကို အနံ့သွားပေးတယ်။ နိုင်ငံတော်က ပြန်ထိန်းလိုက်၇တယ်။ သင့်မသင့် စဉ်းစားနိုင်သူမဟုတ်။ မိုက်၇ဲလို့ နေ၇ာ၇လာတဲ့ ခေတ်ပျက်လူမိုက်သက်သက်ဘဲ။ ဘာမှမယုံကြည်ထိုက်ဘူး။ ။
ချစ်ရာ မ said...
မဲဆွယ်လဲ တို့ကမပေးဘူနော်။ NLD ပဲပေးမယ်။
ချစ်ရာ မ said...
မဲဆွယ်လဲ တို့က NLD ပဲ မဲပေးမယ်ကွာ။
naingwinlwin said...
ကျုပ်တို့မြန်မာတွေ ပြည်ခိုင်ဖြိုး ကထင်သလို မညံ့ကြပါ၊ အဲဒီလိုလွှတ်တော်မှာ အဆိုတင်သွင်းရင်လည်း ဘယ်လိုရည်ရွယ်ချက်နဲ့ပဲ တင်တင် အများပြည်သူတော့ အကျိုးရှိပါတယ်(အကောင်းမြင်ဝါဒပါ)။
လွန်ခဲ့တဲ့၁၀စုနှစ်များကသာ ပြည်သူတွေအတွက် ဘက်ပေါင်းစုံက ဒီလိုစဉ်းစား
လုပ်ဆောင်ခဲ့ကြရင်....။
ပြည်သူ့အတွက်တကယ်စေတနာမှန်မှန်နဲ့ သာဆက်လုပ်ကြပါ။ တချိန်ချိန်မှာတော့ ပြည်သူတွေရဲ့စစ်မှန်တဲ့၊ကောင်းမွန်တဲ့တုန့်ပြန်မှူတွေပြန်ရနိုင်ပါတယ်။ ဆယ်စုနှစ်ပေါင်းများစွာလည်းဖြစ်နိုင်တာပေါ့။
အားတင်းထားပြီး ဆက်လုပ်ကြပါ(နိုင်ငံ့အရေး၊လူသားတွေ အရေးကောင်းမွန်အောင်ဆောင်ရွက်နေကြသော မည်သူကိုမဆို)။
တစ်နပ်စားတော့မလုပ်ကြပါနဲ့။
နိုင်ဝင်းလွင်
စိုက်/သု
နေပြည်တော်

tun tun lin said...
ah ah , what is going on ? gentleman ,how do u think to us ,all of us have international knowledge and especially about sim card so pls be carefully when u start to sell that 150000 kyats is too much ,ahh may be u wanna win in April and that gonna be your dream ,keep in your mind never ever ok ,do u know who will be winner , very clear It is NLD
Su Nay Lay said...
aha again , we will see
3f7bfdac-5c9c-11e1-b107-000bcdca4d7a said...
၅၀၀၀တန်ဖုန်းကိုကြိုဆိုရင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီမဲထည့်ကြပါ။ အမျိုးသားရေးပါ။၅၀၀၀တန်ဖုန်းကိုကြိုဆိုရင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီမဲထည့်ကြပါ။
အာကာထက် said...
ကိုကြွံဖွတ်တို့ရယ် နည်းနည်းလေး ကိုယ်ပိုင်အယူအဆနဲ့ စဉ်းစားပြီး တခြားနည်းလမ်းတွေထွင်ပါအုံးလား တိုင်းပြည်အတွက် လုပ်စရာတွေအများကြီးပါ ဥပမာ လဒ်စားမှုတွေကို ကြွံခိုင်ရေးပါတီက ပြည်သူနဲ့အတူပူးပေါင်းပြီး တိုက်ဖျက်မယ်ဆိုတဲ့ အဆိုတို့
မတရားလယ်သိမ်းခံ၇တဲ့တောင်သူတွေဖက်ကရပ်တည်ပြီးဆောင်ရွက်မယ်တို့
တရားစီရင်တဲ့အခါမှာ မျှတအောင်လုပ်ဖို့တို့ လွတ်လပ်စွာစည်းရုံ့းဟောပြောခွင့်ပေးဘို့တို့ ဒါတွေကိုလုပ်စမ်းပါ ပြည်သူလက်ခံလာပါမယ် အခုတော့ သူများ ဆင်းကဒ်အော်ပြီးမှ နောက်ကလိုက်အော် တချိန်လုံးတန်ဘို့းအကြီးဖုန်းတွေကို ပြည်သူကိုမတရားရောင်းစားခဲ့လို့ဝမှာကွာ လာအော်နေသေးတယ် အကောင်းမြင်ချင်ပါတယ် ဒါပေမဲ့လမ်းတခြမ်းခင်းသလိုတော့မလုပ်နဲ့ပေါ့

ko ko said...
Dear Aung Thein Lin, I understand that YCDC become worse and worse under control. Do you mind for public? I don't believe that.
o@sis said...
မဲ တမဲ နဲ့ ထောင် ကျော်တန် ဆင်းကဒ် တစ်ကဒ် လဲတော့မယ် ထင်တယ်။ :)
Bravo said...
ခင်ဗျားနေရာမှာ ကျနော်သာဆို ရှက်လွန်းလို့ရပ်ကွက်ထဲတောင်မျက်နှာပြရဲမှာမဟုတ်ဘူး။ မြို့တော်ဝန်ဘဝတုန်းက မြေလွတ်မြေရိုင်းတွေကို တရုပ်၊ ကုလား၊ ခရိုနီတွေနဲ့ ပေါင်းစားပြီ ဂရံတွေထုတ်ပေးခဲ့လို့ ပြဿနာတွေတပုံကြီး နောက်လူတွေရှင်းရတာ တတိုင်းပြည်လုံးသိတယ်။ အခုမျက်နှာပြောင်တိုက်ပြီး နေရာဝင်လုအုံးမလို့လား။
ယုယမောင် said...
ပြည်သူလိုလားချက်ကို အခွင့်ကောင်းယူပြီး ကိုယ်ကျိုးအတွက် နံမည်ကောင်းမယူသင့်ချေ။
အမှန်တကယ်လုပ်ကိုင်ပေးခဲ့သင့်သည်များကို လစ်လျူရှုလျှက် နှစ်ပေါင်းများစွာ ကိုယ်ကျိုးအတွက် စုံမက်ခဲ့ကြပြီး အန်ထွက်အောင် ခြေစုန်ကန် (ပြည်သူကို) စားသောက်ခဲ့ကြပြီးမှ ပြည်သူ့အတွက် ဆိုပြီး တွေ့ကရလိုက်လုပ် လိုက်ပြောနေခြင်းကို ယုံမှတ်ပြီး အလုံးစုံကို ပြည်သူမှ ပုံအပ်ပေးမည်ဟု ထင်မထားပါနှင့်... နောင်ကြဉ်အောင် လုပ်ဆောင်ခဲ့ပြီးပြီလေ... အကြဉ်ခံရရင်လည်း ကျေနပ်ပါတော့.

Ko Oo said...
အော် အောင်သိန်းလင်း အောင်သိန်းလင်း - အသက်ုကီးပြီး အခုထိ ၇ နှစ်သားဦးဏှောက်
လောက်ဘဲရှိသေးတာကိုး။မင်းဘာပြောပြောမင်းနဲု့ကံ့ဖွတ်တွေကို ပြည်သူတွေကလုံးဝအယုံအုကည်
မရှိဘူး တော့ ဆိုတာ အပေါ်က comment ဖတ်ပြီး သိမှာပေါ့၊ ငါသာမင်းနေရာမှာဆို ရှက်လွန်းလို့ ချက်ချင်းလဲသေလိုက်မယ်ကွာ။

ရာရာ said...
တခြားလမ်းသစ်ထွင်ပြီး နည်းသစ်လေးသုံးကြည့်ပါ။ ခင်ဗျားတို့ သံချေးတက်ဦးဏှောက်တွေကို နည်းနည်းလောက်ညှစ်ပေးပါဦး။ လိမ်မယ်၊ညစ်မယ်၊ ယုတ်မာမယ်ချည်းပဲ ကြံမနေပါနဲ့။ ဖွတ်ဖြစ်ရှုံးသွားပါဦးမယ်။ ဟိုးအရင်က ကြားရတဲ့စကားလို 'ကလိန်စိ ငြမ်းဆင်၊ ငြိမ်ပိ လမ်းပြင်' တဲ့...။ ငြိမ်ပိကနေ ကြံ့ဖွတ်ဖြစ်တော့လည်းဒါပဲလုပ်တာပဲ။..ဦးကျော်သူက နာရေးကူညီမှုအသင်းဆိုပြီးထောင်တော့ လည်းခင်ဗျားတို့လိုက်လုပ်တာပဲ။..ပြီးတော့ ဦးကျော်သူကို ကဖျက်၊ယဖျက်ကလုပ်လိုက်သေးဗျာ...၊
အခု သူများက ထောင်ကျော်တန်း စင်းမ် ကဒ် ဆိုတော့လည်း..ဟ..ဟုတ်တယ်..ဟုတ်တယ်...စင်းမ်ကဒ် စင်းမ်ကဒ် လုပ်တာပဲ...ခင်ဗျားတို့မရှက်ကြဘူးလားဗျာ။...
စေတနာ..ဟုတ်လား..။ တော်ပါတော့ဗျာ...အဲ့ဒီ ခင်ဗျားတို့စေတနာကြီးကို ကျုပ်ငယ်ငယ်လေးထဲက နားလည်ခဲ့ပါပြီ။

d moe said...
စောင့်မျှော်နေသူငါ... စိတ်ကူးယဉ်နေသူပါ... မင်းလေးပေးမယ့်ဖုန်းတွေ...သိမ်းမထားနဲ့ တော့... အဖြူရောင်စိတ်တွေလိုတာလား... အချိန်တွေတိုင်း ငါမမျှော်နိုင်ပါ... မင်းတို့ ပေးမယ်ဖုန်းတွေ... ဈေးလျှော့ပါဦး...လူကြီးရယ်... ဒန်ဒန်ဒန်
မြေခွေးရူး said...
သူက ဆင်းမ်းကတ်လို့ဘဲပြောတာနော်။ ပြီးမှ
ဖုန်းကဆက်မရဘူးဖြစ်နေအုံးမယ်။ အဲဒီမှာ ဆက်လို့ရတယ်လို့ အာမခံမှာလား ကိုအောင်သိန်းလင်း။

ShweKaren said...
လုပ်နေကျပဲလေ....ရိုးရာပေါ့
jade prince said...
DON'T WORRY ABOUT 5000 ks SIM-CARD.All of 150.000 ks sim-cards are sold, 5000 ks sim-cards will be permitted to sell. THEY ARE '' PIKE BALL MEET NAY TEL ''.
thethnin said...
စေတနာ ဆိုပါလားးး

No comments:

Post a Comment