Tuesday, February 14, 2012

မန္တလေးမြို့အိမ်ခြံမြေဈေးကွက်တွင်ပိုင်ဆိုင်မှု အထောက်အထား မခိုင်လုံသော ကျပ်သိန်းရာဂဏန်းအောက်မြေကွက် အရောင်းအ၀ယ် အများအပြားဖြစ်ပေါ်

မန္တလေးမြို့အိမ်ခြံမြေဈေးကွက်တွင်ပိုင်ဆိုင်မှု အထောက်အထား မခိုင်လုံသော ကျပ်သိန်းရာဂဏန်းအောက်မြေကွက် အရောင်းအ၀ယ် အများအပြားဖြစ်ပေါ် PDF Print
Wednesday, 15 February 2012 11:52
AddThis Social Bookmark Button

အရောင်းအ၀ယ်ဖြစ်ပေါ်နေသော မြေကွက်အချို့
မန္တလေးမြို့ အိမ်ခြံမြေဈေးကွက်တွင် ယခုနှစ်ဆန်းပိုင်းမှစတင်ကာ ကျပ်သိန်းရာဂဏန်းအောက် မြေကွက်အရောင်းအ၀ယ် အများအပြားဖြစ်ပေါ်ခဲ့ပြီး အဆိုပါအရောင်းအ၀ယ်များမှာ ပိုင်ဆိုင်မှုအထောက်အထား စာရွက် စာတမ်း ခိုင်လုံမှုမရှိဘဲ အရောင်းအ၀ယ်စာချုပ်များဖြင့် ရောင်းချနေခြင်းကြောင်း စုံစမ်းသိရှိရသည်။
အခြေခံ လူတန်းစားများ လက်လှမ်းမမီနိုင်တော့သည့် မန္တလေးမြို့အိမ်ခံမြေဈေးကွက်တွင် ယင်းကဲ့သို့ ကျပ်သိန်း ၂၀ ၀န်းကျင်မှ ကျပ်သိန်း ၈၀ ၀န်းကျင်ဖြင့်ရရှိ ၀ယ်ယူနိုင်သောကြောင့် ယခုနှစ်ဆန်းပိုင်းအတွင်း မြေကွက် ရာချီကာ ရောင်းဝယ်မှုရှိခဲ့ကြောင်း သိရသည်။ သို့သော်လည်း ယင်းအရောင်းအ၀ယ်များမှာ စစ်မှန်သောဈေးနှုန်း၏ အဆပေါင်းများစွာ ကွာဟနေမှုကြောင့် ၀ယ်ယူသူများအနေဖြင့် သေချာစွာ လေ့လာဝယ်ယူ သင့်ကြောင်း အိမ်ခြံမြေအကျိုးဆောင်များက သုံးသပ်ကြပါသည်။ အဆိုပါအရောင်း အ၀ယ်ပြုလုပ်လျက်ရှိသော လယ်မြေ များမှာ ၁၉၉၃ ခုနှစ်ကအစိုးရမှသိမ်းယူအကွက်ရိုက်၍  စက်မှုလုပ်ငန်းရှင်များအား ၁၉၉၆ ခုနှစ်က တရားဝင်ပြန်လည်ချထားပေးသော မြေကွက်များဖြစ်ကြောင်းလည်း သိရသည်။
မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ်အတွင်းရှိ မြေဧကကွက်များကို  အစိပ်စိပ်ပိုင်းကာ ယင်းသို့ ရောင်းချနေမှုအပေါ် မြေကွက်ပိုင်ရှင်တစ်ဦးက''တောင်သူတွေအနေနဲ့ အသိမ်းခံခဲ့ကြရတာမှန်ပေမယ့် သူတို့ကို 'ဒဒ၊ဓဓ၊နန'ဆိုတဲ့ အကွက်တွေမှာ အစားပြန်လည်ချထားပေးခဲ့ပြီးသားပါ။အခုလိုအရင် ပိုင်ခဲ့တဲ့တောင်သူနဲ့ ပွဲစားတွေပေါင်းပြီး တစ်ဧကကွက်ထဲမှာ ဖရဲသီးစိပ်သလိုမျိုး အစိပ်စိပ်ပိုင်း၊ အကွက်ရိုက်၊ ခြံခတ်ပြီး ကျပ် ၁၅ သိန်းတတ်နိုင်တဲ့သူဆို ၁၅သိန်း၊ ကျပ်သိန်း၂၀ လောက်သုံးနိုင်တဲ့သူဆို သိန်း၂၀ နဲ့ ရောင်းနေကြတာ။ စာရွက်စာတမ်းဆိုလို့ အရောင်းအ၀ယ် စာချုပ်ပဲပါတယ်။ ပြောရရင် တစ်ဧကကိုကျပ်သိန်း ၂၀၀၀ လောက်က နေကျပ်သိန်း ၅၀၀၀ လောက်ပေါက်ဈေးရှိပြီး အဆမတန်ကွာဟနေတာကြည့်ရင် ဒါဟာဝယ်တဲ့သူတွေပဲ နစ်နာမှာပါ။ ကျွန်မတို့အနေနဲ့ ပိုင်ဆိုင်တဲ့ မြေဂရန်၊ စာရွက်စာတမ်းတွေ အခိုင်အမာ ရှိပြီးသားပါ။ ၀ယ်တဲ့ သူတွေ နစ်နာဆုံးရှုံးမှု မရှိစေချင်ပါဘူး''ဟု ဆိုပါသည်။
''မန္တလေးမြို့ဧရိယာက အရင်ကတည်းက ၄၄ လမ်းထိ သတ်မှတ်ပြီး အကွက်တွေရိုက်ထားတာ။ အခုမှ သတ်မှတ်တာမဟုတ်ဘူး။ အခုဖြစ်နေတဲ့ စက်မှုမြို့သစ် ရတနာလမ်းမြောက်ဘက် ၅၁ လမ်းကနေ ၄၆ လမ်းအထိ ဧကကွက်တွေမှာဆိုရင်  ရရှိထားတဲ့ လုပ်ငန်းရှင်က ခြံဝန်းကာထားတာတွေကို ရိုက်ချိုးဖျက်ဆီးပစ်တယ်။ ဒီလိုလုပ်ရကိုင်ရ အခက်အခဲရှိတာကြောင့် အခုနေရာတွေကို တရားလွှတ်တော်ရှေ့နေနဲ့ ကွင်းဆင်း ကြည့်ရှုပြီးမြို့တော်ဝန်၊ တိုင်းဒေသကြီးဝန်ကြီးချုပ် အဆင့်ဆင့်ကိုတင်ပြဖို့ လုပ်နေပါတယ်။ သက်ဆိုင်ရာ အဆင့်ဆင့်ကို တင်ပြထားတဲ့စာ ၃၀ ရှိပါပြီ''ဟု မြေပိုင်ရှင်တစ်ဦးကလည်း ပြောကြားခဲ့သည်။

''စာရွက်စာတမ်း အခိုင်အမာရှိတဲ့သူတွေက ကိုယ့်နေရာမှာသွားပြီး ဘာမှမလုပ်ရဲဘူး။ ကြောက်နေရတယ်။ ပြောရရင်ပြီးခဲ့တဲ့အပတ်ကပဲ လူ ၃၀ လောက်ခေါ်ပြီး သံဆန်ခါသွားကာခဲ့တာ။ နောက်နေ့ကျတော့ လူ ၆၀ လောက်လာပြီး ဖျက်ဆီးသွားရော။ ပိုင်ရှင်တစ်ယောက်ကျတော့လည်း ၀န်းခတ်မလို့သွားတာ လယ်ယာစိုက်ပျိုးခွင့်မပြုတော့ဘူးဆိုမှသာ ခြံဝန်းကာခွင့်ပြုနိုင်မယ်လို့ ပြောလွှတ်လိုက်တယ်။ ဒီတော့ဆိုင်ရာကို တင်ပြပြီး ဥပဒေအရဆောင်ရွက်မယ်ဆိုတော့ တစ်ဧကကိုကျပ်သိန်း ၂၀၀ လောက် ကုန်ကျစရိတ်ရှိနေပြန်ရော။ ခေတ်နဲ့စနစ်အရ ပိုက်ဆံမပေးရဘဲ ဘာမှမပြီးဘူးတဲ့လေ။ အရင်အရှိန်တွေ ကျန်နေသေးတာပေါ့။ ဘာပဲဖြစ်ဖြစ် ပေးစရာရှိတာလည်း ပေးမယ်။ လုပ်စရာရှိတာလည်း လုပ်မှာမို့ ဘာမှန်းမသိဘဲ ၀ယ်တဲ့သူတွေကို မနစ်နာစေချင်ဘူး။ ဒီမိုကရေစီဆိုပြီးဖြစ်လာတဲ့ အခုလိုစပ်ကူးမပ်ကူးကာလမှာ လုပ်စားကြတဲ့စီးပွားရေး သမား၊ အချောင်သမားတွေကြောင့် နစ်နာတဲ့သူတွေက ၀န်ထမ်းတွေနဲ့ အများစုက ဆင်းရဲတဲ့အောက်ခြေလူတန်းစားတွေပဲ ဖြစ်နေတယ်''ဟု ဆက်လက်ပြောကြားခဲ့သည်။

''ဒီနှစ်ဆန်းပိုင်းကစပြီး အိမ်ခြံမြေအရောင်းအ၀ယ်က တော်တော်အေးသွားတယ်။ အရင်ကဆို ကျွန်တော်တို့ အကျိုးဆောင်လုပ်ငန်းက တစ်ရက်ကို အရောင်းအ၀ယ် ၂၅ ခုထက်မနည်း ဖြစ်ပါတယ်။မန္တလေးမြို့ရဲ့ မြေဈေးကွက်နဲ့ ကျောက်မျက်ဈေးကွက်က တရုတ်လုပ်ငန်း ရှင်တွေ ချုပ်ကိုင်ထားတာပဲ။ အခုတန်ဖိုးနည်းရောင်းဝယ်နေကြတာတွေက စစ်မှန်တဲ့ဈေးနှုန်းရဲ့ ဆယ်ပုံတစ်ပုံမက ကွာဟနေတာကြည့်ရင် သိသာပါတယ်။ မြို့မြေ၊ ရွာမြေ လန(၃၉)အရ ခွင့်ပြုထားတဲ့ မြေမှအပ လယ်ယာကိုင်းကျွန်း ဥယျာဉ်ခြံမြေအပါအ၀င် စိုက်ပျိုးနိုင်တဲ့ မြေ အားလုံးကို ခြံကွက်ရိုက်ရောင်းချတာမျိုးဆိုရင် မြေယာဥပဒေနဲ့ တရားစွဲ အရေးယူဆောင်ရွက်မယ် ဆိုတာ ထုတ်ပြန်ထားပြီးသားပါ။ ဒါလေးတွေကိုတော့ ၀ယ်ယူသူတွေ လေ့လာသင့်ပါတယ်''ဟု အကျိုးဆောင်တစ်ဦးက ဆိုပါသည်။  
  source; Eleven Media Group

Comments 

 

+25 #3 yemaykyi 2012-02-16 10:23
မန္တလေးမှာ ဗမာစကားတောင် မပြောတတ်တဲ့ တရုတ်လူမျိုးတွေ လက်ဝါးကြီး အုပ်စိုး နေရာယူလာမှုကို ဘယ်လိုများ ကာကွယ်နိုင်ပါ့မလဲ။ တစ်ခါ တစ်ခါ စဉ်းစားမိတယ်။ တရုတ်ပြည်များ ရောက်နေသလားလို့။ ကိုယ့်နိုင်ငံ ကိုယ့်ရေမြေမှာ ဗမာစကားပြောပြီး ဆက်သွယ်လို့တောင် မရနိုင်တော့ဘူးဆိုရင်တော့ သူ့ကျွန်ဘဝ လှလှပပ ရောက်နေရသလိုပဲ ခံစားရတယ်။
အနေသာလို့ ရောက်လာကြတယ်။ အနေမသာတော့တဲ့ တစ်နေ့ ဘယ်ဆီကို ထပ်ပြီး စားကျက်ရှာကြဦးမလဲ မသိဘူး။ နိုင်ငံသမိုင်းတစ်လျှောက်ကြည့်လိုက်ရင် တိုင်းပြည်အတွက် စွန့်လွှတ်စွန့်စား ပေးဆပ်ခဲ့သူတွေထဲမှာ တိုင်းရင်းသားလူမျိုးပေါင်းစုံပါတယ။် ဘာသာမရွေး ပါဝင်ခဲ့ကြတယ။် ဒါပေမယ့် တရုတ်တွေ ဘယ်တုန်းကမှ မပါခဲ့ကြဘူး။ မလုပ်၊ မရှုပ် ၊ မပြုတ်ဆိုတဲ့ နည်းလမ်းနဲ့ ကိုယ်ကျိုးစီးပွားတစ်ခုကိုပဲ ကြည့်ပြီးနေလာခဲ့ကြတာ သေချာစဉ်းစားကြည့်ရင် အထင်းသားကြီးပါ။ ပြီးတော့ မြန်မာမိန်းကလေးတွေ ကိုယ်ကျင့်တရား ပျက်လာပြီ။ ဝတ်တာစားတာတွေ မလုံမခြုံနဲ့ဆိုပြီး အပြစ်တင်တာတွေ ကြားလာရတယ်။ သေချာ ထဲထဲဝင်ဝင် လေ့လာကြည့်လိုက်ရင် ဘယ်သူတွေ အဓိက အဲဒီလို အကျင့်ပျက်နေလဲ ၊ ဘယ်သူတွေက ရာခိုင်နှုန်း အများစုဖြစ်နေလဲဆိုတာ အသိသာကြီးပါ..။
 
 
+22 #2 myatminlwin 2012-02-15 21:09
foreigners especially CHINESE should not possess our land and the government should take action seriously and immediately.
0 #1 sunyifeb 2012-02-15 13:21
A survey should be carried out to identify how may % of Mandalay Land (Estate) have been bought by Chinese for what purpose.

No comments:

Post a Comment