ဖေဖော်ဝါရီလ ၁၁ ရက်နေ့မှစ၍ ဓာတ်ဆီဈေး တစ်ဂါလန် ကျပ် ၂၀၀ ထပ်မံ တိုးမြှင့်ရောင်းချ၊ တစ်လကျော် ကာလအတွင်း ဓာတ်ဆီရောင်းဈေး တစ်ဂါလန် ကျပ် ၁၀၅၀ ဈေးမြင့်တက် |
Sunday, 12 February 2012 14:25 | |
ပုဂ္ဂလိက စက်သုံးဆီဆိုင် တစ်ဆိုင်တွင် ဖေဖော်ဝါရီလ ၁၁ ရက်နေ့က တစ်ဂါလန်လျှင် ကျပ် ၃၅၅၀ ဖြင့် စတင်ရောင်းချစဉ်
ဖေဖော်ဝါရီလ ၁၁ ရက်နေ့မှ စကာ ပုဂ္ဂလိက စက်သုံးဆီဆိုင်များ မှ
ဓာတ်ဆီရောင်းဈေးမှာ တစ်ဂါလန် ကျပ် ၂၀၀ ထပ်မံ မြင့်တက်သွားကြောင်း
သတင်းရရှိပါသည်။‘‘ကျွန်တော်တို့ ဌာနကနေပြန် တစ်ဆင့်ဝယ်ရတဲ့ဈေး မြင့်တက်သွားလို့ပါ။ ဖေဖော်ဝါရီလ ၁၁ ရက်နေ့ ကစပြီး ကျပ် ၂၀၀ တက်သွားလို့ အရင်တစ်ဂါလန် ကျပ် ၃၃၅၀ နဲ့ ရောင်းနေတာကနေ အခု ကျပ် ၃၅၅၀ နဲ့ရောင်းရတာပါ’’ဟု ပုဂ္ဂလိက စက်သုံးဆီအရောင်းဆိုင် တစ်ဆိုင် မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပါသည်။
‘‘အရင် တစ်ဂါလန်ကျပ်၂၅၀၀ ကနေ လွန်ခဲ့တဲ့လက ကျပ် ၃၃၅၀ ဖြစ်သွားတယ်။ အခုကျပ် ၃၅၅၀ ဆိုတော့ တစ်လကျော်အတွင်းမှာပဲ ဓာတ်ဆီက တစ်ဂါလန်ကျပ် ၁၀၅၀ တက်သွားတဲ့သဘောပေါ့။ တစ်လအတွင်း တစ်ဂါလန်ကျပ် ၁၀၅၀ တက်တယ်ဆိုတဲ့ အားကသေးတော့ မသေးဘူး။ ဓာတ်ဆီမှ မဟုတ်ပါဘူး။ အောက်တိန်းပဲဖြစ်ဖြစ် ဒီဇယ်ဆီပဲဖြစ်ဖြစ် ရောင်းတဲ့ဆိုင်တွေအနေနဲ့ တစ်ကယ်တင်သွင်းတဲ့ ကုန်ကျ စရိတ်ပေါ်မှာ မျှမျှတတရှိဖို့ အရေးကြီးတယ်။ ပြည်ပဈေးကျတဲ့အခါ အမြင့်ဈေးနဲ့ ၀ယ်ထားတာ မကုန်သေးလို့၊ ပြည်ပဈေးတက်တော့ နေ့ချင်း ညချင်း လိုက်တက်ပစ်တဲ့ပုံစံမျိုး မလုပ်ဖို့တော့ လိုပါတယ်။ ဆီကလည်း မှန်မှန်ကန်ကန်၊ ဈေးကလည်း မှန်မှန်ကန်ကန်ဖြစ်ဖို့ အဓိကပါပဲ။ ဓာတ်ဆီကို အောက်တိန်းထဲ ရောရောင်းတာမျိုး မလုပ်ရင်ပြီးတာပဲ။ အောက်တိန်းဆိုလည်း အရည်အသွေးရှိရှိ အောက်တိန်း တကယ်သွင်းကြဖို့လည်း လိုတယ်’’ဟု ကားလုပ်ငန်းရှင် တစ်ဦးက ပြောကြားခဲ့ပါသည်။ |
Comments
ဒီမှာတူး၊လုပ်ခဈေးပေါပေါနဲ့ဒီမှာချက်၊သယ်ပို့စရိတ်သက်သက်သာသာနဲ့ဒီနိုင်ငံမှာပဲရောင်းတဲ့၊အဆင့်နိမ့်ဓါတ်ဆီတွေနော် 3550
ထဲနော်။ဟိုအဝေးနိုင်ငံမှာတူး၊ဟိုအဝေးကြီးလုပ်ခဈေးကြီးနဲ့ထုတ်၊
သယ်ပို့စရိတ်အများကြီးကုန်ကြခဲ့ပြီးဒီနိုင်ငံမှာရောင်းတဲ့အဆင့်မြင့်ဓါတ်ဆီနော်။ 3700 နော်။
ှဇီးကွက်စီးပွားရေးဆိုတာ တစ်လတစ်လ လောက်ငအောင် မျက်လုံးပြူး မျက်ဆံပြူးနဲ့ ရှာရတာကိုပြောတာပါ ခင်ဗျ
ဓာတ်ဆီဈေး တစ်ဂါလံ ၂၅၀ ကနေ ၁၅၀၀ တက်တော့ ဘာအကျိုးသက်ရောက်မှုရှိမလဲလို့ သတင်းထောက်တစ်ယောက်ကမေးတာ ဘာမှထူးခြားသက်ရောက်မှုမရှိပါဘူးတဲ့၊
ပြောလဲပြောရဲ နှုတ်လဲရဲတဲ့သူ .. ခုထိဘာလို့ ၀န်ကြီးအဖြစ် ရပ်တည်နိုင်သေးတာလဲ?
စဉ်းစားလို့ကို မရဘူး... ဟူး..............
သူ့လောက် မှ အရည်အချင်းရှိပြီး လူကြီးတစ်ယောက်လို ဖြေတတ် စဉ်းစားတတ်တဲ့ သူတွေ တစ်ယောက်မှ မရှိတော့ဘူးလားခင်ဗျာ...။
ဒါကတော့ အခုလက်ရှိကျင့်သူံးနေတဲ့ ပေါ်လစီပေါ် မူတည်ပါတယ်ကွယ်။
ပေါ်လစီ အမည်က ဇီးကွက် စီးပွားရေးလို့ ခေါ်ပါသတဲ့ကွယ်၊ လောကဓါတ်ကြီး အိပ်မောကျမှ စားစရာ ရှာရတဲ့ ဇီးကွက်တွေလို အမူအကျင့်ပေါ့ကွယ်။
ဒါပေမဲ့ ကုန်ဈေးနှုန်းတက်တာ လစာတိုးတာနဲတော့ မသက်ဆိုင်ပါ။
အဓိကအကြောင်းအရင်းက ကုန်ပစ္စည်း နဲလို့ပါဘဲ။
လစာမတိုးခင် လောင်စာဆီစသဖြင့် ဈေးနှုန်းတက်တာဟာ ကုန်ပစ္စည်းစီးဆင်းမှုကို အဟန့်အတားဖြစ်ပြီး ဗြောင်ပြန်အကျိုးသက်ရောက်စေပါတယ်။
ဒါ့ကြောင့် ကုန်ပစ္စည်း နဲပါးမူကိုဖြစ်စေတဲ့ ကိစ္စများကို မပြုလုပ်သင့်ပါ။
လစာတိုးပြီး အခြေအနေတည်ငြိမ် တော့မှာ့ တခုခြင်း ဖြေးဖြေးဆီတိုးတာက အကျိုးသက်ရောက်မူ့များတယ်လို့ထင်ပါတယ်။
ကမ္ဘာ့ဒီမိုကရေစီ နိုင်ငံတွေမှာ အထူးသဖြင့် လောင်စာဆီဈးနှုန်းမျိုး ဈေးမြှင့်တော့မယ်ဆိုရင် လွှတ်တော်မှာ အကျိတ်အနယ်ဆွေးနွေးပြီးမှာ့ တက်လေ့ရှိတယ်။
ဘာကြောင့်လဲဆိုရင် လောင်စာဆီ ဈေးနှုန်းတက်ယင် စတရိုက် တွေဖြစ်တတ်လွန်းလို့ပါဘဲ။
အားလုံးတော့ တက် ကုန်ပြီတိုင်းပြည် က လွဲ ရင်ပေါ့မတက်တာ တိုင်းပြည် ပဲ ကျန်တော့တာ
တော်သေးဒါပေါ့
ကျစရာလေး ရှိနေသေးလို့
ထပ်တော့မခု ပေးနဲ့ တော့နော်
နိုင်ငံတကာနဲ့ ရှင်ရင် မြင့်သေးတယ်ဆိုပြီး
လစာတိုး မတိုးတော့ မသိသေးဘူး...လောလောဆယ် ဓါတ်ဆီဈေးတက်ဘီ...
နောက် ရေ ဈေးတက်မယ်...နောက် ဘာဈေးများ ထပ်တက်အုံးမလဲ...