BOT စနစ်ဖြင့် လမ်းတံတားကြေး ကောက်ခံမှုများဒဏ် ပြည်သူများက ခံစားနေရ သုံးနှစ်အခွန်ကင်းလွတ်ခွင့် ရရှိထားသော်လည်း လမ်းမပြင်ဘဲ လမ်းကြေးသာကောက်ခံနေသည့် ကုမ္ပဏီအချို့ရှိနေ |
Sunday, 12 February 2012 10:27 | |||||||||||||||||||||||||||||||||||||||||||||||||||||||||
BOT စနစ်ဖြင့် လမ်းတံတားများကို ပုဂ္ဂလိကသို့ လုပ်ကိုင်ခွင့်ပြုရာတွင်
လုပ်ကိုင်ခွင့်ရသည့် ကုမ္ပဏီများအနေဖြင့် သုံးနှစ်အခွန်ကင်းလွတ်ခွင့်
အခွင့်အရေး၊ လမ်းတံတားကြေးကောက်ခံသည့် အခွင့်အရေးများရရှိသော်လည်း
အခွင့်အရေးကိုသာ ရယူကြပြီး လမ်းပြင်ဆင်ပေးရမည့် တာဝန်ကိုပျက်ကွက်သည့်
ကုမ္ပဏီအချို့ပင်ရှိလာကြောင်း ဆိုကြသည်။
လူစီးကားများ၊ ကုန်ကားများအား လမ်းတစ်လျောက် ကုမ္ပဏီအစုံမှ လမ်းကို
အပိုင်းပိုင်းဖြင့် ပိုင်း ဖြတ်ကာ တစ်ပိုင်းချင်းကောက်ခံနေသည့်
ကုန်ကျစရိတ်များကို အမှန်တကယ် ကားလုပ်ငန်းရှင်များ စိုက်ထုတ်ပေးနေရခြင်း
မဟုတ်ပဲ အ များပြည်သူနှင့် စားသုံးသူများသာ စိုက်ထုတ်ပေးရခြင်းဖြစ်ကြောင်း၊
ကုန်ကျစရိတ်ဖြင့်ကိုက်ညီသည်အထိ တန်ဆာခနှင့် လူစီးကားခများအား
တိုးတောင်းထားပြီးဖြစ်ကြောင်းကို ကားလုပ်ငန်းရှင်များကိုယ်တိုင်
ထုတ်ဖော်ပြောကြားခဲ့သည်။မြန်မာနိုင်ငံတွင် BOT စနစ် ဖြင့် လမ်းများကို လုပ်ကိုင်ခွင့်ပြုထားသည့် အရေအတွက်မှာ ၄၄ ခု ရှိကြောင်း၊ မြန်မာတစ်နိုင်ငံလုံးတွင် အဓိကအကျဆုံး လမ်းပိုင်းများအား BOT ဖြင့်လုပ်ကိုင်ခွင့်ပြုထားခြင်းဖြစ်ကြောင်း သိရသည်။ လုပ်ကိုင်ခွင့်ရသည့် ကုမ္ပဏီများသည် နိုင်ငံတော်သို့ အခွန်ပြန်လည်ပေးသွင်းရာတွင် ပထမ ၃ နှစ် အတွက် အခွန်ကင်းလွတ်ခွင့်ရရှိပြီး နောက်ထပ် ၁၀ နှစ်အား အခွန် ၅ ရာခိုင်နှုန်းဖြင့်သာ လုပ်ကိုင်ခွင့်ပြုထားကြောင်းလည်း သိရသည်။ ယင်း ၁၀ နှစ်အပြင် နောက်ထပ် ၁၀ နှစ်ကိုလည်း အခွန် ၁၀ ရာခိုင်နှုန်းသာပေးဆောင်ရန် သတ်မှတ်ထားကြောင်း၊ ထိုမှတစ်ဆင့် နောက်ထပ် ၁၀ နှစ်ကို အခွန် ၁၅ ရာခိုင်နှုန်းသာ ပေးဆောင်ရန် သတ်မှတ်ထားကြောင်း လည်း သိရသည်။ လမ်းပြင်ဆင်ကာ ငွေကောက်ခံသည့် ကုမ္ပဏီများရှိသကဲ့သို့ လမ်းမပြင်ဆင်ပဲ ငွေကောက်ခံသည့် ကုမ္ပဏီအချို့လည်းရှိနေကြောင်း ကုန်ကားလုပ်ငန်းရှင်များက ပြောကြားခဲ့ပါသည်။
''အာဆီယံစံနှုန်းအတိုင်း B.O.T စနစ်ကို တိတိကျကျလုပ်ရင် ကောင်းပါတယ်။ ကားလည်းသက်သာတယ်။ အန္တရာယ်လည်း ကင်းတယ်။ ဒါပေမယ့် အခုကျွန်တော်တို့သွားနေတဲ့ လမ်းပိုင်းမှာ ခြောက်ဘီးကားတွေကို ကုန်ဘယ်လောက်တင်တင် တစ်ဂိတ်ကို တစ်သောင်းခွဲကျပ်ပေးရင် ဖြတ်လို့ရနေတယ်။ တစ်ချို့ဂိတ်ဆို ငါးသောင်းကျပ်အထိတောင် တောင်းတယ်။ ဒီလိုလုပ်တော့ အာဆီယံစံနှုန်းအတိုင်းသွားတဲ့သူတွေ နစ်နာပါတယ်။ နောက်ဆုံးတော့ လမ်းတံ တားကြေးကောက်တဲ့ ဂိတ်တွေပဲ ၀င်ငွေတိုးပြီး လမ်းအသုံးပြုသူတွေက ပိုမိုကျခံနေရတယ်။ နောက်ပိုင်းမှာ လမ်းပိုင်းအများစုကတော့ ပြင်ဆင်ပေးတယ်။ တစ်ချို့တလေက တော့ပြင်ဆင်မပေးဘူး''ဟု မန္တလေး-မိုးကုတ် ကုန်စည်သယ်ယူပို့ဆောင် ရေးလုပ်ငန်းရှင်တစ်ဦးက ပြောပြခဲ့ပါသည်။ ''မန္တလေး-မူဆယ်လမ်းပိုင်းဟာ B.O.T စနစ်လမ်းပိုင်းပါ။ လမ်းကောင်းလို့ သွားလာရေးအဆင်ပြေပေမယ့် တန်ပိုကန့်သတ်ချက်တွေကြောင့် အချိန်နှောင့်နှေးမှုတွေရှိလာတယ်။ ကားသမားတွေအနေနဲ့ တန်ပိုမှာ ကုန်တဲ့အချိန်နဲ့ နောက်တန်ပို မှာ နေရာရဖို့အတွက် အမြန်မောင်းလာကြတယ်။ ဒီလိုမောင်းတဲ့အတွက် ကားမှောက်တာတွေ၊ ကားတိုက်မှုတွေ ဖြစ်လာတယ်။ အမြန်မောင်းတဲ့ ကားသမားကို အပြစ်ပြောလို့လည်း မရဘူး။ တချို့ကုန်တွေက အချိန်ကြာကြာမခံတဲ့ကုန်တွေပါတယ်။ ဒီ တော့ သူအတွက် တန်ပိုမှာကုန်ခဲ့ရတဲ့ အချိန်တွေကို အစားထိုးဖို့လိုလာတယ်။ တကယ်တမ်းကြတော့ တန်ပိုက B.O.T ကုမ္ပဏီတွေ အကျိုးရှိဖို့ပဲဖြစ်နေတယ်။ တန်ပိုကန့်သတ်လိုက်လို့ ပေးဆောင်ရတဲ့ဒဏ်ငွေတွေဟာ နိုင်ငံတော်က အမှန်တကယ် ရတာမဟုတ်ဘဲ ကုမ္ပဏီတွေပဲ ရသွားတာကို မြင်တယ်။ ကားသမားကတော့ လမ်းတံတားကြေးများရင် တန်ဆာခမြှင့်မှာပဲ။ နောက်ဆုံးတော့ စားသုံးသူပဲ ဒီစရိတ်တွေကိုကျခံနေရတယ်''ဟု မန္တလေး-မူဆယ် ကုန်စည်သယ်ယူပို့ဆောင်ရေးလုပ်ငန်းရှင် တစ်ဦးက ပြောသည်။ ''ကျွန်တော်တို့သွားနေတဲ့ လမ်းမှာ မန္တလေးကနေ ရန်ကုန်အထိကို ဂိတ်အချို့က တန်ပိုတူတယ်။ ဒါပေမယ့် ရေနံချောင်းနဲ့ မကွေးအ၀င်က ကတ္တားကြီးတွေမှာတော့ သူများတွေထက် ၂တန်ကျော်ပိုနေတယ်။ မန္တ လေးကထွက်လာရင် စဥ့်ကိုင်(သော် တာဝင်း)မှာ၁၀ဘီးကားက ၂၁ တန် ဆိုပါတော့။သပြေ၀ဂိတ်မှာလည်း အဲ ဒီကားက ၂၁ တန်ပဲ။ ရေနံချောင်းနဲ့ မကွေးအ၀င်က ကတ္တားကြီးလည်းရောက်ရော ဒီကုန်ဒီကားကပဲ ၂တန် ကျော်ပိုနေတယ်ဆိုပြီး ဒဏ်ကြေးကောက်ရော။ B.O.T လမ်းပိုင်းတွေမှာ လမ်းတံတားကြေး တိုးကောက်တဲ့ပုံစံမဟုတ်ပဲ တန်ပိုတယ်ဆိုပြီး ဒဏ်ကြေးကောက်ခံလာကြတယ်''ဟုလည်း ကျောက်ပန်းတောင်းမြို့မှ ကိုဇော်မျိုးက ပြောကြားခဲ့သည်။ BOT စနစ်ဖြင့်ကောက်ခံနေသည့် လမ်းတံတားကြေး၊ တန်ပို ကြေးများအားလုံးမှာ ခရီးသည်တင်ကားလုပ်ငန်းရှင်၊ ကုန်ကားလုပ်ငန်းရှင်များ ပေးဆောင်ရသည်မဟုတ်ပဲ အများပြည်သူသာ ပြန်လည်ကျခံရသည်ဟု ကားလုပ်ငန်းရှင် များက ပြောကြားခဲ့သည်။ ''တစ်ပိဿာကို သယ်ယူစရိတ် ၁၁၀ ကျပ်ဆိုရင် အဲဒီအထဲမှာ တန်ပိုနဲ့ ဂိတ်ကြေးက ၂၀ ရာခိုင်နှုန်းဝန်းကျင်ကနေ ၃၀ ရာခိုင်နှုန်းအထိ ပါတယ်။အဲဒီ ၂၅ ရာခိုင်နှုန်းက တစ်မြို့နဲ့တစ်မြို့ သယ်ခပဲရှိတယ်။ မြ၀တီကနေ ရန်ကုန်ကို ရောက်လာတဲ့ ကုန်စည်ကရန်ကုန်မှာတင် ဂိတ်မဆုံးဘူး။ ပုသိမ်၊ စစ်တွေ အဲဒီလိုမြို့တွေကို ထပ်သွားသေးတယ်။ အဲဒီမှာကုန်ကျစရိတ် ထပ်ပေါင်း။ အကုန်လုံးကို စားသုံးသူခံရတာ။ ကုန်ကားထောင်တဲ့သူကတော့ ကိုက်အောင်ဈေးမြှင့်လိုက်မှာပဲ''ဟု ကုန်ကားလုပ်ငန်းရှင်တစ်ဦးက ပြောကြားခဲ့ပါသည်။ ၂၀၁၁ ခုနှစ် အောက်တိုဘာလအတွင်းက ပြုလုပ်ထားသည့် မြန်မာနိုင်ငံ၏ သယ်ယူပို့ဆောင်ရေးစရိတ်များတွင် အပိုကုန်ကျနေခြင်းများ စစ်တမ်း၌ လမ်းတံတားဂိတ်ကြေး၊ ကတ္တားကြေးများသည် ကုန်ကျစရိတ်၏ ၂၀ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်းအထိ ပင်ပါဝင်နေကြောင်း ဖော်ပြထားသည်။ ရန်ကုန်-မန္တလေး ၁၂ ဘီး ကုန်ကားတစ်ခေါက်စာ ကုန်ကျစရိတ်မှာ ကျပ် ၅၀၀၀၀၀ မှ ၈၀၀၀၀၀ ကျော်အထိ ကုန်ကျကြောင်း၊ အဆိုပါ ကုန်ကျစရိတ်တွင် လမ်းတံတားကြေးများ၊ ကတ္တားကြေးများ၏ ကုန်ကျစရိတ်မှာ စုစုပေါင်းကုန်ကျစရိတ်၏ ၃၀ ရာခိုင်နှုန်းအထိပါဝင်နေကြောင်း ဖော်ပြထားသည်။ ရန်ကုန်-မြ၀တီ ၁၂ ဘီးကုန် ကားတစ်စီး တစ်ခေါက်စာကုန်ကျစရိတ်မှာ ကျပ် ၁၁ သိန်းကျော်အထိ ရှိနေပြီး တန်ပိုတင်သွားသည့်ကား ဆိုပါက တစ်ခေါက်တည်းဖြင့် ကျပ် ၂၂ သိန်းကျော်ကုန်ကျမည်ဖြစ် ကြောင်း၊ ရန်ကုန်-မူဆယ် ၁၂ ဘီး ကုန်ကားတစ်စီး တစ်ခေါက်စာကုန် ကျစရိတ်မှာလည်း ကျပ် ၁၀ ၀န်း ကျင်မှ ၁၂ သိန်းဝန်းကျင်အထိကုန် ကျကြောင်းလည်းသိရသည်။ ''BOT လုပ်တဲ့ ကုမ္ပဏီလည်း ငွေရင်းရတာဖြစ်လို့ အကျိုးအမြတ်ယူမယ်ဆိုတာတော့ နားလည်ပါတယ်။ အကျိုးအမြတ်ယူတဲ့ အခါမျတဖို့လိုတဲ့အကြောင်း ပြောတာပါ။ သင့်တင့်အောင် ယူရင်ဖြစ်ပါတယ်။ ပြီးတော့ ဒီလိုလုပ်ငန်းတွေကို နိုင်ငံတကာမှာ ပုဂ္ဂလိကကိုလုပ်ခွင့်ပေးတယ်ဆိုရင်တောင် ဥပဒေ၊ နည်းဥပဒေခိုင်မာမှ။ နိုင်ငံတကာမှာတော့ ဒီလိုလုပ်ငန်းတွေကိုအစိုးရကပဲ အဓိကတာဝန်ယူလုပ်ကိုင်တာ များတယ်။ ပုဂ္ဂလိကပေးလိုက်တဲ့အတွက် အမြတ်ကိုပဲ အဓိကကြည့်တော့ အဲဒီဒဏ်ကို ပြည်သူပဲခံရတယ်''ဟု ပို့ကုန်သွင်း ကုန်လုပ်ငန်းရှင်တစ်ဦးကလည်း သုံးသပ်ပြောကြားခဲ့ပါသည်။ ''အခုလက်ရှိကောက်ခံနေတဲ့ နှုန်းထားများကို ထက်ဝက်လောက်သာ လျော့ကျသွားမယ်ဆိုရင် ကုန်ဈေးနှုန်းကြီးတာတွေလည်း လျော့သွားမယ်။ ကုန်ပို့ခနဲ့ ကုန်ဈေးနှုန်းက ချိတ်ဆက်နေတော့ ကားခကျရင် ကုန်ဈေးနှုန်းကလည်း သက်သာလာမယ်။ လတ်တလောနိုင်ငံမှာ ဆောင်ရွက်နေတာက ဆင်းရဲနွမ်းပါးမှုလျော့ချရေးဆိုတာတွေကို ဦးစားပေးဆောင်ရွက်နေတဲ့ ကာလဖြစ်တယ်။ အခြေခံစားသောက်ကုန်တွေ သယ်ယူပို့ဆောင်နေတဲ့ ဒီကုန်ကားတွေရဲ့ လမ်း၊ တံတားကြေး၊ ကားခစသည်ဖြင့်သာ လျော့ကျသွားမယ်ဆိုရင် ကုန်ဈေးနှုန်းကို လျော့ကျစေမှာပါ'' ဟုလည်း အဝေးပြေးကုန်စည်ပို့ဆောင်ရေး ၀န်ဆောင်မှုလုပ်ငန်းရှင်များအသင်းမှ အတွင်းရေးမှူးဦးတင်ယုက ပြောကြားခဲ့သည်။
အိမ်နီးချင်းထိုင်းနိုင်ငံ၏ တစ်မိုင်၊ ကုန်ချိန်တစ်တန်သယ်ယူစရိတ်မှာ ကျပ် ၁၀၀ ၀န်းကျင်သာ ကျသင့်ကြောင်း၊ အိန္ဒိယနိုင်ငံဆိုပါက အနီးအဝေးပေါ်မူတည်၍ ကျပ် ၅၀၊ ကျပ် ၆၀ ၀န်းကျင်သာကျသင့်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့်မူ ရန်ကုန်-မန္တလေးလမ်းမ ဆိုပါက ၁၃၆၁ ကျပ်အထိ ကျသင့်သည့်အတွက် များစွာကွာဟလျက်ရှိပြီး စားသုံးသူများသာ ကျခံနေရခြင်းဖြစ်၍ လမ်းတံတားကြေးအပြင် အခြားမလိုအပ်ပဲ ကုန်ကျနေရသည့် စရိတ်များကိုပါလျော့ချရန် လုပ်ဆောင်သင့်သည်ဟု သုံးသပ်ကြသည်။
|
Comments
#12 ငရဲသား 2012-02-14 19:29
(၁) BOT ရတဲ့ ကုမဏီတွေတွေကိုယ်တိုင်နဲ့ သူတို့ဝန်ထမ်းတွေကိုယ်တိုင် အကျင့်ပျက်ချစားမှုရှိတာ သဘာဝပါ။ တချို့တံတားတွေလမ်းတွေမှာဆိုရင် တန်ပိုကြေးကို သတ်မှတ်ချက်ထက်ပိုပြီး လက်တလုံးခြား မ တရားကောက်ခံရယူနေပါတယ်။ လောဘ ပါ။
(၂) ကုန်ကားထောင်သူတွေကလည်း ကားတွေကို သတ်မှတ်ထားတဲ့ စံချိန်စံညွှန်းထက်ပိုပြီး ဖရိန်တွေပိုးထား၊ ဘော်ဒီချဲ့ထားတာအများကြီးပါ။ အဲဒါမှ ကုန်ပိုတင်ရမယ်လေ။ ကညန ကလည်း အဲဒါကို အပေးအယူလုပ်ပြီး မသိချင်ယောင်ဆောင် ပြီး ကားကို မှတ်ပုံတင်ပေးနေကျပါ။ မြန်မာပြည်တစ်ပြည်လုံးမှာ အဲဒီလိုကုန်ကားတွေချည်းပါပဲ..။
(၃) ကုန်သည်ကလည်း အဲဒီလို တန်ပိုကားတွေမှာ ကုန်ပိုတင်ပါတယ်။ ဂိတ်တွေမှာ မိရင် မိသလို ဒဏ်ကြေးဆောင်ပါတယ်။ ညှိပြီး တောင်းသလောက်ပေးပါတယ်။ နောက်ကြောင်းပြန်မလှည့်ကြပါ။ ကုန်ပစ္စည်းကိုသာ ဈေးတင်လိုက်ပါတယ်။ အဲဒါကြောင့် ကုန်ကဈေးကြီးသွားပါတယ်။ လောဘ ပါ။
(၄) သက်ဆိုင်ရာ အဖွဲ့အစည်းတွေကလည်း ဒါကို မသိကျိုးကျွန်ပြုနေကြပါတယ်.။ BOT ကုမဏီတွေရဲ့ စည်းကမ်းမညီညွတ်မှုတွေကို အရေးယူခဲ့တဲ့သာဓကတွေရှိပေမယ့် ပိုင်ရာဆိုင်ရာကုမဏီတွေကို ဌာနဆိုင်ရာတွေကိုယ်တိုင်က လက်ပိုက်ကြည့်နေရတဲ့အဖြစ်တွေလည်း ရှိပါတယ်။ အဲဒါကြောင့် တကယ်ဖော်ထုတ်ချင်ရင် အားလုံးကို ဆက်စပ်ပတ်သက်ဖော်ထုတ်အရေးယူမှ ရပါ့မယ်..။ တစ်လမ်းကြောင်းတည်းကို အပစ်တင်နေလို့မရပါ။
#10 May Than Dar wint 2012-02-14 12:35
ခဏခဏ ကျားကွက် ရွေ့ပြောင်း ပေးနိုင်တယ်။ ဆွေမျိုးသားချင်း။ အကေင်ကြီးကြီး /အဲမီးရှည်ရှည်လူကြီး သမက်ကို ရာထူးကြီးကြီးအမွေ အာဏာ ပေးနိုင်တယ်။ အာဏာရှိရင် ဆွေမျိုးသားချင်း။ တပည့်တွေမှာ လာဘ်ပေး လာဘ်ယူ / အဂတိလိုက် စား ပြီးလုပ်ချင်တာလုပ်နေတာကို မသိ/မမြင်ချင်ယောင်ဆောင်နေပြီး
ကာကွယ်ပေးနိုင်တယ် /ဌာန နေရာကောင်း ဆီသို့ ကျားကွက်ရွေနိုင်တယ်။အာဏာရှိရင် တပည့်မွေး၊ဆရာမွေးရာထူး ခန့်ထားပေး နိုင်တယ်။ ဒါကြောင့်မို့လို့….
လမ်းတံတားကြေးကောက်ခံသည့် အခွင့်အရေးများနဲ့ အခွင့်အရေးကိုသာ ရယူကြပြီး လမ်းပြင်ဆင်ပေးရမည့် တာဝန်ကိုပျက်ကွက်သည့် ကုမ္ပဏီအချို့ ရှိနေကြတာဟာ မဆန်းတော့ပါဘူး။
“အူမတောင့်မှ သီလစောင့်နိုင်မှာဖြစ်သလို အူမတောင့်ပြီး သီလ မစောင့်လျှင်တော့ သူ့တာဝန်ပဲ ဖြစ်ပြီးသူတို့ တရားကို သူတို့ စီရင်မှာဖြစ်ပါတယ်။
ဒါတွေ အားလုံးဟာ အေးဓါးပြတွေပါ။ အစိုးရမင်းသစ်ကြီးခင်ဗျား၊ အလျှင် မတရား အစိုးရကြီးနှင့်
အပေါင်းပါတွေ စခဲ့တဲ့၊ မွေးခဲ့တဲ့ ဤသို့သော မြေပေါ် ဓါးပြ အဖွဲ့ကြီးများကို နှိမ်နှင်းပေးပါခင်ဗျား။
နောက်ပီး နောက်ထပ် ဓါးပြ အသစ်တွေလည်း ပေါ်မလာအောင် ဆောက်လုပ်ရေး ဝန်ကြီး နှင့် တကွ ဆိုင်ရာပိုင်ရာများကို ခေါ်ပီး သတိပေးထားပါဦးခင်ဗျား။
အရာရှိတချို့တွေ တစ်နှစ်လောက်ပဲ ရှိအုန်းမယ် ကိုယ်ပိုင်ကားဝယ်စီးနေကြပြီလေ။
ဆရာမွေး တပည့်မွေး ခေတ်က အရိုးစွဲနေကြပါပြီ။ “သူ့အာဏာကိုသာ မထိပါးစေနှင့်၊ ကျန်တာလုပ် “ဟု
လုပ်ပိုင်ခွင့် ပေးခဲ့ခြင်းကြောင့် လည်း ဒီလိုမျိုးတွေ ဖြစ်ကုန်ကြတာပါ။ ငါလည်း နိုင်ငံတော်အဆင့် လူကြီးတွေကို ဂါရ၀ပြုမယ်။ မင်းတို့လည်း ” လာ ” ထားကြနော်။ ငါကတော့ “သန်းကြွယ်သူဌေး ဖြစ်နေပြီ “
အာဏာရှိရင် လုပ်ချင်ရာကိုလုပ်လို့ရတယ်။ ဆွေမျိုးသားချင်း၊ တပည့်တပန်း၊ တွေနဲ့
အာဏာရှိသူတွေ လုပ်ချင်တာကို လုပ် နေကြတာကို ဘယ်သူမှ မတား နိုင်ကြပါဘူး။
ဟော်တယ်လို၊ shopping center လိုမျိုး ဆိုတာက လူတွေ (စားသုံးသူ၊ ပြည်သူတွေ) အတွက် ရွေးချယ်စရာရှိသေးတယ်။ ခုလို အပေါ်ထပ် အဆောက်အဦး လို့ ခေါ်တဲ့ (Infrastructure) တွေကိုတော့ နိုင်ငံတော်က ဖြစ်နိုင်သမျှ လုပ်ရမှာပါ. ခုလို BOT ဆိုပီး ကန်ထရိုက်ပေး လိုက်တော့ ပြည်သူမှာ ရွေးချယ်စရာ လမ်း မရှိတော့ပဲ အေးဓါးပြ တိုက်ခံနေရတော့တာပါ။
ဒါတွေ အားလုံးဟာ အေးဓါးပြတွေပါ။ အစိုးရမင်းသစ်ကြီးခင်ဗျား၊ အလျှင် မတရား အစိုးရကြီးနှင့် အပေါင်းပါတွေ စခဲ့တဲ့၊ မွေးခဲ့တဲ့ ဤသို့သော မြေပေါ် ဓါးပြ အဖွဲ့ကြီးများကို နှိမ်နှင်းပေးပါခင်ဗျား။ နောက်ပီး နောက်ထပ် ဓါးပြ အသစ်တွေလည်း ပေါ်မလာအောင် ဆောက်လုပ်ရေး ဝန်ကြီး နှင့် တကွ ဆိုင်ရာပိုင်ရာများကို ခေါ်ပီး သတိပေးထားပါဦးခင်ဗျား။ သူတို့ခင်ဗျာ ခုလို BOT ကန်ထရိုက် တွေနှင့် လုပ်ရတာကိုပဲ အလုပ်လို့ ထင်နေရှာတော့တာပါ။ သူတို့သိအောင် နမူနာပေးရလျှင် နိုင်ငံခြားတိုင်းပြည်များတွင် BOT ကို အမြန်လမ်း၊ အထူးလမ်းများတွင်သာ ခွင့်ပြုပီး၊ ပြည်သူများမှာ အခပေး အမြန်လမ်းမှ သွားမလား၊ အခမဲ့ ပုံမှန်လမ်းမှ သွားမလား ရွေးချယ်စရာရှိပါတယ်၊ မြန်မာမှာက ရွေးစရာ မရှိပဲ မဖြစ်မနေ ပေးနေရတာပါ။ ထိုသို့ ပြည်သူတွေ (နောက်ဆုံး နိုင်ငံတော်ကြီး အတွက်ပါ) ဘယ်မျှ နစ်နာသည်ကို ထိုသူများ စဉ်းစားနိုင်ပုံ မပေါ်ပါသဖြင့် သမ္မတနှင့် တကွ လူကြီးများမှ သေသေချာချာ မှာထားသင့်ပါသည်ခင်ဗျား။
How r u so sure that they have to pay? As far as I know, VIPs in all countries do not have to pay fees for using road or parking.
မှန်လိုက်တာဗျာ....မြစ်ဆုံကိစ္စ..ဆက်သွယ်ရေးဖုန်းကိစ္စတွေမှာသာဓကတွေအများကြီးတွေ့ရပါပြီ...
Toll gates create a ton of waste, waste of time, money, traffic, tire, gas, etc.
Waste of time means waste of productivity.
တွေ များလို့....မကိုက်လို့တဲ့.....
ဒီလာဘ်စားတဲ့ ကိစ္စတွေက နောက်ဆုံး ပြည်သူတွေဘဲ ၀ိုင်းခံပေး
နေရတဲ့ သဘောဖြစ်တယ်....
လာဘ်စားတဲ့ အထက်အဖွဲ့အစည်းက ဒါကြောင့် ဟထားပေးနေရတာ....လမ်းအသုံးပြုခ ကိုတော့ ဗီအိုင်ပီ ကို မကောက်ရဘူး...
ဖြစ်သင့်တာက ဗီအိုင်ပီကိုပါ ဖြတ်ရမှာ...
လွှတ်တော်ထဲမှာ အဲသည် ဥပဒေကို ပြင်ခိုင်းသင့်တယ်...
အရှေ့တောင်အာရှနိုင်ငံတွေမှာ ဗီအိုင်ပီ ယာဉ်တန်းဆိုတာ လဲ
ငွေကောက်ဘဲ...ဗီအိုင်ပီမှာ ဒီလို အခွင့်အရေးပေးထားတော့..
ဆိုက်ကားသမားက အမတ်ဖြစ်...ကားပေါ်ရောက်တာနဲ့ ဘယ်သူ့
ကို့မှ ငွေ မပေးချင်တော့ဘူး.....
နိုင်ငံသားမှန်သမျှ အားလုံး တပြေးညီ ငွေကောက်တဲ့ ဥပဒေများ
ပြဌာန်းပေးယင် ပြည်သူတွေ တော်တော် သက်သာသွားမယ်...
ဗီအိုင်ပီ ယာဉ်တန်းက အရေးကြီးလို့ မရပ်နိုင်ဘူးဆိုလဲ...မော်တော်
ယာဉ်အရေအတွက်နဲ့ ဗီအိုင်ပီယာဉ်တန်း တာဝန်ခံဌာန ထံကနေ
ငွေ ဖြတ်သင့်တယ်...
ဒါမှ တိုင်းပြည် တင်နေတဲ့ ကြွေး တဖြည်းဖြည်း လျော့အောင်..