Sunday, February 26, 2012

ဝန်ထမ်းမသမာမှု၊ အဂတိလိုက်စားမှုနှင့်သက်ဆိုင်သည့် တိုင်စာများကို နိုင်ငံတော်အဆင့်အနေဖြင့် ဖော်ထုတ်အရေးယူရန် ညွှန်ကြားထားကြောင်း ပြည်ထောင်စုဝန်ကြီး ပြောကြား

ဝန်ထမ်းမသမာမှု၊ အဂတိလိုက်စားမှုနှင့်သက်ဆိုင်သည့် တိုင်စာများကို နိုင်ငံတော်အဆင့်အနေဖြင့် ဖော်ထုတ်အရေးယူရန် ညွှန်ကြားထားကြောင်း ပြည်ထောင်စုဝန်ကြီး ပြောကြား    PDF  | Print |
AddThis Social Bookmark Button
ဝန်ထမ်းမသမာမှု၊ အဂတိလိုက်စားမှုနှင့်သက်ဆိုင်သည့် တိုင်စာများကို နိုင်ငံတော်အဆင့်အနေဖြင့် ဖော်ထုတ်အရေးယူသွားရန် ညွှန်ကြားထားကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကိုကိုက ဖေဖော်ဝါရီလ ၁၅ ရက်နေ့က ကျင်းပသည့် ပထမအကြိမ်အမျိုးသားလွှတ်တော် တတိယပုံမှန်အစည်းအဝေးတွင် ပြောကြားခဲ့သည်။
ပထမအကြိမ် အမျိုးသားလွှတ်တော် တတိယပုံမှန်အစည်းအဝေးတွင် မန္တလေးတိုင်းဒေသကြီးမှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးတင်မောင်ဝင်းက လုပ်ပိုင်ခွင့်ရှိဝန်ထမ်းများ လာဘ်ပေးလာဘ်ယူမှုနှင့် မလျော်သြဇာ ကျင့်သုံးမှုများ ဆက်လက်ပြုကျင့်နေဆဲရှိ နေပါသဖြင့် ထိုအပြုအမူများ ပျောက်ကွယ်သွားရန် လက်တွေ့ကျကျ ဆောင်ရွက်သွားမည့်အစီအစဉ် ရှိ၊ မရှိ မေးမြန်းခဲ့သည်။
အဆိုပါမေးမြန်းမှုများကို ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ''၀န်ထမ်းမသမာမှု၊ အဂတိလိုက်စားမှုနှင့်သက်ဆိုင်သည့် တိုင်စာများကို နိုင်ငံတော်အဆင့်အနေဖြင့် ဖော်ထုတ်အရေးယူသွားရန် ညွှန်ကြား ထားကြောင်း၊ ယင်းကဲ့သို့ ကျူးလွန်မှုများ ပေါ်ပေါက်ပါက တိုင်းကြားနိုင်ရန် ၀န်ကြီးဌာနများအလိုက် တယ်လီဖုန်းနံပါတ်များ ထုတ်ပြန်ပေးထားပါတယ်။ ၂၀၀၅ ခုနှစ်ကတည်းက ကုလသမဂ္ဂအဂတိ လိုက်စားမှုတိုက်ဖျက်ရေး ကွန်ဗင်းရှင်းမှာ သဘောတူလက်မှတ်ရေးထိုးထားပါတယ်။ ၀န်ထမ်းမသမာမှု၊ အဂတိ လိုက်စားမှုတွေနဲ့ မလျော်သြဇာသုံးစွဲမှုတွေပပျောက်ဖို့ သက်ဆိုင်ရာတာဝန်ရှိသူတွေအနေနဲ့ လာဘ်ပေးသူ၊ လာဘ်ယူသူတွေ ပြုပြင်ဆင်ခြင်ထိန်းသိမ်းနိုင်ရေးအတွက် ဌာနဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ ပြည်သူများအကြား အသိပညာပေးခြင်း၊ ထိရောက်စွာအရေးယူခြင်းတို့နဲ့ ကုစားဆောင်ရွက်သွားရမှာ ဖြစ် ပါတယ်။ တိုင်ကြားသူတွေအနေနဲ့လည်း ဖြစ်ရပ်မှန်ကို ပြည့်စုံမှန်ကန်တဲ့ အချက်အလက်၊ ခိုင်လုံတိကျတဲ့အထောက်အထားတွေနဲ့ စနစ်တကျ တိုင်ကြားဖို့လိုပါတယ်။ ဒါမှသာ သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းတွေအနေနဲ့ ပါဝင်ပတ်သက်ကျူးလွန်နေသူတွေ စိစစ်ဖော်ထုတ်ပြီး ထိရောက်စွာ အရေးယူဆောင်ရွက်သွားနိုင်မှာဖြစ်ပါတယ်''ဟု ဖေဖော်ဝါရီလ ၁၅ ရက်နေ့က ကျင်းပသည့် ပထမအကြိမ်အမျိုးသားလွှတ်တော် တတိယပုံမှန်အစည်းအဝေးတွင် ပြောကြားခဲ့သည်။ ပြန်လည်ဖြေကြားခဲ့သည်။

လာဘ်ပေးလာဘ်ယူမှုနဲ့ မလျော်သြဇာကျင့်သုံးမှုများ
အမှန်တကယ်ပျောက်ကွယ်သွားရန်အတွက် ကာယကံရှင်နစ်နာသူ သို့မဟုတ် ပြည်သူများအနေဖြင့် အဖြစ်မှန်
အခြေအနေမှန်များကို အထောက်အထားခိုင်လုံစွာတာဝန်ယူပြီး
စနစ်တကျတိုင်ကြားပါက စိစစ်အရေးယူသွားမည်ဖြစ်ကြောင်း  . . .
လာဘ်ပေးလာဘ်ယူမှုနဲ့ မလျော်သြဇာကျင့်သုံးမှုများ အမှန်တကယ်ပျောက်ကွယ်သွားရန်အတွက် ကာယကံရှင်နစ်နာသူ သို့မဟုတ် ပြည်သူများအနေဖြင့် အဖြစ်မှန် အခြေအနေမှန်များကို အထောက်အထားခိုင်လုံစွာတာဝန်ယူပြီးစနစ်တကျတိုင်ကြားပါက စိစစ်အရေးယူသွားမည်ဖြစ်ကြောင်း  . . .
လာဘ်ပေးလာဘ်ယူမှုနဲ့ မလျော်သြဇာကျင့်သုံးမှုများ အမှန်တကယ် ပျောက်ကွယ်သွားရန်အတွက် ကာယကံရှင်နစ်နာသူ သို့မဟုတ် ပြည်သူများအနေဖြင့် အဖြစ်မှန်အခြေအနေမှန်များကို အထောက်အထားခိုင်လုံစွာ တာဝန်ယူပြီး စနစ်တကျတိုင်ကြားပါက စိစစ် အရေးယူသွားမည်ဖြစ်ကြောင်း သိရှိရသည်။               
 
Eleven Media Group

Comments 

+5 #34 အောင်ဘု 2012-02-19 08:15
ဟူး . . . ပြောရရင်တော့အများကြီး
အရှည်ကြီးပြောနေရလိမ့်မယ် တိုတိုနဲ့လိုရင်းပြောရရင်
ကျုပ်တို့ တိုင်းပြည်မွဲတာ
"သောက်သုံးမကျလို့မဟုတ်ဘူး
သောက်ကျင့်တွေ မကောင်းကြလို့ "
 
+7 #33 Khin Thein Thun 2012-02-18 22:25
Quoting ayeayehan:
Corruption ၂ မျိုးရှိပါတယ်။ Public မှယူတာရယ်၊တိုင်းပြည်ဘဏ္ဏာမှယူတာရယ်(ဆောက်လုပ်ရေး၊ဆည်မြောင်း)တို့ ပါ။ သိန်း၅ထောင်တန် project ကို သိန်း တစ်သောင်းတင်၊ ပိုတဲ့သိန်း၅ထောင်ကို လုပ်တဲ့လူရယ်၊ခွင့်ပြုတဲ့လူကြီးရယ်၊စစ်ဆေးတဲ့ Audit ရယ်မျှစားလိုက်တော့ OK ပေါ့။တိုင်မဲ့လူလည်းမရှိ၊ နှစ်ချုပ်တော့ budget လိုငွေ ၂ဘီလီယံ ၊အင်ဂျင်နီယာတွေကတော့တစ်နှစ်ကိုခြံ ၁ခြံ

တိုင်လိုက်လေ ။မပိုင်ယင်ခြင်တောင်မရိုက်ဘူး ၊ငါတို့အိတ်ကက်ထဲမှာ အဘကို ဥ ထားတယ်၊ အခြေအနေမကောင်းရင်ထိုးကျွေး ဘို့အောက်ခြေ၀န်ထမ်းလည်း နည်းနည်းပါးပါး ရှာထားတယ် ။ အဲဒါ ငါတို့ကို ဘယ်သူတွေသင်ပေးထားတာ ထင်လဲ ---- ပြောဘူး၊
 
+11 #32 sis min aung 2012-02-18 21:51
အရင်ဦးဆုံး ပြည်ထဲရေးဝန်ကြီးခရီးစဥင်္တွေမှာ ဧည့်ခံစရိတ်တွေကို ၀န်ထမ်းတွေဆီက မကောက်ဖို့ လုပ်ပေးပါ...
ဝန်ထမ်းတွေကပြောနေတယ်... လာဘ်မစားနဲ့ လို့ ပြောပြီး သူတို့ လာတဲ့ ၀န်ကြီးခရီးစဉ်တွေမှာ ဧည့်ခံစရိတ်တွေကို ၀န်ထမ်းတွေဆီကတောင်းတော့ ၀န်ထမ်းက ပြည်သူဆီက ပြန်တောင်းနေတယ်လို့  ကြားရပါတယ်...
အဲဒီတော့ အရင်ဆုံး ခင်ဗျားရဲ့ ခရီးစဉ် သန့် ရှင်းမှုရှိသော အစိုးရခရီးစဉ်ဖြစ်အောင် အရင် လုပ်ပါ...
ပြီးမှ ကျန်တာ ဆက်ကြတာပေါ့...
 
0 #31 ewin 2012-02-18 18:50
စမ်းချောင်းကျွန်းတောလမ်းကပုလဲသီတာဆေးခန်းက ဘာဆေးဝယ်ဝယ် ၁၀၀၀၀ ကျပ်တောင်းပါတယ်။ receipt မပေးပါ။ ဆေးပေါ်မှာ သောက်ရန်အညွှန်းမရေးပေးပါ။ English လိုမတတ်ဘူးလားလို့ပြန်မေးပါတယ်။ ဆေးအမျိုးအတူတူကို Asia Royal မှာ ၈ထောင်ကျော်ပဲကျတယ်။ စနစ်တကျအညွှန်းရေးပေးပါတယ်။ receipt ပေးပါတယ်။ ပုလဲသီတာဆေးခန်းမှာ ဒုတိယအခါပြတာ ဆေးမတူပါ၊ ဒါပေမယ့် ၁၀၀၀၀ ကျပြန်တယ်။ သူများတွေလဲ ၁၀၀၀၀ အမြဲ အတောင်းခံရတယ်တဲ့။ အဲဒီဆေးခန်းမှာထိုင်တဲ့ ဒေါက်တာဒေါ်ကေသီထွန်း ကိုတော့ ပြောပြထားပါတယ်။
 
+7 #30 oonayoo 2012-02-18 17:50
အစပြန်ဖော်တယ်ပဲ ပြောချင်ပြောပါ။
မြန်မာပြည်ရဲ့ ဘဏ်လုပ်ငန်းနဲ့ နိုင်ငံစီးပွားပျက်အောင်လုပ်ခဲ့တဲ့ ငွေစုလုပ်ငန်းတွေ (လင်းသစ္စာ၊ နိုင်အောင်မြေ၊ . . . .)ကို ဘယ်လိုအရေးယူခဲ့လဲ/အရေးယူနိုင်ခဲ့လား ဖော်ပြပေးပါလား။
 
+22 #29 Rain 2012-02-18 12:05
ကျွန်တော်တို့ အထက်တန်းကျောင်းသားဘဝက ကျောင်းအုပ်ဆရာကြီး ဆေးလိပ်ခိုးသောက်တဲ့ကျောင်းသားတွေလိုက်ဖမ်းသလိုမျိုးတော့မလုပ်နဲ့ နော်...ဆေးလိပ်သောက်တဲ့ ကျောင်းသားကိုဖမ်းမဲ့ဆရာကြီးရဲ့ ညာဖက်လက်မှာကြိမ်လုံးကိုင်ထားပြီး..ဘယ်ဖက်လက်ကြားထဲမှာတော့..ဆေးပြင်းလိပ်ကြီးကို ညှပ်လျှက်သား....:D
 
+38 #28 Public Servant 2012-02-17 21:34
မုန့်မဝေခင် ဒုတ်အရင်ယူထားကွ...။
လခတိုးဘို့ ဘယ်နေမှန်းမသိ ဖဲ့မယ်ဆိုတာချည်းပဲ။
clean government/Good governance ဖြစ်ဘို့ အခြေခံအကြောင်းတရားက အခြေခံ လစာငွေ ၃ သောင်းလောက်နဲ့ ဆန်ဘိုးတောင်မရှိဘူကွ...။
ကနေ့ဖြစ်နေတဲ့ဆန်ဈေး ကုန်ဈေးနှုန်း မသိလေကြရော့သလား။
ကျုပ်တို့ ကလေးတွေ ပညာရေးကော ဘုန်းကြီးကျောင်းမှာ ထားရမှာလား။
ခင်ဗျားတို့ကျတော့ ကောင်းကောင်းစား ကောင်းကောင်း နေရတာကိုး... ကန့်ကွက်ကြပေါ့။
ကျုပ်တို့ သာမန်ဝန်ထမ်းတွေကလဲ လစာငွေကလွဲရင် လက်ဆောင်လာပေးရင်တောင် ယူရမှာ ရှက်သဗျ။
ခင်ဗျားတို့ကော ကန်တော့တယ်ဆိုတဲ့ လာဘ်ကို ယူရမှာ ရှက်တတ်သလား။
သတ်တိရှိရင် 1988 ကစလို့ ဘယ်လိုချမ်းသာလာသလဲဆိုတာ မှတ်ကျောက်တင် စစ်ဆေးခံရဲလား... ကျုပ်တို့က တမလွန်ရောက်တောင် အစစ်ခံရဲတယ်ဗျ။
ဦးလှထွန်းပြောတဲ့ ကိန်းဂဏန်းတွေကို နားလည်ပေချင်ပေမယ့် အရင်အစိုးရမှာကော သူပါဝင် အုပ်ခဲ့တာ ဟုတ်စ။
တို့ ၀န်ထမ်းတွေကတော့ ဦးရွှေမန်းကို ထောက်ခံတယ် ..။
အဆိုတင်သွင်းတုန်းကတော့ လက်ခုပ်တဖြောင်းဖြောင်းတီးပြီး ထောက်ခံမှုပေးခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ ဘယ်လောက် ပြည်သူ့ဝန်ထမ်းတွေအတွက် ဆောင်ကျဉ်းပေးမလဲ စာင့်ကြည့်ကြသေးတာပေါ့။
 
+27 #27 air shop 2012-02-17 21:30
အရိုးကိုက်လို့အသံမြည်တဲ့အောက်ကကောင်တွေခံပေလေရော့
အသားစားတဲ့သူတွေကအသံထွက်ဘူးဟ
 
+6 #26 casperchitoo 2012-02-17 20:26
မင်းကိုတိုင်ရင်ကော?
ကိုကို လုပ်မနေပါနဲ့ ချာတိတ်ရာ.....
 
-6 #25 wpm.nick 2012-02-17 20:21
Customer service also need to change. Today i really disappointed customer service from one of shopping center in myaynigone including Manager and some department head.
 
+94 #24 myanmarlion 2012-02-17 10:33
၎ နှစ်အတွင်း ကိုယ်တွေ့ဖြစ်ရပ်လေး ၂ ခုကို ရေးလိုက်တာပါ…….
“ ခံယူချက်”
ကျွန်တော်နဲ့ ရင်းနှီးတဲ့ နိုင်ငံခြားသား အင်ဂျင်နီယာက ကျွန်တော့်ကို ကြွားဖူးတယ်ဗျ…… သူနဲ့ တူတူ သူ့နိုင်ငံကို ရောက်တုန်းက “ ဟောဟိုမှာတွေ့လား အဲဒီမိုးပျံ ရထားလမ်းကြီး လွန်ခဲ့တဲ့ ၁၅ နှစ်က ငါ Project Director အဖြစ်နဲ့ ဦးဆောင်ပြီးဆောက်ခဲ့တာ အခု ထိ ကြံကြံခိုင်ခိုင်နဲ့ ပြည်သူတွေ အသုံးပြုနေတုန်းပဲဆိုပြီး သူ့ အင်ဂျင်နီယာ ဘ၀ရဲ့ မှတ်တိုင်အဖြစ် ဂုဏ်ယူစွာနဲ့ အားရပါးရ ပြောတာ…ပေါ့”
ဘယ်လောက်မှ မကြာတဲ့ အချိန်မှာပဲ ကျွန်တော့် သူငယ်ချင်းရဲ့ အဖေ မြန်မာနိုင်ငံ ဆောက်လုပ်ရေး ၀န်ကြီးဌာနက အင်ဂျင်နီယာမှူးကြီး သူ့သူငယ်ချင်းတွေကို ကြွားတာ သွားသတိရတယ်..“ လွန်ခဲ့ တဲ့ ၃ နှစ်က ရန်ကုန်- စစ်တွေ ကားလမ်းကို ဖောက်ခဲ့တာ တံတားကြီး/ငယ် 200 ကျော် လောက်ပါတယ်.. သိပ်မကျန်ပါဘူးဗျာတဲ့ သာကေတ မင်းနန္ဒာအိမ်ယာမှာ တိုက်တစ်လုံး၊ ကျောက်မြောင်းမှာ တိုက်၁ လုံး၊ ကလေးတွေ ကားတစ်ယောက်တစ်စီးနဲ့ သမီးကြီးအတွက သြစီ မှာ Condo တစ်ခန်းပဲ ၀ယ် ပေးဖြစ်တယ်ဆိုပဲ”
အဲဒီအချိန် ရန်ကုန်စစ်တွေ ကားလမ်းမှာ လမ်းတွေပျက် ကားတွေမှောက် လူတွေသေ တံတားတွေ ကျိုးပျက် တချို့လမ်းပိုင်းတွေ ဆို ပိတ်တောင်ထားရတယ်…..
အဲဒီစကားနှစ်ခုကို အမှတ်မထင် ယှဉ်ထိုးလိုက်တော့ ကိုယ့်ကိုကိုယ်တောင် ရှက်မိတယ်
 
+13 #23 phomain 2012-02-17 10:29
Quoting Hla Kyaw Nay:
Quoting pa yit 2012:
နောက်တစ်ခုကနေရာကောင်းကောင်းရတဲ့ရဲတွေသူတို့လစာကိုသူတို့မစားပဲဘာလို့ဌာနကိုပေးစားနေကြရတာလဲဆိုတာလဲကြားမိပါတယ်၊
ကိုပုရစ် အမှတ်မှားမှာစိုးလို့ ၀င်ရှင်းပြပါရစေ။ ပြည်ထဲရေးဖြစ်တဲ့ အနယ်နယ်အရပ်ရပ်က ရဲဌာနတွေနဲ့ ရဲတပ်ဖွဲ့တွေထဲကို စစ်တပ်ကလူတွေဝင်လာပြီးကတည်းက ပုံစံပြောင်းသွားခဲ့တယ်။

ဘယ်လိုပုံစံပြောင်းသွားခဲ့သလဲဆိုတော့ အရင်က ရဲအရာရှိမိန်းမတွေ ကိုယ့်မိသားစုဗာဟီရနဲ့ ကိုယ့်အလုပ်ကိုယ်လုပ်နိုင်ကြပြီး နောက်ပိုင်းမှာ ရဲကတော်အဖွဲ့ဆိုတဲ့ အမျိုးသမီးရေးရာလိုလိုဘာလိုလို အဖွဲ့အစည်းပေါ်ပေါက်ခဲ့တယ်။ ထုံးစံအတိုင်း အလုပ်မရှိကြောင်ရေချိုးတဲ့ အဖွဲ့ ဂုဏ်တုဂုဏ်ပြိုင်လုပ် အစည်းအဝေးတွေလုပ်ကြတဲ့ အဖွဲ့ပေါ့။ အရာရှိငယ်ကတော်က အရှိကြီးကတော်ထက် ပိုဝတ်လာလို့မရဘူး၊ ပိုဆင်လာလို့မရဘူး။ အငြိုးအဖွဲ့ခံရမယ်။ အရာရှိကတော်တွေ နိုင်ငံ့ဝန်ထမ်းဖြစ်နေရင်လည်း နားမလည်ဘူး အစည်းအဝေးကိုလာရမယ် ကိုယ့်ဌာနက ကိုယ်ခွင့်ယူခဲ့။ ကိုယ့်ခွင့်ရက်ထဲကဖြတ်ခံရတယ်။ ဒီလောက်ပြောရင် ကတော်တွေရဲ့ အမျိုးသမီးအရှုပ်တော်ပုံ ရဲဌာနကို ခြင်ထောင်ထဲကနေ ၀င်ရောက်စွက်ဖက်ပုံတွေ၊ အပေးအယူတွေကို ကျနော်မရေးပြလည်းပဲ သိနိုင်လောက်ကြမယ်လို့ မျှော်လင့်တယ်။(ကတော်တွေလုပ်သမျှ ဒီကုန်ကျစားရိတ်တွေဟာ ဘယ်အကောင့်ထဲက ကျခံမလဲဆိုတာ ဆက်ဖတ်ရင်သိပါမယ်)

ရဲအရာရှိတွေကကော ဘယ်လိုလဲ။ ခုနကပြောသွားတဲ့ ဌာနကို ပေးစားကြတယ်ဆိုတာလေးကို ပြောပြချင်တယ်။ ရဲဌာနတွေဆီမှာ လူကြီးလာရင် ဧည့်ခံဖို့၊ စားသွားဝါးသွားယူသွားတဲ့ အသုံးစားရိတ်တွေပေးဖို့ သီးသန့်ဘက်ဂျက်ဆိုတာ မရှိဘူး။ ရှိလည်း မလောက်ဘူး။ သည် ကုန်ကျစားရိတ်ကို မြို့နယ်မှူးကအစ အောက်အရာရှိအဆုံး မိမိတို့လစာထဲက ကျခံရတယ်။ တစ်လတစ်လစာရင်းချုပ်လိုက်တဲ့အချိန်မှာ တစ်ချို့အရာရှိတွေဆို လစာ အိမ်ပြန်မသယ်နိုင်တဲ့အပြင် ၄င်းအသုံးစားရိတ်ထဲက မိမိအကောင့်မှာ အနှုတ်နဲ့ အကြွေးပါကျန်ပါတယ်။ ဆိုရရင် လိုငွေကို ကိုယ့်ဘာကိုယ်ရှာပြီး ပြန်ထည့်ပေးရတာပါပဲ။

ဘယ်လောက်အလုပ်ကြိုးစားကြိုးစား ရာထူးတိုးဖို့ ဌာနအတွင်းအချင်းချင်းမှာလည်း လာဘ်မြင်ရပါတယ်။ ရာထူးတစ်ဆင့်တက်ဖို့ နောက်ဖေးက၀င်ပြီး ရေပုံးနှစ်ဆယ်လောက်လောင်းကြရပါသေးတယ်။

ဒီတော့ ဒီ အော့နှလုံးနာစရာ အဖြစ်က ဘယ်ကို လမ်းကြောင်းပေးလဲ။ ဘယ်ကိုဦးတည်လဲဆိုတာ ကျနော် မရေးပြလည်း သိနိုင်လောက်ကြမယ်လို့ မျှော်လင့်ပါတယ်။

အကျင့်ပျက်ခြစားတဲ့ နိုင်ငံဝန်ထမ်းတွေမှာ တစ်ချို့က လိုလိုချင်ချင်ပျော်ပြီးဝါးနေကြတဲ့သူတွေရှိသလို၊ အများညီလို့ ငြင်းပယ်လို့မရ စိတ်ညစ်ညစ်နဲ့ ကိုယ့်မိသားစု ၀မ်းစာကိုယ်ရှာပြီး ကိုယ့်ဌာနကို ပြန်ပေးနေရတဲ့ အရာရှိတွေလည်း ရှိကြောင်းသိစေချင်လှပါတယ်။

Quoting pa yit 2012:
နောက်တစ်ခုကနေရာကောင်းကောင်းရတဲ့ရဲတွေသူတို့လစာကိုသူတို့မစားပဲဘာလို့ဌာနကိုပေးစားနေကြရတာလဲဆိုတာလဲကြားမိပါတယ်၊
ဒါမျိုးမရှိဘူးမဟုတ်ပါဘူး။ ခုနကလို ပျော်ပျော်ကြီး အားတက်သရောဝါးနေကြတဲ့ ရဲတွေကြတော့ သူခိုးရွှေရတပြပြလို မျက်နှာလိုမျက်နှာရလုပ်တတ်ကြပါတယ်။

Quoting Public Servant:
ပြောမှသိမယ့် အရေးယူမှုဆိုတာ ဟန်ပြလုပ်ဆောင်မှုပဲ ဖြစ်လိမ့်မယ်။
တာဝန်ရှိသူတွေ စစစ တွေစုံစမ်းပြီး ဖော်ထုတ်ရမှာ မဟုတ်ဘူးလားဗျ
သူတို့ အတွင်းထဲက ခြစားတဲ့ အရှုပ်တော်ပုံကို မတိုင်ရဲကြပါဘူး။ အစိုးရက သန့်ရှင်းအစိုးရလို့ကြေညာထားပြီးရင် ကိုယ့်အလုပ်ကိုယ်လုပ်သင့်ပါတယ်။ ဘယ်နေရာလေးလှည်းပါဦး .. ဘယ်နေရာလေးဆေးပါဦး .. ဘယ်နေရာလေးပြောင်အောင်တိုက်ပါဦး လို့ အမြဲသတိပေးပြောနေရတဲ့ ကျပ်မပြည့်တဲ့ သန့်ရှင်းရေးသမားလို မလုပ်ချင်ကြစမ်းပါနဲ့။

ကိုယ်တွေအသက်တွေလည်း အနည်းဆုံးတော့ လေးဆယ်ကျော်ခဲ့ကြပြီ မဟုတ်ပါလား။ ရှက်တတ်ကြစမ်းပါ။

အရှက်ဆိုတာ ဘာလဲ
ဂျိုနဲ့လား
သူတို့မသိကြဘူးဗျ
 
+34 #22 Hla Kyaw Nay 2012-02-17 07:47

+62 #21 Public Servant 2012-02-16 22:31
အဂတိလိုက်စားတာကို ထိထိရောက်ရောက် အရေးယူချင်ရင် အကိုကြီးညီလေးနဲ့ အချင်းချင်း ကာကွယ်ပေးဖးမနေကြ တပ်ထွက် ဗိုလ်များကို အရင် ရှင်းလိုက်ပါ။ အရပ်သား ပညာရှင် ပညာတတ် မိမိကိုယ်ကိုယ်တန်ဘိုးထားသော အရပ်သားဝန်ထမ်းများနဲ့ လဲပစ်လိုက်ပါ။
အလုပ်လဲမဖြစ် ပညာရှင်တွေကို ဂုတ်သွေးစုတ် လူလည်ကျ ခိုင်းစားနေသူများကို ဖယ်ရှားပြီး သူတို့ရဲ့ ရာဇ၀င်လိုက်ပါ။ ဘယ်လိုချမ်းသာသွားတယ်ဆိုတာ မသိချင်အဆုံးပါ။
ပြောမှသိမယ့် အရေးယူမှုဆိုတာ ဟန်ပြလုပ်ဆောင်မှုပဲ ဖြစ်လိမ့်မယ်။
တာဝန်ရှိသူတွေ စစစ တွေစုံစမ်းပြီး ဖော်ထုတ်ရမှာ မဟုတ်ဘူးလားဗျ။

အလုပ်ဆိုရင် မင်းတို့ကျုံးလုပ် ခွင်ဆိုရင် ငါ့ဟာဆိုပြီး လုပ်စားတွေကို ထိထိရောက်အရေးယူလိုက်ပါ။
အဆင့်အတန်းရှိသော အရပ်သားအရာရှိတွေ အများကြီးပါဗျ။
သူတို့ရှိနေတာ အလုပ်လဲမဖြစ် .. အဂတိကို အုံလိုက်ကျင်းလိုက် လုပ်စားနေကြတာ .. ခုဆို အရပ်သား အမှုထမ်းတွေ အရာထမ်းတွေလဲ အတုမြင် အတတ်သင်ဆိုသလို လိုက်လုပ်ကြလို့ အကျင့်ပျက်ဝန်ထမ်းတွေ ဖြစ်ကုန်ကြပြီ။ ဘယ်သူတွေက လက်ရဲဇက်ရဲဖြစ်အောင် စလုပ်ပေးခဲ့ကြတာလဲ။ root cause ကိုတွေ့ပြီဆိုရင် အမြစ်ကနှုတ် ဖယ်ရှားလိုက်ကြပါဗျာ။
 
+62 #20 myatminlwin 2012-02-16 20:58
သူတပါးကိုနစ်နာပါစေဟူသော စိတ်ကြောင့်မဟုတ်ပါ မျိုးချစ်စိတ်ကြောင့်ပါ ။ ကဲတိုင်းရင်းသား ညီအစ်ကိုမောင်နှမတို့  မိမိတို့ ပတ်ဝန်းကျင်မှာ အိမ်ထောင်စုစာရင်းမရှိ၊ အမျိုးသားစိစစ်ရေးကဒ်မရှိပဲမြေပိုင်အိမ်ပိုင်ဖြစ်နေတဲ့ နိင်ငံခြားသားတွေရှိပါက သေသေချာချာစာရင်းပြုစုပြီးထိုလူတွေဘယ်ပုံဘယ်နည်းနဲ့ ကျနော်တို့ တိုင်းပြည် ကျနော်တို့ အမိမြေကို ပိုင်ဆိုင်ခွင့်ရနေလဲ ဘယ်သူတွေကခွင့်ပြုခဲ့တာလဲဆိုတာ စုံစမ်းဖော်ထုတ်ဖို့ အချိန်တန်ပြီလို့ ထင်ပါတယ်
 
+79 #19 ayeayehan 2012-02-16 20:17
Corruption ၂ မျိုးရှိပါတယ်။ Public မှယူတာရယ်၊တိုင်းပြည်ဘဏ္ဏာမှယူတာရယ်(ဆောက်လုပ်ရေး၊ဆည်မြောင်း)တို့ ပါ။ သိန်း၅ထောင်တန် project ကို သိန်း တစ်သောင်းတင်၊ ပိုတဲ့သိန်း၅ထောင်ကို လုပ်တဲ့လူရယ်၊ခွင့်ပြုတဲ့လူကြီးရယ်၊စစ်ဆေးတဲ့ Audit ရယ်မျှစားလိုက်တော့ OK ပေါ့။တိုင်မဲ့လူလည်းမရှိ၊ နှစ်ချုပ်တော့ budget လိုငွေ ၂ဘီလီယံ ၊အင်ဂျင်နီယာတွေကတော့တစ်နှစ်ကိုခြံ ၁ခြံ
 
+41 #18 maungmaung07 2012-02-16 19:52
Quote:
ပြည်ထောင်စုဝန်ကြီးက ''၀န်ထမ်းမသမာမှု၊ အဂတိလိုက်စားမှုနှင့်သက်ဆိုင်သည့် တိုင်စာများကို နိုင်ငံတော်အဆင့်အနေဖြင့် ဖော်ထုတ်အရေးယူသွားရန်

ခုတလော စကူဖြူဈေးတွေ တက်တာ ဒါကြောင့်ကိုး----
 
+53 #17 myatminlwin 2012-02-16 17:21
ပြည်သူတွေလေ့လာနိုင်စေရန် ဥပဒေနှင့်ပတ်သက်သော website ကို အစိုးရအဖွဲ့ အစည်း (သို့ ) ဥပဒေ ပညာရှင်များမှ ပြုလုပ်သင့်ပါတယ်
 
+83 #16 pa yit 2012 2012-02-16 17:11
အခုပြောနေတဲ့လူကပြည်ထဲရေးဝန်ကြီးပါ......အဂတိအလိုက်အစားဆုံးဌာနကလဲပြည်ထဲရေးပါပဲ၊ ရဲ၊ယာဉ်ထိန်းတွေကိုပဲကြည့်လေ၊နယ်ထိန်း၊စစစ အက်စ်ဘီ..စတာတွေ...သူများသတင်းထောက်ပြီးဆက်ကြေးကောက်နေတာ လူနေထူထပ်တဲ့မြို့တွေမှာအထင်အရှားပါခုထိပါ၊ကာရာအိုကေ၊စင်တင်တွေကိုလဲညဘက်ပြည်ထဲရေးဝန်ကြီးကရုပ်ဖျက်ပြီးလာကြည့်ပါလို့ဖိတ်ခေါ်ပါတယ်၊ပတ်စ်ပို့ရုံးမှာချမ်းသာနေတဲ့ပွဲစားတွေဘယ်သူတွေနဲ့ဆက်သွယ်လို့ပါလဲ၊ ပွဲစားတွေကမှဝန်ကြီးတပည့်တွေနဲ့ပေါင်းပြီး 0ne Stop Service လုပ်နိုင်ပါသေးတယ်၊နောက်တစ်ခုကနေရာကောင်းကောင်းရတဲ့ရဲတွေသူတို့လစာကိုသူတို့မစားပဲဘာလို့ဌာနကိုပေးစားနေကြရတာလဲဆိုတာလဲကြားမိပါတယ်၊
 
+22 #15 David1970 2012-02-16 16:40
That's right. take action for big case even it is minister. Quoting KO KYAW - BUTALIN:
သေသေချာချာ အဂတိတိုက်ဖြိုက်ရေးကော်မရှင် ခုန်ရုံး စသဖြင့် သမာသမတ်ကျတဲ့လူကြီးတွေနဲ့ ဖွဲ့ ပြီး ၆လ စိမံကိန်း တနှစ်စီမံကိန်းချပြီး အပြတ်ကိုင်ရယင်ပိုထိရောက်မယ်ထင်ပါတယ်။ တိုင်းပြည်နဲ့ လူမျိုးရဲ့ ဂုဏ်ကိုတော်တော်ဖျက်ဆီးနေတာ။ အပြတ်ကိုဆော်သင့်ပြီဗျာ။ ပေးတဲ့လူရော ယူတဲ့လူရော အပြစ်ပေးရမယ်။ ကောင်မွန်တဲ့မြန်မာ့လူ့ ဘောင်အဖွဲ့ အစည်းကိုထူထောင်ချင်ယင်အပြတ်ကိုဆော်ရမှာဗျ။ တိုင်းပြည်တိုးတက်အောင်လုပ်ပြီးချမ်းသာကြစမ်းပါ ခိုး ဖွက်တောင်းရမ်းပြီး ချမ်းသာယင် ဘုရားရှိခိုး တိုင်း ငါးပါးသီလယူတိုင်း နောက်ကနေ အလကားပြောတာပါ အရှင်ဘုရားလို့ တိုးတိုးဆိုနေရမယ်။ ရှက်တတ်စမ်းပါ လူဆိုတာဘယ်လောက်များ အသက်ရှည်နေရလို့ လဲ။ ရှက်ကြစမ်းပါ။
 
+67 #14 KO KYAW - BUTALIN 2012-02-16 16:36

+39 #13 maungmaunglulay 2012-02-16 16:28
Quoting octobergmyo@gmail.com:
သူတို့မို့ လာဘ်ပေးလာဘ်ယူ တိုက်ဖျက်မယ် ပြောရဲတယ်နော်။ လစာနည်း ဝန်ထမ်းချင်း အတူတူ သူတို့ကျတော့ မြို့လယ်ခေါင်မှာ အိမ်ကောင်း ကားကောင်းတွေနဲ့ ဘာလို့ နေနိုင်တာလဲ။ သိကြားမင်းက သူတို့အတွက် ရော့ အင့် ဆိုပြီးပစ်ချပေးလိုက်လို့လား? တရားဝင်ရတဲ့ လစာ နဲ့ အသုံးစရိတ် မမျှသ၍တော့ လာဘ်ပေးလာဘ်ယူ ပပျောက်ဖို့ မရှိဘူး။ ရုံးတစ်ရုံးမှာ တံခါးစောင့်တဲ့ သူတစ်ယောက်ရဲ့ လစာက ၃ သောင်းကျော်ကျော်၊ အဲ့ဒါနဲ့ သူ့မိသားစု ဘယ်လိုစားမလဲ။ မလောက်တော့ ဂွင်ရှာပြီ။ လာသမျှလူ ဆီမှာ ပိုက်ဆံတောင်းပြီ။ ပေးရတဲ့ သူကလည်း ဘယ်လိုလုပ်ပေးချင်မှာလဲ။ လူဆိုတာကလည်း ရလေလိုလေ ဆိုတော့ တောင်းတဲ့သူကလည်း လုံလောက်ရုံနဲ့တင် မတင်းတိမ်နိုင်တော့ဘူး။ ဘယ်ရုံးသွားသွား အလကားနေရင်း ပိုက်ဆံပေးနေရတာ ပေါ်တင်ကို တောင်းနေတာ စိတ်ပျက်ဖို့ကောင်းတယ်ဗျာ။
အခုလည်း လစာတိုးမယ်ဆိုပြီး သတင်းလွှင့်တယ်၊ သူ့တို့ အမျိုးကုန်သည်တွေက ကုန်ဈေးနှုန်းဖမ်းတက်လိုက်တယ်။ ပြီးတော့ လစာ တိုးမှာ ဝန်ထမ်းအားလုံး မဟုတ်ဘူးတဲ့၊ အားလုံးတိုးမှာက ၂၀၁၃ မှတဲ့။ ကဲပြီးရော.........မြင့်သွားတဲ့ ကုန်ကျစရိတ်ကို လိုက်ဖို့ လာဘ်ပေးလာဘ်ယူ အမှုက ပိုပြီး ကြီးလာတော့မယ်။ နိုင်ငံလည်း ဒီလောက် ပျက်စီးနေပြီ၊ ဒီလောက်လည်း နောက်ကျနေပြီ၊ ဒါကိုတောင် အရင်တုန်းက အကျင့်တွေ အတိုင်း အရင်တုန်းက ပုံစံတွေ အတိုင်းပဲ ဆက်လုပ်နေမယ်ဆိုလို့က နိုင်ငံလည်း ပြာပုံထဲကကိုထွက်တော့မှာ မဟုတ်ဘူးဗျာ :(

ဟုတ်ပါတယ်ဗျာ......အိမ်ခေါင်မိုး ကမိုးမလုံတော. အောက်ခြေ၀န်ထမ်း လာတ်စားတာ...စာမဖွဲ.လောက်ပါ ပထမ သမ္မတ နှင်.အစိုးရအဖွဲ. ၀င်ဝန်ကြီးများရဲ. ပိုင်ဆိုင်တာတွေ ကိုပြည်သူ များသိရှိအောင် စိစစ်သင်.ပါတယ် ယခင်ပိုင်ဆိုင်ခဲ.တဲ.ငွေတွေ ကိုထားလိုက်ပါ ယနေယမှစ၍ ........
 
+58 #12 maungmaunglulay 2012-02-16 16:17
မြန်မာနိင်ငံမှာ အဂတိလိုက်စားမှုထက် အဓိကကျတာ နိုင်ငံ. ဘဏ္ဍာကို အလွဲသုံးစား လုပ်မှု ပါ။ ဆောက်လုပ်ရေး၊ ဆည်မြောင်း လျှပ်စစ် စသည်စသည် ဖြင်. ငွေကို ရေလိုသုံးနေ ကြတဲ. ကိစ္စတွေ ကိုသာထိန်းချုပ် နိုင်လို.ရှိယင် ပိုလာတဲ.ငွေ တွေနဲ. ပညာရေး ကျမ်းမာရေး အတွက် အများ ကြီး အသုံးပြုနိုင်မှာပါ၊
 
+130 #11 AngryBird 2012-02-16 16:08
တိုင်စာလာမှ (မှန်၊မမှန် သက်သေပြည့်စုံ၊ မစုံ စီစစ်ပြီး) အရေးယူမယ်ဆိုတာ (ကန်တော့ပါရဲ့) ယောက်ကျားနောက်လိုက်သွားတဲ သမီးကို ပြန်သိမ်းသလိုပဲပေါ။
အမှန်က အစကတည်းက အဂတိ လိုက်စားဖို့ခက်တဲ စနစ်မျိုး လုပ်သင့်တယ်။ ဘယ်လိုလုပ်မလဲ၊
၁) ရှင်းလင်းမြင်သာတဲ့ စနစ် (Transparent System)
၂) ပြည့်စုံဖူလုံတဲ့ ၀န်ထမ်း
၃) အမှားအယွင်းကို ထောက်ပြမယ့် လွတ်လပ်သော Media
၎) အဂတိလိုက်စားမူကို တိကျခိုင်မာစွာ အရေးယူမှု

အခုလုပ်နေတာက နံပါတ် ၄ ရဲ့ တစိတ်တပိုင်းပဲရှိသေးတယ်။ မအောင်မြင်နိုင်ပါဘူး။
 
+105 #10 ATNATC 2012-02-16 15:35
၁) လာဘ်ပေးလာဘ်ယူ လုပ်ရတာကိုရှက်စရာလို့ မမြင်သေးတာရယ် (ယူသူတင်မဟုတ်ဘူးနော်၊ ပေးသူကလဲရှက်တတ်ဖို့ သင့်ပါတယ်)
၂) ဘယ်လိုဟာကို လာဘ်ယူတာ လာဘ်ပေးတာလို့ ခေါ်တာလဲဆိုတာကို မကွဲပြားသေးတာရယ် (ကျွန်တော်တို့ အတွက် ကန်တော့ခြင်း၊ အကန်တော့ခံခြင်း ဆိုတာက မဖျောက်ဖျက်ကောင်းတဲ့ ယဉ်ကျေးမှုဆိုတော့ အဲဒီအပေါ်မှာ အလုပ်တွေဖြစ်နေကြတာပေါ့ခင်ဗျာ)
(“ငါတို့က လာဘ်စားတာမဟုတ်ဘူး...အအေးစာပဲစားတာ...သိတတ်လို့ ကန်တော့ရင် လက်ခံပေးလိုက်တယ်” ဆိုတဲ့ စကားသံမျိုးတွေ မကြာခဏ ကြားဘူးကြမှာပါ)
၃) အဂတိလိုက်စားခြင်း၊ လာဘ်စားခြင်းနဲ့ “ကော်မရှင်စား”ခြင်းဆိုတာအတူတူပဲဖြစ်ပြီး ၀န်ထမ်းမသမာမှုမြောက်ကြောင်းကို ကွဲကွဲပြားပြားမသိတာရယ်
(ဂျီအီးက စစ်ဗိုလ်များ အထူးသဖြင့် သိသင့်ပါတယ်၊ “ငါတို့ ဒီလိုနေနိုင်တာ လာဘ်စားလို့မဟုတ်ဘူး လုပ်ငန်းရှင်တွေက ပေးတဲ့ကော်မရှင်ကို အားလုံးအချိုးကျခွဲယူကြတာ” ဆိုတဲ့စကား သူတို့ဆီက မကြာမကြာကြားရတတ်ပါတယ်။
ဂျီအီးထဲမှာ လမ်းဗိုလ်လို့ခေါ်တဲ့ တပ်ကြပ်ကြီးက ဆပ်ဖ် စီးနိုင်ပြီး၊ ခြေလျင်က တပ်ရင်းမှူးက မာဇဒါဂျစ်ပျက်နေလို့ လိုင်းကားတိုးစီးနေရတာတွေရှိနေဆဲပါ၊ (အခုတပ်ချုပ်ကြီးက လက်သံပြောင်တယ်ကြားပေမယ့် ဂျီအီးကတော့ အေးဆေးပ၊ဲ တပ်ချုပ်ကြီးခင်ဗျာ အမှားရှာမရရင် တစ်ခုပဲအကြံပေးပါရစေ External Auditor တွေလုံလုံလောက်လောက်ငှားပြီး တစ်ချိန်ထဲ တစ်ပြိုင်ထဲ ဂျီအီး တပ်တွေကို စစ်ခိုင်းလိုက်ပါ၊ တပ်မတော်ရဲ့ အမှန်ကန်ဆုံး ဘတ်ဂျက်တစ်ခုထွက်လာမှာပါ၊)
ခေတ်အဆက်ဆက် တက်သူတွေတက် ပျက်သူတွေပျက်ပေမယ့် အမြဲထာဝရ ပန်းပန်နေတာကတော့ ဂျီအီးပါပဲ၊ ထောက်လှမ်းရေးတွေ ဂျေးအောင်းတော့လဲ “သြော် ..... ကျွတ်ကျွတ် သနားပါတယ်” ပါတယ်ဆိုပြီး အိနြေ္ဒမပျက်ခဲ့တာ ဂျီအီးပဲပေါ့ဗျာ။
ကျွန်တော် ဂျီအီးကိုဥပမာပေးရတာက- လူအများနဲ့ တိုက်ရိုက်ထိတွေ့ဆက်ဆံရတဲ့ဌာနတွေဖြစ်တဲ့ လ၀ကတို့၊ တရားရေးတို့၊ ပြည်ထဲရေးတို့၊ အကောက်ခွန်တို့က လူထုမေတ္တာခံယူပြီး နာမည်ကြီးကြရပေမယ့် အဲဒီဌာနတွေက ညွှန်မှူးအဆင့် ကြွယ်ဝတာ ဂျီအီးက လမ်းဗိုလ်ကို မမှီပါဘူး။ ဆယ်မြောင်းက ညွှန်မှူးလောက်ဆိုရင်တော့ သူတို့ဆီက ၀န်ထောက် (အရာခံဗိုလ်)လောက်နီးနီးတော့ ချမ်းသာပါလိမ့်မယ်။
လစာမလောက်ငှလို့ လာဘ်ယူရတဲ့သူတွေက တစ်မူးတစ်ပဲ မုန့်ဖိုးပဲဖိုးပါ၊ ဒါပေမယ့် ဒုတ်ဝေပြီဆိုရင်တော့ သူတို့က ထိပ်ဆုံးကခံရတော့တာပါပဲ။ (အခု သူရဦးရွှေမန်းက လစာတွေတိုးပေးပါတော့လို့ တောင်းဆိုထားတော့ အဲဒီပြဿနာကတဖြည်းဖြည်းလျော့ပါးလာတော့မှာပေါ့)
လောက်ငှပါရဲ့နဲ့ ချမ်းသာချင်လို့ “ကော်မရှင်”စားတဲ့ သူတွေကိုတော့ ထိထိရောက်ရောက် လူသိရှင်ကြား ဆုံးမသင့်ပါပြီ။ ပြည်ထဲရေးဝန်ကြီးပြောသလို တိုင်ကြားရင်အရေးယူမယ်ဆိုရင်တော့ သူတို့ဘယ်တော့မှ အရေးယူခံရမှာမဟုတ်ပါဘူး၊ ဘယ်သူမှတိုင်မယ့်သူမရှိလို့ပါ အားလုံးပေါင်းစားနေကြလို့ပါ။) လွှတ်တော်ကပြဌာန်းလိုက်တဲ့ ဥပဒေဟာ စစ်ဖက်ကိုလဲ အကျိုးသက်ရောက်စေသင့်ပါတယ်၊ သူတို့လဲ နိုင်ငံသားတွေပဲမဟုတ်လား။
 
+94 #9 MagicGuy 2012-02-16 15:15
Quote:
ဝန်ထမ်းမသမာမှု၊ အဂတိလိုက်စားမှုနှင့်သက်ဆိုင်သည့် တိုင်စာများကို နိုင်ငံတော်အဆင့်အနေဖြင့် ဖော်ထုတ်အရေးယူရန် ညွှန်ကြားထားကြောင်း ပြည်ထောင်စုဝန်ကြီး ပြောကြား

နောက်ဆုံး မုံလာဥ ဂိုထောင်စောင့်ဖို့ ယုန် နောက်တစ်ကောင် ရှာနေရပါဦးမယ် မောင်ကိုကိုရယ်။

၁။ ဆည်မြောင်း၊ ရေအား လျှပ်စစ်တွေမှာ လုပ်ငန်းသုံးဆီကို ခွဲဝေမှာ ဆီတစ်ပေပါကို ၅၂ဂါလံ အဖြစ် သတ်မှတ်ပေးရတာတွေ၊။
၂။ ဆောက်လုပ်ရေးမှာ ကျောက်၊ မြေ၊ သဲတွေကို တစ်ကျင်းခွဲကို ၂ကျင်း ခွင့်ပြုပေးရတာတွေ၊
၃။ စည်ပင်၊ ဆောက်လုပ်ရေး၊ မီးရထား၊ ဆည်မြောင်း၊ တွေမှာ သုံးတဲ့ YELLOW BOOK ထဲက အလွန်အကျွန် နှုံးတွေ၊
၎။ သစ်တောက ပုံစံ (၈) ဆိုပီး ဖမ်းမိသစ်တွေကို လက်လှည့်သင့်ရာ ရောင်းပေးနေတာတွေ၊
၅။ ရေလမ်းထိမ်းသိန်းရေးဆိုပီး သိန်းပေါင်းများစွာကို တမံတုပ်သလိုလို၊ သောင်တူးသလိုလို လုပ်ပစ်ပီး အကုန်ုပြတာတွေ၊
ဒါတွေ မမှန်မကန်ဖြစ်နေတာတော့ ဘယ်သူက တာဝန်ယူမှာလည်း။
 
+108 #8 wuntho 2012-02-16 15:14
အဂ္ဂမဟာ ဒီမိုဖက်တီး (facebook)
ဟေးးးး လှိုင်သာယာမြို့ နယ် တိုင်ရီဖိနပ် စက်ရုံက အလုပ်သမားဆန္ဒပြပွဲ အောင်ပြီကွ ။
တစ်နာရီ ၁၀၀ ရပြီကွ။ တနေ့လုံး ၈ နာရီ အလုပ်လုပ်ရင် ၈၀၀ ကျပ်ကွ ။ ဒေါ်လာ ၉၅ ပြား
တောင် ရတယ်ကွ။ နိုင်ငံတကာ ရင်းနှီးမြှပ်နံမှုတွေ မြန်မြန် လာကြဟေ့။ ဒီမှာ ကျွန်တွေ
စောင့်နေတယ် .......

ကျွန်နိုင်ငံရဲ့ သမ္မတကြီး ကြားမှာပါနော်။

what above is (၀န်ထမ်းမသမာမှု၊ အဂတိလိုက်စားမှုနှင့်သက်ဆိုင်သည့် တိုင်စာ).
 
+45 #7 cherrynaing 2012-02-16 14:48
လောလောဆယ်ထင်သာမြင်သာရှိနေတာက ဘဏ်ရယ်၊ လ၀က ရယ်၊ ကျောင်းဆရာမတွေရယ် ကျောင်းဆရာမတွေ ကျူရှင်မပြရဘူး လို.မဆိုလိုပါဘူး။ဒါပေမဲ့ ကိုယ့်ကျောင်းက ကိုယ့်အတန်းက ကလေးတွေကိုတော့မပြစေချင်ဘူး။ ကျင့်ဝတ်ဖောက်ဖျက်တာတွေဖြစ်လွန်းလို့...။
 
+47 #6 May Than Dar wint 2012-02-16 14:43
သန့်ရှင်းသောအစိုးရ၊ကောင်းးမွန်သောအစိုးရလမ်းကြောင်းပေါ်သို့ဦးတည်သွားနေသော နိုင်ငံတော်ကြီးအတွက်တိုင်းရင်းသားပြည်သူတစ်ရပ်လုံး၏သတင်းကောင်းလေးပါ။
မိချောင်းမင်းကိုရေကင်းချ။ဘုန်းကြီးကိုစာချမဟုတ်ရပါ။မတရား စွပ်စွဲခြင်းလည်းမဟုတ်ရပါ။
ဖြစ်တတ်တာကိုပြောပါ့မယ်။အကြံပြုပါရစေ။တာဝန်နှင့်လုပ်ပိုင်ခွင့်ကိုအပြည့်အ၀ရရှိနေသည့် ဌာနဆိုင်ရာအကြီးအကဲဝန်ထမ်းများ၏မသမာမှု၊အဂတိလိုက်စားမှုနှင့်သက်ဆိုင်သည့်
တိုင်စာများကိုနိုင်ငံတော်အဆင့်အနေဖြင့်ဖော်ထုတ်အရေးယူသွားရာတွင် ထိုစစ်ဆေးရေးအဖွဲ့၏
တာဝန်နှင့်လုပ်ပိုင်ခွင့်ကိုအထူးဂရုပြုရပါမယ်။ထိုစစ်ဆေးရေးအဖွဲ့မှစစ်ဆေးရာတွင်
အစစ်ဆေးခံရမည့်သူမှာ ရာထူးကြီးနေခြင်း (သို့မဟုတ်) နိုင်ငံတော်အဆင့်၊တာဝန်ရှိသူ
လူကြီး၏တပည့်ဖြစ်နေခြင်း (သို့မဟုတ်) ဆွေမျိုးတော်စပ်နေခြင်းစသည့် အကြောင်းကြောင်း
တို့ကြောင့်အားနာနေပြီး မျက်နှာလိုက်၍ လျော့ပေါစွာအစီရင်ခံခြင်း၊ အဂတိလိုက်စားခြင်း၊
ချစားခြင်း၊လာဘ်စားခြင်းများထပ်မံဖြစ်ပွားလာနိုင်ပါသည်။
ဆက်ရန်
 
+49 #5 octobergmyo@gmail.com 2012-02-16 14:43
သူတို့မို့ လာဘ်ပေးလာဘ်ယူ တိုက်ဖျက်မယ် ပြောရဲတယ်နော်။ လစာနည်း ဝန်ထမ်းချင်း အတူတူ သူတို့ကျတော့ မြို့လယ်ခေါင်မှာ အိမ်ကောင်း ကားကောင်းတွေနဲ့ ဘာလို့ နေနိုင်တာလဲ။ သိကြားမင်းက သူတို့အတွက် ရော့ အင့် ဆိုပြီးပစ်ချပေးလိုက်လို့လား? တရားဝင်ရတဲ့ လစာ နဲ့ အသုံးစရိတ် မမျှသ၍တော့ လာဘ်ပေးလာဘ်ယူ ပပျောက်ဖို့ မရှိဘူး။ ရုံးတစ်ရုံးမှာ တံခါးစောင့်တဲ့ သူတစ်ယောက်ရဲ့ လစာက ၃ သောင်းကျော်ကျော်၊ အဲ့ဒါနဲ့ သူ့မိသားစု ဘယ်လိုစားမလဲ။ မလောက်တော့ ဂွင်ရှာပြီ။ လာသမျှလူ ဆီမှာ ပိုက်ဆံတောင်းပြီ။ ပေးရတဲ့ သူကလည်း ဘယ်လိုလုပ်ပေးချင်မှာလဲ။ လူဆိုတာကလည်း ရလေလိုလေ ဆိုတော့ တောင်းတဲ့သူကလည်း လုံလောက်ရုံနဲ့တင် မတင်းတိမ်နိုင်တော့ဘူး။ ဘယ်ရုံးသွားသွား အလကားနေရင်း ပိုက်ဆံပေးနေရတာ ပေါ်တင်ကို တောင်းနေတာ စိတ်ပျက်ဖို့ကောင်းတယ်ဗျာ။
အခုလည်း လစာတိုးမယ်ဆိုပြီး သတင်းလွှင့်တယ်၊ သူ့တို့ အမျိုးကုန်သည်တွေက ကုန်ဈေးနှုန်းဖမ်းတက်လိုက်တယ်။ ပြီးတော့ လစာ တိုးမှာ ဝန်ထမ်းအားလုံး မဟုတ်ဘူးတဲ့၊ အားလုံးတိုးမှာက ၂၀၁၃ မှတဲ့။ ကဲပြီးရော.........မြင့်သွားတဲ့ ကုန်ကျစရိတ်ကို လိုက်ဖို့ လာဘ်ပေးလာဘ်ယူ အမှုက ပိုပြီး ကြီးလာတော့မယ်။ နိုင်ငံလည်း ဒီလောက် ပျက်စီးနေပြီ၊ ဒီလောက်လည်း နောက်ကျနေပြီ၊ ဒါကိုတောင် အရင်တုန်းက အကျင့်တွေ အတိုင်း အရင်တုန်းက ပုံစံတွေ အတိုင်းပဲ ဆက်လုပ်နေမယ်ဆိုလို့က နိုင်ငံလည်း ပြာပုံထဲကကိုထွက်တော့မှာ မဟုတ်ဘူးဗျာ :(
 
+45 #4 May Than Dar wint 2012-02-16 14:24
လာဘ်ပေးလာဘ်ယူအဂတိလိုက်စားပြီး လုပ်ချင်တာလုပ်နေတာကိုမသိ/မမြင်ချင်ယောင်ဆောင်နေပြီးကာကွယ်ပေးနိုင်ခြင်း၊
ဌာန နေရာကောင်းဆီသို့ ကျားကွက်ရွေနိုင်ခြင်း၊ ဌာနပြောင်းရွေ့ပေးနိုင်ခြင်း၊လျော့ပေါ့စွာ
အပြစ်ပေးနိုင်ခြင်း များ ပေါ်ပေါက်လာနိုင်ပါကြောင်း နှင့် စစ်ဆေးစဉ် ထိုအစစ်ဆေးခံရသူ
ဝန်ထမ်းအကြီးအကဲအား ၄င်းဌာနမှ ပြောင်းရွေ့မိန့်ကိုထုတ်ပြန်ရပါမည်။
သို့မှသာ ထိုဌာနမှ လက်အောက်ငယ်သားသက်သေများမှာ အမှန်အတိုင်း ခိုင်လုံတိကျသော
အထောက်အထားများဖြင့် ထွက်ဆိုချက်ပေးကြပါလိမ့်မည် ကို သတိပြုစေလိုပါသည်။
ကြောက်၍ မည်သို့မေးမေး၊ အမှန်အတိုင်းဖြစ်မလာဘဲ
သဲထဲသို့ ရေသွန်ချလိုက်သကဲ့ သို့ ဖြစ်သွားပါလိမ့်မည်ဖြစ်ပါကြောင်း၊
လေးစားအပ်ပါသော နိုင်ငံတော်သမ္မတကြီးဦးသိန်းစိန် နှင့် တာဝန်အားတိကျစွာ
လိုက်နာဆောင်ရွက်တတ်သော ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
ဒုတိယဗိုလ်ချုပ်ကြီးကိုကို တို့အား အကြံပြုအပ်ပါတယ်။
 
+63 #3 Khin Thein Thun 2012-02-16 13:29
တိုင်မယ့်သူမရှိသရွေ့ လာဘ်စားချင်သလောက် စားနိုင်တယ် ဆိုတာရှင်းပြီလား တိုင်လာရင်တောင် ရှင်းထုတ် ပြစ်လိုက်လို့ရတယ် ငါတို့ဝန်ကြီးပြောတာသဘောပေါက်
အထောက်အထားမခိုင်လုံဘဲ တိုင်လာယင် ဘာဖြစ်သွားမယ်ထင်လဲ ငှဲ ငှဲ ငှဲ

လိမ်မာ လိုက်စမ်းပါကိုယ့်လူရယ် ထုံးစံအတိုင်းပေါ့၊

ဒီဝန်ကြီး ဒီရာထူးမှာ ထါဝရတည်မြဲပါစေသော်------
 
+64 #2 Hla Kyaw Nay 2012-02-16 13:26
သန့်ရှင်းအစိုးရကြီး က တံမြက်စည်းလှည်းကျင်းကြောင်း၊ လျှော်ဖွတ်ဂျီးချွတ်ကြောင်း ဖော်ထုတ်အရေးယူရုံတင်မက ပြည်သူလူထုသိအောင်လည်း ဖော်ထုတ်ကြေညာပေးသင့်ကြောင်းပါ။

အစိုးရသက်တမ်း တစ်နှစ်အတွင်းမှာတော့ သန့်ရှင်းရေးဘယ်လိုလုပ်တယ်ဆိုတာ သိပါရစေလား အစိုးရကြီးခင်ဗျား။
 
+97 #1 Shwe Min 2012-02-16 12:27
လ၀က နဲ့ တရားရုံးကလူတွေ အရင်အရေး ယူရမယ်
 
No comments:

Post a Comment