Thursday, March 15, 2012

 မြန်မာနိုင်ငံ၏ ချေးငွေပမာဏမှာ ဒေါ်လာသန်းပေါင်း ၁၁၀၀၀ ကျော်ရှိပြီး တရုတ်နိုင်ငံကိုဒေါ်လာသန်းပေါင်း ၂၀၀၀ ကျော် ပေးရမည်

 မြန်မာနိုင်ငံ၏ ချေးငွေပမာဏမှာ ဒေါ်လာသန်းပေါင်း ၁၁၀၀၀ ကျော်ရှိပြီး တရုတ်နိုင်ငံကိုဒေါ်လာသန်းပေါင်း ၂၀၀၀ ကျော် ပေးရမည်   

အကြွေးတွေနဲ့ ခေါင်းခဲနေတဲ့သမ္မတကြီးဦးသိန်းစိန်
မြန်မာနိုင်ငံ၏ ပြည်ပနိုင်ငံများသို့ ပြန်လည်ပေးဆပ်ရမည့် စုစုပေါင်း ချေးငွေပမာဏမှာ အမေရိကန်ဒေါ်လာ သန်းပေါင်း ၁၁၀၂၃. ၂၉၈ ရှိပြီး ၁၉၈၈ ခုနှစ်နောက်ပိုင်းတွင် အများဆုံးချေးယူခဲ့သည့် နိုင်ငံမှာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံဖြစ်ပြီး အမေ ရိကန်ဒေါ်လာ သန်းပေါင်း ၂၁၃၁.၇၄၄ကို ပြန်လည်ပေးဆပ်ရမည်ဖြစ်ကြောင်း ဇန်န၀ါရီလ ၃၁ရက်နေ့က ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် တတိယပုံမှန်အစည်းအဝေး ပထမနေ့ အစီအစဉ်တွင် ပြည်ထောင်စုအစိုးရအဖွဲ့ကိုယ်စား ဘဏ္ဍာရေး နှင့် အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှထွန်းက ပြောကြားခဲ့သည်။
ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှထွန်းက'' နိုင်ငံတော်မှရယူခဲ့တဲ့ ပြည်ပချေးငွေများကို ကြည့်မယ်ဆိုရင် ၁၉၈၈ခုနှစ် မတိုင်မီ ချေးငွေများနဲ့ ၁၉၈၈ခုနှစ် နောက်ပိုင်းချေးငွေများအဖြစ် နှစ်ပိုင်းခွဲပြီး တင်ပြပါမယ်။၁၉၈၈ ခုနှစ်မတိုင်မီ ရယူခဲ့တဲ့ ပြည်ပချေးငွေအများစုကတော့ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများမှ ချေးငွေများနဲ့ နှစ်နိုင်ငံအစိုးရများအကြား ချေးငွေများဖြစ်ပြီး ပေးဆပ်ရန်ကျန်ငွေကတော့ အမေရိကန်ဒေါ်လာ ၈၄၀၈.၃၄၈သန်း ဖြစ်ပါတယ်။ ချေးငွေများ ပေးဆပ်ရန် ကျန်ရှိနေခြင်းမှာ အဆိုပါနိုင်ငံနှင့် အဖွဲ့အစည်းများမှ မြန်မာနိုင်ငံသို့ ချေးငွေနှင့်အကူအညီပေးမှုများရပ် ဆိုင်းခဲ့ခြင်း၊ မြန်မာနိုင်ငံအနေဖြင့် တိုင်းပြည်ဖွံဖြိုးရေး လုပ်ငန်း များကို ဆောင်ရွက်နေရခြင်းကြောင့် ဖြစ်ပါတယ်။ ယခု အစိုးရအဖွဲ့သစ်အနေဖြင့် နိုင်ငံရေးနှင့် စီးပွားရေးပြုပြင်ပြောင်းလဲမှုများပြုလုပ်ပြီး နိုင်ငံတကာဆက်ဆံရေးများ တိုးချဲ့ဆောင်ရွက်လျက်ရှိသဖြင့် မြီရှင်နိုင်ငံများ၊ အဖွဲ့အစည်းများနှင့် ကြွေးမြီပြသနာများဖြေရှင်း ရေးကို ညှိနှိုင်းဆောင်ရွက်သွားမည် ဖြစ်ပါတယ်။ ယခုဆိုလျှင် ဂျပန်နိုင်ငံ အီတလီနိုင်ငံတို့နှင့် ကြွေးမြီကိစ္စကို စတင် ညှိနှိုင်းနေပြီဖြစ်ပါတယ်၊ ၁၉၈၈ ခုနှစ်နောက်ပိုင်း ရယူခဲ့ သော ချေးငွေအများစုမှာ နှစ်နိုင်ငံအစိုးရအကြား နိုင်ငံတော်စီမံကိန်းများအတွက် ချေးယူခဲ့တဲ့ ဘဏ်ချေးငွေများဖြစ်ပြီး ပေးဆပ်ရန် ကျန်ငွေကတော့ အမေရိကန် ဒေါ်လာ ၂၆၁၄.၉၅၀ သန်း ဖြစ်ပါတယ်။သို့ဖြစ်ပါ၍ ၁၉၈၈ခုနှစ် မတိုင်မီ ချေးငွေများနှင့် ၁၉၈၈ ခုနှစ်နောက်ပိုင်း ချေးငွေနှစ်ရပ်ပေါင်းအတွက် အမေရိကန် ဒေါ်လာ သန်းပေါင်း ၁၁၀၂၃.၂၉၈ ပေးဆပ်ရန် ရှိပါတယ်။ နိုင်ငံတော်၏ နိုင်ငံခြားရန်ပုံငွေ အခြေအနေမှာ ယနေ့အချိန်တွင် အမေရိကန်ဒေါ်လာ ၇၁၉၆.၄၅၄ သန်း ရှိပါကြောင်း တင်ပြအပ်ပါတယ်''ဟု ပြောကြားခဲ့သည်။
၁၉၈၈ခုနှစ်မတိုင်မီ ပြည်ပနိုင်ငံများနှင့် အဖွဲ့အစည်းများမှ ချေးယူခဲ့သည့် ချေးငွေများအတွက် ပေးဆပ်ရန် အများဆုံးကျန်ရှိသောနိုင်ငံမှာ ဂျပန်နိုင်ငံဖြစ်ပြီး အမေရိကန်ဒေါ်လာ သန်းပေါင်း ၆၃၈၈.၃၂၀ ဖြစ်ကြောင်း သိရှိရသည်။
၁၉၈၈ခုနှစ်နောက်ပိုင်းတွင် ပြည်ပနိုင်ငံများနှင့် အဖွဲ့အစည်းများမှ ချေးယူခဲ့သည့် ချေးငွေများအတွက် ပေးဆပ်ရန် အများဆုံးကျန်ရှိသောနိုင်ငံမှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံဖြစ်ပြီး အမေရိကန်ဒေါ်လာသန်း ပေါင်း ၂၁၃၁.၇၄၄ ဖြစ်ကြောင်း သိရသည်။
EMG

36 comments:

လူဆိုး said...
အောင်မယ်လေးဗျ
Android Myanmar said...
မဆလ နဲ့ နအဖ ရဲ့ ဆိုးမွေတွေပေါ့။ သမ္မတကြီး ဦးသိန်းစိန်ကိုတော့ သနားပါတယ်ဗျာ။ တိုင်းပြည်က ကြွေးတင်တာဖြစ်လို့ ဦးသိန်းစိန်တစ်ဦးထဲသာမက ကျွန်တော်တို့ ပြည်သူပြည်သား အားလုံးနဲ့ သက်ဆိုင်ပါတယ်။ ဦးသိန်းစိန်က တပ်ကလာတယ်ဆိုပေမယ့် ပြုပြင်ပြောင်းလဲရေးကို ရဲဝင့်စွာလုပ်လို့ ချီးကျူးမိပါတယ်။ ကြွေးတွေ မြန်မြန်ကျေဖို့အတွက် ကားသွင်းသူတွေဆီကနေ အခွန်များများကောက်ခံခြင်း၊ မီတာခ များတိုးကောက်ခြင်း၊ ရေးဖိုး စည်ပင်ဖိုးများကို အဆမတန်တက်ခြင်း၊ မိုဘိုင်းဖုန်းများကို ၅သိန်းဖြင့် ဆက်လက်ရောင်းစားခြင်း များကိုတော့ မပြုလုပ်ပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Maunglusoe said...
ကိုယ်ဟာကို ရှာဆပ်နော် ငါတို့ နဲ့ ဘာ မှမဆိုင်ဘူး
ငါတို့ ကို ဘာ မှ မလုပ်ပေးခဲ့ သေးဘူးခုထိ

Aung said...
သန်းရွေ နှင့် အပေါင်းအပါ တွေ အာဏာ အလွဲ သုံးစားလုပ် ပြီး ယူသွားတဲ့ ပိုက် ဆံ တွေ ပြန် သိမ်း ပြီး ဆပ် လိုက် ရင် နည်းနည်းသက်သာမယ် ထင်တယ်
htay oo said...
ရင်နာဖို့ကောင်းလိုက်တာဗျာ....တိုင်းပြည်အတွက် ဒီငွေတွေရဲ့ တစ်ဝက်လောက်သာ သုံးခဲ့မယ်ဆိုရင် တိုးတက်တာတွေ အများကြီးမြင်ရမယ်ထင်တယ်.......အခုတော့ ဒီငွေတွေ ဘယ်ရောက်ကုန်တာလဲ..... သောက်သုံးမကျတဲ့ လူတစ်ချို့ကြောင့် အကြွေးတင်နေပြီ.....
ကောင်မလေး said...
သိန်းစိန်ခေါင်းမှာဆံပင်တွေတဖြည်းဖြည်းပါးလာတာသန်းရွေလက်ချက်လို့ ထင်တယ်။အကြွေးတင်တာများပြီးသိန်းစိန်ဆံပင်ပါးလာတာဖြစ်ရမယ်။
ကောင်မလေး said...
အဲဒီလောက်အကြွေးတွေအများကြီးကိုဘယ်နေရာတွေမှာသုံးခဲ့လဲဆိုတာသိချင်လိုက်တာ။
paukhlange said...
အဲဒီပိုက်ဆံတွေကိုဘယ်နေရာမှာသုံးခဲ့လဲဗျာ။တိုင်းပြည်ကတော့သူတို့အုပ်ချုပ်ခဲ့တဲ့ကာလာတစ်လျှောက်မွဲသထက်မွဲလာတာပဲကျနော်တို့တွေ့ရပါတယ်။ကျနော်တို့လူ့အဖွဲ့အစည်းကလဲ ပျက်သထက်ပျက်လာတာပဲ အဖတ်တင်ခဲ.ပါတယ်။
SN said...
ဒီအကြွေးတွေအပြင် နိုင်ငံတော် သံယံဇာတတွေ ထုတ်ရောင်းထားတဲ့ ငွေတွေ ပေါင်းလိုက်ရင် နဲမှမနဲဘဲ.....တစ်ကယ်ကို စာရင်းပျောက်ပါလား....ဒီအချိန်မှာ ကျန်တဲ့လူတွေ ဆပ်ကြပေတော့ပေါ့...တစ်ကယ်ကို စိတ်မကောင်းပါဘူး.......ဘယ်လိုရှု့ထောင့်က တွေးတွေး လုံးဝကို မဖြစ်သင့်တဲ့ အခြေအနေတစ်ခုပါ......
lin lin said...
IMPOSSIBLE
လူဆိုး said...
ထောက်ခံပါတယ် ထောက်ခံပါတယ်
လူဆိုး said...
ဖုန်းပြောလို့၇အောင် တာဝါတိုင်တွေ အများကြီးထောင်လိုက်၇တယ်လေးP
Unknown said...
yikes,,,<!
ကိုရင် said...
ဦးသန်းရွှေပိုင်ဆိုင်ထားတဲ့ဟာတွေက သန်းပေါင်း သိန်းသောင်းချီပြီးရှိနေတာဗျာ။ ....ဦးသန်းရွှေလက်ထက်က ဗိုလ်ချုပ်ဝင်းမြင့်ကို ဖမ်းတော့ အိမ်ထဲမှာရှိတဲ့ ဒေါ်လာငွေတွေကို ပိုက်ဆံရေတွက်စက်နဲ့ ရေတွက်တာတောင် (၃)ရက်လောက် အချိန်ယူရတယ်ဆိုဘဲ။ ဦးသန်းရွှေဆို တစ်လလောက် ရေတွက် တာတောင် ကုန်ချင်မှကုန်မယ်။
ဟိဟိ said...
ဟုတ်ကဲ့ပါ ခင်ဗျ...မြန်မာပြည်ကြီးကို ဒေ၀ါလီခံတော့မယ်ဖြစ်ပါသဖြင့်...နိုင်ငံတစ်ကာက ပြည်တန်သူဌေးကြီးများကို ဖိတ်ခေါ်အပ်ပါသည်။ မှတ်ချက်။ ။ဤအကြွေးများ တစ်နင့်တစ်ပိုးထပ်သွားအောင်...မှာစားသွားကြသည့် ခွေးသူခိုးသန်းရွှေနဲ့ အပေါင်းအပါများအား အပြစ်မဆိုမသိချင်ယောင်ဆောင်ကြမယ့်သူများသာ လေလံတင်မယ်။
HtetNWin said...
13 billions < 2011 estimate GDP $81.553 billions
koko heav said...
သန်းရွှေတို့မိသားစုဆွေမျိုးတွေဆီက အကုန်ပြန်သိမ်းပါဗျို့ သူ့သ္မီးတွေ သူ့မြေးတွေကိုဆယ်သက်စားမကုန်အောင်လုပ်ပေးထားတာတွေ အားလုံးပြန်သိမ်းပေးပါ
maxdiego said...
ဦးသိန်းစိန်ကြီး စိတ်မညစ် နဲ့ ဗျို့  ...ကိုယ်သာေ၇ှ့ ဆက် မှန်မှန်ကန်ကန်လှုပ်၇ှား၇င် အကြွေးကျေနိင်ပါတယ်...ဒီမှာ သယံဇာတတွေနဲ့ ...မြေကွက်လပ်တွေ အများကြီး၇ှိသေးတယ်...အိပ်ထဲတော့ သိပ်မထည့်နဲ့ ဦးနော် ..
တိုင်းပြည်နဲ့ ကိုယ့်ပြည်သူတွေ ချမ်းချမ်းသာသာ ဖြစ်လာပြီး ၇င် ကြိုက်သလောက်သာယူဗျာ...လက်ခံတယ်.ခုတော့ တိုင်းပြည်နဲ့ ပြည်သူတွေအတွက်လှုပ်၇ှားပေးပါဦး...ပာိုသူတောင်းစား အကြီးစား တစ်သိုက်မွှေသွားတာကြည့်ပြီး စိတ်ဓါတ်မကျသွားနဲ့ ဦး...လုပ်၇င်ဘာမဆိုဖြစ်တယ်...

တပေူကလဲ said...
၁၁ ဘီလီယံမှာမပြောပလောက်ပါ။ဘီလီယံထောင်ချိီ၍အကြွေးရှိသော
ဥရောပနိုင်ငံများနှင့်နှိုင်းသော်များစွာတော်သေးသည်ဟုဆိုရမည်။
နောင်နှစ်ပေါင်းအနည်းငယ်အတွင်းချေးငွေများဘီလီယံ ရာချီရသော်
မြန်မာနိုင်ငံရှိလုပ်အားဖြင့်တဟုန်ထိုးတိုးတက်နိုင်ပါသည်။
ထိုဘီလီယံပေါင်းများစွာကိုစစ်အသုံးစရိတ်မဖြစ်စေရန်လွန်စွာအရေးကြီး
ပါသည်။

Mesua Ferrea said...
မကောင်းတာကျတော့သမ္မတကြီးခေါင်း ပေါ့ လေ တစ်ခုခုဆို အမေစုရေ ဆိုပြီးတနေ တဲ့သူတွေ ဘယ်ရောက်ကုန်တာလဲ ဆပ်ခိုင်းပါလား အမေစုကို
mg nge said...
မုဆိုးမအိမ်က အကြွေးလို
ဘယ်အပိုင်းရောင်းပြီးဆပ် မလို့လဲ..

kyoutkyout said...
အင်း!! အတော်စိတ်ပျက်ဖို့ကောင်းတာပဲ ချေးငွေဆိုတာ အလကားပေးတာ
မဟုတ်ဘူးဆိုတာ အာဏာရှင်တစ်ကိုယ်ကောင်းသမားတွေ သိသင့်တယ်၊
ဟိုးအရင်ကျုပ်တို့နိုင်ငံ သူ့ကျွန်ဘ၀ရောက်ခဲ့တုန်းက အကြောင်းပြန်တွေး
ကြည့်ကြစမ်းပါ ချစ်တီးကလားတွေက လယ်ပိုင်ရှင်တွေကို အတိုးကြီးကြီးနဲ့ ငွေချေးပေးတယ် အတိုးပေါ်အတိုးဆင့်တော့ လယ်သမားတွေက ပြန်မဆပ်နိုင်တော့ဘူး ငွေပြန်မဆပ်နိုင်တော့ လယ်တွေ ကျွဲတွေ နွားတွေ ကို အကျွေးနဲ့သိမ်းတယ် ဒါတောင်မလုံလောက်ဘူးဆိုပြီး အာဏာပိုင်နဲ့ပေါင်းပြီး တရားစွဲသေးတယ်
နောက်ဆုံး လယ်သမားတွေရဲ့ သမီးပျိုလေးတွေကို မယားအဖြစ်သိမ်းတယ်
သမီးပျိုလေးတွေ -ာသယ်တွေဖြစ်ကုန်ရော ကဲ ဘာကောင်းလဲ ဘာကြောင့်လဲ သိရဲ့လား? မင်းတို့တတွေ စာမတတ်လို့ခုလိုဖြစ်ရတာ
နာတတ်ကြစမ်းပါ သိတတ်ကြစမ်းပါ၊ အကြွေးရဲ့နောက်မှာ အတိုးပါတတ်တယ် မကောင်းတဲံ့ ပစ်စည်းအစုပ်တွေ ကို ငွေသင့်ပြီးအတိုးအနေနဲ့ ပေးတတ်တယ် အဲဒီလိုဆိုရင် ကျုပ်တို့တိုင်းပြည် မိအေးနှစ်ခါနာဖြစ်ရော သတိကြီးကြီးထားလိုပ်နိုင်မှတော်ရာမယ် စွမ်းတဲ့သူကိုဦးဆောင်စေသင့်တယ်
ဒါမှတို့တိုင်းပြည် ဆင်းရဲတွင်း အကျွေးနွံကနေ လွတ်အောင်ရုံးနိုင်လိပ်မယ်


ကျေးဇူးတင်စွာဖြင့် ဘယ်သန်ဘမှန်၊။။၊၊၊၊။။။။၊၊

John said...
သားသမီးမကောင်းမိဘခေါင်းတဲ့ မရှိတဲ့အဆုံးတော့ ပြည်သူတွေ
တယောက်အနေနဲ့  တတ်နိုင်သလောက်ဝိုင်းဆပ်ပေးရတော့မှာပဲ
သားဆိုးသမီးဆိုးတွေ လုပ်သွားတာဆိုတော့။

zu said...
ဘယ်မှာသုံးတာပါလိမ့်...ဒီလောက်အများကြီး...
လူဆိုး said...
ဆပ်ဖို့အမေစုလဲ ဝိုင်းကြိုးစားနေတာပဲ မတွေ့ဘူးလား ။ မဆပ်ချင်ရင် တိုင်းပြည်အပြင်မှာ သူ့ဘာသာငြိမ့်နေမှာပေါ့ တောက် လာရန်စပြန်ပီ။. ကိုသစ်ထူးလွင်က comment ပိတ်လိုက်အုံးမယ်
ပြည်သူ့ကိုယ်စားလှယ် said...
MPT က service ဖုန်းဆိုပြီးတော့ အလွှဲသုံးစားလုပ်လို့ နှစ်စဉ် ကျပ်ဘီလီယံနဲ့ ချီပြီးတော့စာရင်းကွာတဲ့ကိစ္စကို
အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့ပြီးစစ်ဆေးမှုတွေပြုလုပ်ပြီးတာဝန်ရှိသူုအဆင့်ဆင့်ကိုအရေးယူမှုမပြုလုပ်တော့
ဘူးလားခင်ဗျာ၊တာဝန်ရှိသူတွေတကယ်မသိတာလား မသိချင်ယောင်ဆောင်နေတာလား၊ MPT ကလူကြီးတွေ
လည်း ဒါကို သိရဲ့နဲ့ ငြိမ်နေတာလား၊ တာဝန်ရှိသူကိုအရေးမယူတော့ဘူးလား၊ဒါအလွှဲသုံးစားမှုကြီးလေ ၊ ဘီလီ
ယံနဲ့ချီပြီးတော့ ပြန်စဉ်းစားပါအုံး MPT ရယ် ၅၀၀၀ တန်တော့ ဖြစ်အောင်မလုပ်နိုင်ဘူး၊ ကျပ်ဘီလီယံနဲ့ချီပြီး
တော့ အလွှဲသုံးစားလုပ်နိုင်တဲ့ MPT ကလူကြီးတွေတော့ ကမ္ဘာ့ IT ပညာရှင်တွေတောင်လက်ဖျားခါလောက်
မယ်ထင်တယ်၊ ဘာတဲ့ ပြည်သူတွေအတွက်ဆိုပြီးတော့ ကြေညာချက်မှာပါသေးတယ်၊အံ့သြလောက်ပါရဲ့ဗျာ
ဒီလိုလူတွေနဲ့ သမ္မတကြီး နိုင်ငံတော်ကိုရှေ့ဆက်သွားရင်တော့ရင်လေးပါသေးတယ်၊ clean gov ဖြစ်ဘို့အ
တွက်တော့ ဒီလို လူလိမ်တွေကိုအရင် clear လုပ်သင့်ပါတယ်၊ ဒါမှ မဟုတ်ရင်တော့ ဆက်ပြီးတော့မပြောချင်
တော့ပါဘူး၊ဒါကိုတော့ သမ္မတကြီးသိအောင်တင်ပြတာပါ့ MPT ကမရှင်းရင်တော့ ကြားဖြတ်ရွှေးကောက်ပွဲပြီး
ရင်တော့ လွှတ်တော်မှာတင်ပြကျသေးတာပေါ့ ၊လွှတ်တော်မှာပြန်ဆုံကျသေးတာပေါ့ MPT ကလူကြီးမင်း
တွေရယ်၊သတင်းအသေးစိတ်ကိုတော့ ဖော်ပြလို့ရတဲ့မီဒီယာကနေ အသေးစိတ်အချက်အလက်တွေအထောက်
အထားတွေနဲ့ရေးသွားမှာပါ၊ အမှန်တရားပေါ့လေ ၊ပြည်သူတွေအတွက်လုပ်နေတဲ့ MPT ရဲ့ အမှန်တရားလေး
တွေပေါ့ ၊ လုပ်ရဲရင်ခံရဲရတယ်၊ရှက်တက်ရင်ထွက်စာတင်ဘို့တောင်ကောင်းတဲ့ဖြစ်ရပ်၊ ပြည်သူ့ဘဏ္ဍာလိမ်လည်
မှုကြီးပါ၊ဒါတွေကို ပြည်သူ့ကိုစားပြုပြီးတော့ အခုလွှတ်တော်ထဲရောက်နေတဲ့ လွှတ်တော် ကိုယ်စားလှယ်တွေ
ကငြိမ်နေတာမသိသေးလို့လား၊သိအောင်မလုပ်ကျဘူးလား၊နိုင်ငံရေးလုပ်စားနေကျတာလား

ကျော်သူစိုး said...
ခိုးထားတဲ့ကောင်တွေဝိုင်းဆပ်ပေးလိုက်ပေါ့ကွာ။
ရာရာ said...
ဘုရင်ရူးသန်းရွှေ ကြပ်ပြေးကြီးကိုနေပြည်တော် လို့အရူးထပြီးလုပ်တာ တိုင်းပြည်တော်တော်ကိုထိသွားတယ်...ခွေးမသားကြီး..သူ့ငွေတစ်ပြားမှမကုန်တိုင်း စောက်ရူးထပြီး မယောင်ရာ ဆီလူးလို့ ကြွေးတွေဒီလောက်တင်သွားတာဖြစ်မယ်...ယတြာတွေခြေဖို့ ဟိုတံတားဆောက်ဒီဆည်ဆောက်နဲ့ လုပ်တာလည်းတိုင်းပြည်ငွေ အလဟသတော်တော်ဖြစ်သွားမယ်...သွားကြည့်..သူဆောက်ထားတဲ့ဆည်တွေ ရေတောင်မရှိဘူး...တချို့တတားတွေဆို တစ်ရက်နေမှကားတစ်စင်းတောင်ဖြတ်တာမဟုတ်ဘူး...ခွေးမျိုးကြီး..မင်းကိုတော့ ဘ၀အဆက်ဆက်မကျေဘူးဟေ့..
zinzin said...
mesua ferrea ဆိုတဲ့သူရေ ... "မကောင်းတာကျတော့သမ္မတကြီးခေါင်း ပေါ့ လေ တစ်ခုခုဆို အမေစုရေ ဆိုပြီးတနေ တဲ့သူတွေ ဘယ်ရောက်ကုန်တာလဲ ဆပ်ခိုင်းပါလား အမေစုကို" ... နင်က ဒီလိုပုံစံရေးထားရအောင် ဒီကိစ္စက တကယ်တန်းဆို သမ္မတကြီးနဲ့မဆိုင်သလို အမေစုနဲ့လဲ အနေသာကြီးကို နင်က ဘာလို့ နင့်ပထွေး သန်းရွှေကိုကျတော့ မပြောပဲနဲ့ ဘာကိစ္စ "ဆပ်ခိုင်းပါလား အမေစုကို " လို့ လာပြောနေတာလဲ သူတောင်းစား အသိစိတ်ဓါတ်က ဇကောလောက်မှ ဇောက်မနက်တဲ့ကောင် သန်းရွှေသမက်ထင်တယ် ခွေးစိတ်ဝင်နေတယ်... တောက်!
aungaung said...
တော်သေးတာပေါ့ကွာ သန်းရွှေနားသွားလို့ အကြွေးဒီလောက်ပဲရှိသေးတာ...
Android Myanmar said...
"Mesua Ferrea said...

မကောင်းတာကျတော့သမ္မတကြီးခေါင်း ပေါ့ လေ တစ်ခုခုဆို အမေစုရေ ဆိုပြီးတနေ တဲ့သူတွေ ဘယ်ရောက်ကုန်တာလဲ ဆပ်ခိုင်းပါလား အမေစုကို"
လုပ်သွားတာက ဟို ခွေးဓားပြ သန်းရွှေနဲ့ အပေါင်းအပါတစု၊ (ဦးသိန်းစိန်လဲ အဲဒီတုန်းက စားခဲ့တာပဲ)ဆပ်တော့ အမေစုက ဆပ်ရမှာလား၊ မင်းအိမ်က မင်းအမေသွားဆပ်ခိုင်းပါလား။ ဟိတ်ကောင် အမေစု လုပ်လို့ဖြစ်တာမဟုတ်ဘူးကွ နားလည်လား။

Chit San Maung said...
အရင် စက်မှု(၁)၀န်ကြီးဌာနက တရုတ်နဲ့ပေါင်းပြီး စက်ရုံတွေဆောက်၊ ခွင့်ပြုမိန့်ပေးခ(ပွဲခ)ယူ၊ အရည်အသွေးမပြည့်မီတဲ့ ကုန်ပစ္စည်းတွေထုတ်၊ ပြည်သူတွေက မသုံး၊ အရှုံးပေါ်။
ဝန်ကြီးသားကတော့ လုပ်ငန်းရှင်ကြီးဖြစ်ပြီး ဘဏ်တွေထောင်နိုင်သွားပြီ..။
ကြွေးတင်ရင်၊ ဘတ်ဂျတ်လိုငွေပြရင် ပြည်သူတွေဆီက အခွန်တိုးကောက်ရုံပေါ့.။

ပုဂံစစ်သည် said...
အမေစုစပ်ခိုင်းဆိုတဲ့ကောင် မင်းငယ်ပါသေးတယ်ကွာ... ချေးတာအမေစုလား အုပ်ချုပ်သူလား ဒီလောက်တောင်မသိဘူးဆိုတော့ မင်းငယ်ပါသေးတယ်။
ပုဂံစစ်သည် said...
အကြွေးကြေဖို့ ဘာစဉ်းစားနေကြတာလဲ။ မောင်သန်းရွှမှာ သမီးတွေရှိတယ်လေ၊ မေ့နေလား သမီးတွေကို အကြွေးရှင်တွေလက်ထဲ ဆပ်လိုက်ပေါ့ဗျာ။ ဒါပေမယ့် တစ်ခုတော့ရှိတယ် သမီးတော်တွေက ရုပ်ဆိုးတယ်ဆိုတော့ ကိုရီးယားသွားပြီးတော့ မျက်နှာအရင်ခွဲစိတ်ရမယ်။
သြော် ဘာလို့များ ဒီလောက်အကြွေးတွေတင်နေဘာလိမ့်၊ တို့တိုင်းပြည်မှာ ကျောက်မျက်ရတနာတွေလဲကုန်လုနီးပါး၊ သစ်တောဆိုလဲ မရှိသလောက်ကိုနည်းသွားပြီ၊ ရေနံဆိုလဲရောင်း၊ ကုန်ကုန်ပြောရရင် ရွှေလီမြို့ တောင်တရုတ် ရောင်းတယ်ဆိုတော့...
ဒီငွေတွေဘယ်ရောက်ကုန်လဲ ဘဏ္ဍာတိုက်ကြီးမီးလောင်တယ်လဲ မကြားမိပါဘူး။ သြော် ရင်လေးစရာ တို့ပြည်ရွာ.....

အောင်တေဇ said...
mesua ferrea ရေ အဲငွေတွေအမြန်ကျေစေရမယ် ဦးသိန်စိန် တို့ အဖွဲ့လိုက်ဆင်းပေးလုက် အမေ စုတို့ကိုမင်းကိုနိုင် တို့ တက်ပြီးအုပ်ချုပ်ရင် တော်တော် သေးသိမ်တဲ့အတွေးနဲ့ လူစကားမပြောဘူး..................
ဂျာမွန်း ရွှေဝတ်မှုန် said...
mesua ferrea ဆိုတဲ့ဇကောလောက်မှ ဇောက်မနက်တဲ့ ပုဇွန်ဆိတ်ဦးနှောက်နဲ့ကောင် "တစ်ခုခုဆို အမေစုရေ ဆိုပြီးတနေ တဲ့သူတွေဘယ်ရောက်ကုန်တာလဲ ဆပ်ခိုင်းပါလား အမေစုကို" ... လို့ ဘာဖြစ်လို့ အမေစုကို ဆွဲထဲ့ရတာလဲ မင်းတို့ပထွေး စစ်အာဏာရူးတွေ ပုံစံအမျိုးမျိုးနဲ့ သိမ်းကျုံး ယူထားကြတဲ့ မြန်မာနိုင်ငံရဲ့ အရပ်ရပ်သော ထိပ်တန်း၊ဒုတိယတန်း၊တတိယတန်းက အကောင်တွေရဲ့ မြန်မာပြည်ရော၊ နိုင်ငံတကာမှာ ဖွက်ထားတဲ့ ပိုင်ဆိုင်မှုတွေ၊ သူတို့နား ကပ်စားနေတဲ့ အခုလက်ရှိ မြန်မာပြည်မှာ အချမ်းသာဆုံး တေဇတို့၊ဇော်ဇော်တို့စတဲ့ မြန်မာပြည်က ပြည်သူပိုင် ပစ္စည်းတွေကို သူ့တို့ပိုင်ပစ္စည်းတွေလို လက်ညှိုးထိုးရောင်းစားနေတဲ့ အကောင်တွေကို ပြန်ဆပ်ခိုင်းရမှာကွ အရူးရ

No comments:

Post a Comment