Thursday, March 15, 2012

ဥပဒေ လေးစားလိုက်နာပါက နိုင်ငံရေးပါတီများဘက်မှ ရပ်တည်မည်ဟု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌပြောကြား

ဥပဒေ လေးစားလိုက်နာပါက နိုင်ငံရေးပါတီများဘက်မှ ရပ်တည်မည်ဟု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌပြောကြား  

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေး
လာမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီများအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် တည်ဆဲဥပဒေများအား လေးစားလိုက်နာ ဆောင်ရွက်မည်ဆိုပါက မိမိ၏ရာထူးကို စွန့်လွှတ်ရလျှင်ပင် နိုင်ငံရေးပါတီများဘက်က အပြည့်အဝ ရပ်တည်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက ပြောကြားသည်ဟု နိုင်ငံရေးပါတီ ခေါင်းဆောင်များ၏ ပြောကြားချက်အရ သိရသည်။ ဖေဖော်ဝါရီလ ၁၄ ရက်နေ့က နေပြည်တော်တွင် ကျင်းပပြုလုပ်သော နိုင်ငံရေးပါတီများနှင့် တွေ့ဆုံဆွေးနွေးပွဲ၌ တက်ရောက်လာသည့် နိုင်ငံရေးပါတီများက ၂၀၁၀ ရွေးကောက်ပွဲအတွင်း ဖြစ်ပွားခဲ့သော မဲမသမာမှုများနှင့် လက်ရှိအခြေအနေတွင် ဖြစ်ပေါ်နေသော တရားမဲ့ ပြုကျင့်နေမှုများကို တင်ပြအပြီး ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌက အထက်ပါအတိုင်း ကတိပြုလိုက်ခြင်းဖြစ်သည်ဟု ၄င်းတို့ထံမှ သိရသည်။ “ကော်မရှင်ဥက္ကဋ္ဌကြီး ပြောတာကတော့ နိုင်ငံရေးပါတီတွေအနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ တည်ဆဲဥပဒေတွေ၊ ရွေးကောက်ပွဲဆိုင်ရာ နည်းဥပဒေတွေနဲ့အညီသာ ဆောင်ရွက်ပါ။ အဲဒါဆိုရင် သူက ပါတီတွေဘက်ကနေ ရပ်တည်မယ်၊ အဲဒီလို ရပ်တည်လို့ ကော်မရှင်ဥက္ကဋ္ဌ ရာထူးစွန့်လွှတ်ရရင်တောင် စွန့်လွှတ်လိုက်မယ်။ တပ်မတော်သားဘဝက လာတာ၊ ဘာမှ ကြောက်စရာ မရှိဘူးလို့ ပြောပါတယ်။ ပါတီတွေက တော်တော်လေးကို အားရကျေနပ်သွားကြတယ်” ဟု ပြည်သူ့ဒီမိုကရေစီ ပါတီခေါင်းဆောင် ဒေါက်တာသန်းထိုက်ဦးက ပြန်လည်ပြောပြသည်။ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် ဥပဒေများ၊ နည်းဥပဒေများနှင့်အညီ လုပ်ဆောင်နေသော်လည်း တိုင်း၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်နှင့် ကျေးရွာအဆင့် ကော်မရှင်များတွင် ဥပဒေကို လေးစားလိုက်နာမှု အားနည်း၍ ပါတီများအနေဖြင့် မသမာမှုများ၊ တရားမဲ့ပြုကျင့်မှုများ ခံနေရခြင်းဖြစ်ကြောင်း၊ ကော်မရှင်အဆင့်ဆင့် အနေဖြင့် မှားယွင်းလုပ်ဆောင်မှုများ ရှိခဲ့ပါက ယင်းတို့ကို အရေးယူနိုင်မည့် ဥပဒေများ တိကျစွာ မရှိသေးကြောင်းလည်း ၄င်းကထောက်ပြ ပြောဆိုခဲ့သည်ဟု ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီ ၂၇ ရက်နေ့ထုတ် The Voice ဂျာနယ်တွင် ဖော်ပြထားပါသည်။

15 comments:

phayoung2009@gmail.com said...
ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌသို့
ဥက္ကဌကြီးရေ ဥက္ကဌကြီးပြောသလိုပဲ ကတိတည်ပါစေလို့ ဆုတောင်းနေပါတယ်..
ရာရာ said...
အမှန်တရားဘက်က ပဲရပ်တည်ပေးပါ။...အများကြီးမတောင်းဆိုပါဘူး..ဒီတစ်ချက်တည်းပါပဲဗျာ။
myo kyaw said...
စောင့်ကြည့်နေပါမည် ဥက္ကဌ ကြီးရေ....
kk said...
မင်းမှာသစ္စာ၊လူမှာကတိ နော်....
SN said...
လေးစားလိုက်နာမှု မရှိဘဲ ချိုးဖောက်တဲ့ လုပ်ရပ်မျိုးဆိုရင်ရော ဘာလုပ်မှာလဲ......တရားဝင် အတိအကျ သက်သေတွေနဲ့ တင်ပြမယ်...ဘာလုပ်ပေးမှာလဲ...
OZI said...
I think that U Tin Aye's statement is wrong. UTA must stand by the law not by his own judgement. No need to say come from which back ground. it is not important statement. Let voter to justify the result. Then say as what kind of person I am.
မဲတစ်ပြား said...
ကြံဖွတ်ထဲက သူတွေကတော့ ရာထူး (၁)နေရာစာ လွတ်သွားလည်း မဆိုးဘူးဟု ဆိုကြလိမ့်မည်......
တင်ဇော်မိုး said...
ဟုတ်ပါ့ မလား မောင်ကာလု ရယ်
Weik Zar said...
(တပ်မတော်သားဘဝက လာတာ၊ ဘာမှ ကြောက်စရာ မရှိဘူး.)
what do you mean Ko Tin Aye?
cosy said...
ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် တည်ဆဲဥပဒေများအား လေးစားလိုက်နာ ဆောင်ရွက်မည်ဆိုပါက
ဆိုတာက 2008 ဖွဲ့စည်းပုံအခြေခံဥပဒေ ကိုပြောတာဘဲဗျ။ ချည်ပြီးတုပ်ပြီးသားပြောတာ။ 2008 ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုတာ သူတို့ စိတ်ကြိုက်ရေးဆွဲထားတဲ့အခြေခံဥပဒေဘဲ။
တပ်မတော်ဘဲ ကြီးစိုးဦးမဲ့ ဥပဒေကိုလိုက်နာကြလို့ပြောတာနဲ့အတူတူဘဲ
အောင်ဗလ said...
တကယ်ပြောတာလား၊ မောင်တင်အေး..
အဟုတ်ဆိုရင်တော့ သာဓုပါဗျား...
ရွှီးဆိုရင်တော့ နာဖို့သာပြင်
ယုံကြည်ချက် said...
သယ်ရင်းမောင်တင်အေး မင်းလူတွေကိုမညာပါနဲ့နော်
Tai said...
Then cancel all pre-paid cards. Should not have any pre-paid cards.
Type Display Name Here! said...
ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့မှာတော့ ရဲစခန်းမှူးက ...
NLD တံဆိပ်ကပ်ထားတဲ့ မော်တော်ကားတွေကို တံဆိပ်ခွာခိုင်းနေတယ်ဆရာ။
ကို့ဟာကို နှစ်သက်လို့ကပ်တာတောင်....အာဏာပြနေကြတယ်။
ဒါလား....သမ္မသဦးသိန်းစိန်ရဲ့....ဒီမိုကရေစီဆိုတာ....
tertee said...
အမှားပြင်ဆင်ချက်......
တပ်မတော်ကြီး လုပ်လိုက်လို. တိုင်းပြည် ကြီးဇောက်ထိုးကျသွားပါစေ...ရာထူးတော. မစွန်.လွှတ်ဘူး...စစ်သားဘ၀ကလာတာ...ဗြောင်လိမ်.ဗြောင်စားတတ် တယ်....ဟုပြင်ဖတ်ပါရန်

No comments:

Post a Comment