အနောက်ကြောင့် တရုတ်နှင့်ဆက်ဆံရေး ထိခိုက်ခံမည်မဟုတ်ဟု ဦးရွှေမန်းပြော
အနောက်နိုင်ငံများမှ မြန်မာနိုင်ငံကို
ချဉ်းကပ်မှုများ ရှိလာသော်လည်း တရုတ်နိုင်ငံနှင့် ဆက်ဆံရေးကို
အထိခိုက်ခံမည်မဟုတ်ဟု အောက်လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက တရုတ်နိုင်ငံ
အမျိုးသား ကွန်ဂရက် ဥက္ကဋ္ဌ မစ္စတာ ဝူဘန်ကိုနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်ဟု
တနင်္လာနေ့ထုတ် မြန်မာ့အလင်း သတင်းစာ တွင် ဖေါ်ပြပါရှိသည်။
တရုတ်နိုင်ငံသို့ ၅ ရက်ကြာ သွားရောက်ခဲ့သည့် ဦးရွှေမန်း၏ ခရီးစဉ်အတွင်း "အနောက်နိုင်ငံများမှ မြန်မာနိုင်ငံအပေါ် မည်ကဲ့သို့ပင် ပြန်လည်ချဉ်းကပ်မှုလာသော်လည်း မြန်မာနိုင်ငံအနေဖြင့် မိတ်ဆွေဖြစ်သည့် တရုတ်နိုင်ငံနှင့် ပူးပေါင်း
ဆောင်ရွက်မှုများကို မည်သို့မှ ထိခိုက်ခံမည်ဟုတ်ပါကြောင်း၊ နှစ်နိုင်ငံကြား ဘက်စုံမဟာဗျူဟာမြောက် ပူးပေါင်း
ဆောင်ရွက်မှု ဆက်ဆံရေးကို ဆက်လက် အလေးထား ဆောင်ရွက်သွားရမည်" ဟု မစ္စတာ ဝူဘန်ကို အား ပြောကြား ခဲ့သည်။
၂ဝ၁၁ ခုနှစ် နိုဝင်ဘာလအတွင်းက မြန်မာနိုင်ငံသို့ လာရောက်ခဲ့သည့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မစ္စစ် ဟီလာရီကလင်တန်၏ ခရီးစဉ်ကို ဦးရွှေမန်းက ရည်ညွှန်းကာ ပြောဆိုခဲ့ခြင်းဖြစ်သည်။
ထို့အပြင် မစ္စစ် ဟီလာရီ ကလင်တန်နှင့် တွေ့ဆုံစဉ်အတွင်း သူရ ဦးရွှေမန်း က "မည်သည့်နိုင်ငံ အဖွဲ့အစည်းဖြစ်စေ
မြန်မာပြည်သူပြည်သားများ ဒုက္ခရောက်စေမည့် မူဝါဒများ၊ အစီအမံများ၊ လုပ်ဆောင်ချက်များကို လက်မခံကြောင်း"
ပြောကြားခဲ့သည်ကိုလည်း မစ္စတာ ဝူဘန်ကို အား ပြန်လည်ပြောပြသည်ကို သတင်းစာတွင် ဖေါ်ပြထားသည်။
မစ္စတာ ဝူဘန်ကို ကလည်း အနောက်နိုင်ငံများမှ မြန်မာနိုင်ငံကို စိတ်ဝင်စားမှု များပြားနေသည်ကို သတိပြုမိပြီး နှစ်နိုင်ငံ ဆက်ဆံရာတွင် အချုပ်အခြာအာဏာ ပိုင်ဆိုင်မှုကို အပြန်အလှန် လေးစားသွားရမည်ဟု ပြန်လည်ပြောဆိုခဲ့ပြီး တရုတ်
နိုင်ငံ အနေဖြင့်လည်း အနောက်နိုင်ငံများနှင့် ဆက်ဆံရာတွင် မိမိနိုင်ငံ၏ အကျိုးစီးပွားကို အထိခိုက်ခံမည် မဟုတ်ဟု ဦးရွှေမန်းကို ပြန်လည်ပြောဆိုခဲ့သည်။
အနောက်နိုင်ငံများသည် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ကိစ္စများ၊ ရာသီဥတု ပြောင်းလဲမှုများကို အကြောင်းပြကာ စီးပွားရေးလုပ်ငန်းအချို့ကို အနှောက်အယှက် ပြုနေသည်ဟု မစ္စတာဝူဘန်ကို က ပြောသည်။
ထို့အပြင် တရုတ်၊ မြန်မာ အကျိုးတူပူးပေါင်းဆောင်ရွက်ရန်ရှိသည့် ၂ဝ၁၁ စက်တင်ဘာလအတွင်း သမ္မတ ညွှန်ကြား ချက်ဖြင့် ရပ်ဆိုင်းခဲ့သော ကချင်ပြည်နယ် မြစ်ဆုံဆည် စီမံကိန်း ပတ်သက်၍လည်း "မြန်မာနိုင်ငံတွင် မြစ်ဆုံ ရေအား လျှပ်စစ် စီမံကိန်းအား ရပ်ဆိုင်းခဲ့ခြင်းသည် ပြည်တွင်း/ပြည်ပ အခြေအနေများကြောင့်ဖြစ်သည်”ဟု မစ္စတာ ဝူဘန်ကို က ပြောဆိုသည်။
သူရ ဦးရွှေမန်းကလည်း မြစ်ဆုံဆည် စီမံကိန်းကို သင်ခန်းစာယူကာ တရုတ်၊ မြန်မာ နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်နေ သည့် စီမံကိန်းများဖြစ်သော ကျောက်ဖြူ ရေနက်ဆိပ်ကမ်း၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်း လုပ်ငန်းများ၊ ကားလမ်းနှင့် မီးရထားလမ်း စီမံကိန်းကြီးများကို အောင်မြင်စွာ အကောင်အထည်ဖေါ်နိုင်ရေးအတွက် ဆက်လက် တာဝန်ယူ ဆောင်ရွက်သွားမည်ဟု ကတိပေးခဲ့သည်။
မစ္စတာ ဝူဘန်ကို က နှစ်နိုင်ငံအကြား လွှတ်တော်အဆင့် ပူးပေါင်းဆောက်ရွက်မှု မြှင့်တင်သွားရန်လိုအပ်ပြီး ကြံ့ခိုင်ရေး ပါတီနှင့် တရုတ် ကွန်မြူနစ်ပါတီတို့ လက်တွဲဆောင်ရွက်နိုင်ရန် နားလည်မှု စာချွန်လွှာများရေးထိုးကာ ပါတီနှစ်ခုကြား အမြင်ဖလှယ်နိုင်ရန် လိုအပ်သည်ကိုလည်း ကြံ့ဖွံ့ပါတီ၏ ဒုတိယဥက္ကဋ္ဌဖြစ်သူ သူရ ဦးရွှေမန်းကို ပြောကြားခဲ့သေးသည်။ ထိုပြောကြားချက်ကို ဦးရွှေမန်း က လက်ခံသဘောတူခဲ့ပြီး လွှတ်တော်အမတ်များ အချင်းချင်း အပြန်အလှန် ဖလှယ်ရေး အစီအစဉ်ကိုလည်း လက်ခံခဲ့သည်။
ဦးရွှေမန်းက တရုတ်နှင့် နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်ရန်လိုအပ်ပြီး မြန်မာနိုင်ငံကို သိပ္ပံနှင့် နည်းပညာ တိုးမြှင့်သွားနိုင်ရေးအတွက် တရုတ်နိုင်ငံက ကူညီပေးရန် မစ္စတာ ဝူဘန်ကို အား ပြောကြားခဲ့သည်။
အောက်လွှတ်တော် ဥက္ကဋ္ဌဖြစ်သူ ဦးရွှေမန်းက မြန်မာနိုင်ငံတွင် ပြည်ထောင်စုလွှတ်တော် ကျင်းပနေပြီး မြန်မာနိုင်ငံ၏ အနာဂတ်အတွက် အရေးကြီးသော ကိစ္စရပ်များ ဆွေးနွေးနေသော်လည်း တရုတ်အမျိုးသား ကွန်ဂရက် ဥက္ကဋ္ဌ၏ ဖိတ်ကြားမှုကြောင့် နှစ်နိုင်ငံဆက်ဆံရေးကို အလေးထားသဖြင့် လာရောက်ရခြင်းဖြစ်သည်ဟုလည်း မစ္စတာ ဝူဘန်ကို အား ပြောကြားခဲ့သည်။
ဦးရွှေမန်းနှင့်အတူ အောက်လွှတ်တော် ရေးရာကော်မတီ ဥက္ကဋ္ဌများဖြစ်သည့် ဦးသိန်းဇော်၊ ဦးလှမြင့်ဦး၊ သူရဦးအောင်ကို၊
ဦးမောင်မောင်ဆွေနှင့် ဦးကြည်မင်း၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌများ ဖြစ်ကြသည့် ဦးစိန်တင်ဝင်းနှင့် ဦးဆန်းဆင့် တို့လည်း လိုက်ပါသွားကြပြီး မစ္စတာဝူဘန်ကို အပြင် အခြား တရုတ်ခေါင်းဆောင်များနှင့်လည်း ဆွေးနွေးခဲ့သေးသည်။
ချင်းမိုင် (မဇ္ဈိမ)

15 comments:
-
တ ရုတ် = မက် လောက် စ ရာ တစ် ကွက် မှ မ ရှိ။
-
ကျေးဇူးပြုပြီး တရုတ်နဲ့ ဘာမှမတိုးမြုင့်ပါနဲ့။နယ်စပ်၊မန္တလေးဘက်မှာ
တရုတ်တွေ မြန်မာ နိုင်ငံသားရဲ့ စီးပွားရေး စားကျက်တွေ
လိုက်ဖျက်နေတာ၊ကျောက်စိမ်းပြပွဲမှာ တရုတ်တွေ ကျောက်စိမ်းမဝယ်နိုင်အောင်
အခွန်တွေတိုးလိုက်တာ၊မြန်မာပစ္စည်းသွင်းကုန်ကိုအခွန်တွေ
တိုးလိုက်တာ၊ဈေးနှိမ်ဝယ်တာ၊မြန်မာနိုင်ငံက
စကာင်္ပူကိုတင်တဲ့ခေါက်ဆွဲခြောက်ကို တရုတ်က ပိုးတမျိုးပါတယ်လို့ကြေညာတာတွေ
အများကြီးပါ။တရုတ်တွေ မြန်မာပြည်ကို ယုတ်မာတာ၊ဒင်းတို့နဲ့ကင်းလေ
ကောင်းလေပါ။
-
တရုတ်နဲ့ ပေါင်းလာတာ ငါတို့ပြည် အခေါင်းနှင့်အခွံဘဲ ကျန်တော့တယ်။
ဒါကိုထပ်ပြီး ပထွေးတော်ချင်သေးတယ်။ အမလေး မိအေးရယ် ၁၀ခါ ပြန်တာ
ခံလိုက်ပါတော့။ ဘာမှ အကျိုးအမြတ်မရှိ၊ ပစ္စည်းအတုတွေ ညာရောင်း အလှပတွေ
ဖန်းတီး ဘာမှကြာရှည်မခံ အင်တွေကို ငါတို့နိုင်ငံကိုပို့။ ဒါကိုဆက်ပြီး
ပထွေးတော်ချင်သေးတဲ့ ကိုရွှေမန်းရေ လေမြန်မြန် ဖျန်းပါတော့လို့ဘဲ
ဆုမွန်ကောင်းလေး တောင်းချွေလိုက်ပါတယ်။
-
မြန်မာနိုင်ကို အဖက်ဖက်ကနေ ပြုပြင်ပြောင်းလဲဖို့ ဆိုရင် တရုပ်ရဲ့
မြန်မာနိုင်ငံရေး ဇာတ်ခုံပေါ် တက်ပြီးနဝတ ကို အားပေးခဲ့တဲ့ လုပ်
ရပ်ကြောင့် မြန်မာနိုင်ငံ ဆင်းရဲတွင်းထဲရောက်ပြီး ဒီမိုကရေစီအင်
အားစုတွေကို စနစ်တကျဖြိုခွဲခွင့် ရခဲ့တာပါ အဲဒီတော့ တရုပ်ရှေင်
ခြင်းလုပ်ရပ်ဟာ မျိုးချစ်စိတ်ပါ နောက်ထပ် မြန်မာပြည်ကို တကယ်
ချစ်တယ် ဒီမိုကရေစီ လမ်းကြောင်းအပေါ်ကို သွားနေပါတယ်ဆိုရင် တရုပ်တွေကို နောက်ထပ် မြန်မာနိုင်ငံက
ထွက်ကုန်မှန်သမျှကို အကန့်အသတ်နဲ့ ရောင်းရမှာပါ တရုပ်က
ဝင်တဲ့ ပစ္စည်းတွေကိုလဲ ချင့်ချိန်ပြီး ဝယ်ယူကြပါ ဖြစ်နိုင်ရင်
တော့ မဝယ်ကြတာအကောင်းဆုံးပေါ့
-
တရုတ်နဲ့ပေါင်းလို့ကခွေးဖြ စ်သွားမှာပဲ
-
တရုတ်ကိုတော့သူတို့ဘယ်မိတ်အပျက်ခံမလဲ သူတို့စီးပွားဖြစ်နေတာကို
သူတို့ပဲကောင်းစားတာ အခြေခံလူတန်းစားတွေမှာတော့တရုတ်ကထုတ်တဲ့
အညံဆုံးကမ္ဘာမှာဘယ်နိုင်ငံမှာမှမပို့တဲ့တရုတ်ပစ္စည်းတွေသုံးပြီးနေနေရတာ
တရုတ်ကမြန်မာကကောင်းပါတယ်ဆိုးတယ့်စားသောက်ကုန်းတွေ
ကျန်တာမပြောနဲ့မြေကြီးကအစအကုန်းယူတာ
ကျွန်တော်ကတော့စိတ်ထဲရှိတာပြောရရင်တရုတ်ကိုတောတောစိတ်နာနေပြီး
ဘာသုံးသုံးတရုတ် အရည်အသွေးကျတော့ ဘယ်နိုင်ငံမှမပို့တဲ့အရည်အသွေး အဲဒါတွေကို
အမေစုကသိလို့ထင်တယ်တရုတ်ကိုပြောမြန်မာနိုင်ငံကိုစီးပွားရေးလုပ်ကွက်လို့ပဲသဘောမထားဖို့
အိမ်နီးနာချင်းနိုင်ငံမို့လို့နောက်နောင်လဲ
အဆင်ပြေအောင်ဆက်ဆံစေခြင်တယ်လို့ပြောတာ
အမျိုးမျိုးလုပ်တယ်ဗျာပြောရင်တော့အများကြီး
ရွေမန်းတို့ကတော့အဆင်ပြေစေခြင်မှာပေါ့
တရုတ်ကတော့အမေစုလုပ်ပိုင်ခွင့်တွေရှိလာမှာကိုတော့မလိုလားလောက်ပါဘူးသူတို့လုပ်စားစရာနည်းသွားမှာစိုးလို့လေ
အခုကောင်တွေနဲ့ကအဆင်ပြေနေတာကို ဒီကောင်တွေကို ၁ကျပ်ပေး ပြီး ၁၀ယူနေတာကို
အခုအမေစုကိုလုပ်ပိုင်ခွင့်လေးနည်းနည်းပေးတာကို
ဟိုအဝေးကြီးကနိုင်ငံတွေတောင်လာအားပေးနေတာ နီးနီးလေးရှိတဲ့တရုတ်မပါဘူး
အကိုတို့သတင်းလား ဘယ်သူရေးထားတဲ့ဟာလဲမသိဘူးအဲထဲမှာ တရုတ်ကဘယ်အရာရှိလဲမသိဘူး
တစ်ယောက်လောက်ပဲ အမေစုကိုလာတွေ့ဘူးတာသိရတယ်
ကျွန်တော်ကတောကဆိုတော့သိပ်တော့မသိဘူးအကိုတင်ထားတာနဲ့ ရေးထားတာတွေပဲ သိရတာပါ
ပြောခြင်တာတော့တရုတ်ဆက်ပြီးတော့ဆက်ဆံမယ်ဆိုရင်မဆက်ဆံလို့လဲမရဘူး
အိမ်နီးနားချင်းကိုဆက်ဆံမယ်ဆိုရင်လေးလေးစားစားဆက်ဆံသင့်တယ်ထင်တယ် အစိုးရ
နဲ့ စီးပွားရေးသမား တွေကိုဘယ်လိုလောဘရှိတယ်ဆိုပြီး ချုပ်ကိုင်နိုင်တာနဲ့
လုပ်ခြင်သလိုလုပ်လို့ရတယ်ဆိုတဲ့အတွေးတွေပျောက်သွားအောင်အားလုံးဆန့်ကျင်စေးခြင်စေးခြင်ပါတယ်
-
မည်သည့်နိုင်ငံ အဖွဲ့အစည်းဖြစ်စေ
မြန်မာပြည်သူပြည်သားများ ဒုက္ခရောက်စေမည့် မူဝါဒများ၊ အစီအမံများ၊ လုပ်ဆောင်ချက်များကို လက်မခံကြောင်း"
especially CHINA
-
အနောက်နဲ့ပေါင်းရင် မူပျောက်ပေမယ့် လူမျိုးမပျောက်ပါ။
တရုတ်နဲ့ပေါင်းရင် မူလည်းပျောက် လူမျိုးလည်းပျောက်မှာ ရွှေမန်းရေ နိုင်ငံအနာဂတ်အတွက် ဘယ်လမ်းရွေးမှာလည်း....?????
-
ဥရောပ နိုင်ငံများ
မြန်မာနိုင်ငံကိုစီးပွားရေးပိတ်ဆို့မှုလုပ်လိုက်ခြင်းဟာ
တရုတ်တို့အတွက်ခွေးဘုရားပွဲတွေ့သလို ဖြစ်သွားတော့တာပါပဲ။ တရုတ်အစိုးရအတွက်
မြန်မာနိုင်ငံနယ်စပ်တစ်လျောက်သန်းပေါင်းများစွာသောတရုတ်တွေရဲ့
ထမင်းလုပ်အတွက်တော်တော်ခေါင်းအေးသွားပါတယ်။ သူတို့ဆီက ကွာလတီလုံးဝမရှိတဲ့
ပလပ်စတစ်အစုတ်အပြတ်တွေဟာ မြန်မာနိုင်ငံထဲကိုလှိမ့်ဝင်လာပြီး မြန်မာနိုင်ငံက
အဖိုးတန်ပစ္စည်းတွေဟာတရုတ်တို့ဆီကို အဆက်မပြတ်စီးဝင်နေပါတော့တယ်..။
လက်ရှိမြန်မာနိုင်ငံရဲ့ ပြောင်းလဲခြင်းတွေဟာ တရုတ်အစိုးရအဖို့
တစ်ကယ့်ခြောက်အိပ်မက်ပါပဲ။....လက်ရှိဆက်ဆံရေးပြောင်းလဲခြင်းမရှိဟုဆိုသော်လည်း
စီးပွားရေးကိစ္စအတွက် တရုတ်တွေဟာ မတ်ကက်ရှယ်ယာရာခိုင်းနှုံး
တော်တော်များများကို လက်လွတ်ရတော့မယ့်အတွက် အလွန်စိတ်ပျက်နေရမှာတော့
အသေအခြာဖြစ်ပါသည်။
-
အာဏာရှင်အုပ်ချုပ်ရေးစနစ်လည်ပတ်နေစဉ် နှစ် (၂၀) ကျော်လုံးလုံး
တယုတ်များကောင်းကောင်းဂုတ်သွေးစုတ်ခဲ့ပြီးပါပြီ။ နိုင်ငံတွင်းကသယံဇာတ
များသာမက အဖက်ဖက်ကလည်း ၄င်းတို့လက်ချက်နဲ့ လုံးပါးပါးပြီး
ကုန်သလောက်ဖြစ်နေပါပြီ။ သူရဦးရွှေမန်းခင်ဗျာ....တယုတ်ကိုမယုံကြည်
သင့်တော့ဘူးဟုထင်ပါသည်။ ယခုလျှောက်နေသည့်ဒီမိုကရေစီလမ်းကို
နောက်မလှည့်စတမ်းဆက်လက် လျှောက်လှမ်းမည်ဆိုလျှင်
အဆိုပါတယုတ်များနှင့်မဆက်ဆံလေကောင်းလေ ဖြစ်ပါလိမ့်မည်။
-
ဦးရွှေမန်းသို့
ကဲ ရွှေမန်းရေ မင်းကြားတယ်မဟုတ်လား.. မင်းကြားတဲ့အတိုင်းပဲ မြင်းမြင်တဲ့အတိုင်းပဲ ကွန် မန့် ၀င်ဖတ်ကြည့် လူတရာ ရှိရင် တစ်ရာနဲ့ တယောက် တရုတ်ကို မလိုလားဘူး မင်းဒါတွေကို မကြားဘူး မမြင်ဘူးဆိုရင် မင်းတို့ကောင်းစားဖို့ မင်းတို့ အတွက် မင်းတို့ အတ္တအတွက် မကြားချင်ယောင်ဆောင်တာ မမြင်ချင်ယောင်ဆောင်တာပဲ ဖြစ်မယ်.. အဲ့ဒိတော့ ဒီအသံတွေကို မကြားချင်ယောင် မမြင်ချင်ယောင်မဆောင်နေနဲ့တော့ကွာ.. သိသိကြီးနဲ့ မင်းရှေ့ဆက်သွားနေရင်တော့ မင်းထိုက်နဲ့ မင်းကံပဲ... မင်း ပြည်သူတွေမေတ္တာစူးပြီး ကုတင်ပေါ်မှာ ဘာကိုမှ မကြားနိုင်တော့တဲ့ဘ၀မျိုး လေဖြတ်သေမယ့် ဘ၀မျိုး ကို မင်းရောက်ပါစေလို့ ပြည်သူတွေဆုတောင်းလိမ့်မယ်နော်..
-
၂၇ ရက်နေ့ည သတင်းတွင် နားဆင်လိုက်ရပါသည်...
တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ တံတိုင်းသဖွယ်ဖြစ်ကြောင်း..
မြန်မာနိုင်ငံသည် တရုတ်နိုင်ငံ၏ တခါးမှူးသဖွယ်ဖြစ်ကြောင်း...
ဒီစကားတွေကို လွှတ်တော်ဥက္ကဌက နိုင်ငံကိုယ်စား မပြောသင့်ပါ...
တကယ်တော့ မြန်မာပြည်မြောက်ဖျားက ပြည်သူများပိုင်ဆိုင်သည့် သစ်ပင်/ကျောက်မျက် သဘာဝသယံဇာတ လူသားရင်းမြစ် အမျိုးမျိုးကို ခိုးထုတ်နေသည့် သူခိုးတရုတ်၊ မြန်မာလူမျိုးအပေါ် အမြတ်ထုတ်၊ ဂုတ်သွေးစုပ်သည့် ဖုတ်ကောင်တရုတ်၊ မြန်မာကို အမျိုးပျောက်အောင် လုပ်ဆောင်နေသည့် မျိုးဖျက်တရုတ်..... မြန်မာကို လက်ဝါကြီးအုပ်အမြတ်ထုတ်လိုသည့် အရင်းရှင် တရုတ်.... စသည့်ယုတ်ညံ့သော အလုပ်များလုပ်ဆောင်လျှက် မြန်မာပြည်အတွက် ကောင်းကျိုးမပေးသော တရုတ်အတွက် မြန်မာသည် တခါးစောင့်မဟုတ်..... ကိုယ့်မြေ ကိုယ့်ရေ ပေါ်မှာ ကိုယ့်ဘာသာကိုယ်နေတာ ... ကိုယ်သာ အရှင်သခင် ကိုယ်သာ ဘုရင်ပါ.... ဘယ်သူ့တခါးမှ စောင့်မပေးနိုင်ပါဘူး.
လွှတ်တော်ဥက္ကဌကြီးခင်ဗျား.. လူကြီးမင်း၏ လုပ်ရပ်များစွာကို ဂုဏ်ယူကြိုဆိုနေသူတစ်ယောက်အနေဖြင့် ဒီကိစ္စအတွက် အပြင်းအထန်ကန့်ကွက်ပါသည်...
ကိုယ်ကြည်ညိုလျှင် ဖင်ထောင်ရှိခိုးနိုင်သည်မှာ ကိုယ့်အခွင့်အရေးဖြစ်ပေမယ့်... နိုင်ငံကိုယ်စား အောက်တန်းကျသော ကျွန်စကားရပ်သုံးစွဲခြင်းအတွက်မူ.....
-
made in china ဆိုတာကိုတော့ကျွန်တော်တို့လက်ခံရမှာပါ
နိုင်ငံပေါင်းစုံကbrandတွေတော်တော်များများမှာတွေ့ရမှာအမှန်ပဲ
England ကနေ Manchester United Shirt မှာလဲChinaကထုတ်
တာပဲ Bose နားကြပ် American Brand လဲChinaမှာလုပ်တာပဲ
သူနဲ့ကင်းလို့မှမရတာ ဘယ်လိုလုပ်မလဲ
-
မြန်မာ အိမ်ရှင် ကိုယ်တိုင်က တံခါးဖွင့်ပေးထားမှတော့ တရုတ်သူခိုးက လိုချင်တာတွေ စိတ်ကြိုက် ခိုးထုတ် နေတာပေါ့ ။
အစိုးရကိုယ်တိုင်က ခွင့်ပြုထားမှတော့  တရုတ်တွေ မြန်မာပြည်မှာ လုပ်ချင်တိုင်း လုပ်နေကြ မှာပဲ ။
-
သူရ ဦးရွှေမန်းကလည်း မြစ်ဆုံဆည် စီမံကိန်းကို သင်ခန်းစာယူကာ တရုတ်၊
မြန်မာ နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်နေ သည့် စီမံကိန်းများဖြစ်သော
ကျောက်ဖြူ ရေနက်ဆိပ်ကမ်း၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်း
လုပ်ငန်းများ၊ ကားလမ်းနှင့် မီးရထားလမ်း စီမံကိန်းကြီးများကို အောင်မြင်စွာ
အကောင်အထည်ဖေါ်နိုင်ရေးအတွက် ဆက်လက် တာဝန်ယူ ဆောင်ရွက်သွားမည်ဟု
ကတိပေးခဲ့သည်။ အဲဒိစကား တွေရဲ့ အဓိပ္ပါယ်အရဆိုရင် မြစ်ဆုံကိစ္စကို ၇င်နာစွာ
နဲ့ ရပ်ဆိုင်လိုက်ရပြီး ၊ နောင် တယုတ်နဲ့ပတ်သက်တဲ့ ဘယ်စီမံကိန်းမှ
အပျက်မခံဘူးဆိုတဲ့ သဘောပေါ့၊ ဖွတ်ကြီးနဲ့ ပဲ ပူးပေါင်းဆောင်ရွက်မယ်ဆိုတော့
ကျန်တဲ့ပါတီတွေနဲ့ မပတ်သက်ဘူး ဆိုတဲ့သဘောပေါ့။ သတင်းထဲပါတဲ့ စာသားအရ ဆိုရင်
တယုတ် တံတိုင်းကို မြန်မာကတံခါးမှူး ဆိုတော့ တယုတ်ခြံရှေ့ ကခြံစောင့်ပေါ့
တံခါးမှူးဆိုတာ တနည်းအားဖြင့် ခြံစောင့်ကို ပြောတာပဲ ရွှေမန်ရေး မင်းပဲ
တယုတ်ခြံရှေ့ စောင့်တဲ့လုပ် မင်းပဲလုပ်လိုက်ပါတော့ ကွာ၊ ဒီမိုကရေစီကို
အားမပေးတာ တယုတ်ပဲတွေ့ တယ်၊ ယ နဲ့ ယုတ်ထားတာ မသိလို့မဟုတ်ဘူးနော်
ယုတ်မာကောက်ကျစ် တဲ့ကောင်တွေ့ မို့လို့ ယ နဲ့ ယုတ်ထားတာကွ ရွှေမန်းရ၊
ပြည်သူကြားကောင်း အောင် လစာ လေးအော်ပြပြီးမှ တယုတ်ရဲ့ ပစ္စည်းကို
ပြေးကိုင်တဲ့ ကောင် ၊ တယုတ်က အနောက်ကို ဘယ်လိုလာမလဲ မြန်မာနိုင်ငံက
နေဒါရိုက် ၀င်လို့ရလို့ ကြင်နာသယောင်နဲ့ ခြိမ်းခြောက် နေတာ မသိဘူးလား
ငရွှေမန်းရာ၊ မင်းတို့ ရဲ့ ဘောင်ထဲက ဘေးချော်နေတဲ့ အတွေးအခေါ်တွေ
ပြင်သင့်ပါပြီကွာ။
No comments:
Post a Comment