ကျပ်ငါးထောင်တန်ဖုန်း ရောင်းချမည့် အစီအစဉ် မဖြစ်နိုင်
ရန်ကုန်၊ ဇန်န၀ါရီ- ၂၉
ပုဂ္ဂလိကကုမ္ပဏီတစ်ခုမှ နိုင်ငံတော်သမ္မတရုံးသို့ တင်ပြထားပြီး ကျပ်ငါးထောင်ဖြင့် မိုဘိုင်းဆင်းမ်ကဒ်များကို ရောင်းချပေးမည်ဆိုသည့် အစီအစဉ်သည် ယခုလက်ရှိ မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးနည်းပညာဥပဒေများအရဆောင်ရွက်နိုင်ဦးမည်မဟုတ်ကြောင်းမြန်မာ့ဆက်သွယ်ရေးလုပ်ငန်းဦးဆောင်ညွှန်ကြားရေးမှူး
ရုံးမှ ဦးဆောင်ညွှန်ကြားရးမှူးက ပြည်တွင်းမီဒီယာများသို့ တရားဝင်ပြောကြားလိုက်သည်။
ယနေ့နံနက် ၉ နာရီဝန်းကျင်တွင် ရန်ကုန်တိုင်း၊ ပုဇွန်တောင်မြို့နယ်၊ ဆက်သွယ်ရေးသင်တန်းကျောင်းအတွင်း ပြုလုပ်ခဲ့သည့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ ဌာနအသီးသီးမှ အဓိကတာဝန်ရှိသူများနှင့် အဆိုပါ ပုဂ္ဂလိကုမ္ပဏီဖြစ်သည့် ရွှေပြည်တံခွန်ကုမ္ပဏီတို့၏ နှစ်ဖက်တွေ့ဆုံရှင်းလင်းပွဲတွင် တက်ရောက်လာသည့် မီဒီယာများသို့ပြောကြားခဲ့ကြခြင်းဖြစ်သည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း တာဝန်ရှိသူတစ်ဦးက "ဆက်သွယ်ရေးအနေနဲ့ ဘယ်လိုပုဂ္ဂလိက ကဏ္ဍရဲ့ ဆောင်ရွက်ချက်မျိုးကိုမဆို လက်ခံပါတယ်။ ဒီစီမံကိန်းကို ခွင့်မပြုတာမဟုတ်ပါဘူး။ တည်ဆဲဥပဒေတွေနဲ့မကိုက်ညီတာတွေ ရှိနေတာကြောင့် လောလောဆယ်အနေထားမှာ လုပ်ငန်းဆောင်ရွက်ခွင့် မရနိုင်သေးတာပါ"ဟု ပြောကြားသည်။
ယင်းတွေ့ဆုံရှင်းလင်းပွဲမှာ ရွှေပြည်တံခွန်ကုမ္ပဏီ မန်နေဂျင်းဒါရိုက်တာ ဦးလွင်နိုင်ဦးက မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းဘက်မှ တက်ရောက်လာသည့် တာဝန်ရှိသူများကို ၄င်း၏ ငါးထောင်တန်ဖုန်းစီမံကိန်းနှင့်ပတ်သတ်ပြီး power point တင်ပြချက်ဖြင့်ရှင်းလင်းခဲ့သည်။
သို့သော် ၄င်း၏ ရှင်းလင်းတင်ပြချက်အပြီးတွင် ဆက်သွယ်ရေးဘက်မှ တာဝန်ရှိသူများ မေးမြန်းလာသည့် နည်းပညာပိုင်းဆိုင်ရာ စီမံကိန်းများနှင့် ဆောင်ရွက်ရမည့် အခြေအနေများကိုမူ ထိုကုမ္ပဏီ၏ တာဝန်ရှိသူက ပြန်လည်ရှင်းလင်းပြောဆိုနိုင်ခြင်းမရှိသည်ကို တွေ့ရသည်။
ထိုကုမ္ပဏီက နိုင်ငံတော်သမ္မတရုံးသို့ ၎င်းစီမံကိန်းကို တင်ပြထားပြီးနောက် ဇန်န၀ါရီလ၂၅ ရက်တွင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသို့လည်း အဆိုပြုလွှာ တင်သွင်းထားသည်။ သို့သော် မြန်မာ့ဆက်သွယ်ရေးသို့ တင်ပြထားသည့် အဆိုပြုလွှာတွင်မူ ကျပ် ၅၀၀၀ ဖြင့်ရောင်းချပေးမည်ဟူသည့် အဆိုပြုလွှာမပါရှိဘဲ ၎င်းတို့ကုမ္ပဏီကို ဆက်သွယ်ရေးနှင့် Second Mobile Operator အဖြစ် ငါးနှစ်သက်တမ်းလုပ်ကိုင်ဆောင်ရွက်ခွင့်ပေးရန်ကိုသာ တောင်းဆိုထားသည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ အထွေထွေမန်နေဂျာဖြစ်သည့် တာဝန်ရှိသူက ''လက်ရှိ ရွှေပြည်တံခွန်ရဲ့ စီမံကိန်းကာလဟာ အရမ်းကိုအချိန်နည်း ပါးလွန်းပါတယ်။ တကယ်တမ်း ဆက်သွယ်ရေးစီမံကိန်းတစ်ခုအတွက် အဆင့်တစ်ခုချင်းစီအလိုက်ကို တာဝန်ယူရလုပ်ဆောင်ရတဲ့ အချိန်ဟာ မနည်းလှပါဘူး။ ဒါကြောင့်မို့ လက်တွေ့မှာ လေးငါးခြောက်လတည်းနဲ့ မိုဘိုင်းဖုန်းသန်းဂဏန်းအရေအတွက်ကို ထုတ်ပေးနိုင်တယ်ဆိုတာဟာ စဉ်းစားစရာပါ" ဟု သုံးသပ်ပြောကြားခဲ့သည်။
ခွင့်ပြုချက်ကျလာသည်နှင့် အချိန်သုံးလမှ ခြောက်လအတွင်း မိုဘိုင်းဆင်းမ်ကဒ် တစ်သန်းကို ထုတ်လုပ်မည်ဟုဆိုသည့် အထက်ပါကုမ္ပဏီက ထုတ်လုပ်မည့် မိုဘိုင်းဖုန်းစနစ်မှာ ၄င်းတို့ထုတ်လုပ်သည့် မိုဘိုင်းဖုန်းနက်ဝါ့ခ်အချင်းချင်းသာ ပြောဆိုနိုင်သည့် (ဆက်သွယ်ရေးလုပ်ငန်းမှ ရောင်းချထားသည့် မည်သည့်ဖုန်း ကိုမျှ ဆက်သွယ်နိုင်ခြင်းမရှိသည့်စနစ်) တစ်ခုဖြစ်နေခြင်းဖြစ်ကြောင်းလည်းသိရသည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေဖြင့် ရွှေပြည်တံခွန် ကုမ္ပဏီ၏ ရည်ရွယ်ချက်သည် ၄င်းတို့လုပ်ငန်း၏ ရည်ရွယ်ချက်နှင့်တူညီပါကြောင်းကိုလည်း အထက်ပါလုပ်ငန်း၏ တာဝန်ရှိသူများက ပြောဆိုကြသည်။ သို့သော် မတူညီသည့် အချက်များရှိနေသေးသဖြင့် ထိုမတူညီသည့်အချက်အလက်များကို ညှိနှိုင်းကာ ပူးပေါင်းဆောင်ရွက်မှုများဖြစ်လာနိုင်ကြောင်းကိုလည်း ဆက်လက်ပြောကြားကြသည်။
ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာနအနေဖြင့် လက်ရှိတွင် ဆက်သွယ်ရေးဥပဒေမူကြမ်းကို နိုင်ငံတော်ရှေ့နေချုပ်ရုံးအဆင့်သို့ တင်ပြထားပြီဖြစ်ပြီး အဆိုပါဥပဒေထွက်ပေါ်လာပါက ပြည်တွင်း၏ ဆက်သွယ်ရေးလုပ်ငန်းရပ်များတွင် Second Operator ဖြစ်သည့် ပုဂ္ဂလိက ကုမ္ပဏီလေးခုခန့်ကို ဆောင်ရွက်ခွင့်များပေးသွားရန်ရှိကြောင်း အထက်ပါရှင်းလင်းပွဲမှသိရသည်။လက်ရှိတွင် နိုင်ငံတော်သမ္မတရုံးသို့ တင်ပြထားသည့် ဆက်သွယ်ရေးလုပ်ငန်းဆိုင်ရာ အဆိုပြုလွှာများမှာရွှပြည်တံခွန်ကုမ္ပဏီတစ်ခုတည်းမဟုတ်ပဲ ရာဂဏန်းနှင့်ချီပြီးရှိနေသည်ဟုသိရသည်။
ထိုအရေအတွက်များတွင် ပြည်ပနိုင်ငံများမှ လာရောက်ရင်းနှီးမြှပ်နှံလုပ်ကိုင်လိုသည့် ကုမ္ပဏီများ၏ အဆိုပြုလွှာများမှာ ပြည်တွင်းထက် ပိုမိုများပြားကြောင်း အထက်ပါဦးဆောင်ညွန်ကြားရေးမှူကပြောသည်။ယခုလက်ရှိ မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးကဏ္ဍတွင် မိုဘိုင်းဖုန်းအသုံးပြုခများမှာ အခြားနိုင်ငံများထက်ဈေးကြီးနေရခြင်းမှာ အခြေခံအဆောက်အဦများကို ရင်းနှီးတည်ဆောက်ရမှု၊ နိုင်ငံတော်မှချပေးသည့် ဘတ်ဂျတ်ကို ရေရှည်အသုံးပြုခွင့်မရပဲ သတ်မှတ်နှစ်များအတွင်း အမြတ်ငွေအဖြစ် ပေးဆောင်နေရခြင်းများကြောင့်ဖြစ်ကြောင်း အထက်ပါတွေ့ဆုံရှင်းလင်းပွဲသို့ တက်ရောက်လာကြသည့် တာဝန်ရှိသူများကပြောသည်။သို့သော် အစိုးရအနေဖြင့် ပြည်တွင်း၏ မိုဘိုင်းဖုန်းအသုံးပြုခများကို တဖြည်းဖြည်းချင်း တစ်ဆင့်ဆင့်ချင်း လျော့ကျသက်သာအောင် ဆောင်ရွက်ပေးသွားမည်ဖြစ်သည်ဟု တာဝန်ရှိသူများကဆိုသည်။
7Day News Journal
31 comments:
-
ဆက်သွယ်ရေးက ၀န်ကြီး တို့ ညွှန်ချုပ်တို့  က မဖြစ်နိုင်ဘူး ဖင်ကုန်းအော်
နေသော်လည်းပဲ အိမ်နီးချင်း ထိုင်း ဘင်္ဂလားဒေ့ရှ် တရုတ် မလေးရှား
စင်္ကာပူ အစရှိတဲ့နိုင်ငံတွေ မှာ GSM SIM ကတ်တစ်ခု ဈေးဘယ်လောက်လဲ ဆိုတာ ကိုယ်တိုင်ဆင်းဝယ်ကြည့်ကြပါဦး။
သူတို့က ဘာကြောင့် မြန်မာငွေ ၁၅၀၀ ကျပ်လောက်နဲ့ ရောင်းနိုင်လဲ၊ သူတို့ လုပ်နိုင်ယင်၊ ခင်ဗျားတို့ က မဖြစ်နိုင်ဘူးဆိုတာ ဘာကြောင့် အော်နေရတာလဲ။ သန်း (၃၀) စီမံကိန်းမှာ ဆင်းကတ်တစ်ခု ကို ၂ သိန်းခွဲ နဲ့ ပြည်သူ့ သွေးကို ဂုတ်သွေးစုတ်ချင်သေးလို့  မရဘူးလို့ ဖင်ပိတ်ငြင်းနေတာမဟုတ်လား။
အယင်ကလည်း သိန်းလေးဆယ်၊ သုံးဆယ်၊ ဆယ့်ငါးသိန်းနဲ့ ပြည်သူတွေ ရဲ့ ပိုက်ဆံတွေကို မတရားလိမ်လည်ယူထားပြီးပြီ။ အခုလည်း မလျော့ချင်သေးဘူး။ နိုင်ငံတကာမှာ SIM ကတ်ကို အလကားပေးနေချိန်မှာ မင်းတို့ ဆက်သွယ်ရေးက လူကြီးတွေ ရှက်တတ်ယင် လဲသေဖို့ ကောင်းနေပြီ။
-
ယခုလက်ရှိ မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးကဏ္ဍတွင်
မိုဘိုင်းဖုန်းအသုံးပြုခများမှာ အခြားနိုင်ငံများထက်ဈေးကြီးနေရခြင်းမှာ
အခြေခံအဆောက်အဦများကို ရင်းနှီးတည်ဆောက်ရမှု၊ နိုင်ငံတော်မှချပေးသည့်
ဘတ်ဂျတ်ကို ရေရှည်အသုံးပြုခွင့်မရပဲ သတ်မှတ်နှစ်များအတွင်း အမြတ်ငွေအဖြစ်
ပေးဆောင်နေရခြင်းများကြောင့်ဖြစ်ကြောင်း >>>
အော်.... ထူးဆန်းပါပေ့ မြန်မာ ဆက်သွယ်ရေးရေ......
တခြားနိုင်ငံတွေကျတော့ လိုအပ်တဲ့ အဆောက်အဦးတွေ၊ စက်ကိရိယာတွေ ဆောက်ဖို့  မလိုဘူးပေါ့နော်.......
သတ်မှတ်နှစ်အတွင်း အမြတ်ငွေအဖြစ် ပေးဆောင်နေရတယ်ဆိုတော့ ရရှိလာတဲ့ ဖုံးငှားရမ်းခနဲ့  ခေါ်ဆိုခတွေက ဘယ်ရောက်သွားပါလိမ့်နော်.......
နိုင်ငံတော်ဘက်ဂျက်ချပေးမှပဲ ဖုံးခတွေ နည်းလာတော့မှာလားးးးး
-
သန်3း0စီမံကိန်းပြီမှဘဲပေးတော့မှာလား....အချို့နိင်ငံတွေမှာသူတို့ရဲ့ဖုန်းကတ်သုံးပါသုံးပါလို့အိုင်ဖုန်း4ဂျီတောင်အလိုက်ပေးပြီသုံးခိုင်းနေတဲ့ခေတ်ရောက်နေပါပြီ.
-
မသိလို့မေးပါရစေ ဆက်သွယ်ရေးနည်းပညာ ဥပဒေ ဆိုတာဘာလဲဗျာ၊ ဒီဥပဒေက
အာဏရှိတဲ့လူဘဲ့လုပ်ရမယ်၊ အာဏမရှိတဲ့သူတွေ့မလုပ်ရဘူး၊
အစိုးရနှင့်နှီးစပ်သူပဲ့လုပ်ရမယ်၊ ကျန်တဲ့သူတွေမလုပ်ရ ၊
မြန်မာဆက်သွယ်ရေးကလည်း နည်းပညာအရမဖြစ်နှိင်တဲ့ ရှက်ပြီးသေလိုက်တော့လေ၊
ကိုယ်ကိုတိုင်လည်း ဘာမှနားမလည် နားလည်တဲ့သူတွေ၊
လုပ်နှိင်တဲံသူးတွေရှိရင်လည်းမလုပ်ခိုင်း ဘာလဲဗျာ
၊ဆက်သွယ်းရေးဥပဒေဆိုတာကြီးကို ဒီတနေ့စပြီး အမှိုက်ပုံးထဲထည့်ပြီး
ကမ္ဘာနှင့်ဝေးတဲ့နေရာကိုလွတ်ပစ်လိုက်ပါတော့၊၊
ဘက်ာမှနားမလည်ဘဲ့နဲ့ဆက်သွယ်ရေးညွန်းကြားရေမှုးဆိုလူကြီးကိုဖြုတ်ပြီးတော့
တန်ရာတန်ရာ စည်ပင်ကိုသွားပြီး အမှိုက်လဲခိုင်းလိုက်ကါတော့လို့
အကြံပြုပါရစေ၊၊ (တောသားလေး)
-
ဆက်သွယ်ရေး ဥပဒေဆိုတာကြီးကို အမှိုက်ပုံးထဲထည့်ပြီး
ကမ္ဘာနှင့်ဝေးတနေရာကို လွတ်ပစ်လိုက်ပါတော့၊၊ ဆက်သွယ်ရေးညွန်ကြာရေးမှုးဆိုတဲ့
လူကြီးကိုလည်း အလုပ်ဖြုတ်ပြီး တန်ရာတန်ရာ စည်ပင်ကိုပို့ပြီး
အမှိုက်လဲခိုင်းလိုက်ပါတော့လို့ အကြံပြုပါရစေ ၊၊ (တောသားလေး)
-
ဟိုလူကိုဘယ်လိုခြိမ်းခြောက်လိုက်လဲမသိဘူး။စီမံကိန်းတော့ပျက်သွားပြီ။
-
သူများနှိင်ငံကကြားရင် ရှက်ပြီးသေဖို့ကောင်းတယ်ဗျာ
-
တော်တော်လေးကိုရီစရာကောင်းနေပြီနော်...ဘာတွေလဲ
တို့ထက်အစများစွာဆင်းရဲတဲ့နိုင်ငံတွေတောင် အစဉ်ပြေနေတာတို့များကျမှ
အခြေခံအဆောက်အအုံတို့ တက်ကနီကယ်ပလန် တို့ကိုသုံးစွဲမဲ့ ပြည်သူဆီက ဓားပြ
တိုက်သလိုလုပ်နေကျတာကိုက သူတို့ရဲသဘောထားကိုဖော်ပြလိုက်တာဘဲ
အဲ့လိုဆိုအားလုံးကို company တွေလက်ထဲပြောင်းထည့်ပေးလိုက်ပါလား ဈေးပြိုင်
အချိန်ပြိုင်စနစ်နဲ့..လုပ်နိုင်တဲ့ သူဝင်လုပ်ပစေပေါ့ အဓိကက
ပြည်သူတွေအစဉ်ပြေဖို့မဟုတ်ဘူးလား.......
-
တော်တော်လေးကိုရီစရာကောင်းနေပြီနော်...ဘာတွေလဲ
တို့ထက်အစများစွာဆင်းရဲတဲ့နိုင်ငံတွေတောင် အစဉ်ပြေနေတာတို့များကျမှ
အခြေခံအဆောက်အအုံတို့ တက်ကနီကယ်ပလန် တို့ကိုသုံးစွဲမဲ့ ပြည်သူဆီက ဓားပြ
တိုက်သလိုလုပ်နေကျတာကိုက သူတို့ရဲသဘောထားကိုဖော်ပြလိုက်တာဘဲ
အဲ့လိုဆိုအားလုံးကို company တွေလက်ထဲပြောင်းထည့်ပေးလိုက်ပါလား ဈေးပြိုင်
အချိန်ပြိုင်စနစ်နဲ့..လုပ်နိုင်တဲ့ သူဝင်လုပ်ပစေပေါ့ အဓိကက
ပြည်သူတွေအစဉ်ပြေဖို့မဟုတ်ဘူးလား.......
-
အစိုးရအနေဖြင့် ပြည်တွင်း၏ မိုဘိုင်းဖုန်းအသုံးပြုခများကို
တဖြည်းဖြည်းချင်း တစ်ဆင့်ဆင့်ချင်း လျော့ကျသက်သာအောင်
ဆောင်ရွက်ပေးသွားမည်ဖြစ်သည်ဟု တာဝန်ရှိသူများကဆိုသည်။
>???????????????????????????????
WHY SLOWLY???
DAMN!!!!!!!
-
မြန်မာ့ဆက်သွယ်ရေးကြီးရေ..ဖုန်းကဒ်ကို ဒီမလေးရှားမှာဆိုရင် XOX
ကဒ်ဆိုရင် RM 20 မြန်မာငွေ ကျပ် ၅ထောင်ပေးရတယ် အဲ့ဒီကဒ်ထဲမှာ RM 35
မြန်မာငွေ ၈၇၅၀ ကျပ်ဖိုးတောင်ပါသေးတယ်ဗျာ ကျုပ်တို့ဆို တကဒ်ပြီးတကဒ်
ကဒ်၃၀လောက်တောင် ၀ယ်သုံးပြီးပြီ DIGI ကဒ်ဆိုရင်လဲ RM 8.80 မြန်မာငွေ ၂၂၀၀
ပေးရပြီး ကဒ်ထဲမှာ RM 5.00 မြန်မာငွေ ၁၂၅၀ ကျပ်ဖိုးပြောလို့ ရတယ်ဗျာ
ပြီးတော့ တခုပြောရအုံးမယ် လေယာဉ် စရိတ်နဲ့ ကားစရိတ် ဘယ်ဟာကပိုဈေးကြီးမလဲ
လေယာဉ်က ပိုကြီးမှာပေါ့နော် ဒါပေမဲ့ ဒီမှာ AIR ASIA က ပြည်တွင်းပြည်ပ
သက်သာအောင်လုပပေးနိုင်တယ် မယုံရင် မလေးကိုပဲလာပြီး လေ့လာလိုက်ပါအုံး (
ဒါ့ကြောင့် သူလုပ်နိုင်တိာု မဖျတ်ဆီးပါနဲ့ မပိတ်ပင်ပါနဲ့ သူပြည်သူတွေအတွက်
သူစေတနာနဲ့ သူလုပ်ပေးတာ မကူညီချငနေပါ မဝေဖန် မပုတ်ခတ်ပါနဲ့ ) အကျင့်ဆိုး
အမြင်ဆိုး တွေပြင်ပေးကြပါ
-
Mg Mg , u r right, I agree with u.
-
အင်း မြန်မာပြည်မှာ လူုဖြစ်၇တဲ့ဘဝ
-
မဖြစ်နိုင်ဘူးပဲ အတင်းငြင်းနေတဲ့ ဆသရ
တာဝန်ရှိသူတွေကိုပြောချင်ပါတယ်...စားပေါက်ပိတ်မှာကြောက်နေကြတယ်
ထင်တယ်.....ဒါဆိုရင်လည်း ဖုန်းရုံလေးတွေဆောက်ပြီး( ဆ သ ရ သူတောင်းစားရုံ )
ဆိုပြီးတောင်းစားကြပေါ့ဗျာ....ဝိုင်းထည့်ကြမှာပါ.....
-
မရေးတော့ဘူးလို့နေနေတာ ရေးလိုက်အုံးမယ် ပြည်သူတွေရဲ့ချွေးနဲစာကို မြိုဆို့လို့မ၀ကြသေးဘူးလား--------
-
ပိာုးတုန်း ကတည်းက သူတို့ ပထွေး သန်းေ၇ွှဖင် နောက်က လိုက်၇ှုနေတဲ့ အကျင့်ဆိုးတွေ က အခုထိ မပျောက်သေးတာလေ...
အေ၇ှ့ က ကောင်းအောင်ဘယ်လောက်ကြိုးစားကြိုးစား အဲလို နောက်လိုက်အနံ့ ခံကောင်းတဲ့ကောင်တွေ ကြောင့် တိုင်းပြည်ကခွေးဇာတ်ခင်းနေတာ...သမ္မတကြီးေ၇ ချွတ်မဲ့ ချွတ်အကုန်လုံးပြောင်အောင်ချွတ်မှ ကောင်းမယ်...
-
ကောင်းပါလေ့ကောင်းပါလေ့ အော် တည်ဆဲဥပဒေနဲ့မညီညွတ်လို့လား။ဒါမှမဟုတ်ktv
ဖိုးမပေးလို့လား။သေချာစဉ်းစားပါအုံး ဆသရ
ရယ်။ခင်ဗျားတို့တည်ဆဲဥပဒေကြီးကိုခနအသာထားပီးပူပေါင်းလိုက်ပါလား။မဖြစ်နိုင်တာကိုဖြစ်အောင်လုပ်တာကမှသူရဲ့ကောင်းဗျ။ဘာလဲ
ခင်ဗျားတို့ဆသရရဲ့တည်ဆဲဥပဒေဆိုတာ တည်တည် ပီး ဆဲတဲ့ဥပဒေလား။ ခွီးတဲ့မှ ထွီ
ယွံစရာကောင်းလိုက်တာ။မဖြစ်နိုင်ဘူးတဲ့
-
ဆက်သွယ်ရေးကလူတွေစားပေါက်ပိတ်ကုန်မှာစိုးလို့လား။အကြံပေးပါရစေ။
မရှိလျှင်တောင်းစားပါလဘ်မစားပါနှင့်။အစိုးရပြည်သူတွေဆီကပိုက်ဆံနဲ့ဆက်သွယ်ရေးကွန်ယက်ဆောက်ဖို့ကြံနေလားနိုင်ငံတော်ရဲ့သယံဇာတတွေဘယ်အိတ်ကပ်တွေထဲရောက်ကုန်ပြီလဲ။
တဖြည်းဖြည်းဈေးနည်းနည်းစီလျှော့ပြီးကူညီသလိုနှင့်ပြည်သူတွေကိုဓားပြမတိုက်ပါနှင့်။
-
ဆက်သွယ်ရေးက ဖွတ်ကြားတွေရေ.....မင်းတို့က
ဘယ်လောက်ထိအောင်ချမ်းသာချင်းသေးလို့လဲ...ဒီလောက်ချမ်းသာနေပြီပဲတော်ရောပေါ့....သေရင်ကိုယ်နောက်အဲတာတွေမပါလာဘူးနော်...ဒါပေမယ့်မင်းတို့နောက်ပါလာမှာတော့ရှိတယ်...မင်းတို့မကောင်းတာလုပ်ခဲ့တာမှန်သမျှရဲ့
အားကုသိုယ်တွေပဲ..သတိလေးပဲထားကြပါဦးနော်.....အကောင်ကြီးပြီးအချိန်မစီးတဲ့..ဟာကြီးတွေရဲ့..ဆက်သွယ်ရေးက
ဖွတ်ကြား...သူတောင်းစားကြီးတွေ....မြန်မြန်သေပါစေဗျာ...အဲဒီလိုပဲပြောလိုက်ချင်တော့တယ်..
-
သစ်ထူးလွင် ခင်ဗျား ကျနော်တှိုအိမ်နီးချင်းတိုင်းပြည်များဖြစ်တဲ့
ထိုင်း ၊ မလေးရှား ၊တရုပ် ၊ အိန္ဒိယ ၊ စင်္ကာပူ အစရှိတဲ့နိုင်ငံတွေမှာ
ဖုန်းကဒ်တခုရဲ့ ဈေးနှုန်း ဖုန်းခေါ်ဆိုခ(တမိနစ်အတွက်)ကျသင့်ငွေတွေကို
မြန်မာပြည်တွင်းက အများ ပြည်သူတွေ သိနှိုင်အောင် လုပ်ဆောင်ပေးစေလိုပါတယ်။
ကျေးဇူးတင်ပါတယ်။
-
they are awlful persons.no ability,only know how to take money and undertable.
-
(သို့သော် အစိုးရအနေဖြင့် ပြည်တွင်း၏ မိုဘိုင်းဖုန်းအသုံးပြုခများကို
တဖြည်းဖြည်းချင်း တစ်ဆင့်ဆင့်ချင်း လျော့ကျသက်သာအောင်
ဆောင်ရွက်ပေးသွားမည်ဖြစ်သည်ဟု
တာဝန်ရှိသူများကဆိုသည်။)...လို့ဆိုပါတယ်..ဒါပေမယ့် ..လက်တွေ့မှာတော့
ဖုန်းခေါ်ဆိုခ ကို တစ်မီးနစ် 25 ကနေ 50 ကျပ်ထိတက်လိုက်တာပါပဲ...နောက်ပြီး
ငွေသုံးသိန်းဆိုတဲ့ပမာဏကို တန်ဖိုးနည်းဖုန်းဆိုပြီးခေါ်ဆိုတာကလည်း
အဓိပါယ်မရှိပါဘူး...သုံးသိန်းကျပ်ဆိုတဲ့ပမာဏနည်းတယ်လို့ဘယ်လိုမှသတ်မှတ်လို့မရပါဘူး....
-
ပုကလိကပိုင် MOBILE NETWORK မှ ရှိပြီးသား MOBILE NETWORK - FIXED LINE
PHONE NETWORK များနှင့်ချိတ်ဆက်ရန်လွယ်ကူပါသည်-
E1,DS-3,STM-1,IP(FE-GE)လိုအပ်သော အရည်အတွက်အတိုင်း PROTOCOL
တူအောင်ရွေးပြီး ချိတ်ဆက်ရန်သာဖြစ်ပါသည် မြန်မာ့ဆက်သွယ်ရေးမှ
လူကြီးမင်းများ (၂၀၁၁)အထိ အိပ်ပျော်နေခြင်းမှထပါတော့ ၂၀၁၂ DEMOCRACY
ခောတ်သို.ရောက်ရှိနေပါပြီ တိုင်းပြည်ကိုရိုးသားစွာအလုပ်အကြွေးပြုပြီး
အကြွေးဟောင်းများကို ပြန်ဆပ်ဖို့ကြိုးစားပါ သို့မှသာနတ်လူသာဓုခေါ်လိမ့်မည်
-
အိမ်နီးချင်းနိုင်ငံများမှာGSMစတင်ပေါ်ချိန်ကဈေးနှုန်းများကိုအရင်စုံစမ်းသင့်ပါ
သည်။
-
ပုကလိကပိုင် MOBILE NETWORK မှ ရှိပြီးသား MOBILE NETWORK - FIXED LINE
PHONE NETWORK များနှင့်ချိတ်ဆက်ရန်လွယ်ကူပါသည်-
E1,DS-3,STM-1,IP(FE-GE)လိုအပ်သော အရည်အတွက်အတိုင်း PROTOCOL
တူအောင်ရွေးပြီး ချိတ်ဆက်ရန်သာဖြစ်ပါသည် မြန်မာ့ဆက်သွယ်ရေးမှ
လူကြီးမင်းများ (၂၀၁၁)အထိ အိပ်ပျော်နေခြင်းမှထပါတော့ ၂၀၁၂ DEMOCRACY
ခောတ်သို.ရောက်ရှိနေပါပြီ တိုင်းပြည်ကိုရိုးသားစွာအလုပ်အကြွေးပြုပြီး
အကြွေးဟောင်းများကို ပြန်ဆပ်ဖို့ကြိုးစားပါ သို့မှသာနတ်လူသာဓုခေါ်လိမ့်မည်
-
စဉ်းစားကြပါ။
(၁)ဆသက အကြီးအပဲများ တကယ်ပဲပြည်သူတွေအတွက်စဉ်းစားမှာလား။ ဒါဆိုလုပ်နိုင်တဲ့သူလုပ်ပါလေ့စေ။ လိုအပ်တာကို ဝိုင်းပံ့ပိုးပေးပါ။
(၂)ငါလည်းမလုပ်နိုင်၊ မလုပ်ချင်။ သူများလုပ်မယ်ဆိုတော့လည်း ကာစီးကာစီးဆိုတာမဖြစ်သင့်ဘူး။
(၃)အခြားတိုင်းပြည်တွေမှာ ဖြစ်နေတာ ဘာကြောင့်ကိုယ့်တိုင်းပြည်မှာ မဖြစ်နိုင်ရမှာလဲ။ ဖြစ်အောင်ဝိုင်းဝန်းကူညီကြရင် ခင်ဗျားတို့ကိုလည်း သမတကြီးဦးသိန်းစိန်လို ပြည်သူတွေအကြည်ညိုတိုးလာမဲ့ကိစ္စဗျာ။
(၄)အပေါ်ယံလွှာတွေကြီး ခံစားစေချင်တဲ့ စိတ်ဓါတ်ကို မြိုသိပ်ပြီး အောက်လွှာတွေအတွက် တချက်လောက် ငုံ့ကြည့်လိုက်ပါ။
-
တို့ကတော့ ဆက်သွယ်ရေးက နောက်ထပ် အမြတ်ကြီးစားမယ့် ၅သိန်းအောက
်ဖုန်းဆိုတာကို ဘယ်သူမှ ၀ယ်မသုံးကြပါနဲ့လို့ လူတိုင်းကို လိုက်ပြောမယ် ...
တအိမ်ဝင် တအိမ်ထွက်၊ တရွာဝင်တရွာထွက်၊ တမြို့ဝင်တမြို့ထွက်....
ကိုယ်တတ်နိုင်သလောက်လူတွေအားလုံး မသိသေးတဲ့ လူတွေသိအောင် ပြောကို
ပြောပြလိုက်မယ်....
နောက်ပြီးတော့ သမ္မတကြီးရေ ဒီဖုန်းကိစ္စလေးကို သေးသေးလေးလို့ မထင်ပါနဲ့လို့ ... ဒါပြည်သူတွေအလွန်အင်မတန်................!_!
-
အစိုးရက မလုပ်နိုင်ရင် နိုင်ငံခြား company ကို ဖွင့်ပေးလိုက်လေ။ ဘာ G
standard မှမရှိတဲ့ ဆက်သွယ်ရေးကွန်းယက်ကိုများ။ အစိုးရမှာ ဘက်ဂျက်မရှိရင်
ပုပ်ကလိက ကို ပေးကြည့်လိုက်လေ၊ မထိန်းချုပ်နဲလေ။ ဘင်္ဂလားကကောင်းတွေဆို
စင်္ကာပူကနေ တချိန်လုံးဖုန်ပြောနေတာ တမိနစ်မှ SGD 0.06 ဘဲကျတာ။ call back
ကစ်နဲခေါ်ရင် ၃ပြားဘဲကျတာ။ မယုံရင် နိုင်ငံခြား
ရင်နှီမှုတ်နှံမှုတာခွင်ပြုလိုက် ၃လ ၄လ အတွင်း 3.5G standard ကိုရမယ်။
လူကြီးမင်းနဲလဲတိုးမှာမဟုတ်ဘူး
-
်မင်းတို့လုပ်စားပါအုန်း
လုပ်စားလို့ဝမှတဖြည်းဖြည်းလျှော့လေနော်
တန်ဖိုးနည်းဖုန်းတဲ့လား 3သိန်းနဲ့ရောင်းမယ့်ဖုန်းကို
ပြည်သူများအားလုံးကို အကြံပေးလိုက်မယ်
သူတို့ထုတ်မယ့်ဖုန်းကိုလုံးဝမဝယ်ပါနဲ့
လုပ်စားနေတာတွေရပ်ပါတော့ဗျာ
-
Project တခုလုပ်ရင် initial cost က တော့ ရှိတာပါဘဲ။ အဲဒါကို
ရင်နှိးမြုတ်နှံပြီးတော့ နှစ်၃၀ နှစ်၂၀ plan ချရတယ်စောက်ရူးတွေရဲ။
ဖုန်းသုံးစွဲသူတွေရဲ ပိုက်ဆံနဲ့မှ အခြေခံအဆောက်အအုံးကိုတည်ဆောက်မယ်ဆို
မလွန်းလွန်းဘူးလား။ အဲလိုသီးနောက်ကောင်းတဲသူတွေ ဦးဆောင်နေမှတော့
ကမ္ဘာပေါ်မှာ အင်္ညဆုံနိုင်ငံဖြစ်မှာဘဲ။ techanical ပြဿနာတွေကိုလဲ
ကိုယ်မရှင်းနိုင်ရင် ကျွမ်းကျင်တဲ အတတ်ပညာရှင်တွေခေါ်ပြီးရှင်းလေ။
-
တော်တော် စိတ်ပျက်ဖို့ ကောင်းတဲ့  MPT ပါလားနော် . . .sim card ဖိုး
မလျော့နိုင်ရင် call charges ကို တမိနစ် ၂၅ ကျပ် နဲ့ ဒီဘတ်ဂျက် အသစ်မှာ
ပြောင်းလဲ သတ်မှတ် ပေးပါလား. . . ဒါဆိုလဲ မဆိုးပါဘူး . . . sim card က
တစ်ခါပဲ ပေးရမှာဆိုတော့ အရင်းအနှီးအတွက် ပေးလိုက်တယ်လို့ ပဲ သဘောထားပါတယ် .
. .
No comments:
Post a Comment